http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

သားစဉ်မြေးမြစ်ဇာတ်ကားမှာ ပရိသတ် ပိုသိလာတဲ့ မင်းထက်

သားစဉ် မြေးမြစ် ဇာတ်ကား မှာ ပရိသတ် ပိုသိ လာတဲ့ မင်းထက် သရုပ် ဆောင် မင်းထက် ကို ဒါရိုက်တာ မောင်မျိုးမင်းရိုက်ကူးတဲ့ "ရင်ခွင်ဖောက်ပစ်" ဇာတ်ကားမှာ တွေ့ဆုံခိုက်မှာတော့
သားစဉ် မြေးမြစ် ဇာတ်ကားလေးက နိုင်ငံတော် စစ်ကား ဖြစ်ပေမယ့် တခြားသော စစ်ကားတွေနဲ့ မတူဘူးနော်။
ဟုတ်တယ်။ ဒီကားလေးက တခြားသော စစ်ကားတွေနဲ့မတူပါ ဘူး။ တိုက်ပွဲတွေဖြစ်တဲ့အချိန်ဆိုရင် တော်တော်လေး ဒဏ်ရာရသွား ကြတယ်။ တကယ့် တိုက်ပွဲ အစစ်လိုပါပဲ။ ဒီကားလေးမှာ ကျွန်တော် တော်တော်လေး ကြိုးစားထားပါတယ်။
ဒီကားလေး ပြန်ကြည့်တဲ့အခါ အားရကျေနပ်မှုရှိလား။
ဒီကားလေးမှ မဟုတ်ပါဘူး။ တခြားသော ကားတွေလည်း အား မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာကတော့ ပိုတယ်မရှိဘူး။ ကိုယ့်ကိုအားရကျေနပ်မှုရှိလျှင် နောက်လုပ်မယ့် အလုပ်တွေ မှာလည်း ပေါ့ပေါ့တန်တန် လုပ်သွားလိမ့်မယ်။ အခုရောက်တဲ့နေရာလေးက လည်း အားရ ကျေနပ်မှု မရှိသေးပါဘူး။
ဒီကားလေးက နယ်ရောမြို့ပါ အအောင်မြင်ဆုံး ကားတစ်ကားဆိုလည်း ပြောလို့ရတယ်နော်၊ ပရိသတ်တွေရဲ့ တုန့်ပြန်မှုကရော။
ပရိသတ်တွေက အားပေးကြပါတယ်။ နယ်ရောမြို့ရော အကုန်လုံး အားပေးကြပါတယ်။ ဒီကားလေးကို ဒီလိုအားပေးတဲ့အတွက် အရမ်းကို ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဒီကားလေးကိုတော့ ကျွန်တော် နည်းနည်းလေးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့က ကားတွေက အောင်မြင်ထားတာဆိုတော့ ဒီကားလေးကို ပရိသတ်တွေ ကြိုက်မှကြိုက်ကြ ပါ့မလားလို့တော့ နည်းနည်း စိုးရိမ်မိတယ်။
အချစ်ရေးရော အောင်မြင်ရဲ့လား။
(ရယ်လျက်) အချစ်ရေးကတော့ မအောင်မြင် သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာကိုပဲ ကြိုးစား နေသေးလို့ပါ။ ဒီနှစ်သင်္ကြန် အစီစဉ်ကို ပြောပြပါ့လား။ ဒီနှစ်သင်္ကြန်မှာ သီချင်း ဆိုဖြစ်မယ် ထင်တယ်။ ပြောထားတာက တော့ အများကြီးပါ။                 

http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif