http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

စစစ စစ်ဆေးနေစဉ် သေဆုံးသူ မိန်းကလေး၏ မိသားစုဝင်များ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ သုံးရက်တိုင်တိုင် ဖမ်းဆီး ခေါ်ယူ စစ်ဆေးနေစဉ် အဆိုပါဌာန ၅ လွှာမှ ပြုတ် ကျ သေဆုံးသွားသည့် မိန်းကလေး၏ မိသားစုဝင်များက ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် တွေ့ဆုံပွဲကို မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့လယ် ဆာကူရာ တာဝါတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် သေဆုံးသူ မနန်းဝိုးဖန်း၏ ရှေ့နေက စသုံးလုံးအဖွဲ့မှ ခေါ်ယူ စစ်ဆေးနေစဉ် အတွင်း လုံလောက်သည့် အနားယူချိန်နှင့် အိပ်ချိန် မပေးခြင်း၊ စသုံးလုံး အဖွဲ့ဝင်များက တစ်ဦးပြီး တစ်ဦး ဆက်တိုက် မေးမြန်းခြင်း၊ ကျန်းမာရေး ကိစ္စအတွက် သန့်စင်ခန်း သွားချိန်၌ပင် နောက်မှ ထပ်ချပ်မကွာ လိုက်ပါ ကြည့်ရှုနေခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းများနှင့် မြန်မာစကား ကျွမ်းကျင်စွာ မပြောတတ်သည်ကို စကားပြန် ထားမပေးခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကို ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသား တစ်ဦးအား တရားရုံး၏ အမိန့်မပါရှိဘဲ ၂၄ နာရီထက် ကျော်လွန်၍ ဖမ်းဆီးခွင့် မရှိကြောင်း ဖော်ပြထားသည်။                     http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif