http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

ဂျပန်မှ ကွန်တိန်နာ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု က စင်ကာပူ၊ ရန်ကုန် သင်္ဘောလိုင်း ပြေးဆွဲပြီ


ဂျပန်မှ ကွန်တိန်နာ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု က စင်ကာပူ၊ ရန်ကုန် သင်္ဘောလိုင်း ပြေးဆွဲပြီဂျပန်နိုင်ငံမှMitsui O.S.K Lines (MOL) သင်္ဘောလိုင်းသည် ရန် ကုန်နှင့် စင်ကာပူ ကို RCL (Regional Container Lines) ကွန်တိန်နာများဖြင့် တစ်ပတ် လျှင်နှစ်ကြိမ်စီ ပြေးဆွဲ မှုကို မတ်လ ၁၇ ရက်က စတင်လိုက်ပြီဖြစ်ကြောင်း ၂၁-၃-၂၀၁၂ ရက်က သိရသည်။
စင်ကာပူနိုင်ငံ မှစတင်ကာ ပြေးဆွဲ နေပြီဖြစ်သော အဆိုပါသင်္ဘောလိုင်း အနေဖြင့် ကွန်တိန်နာဝန်ဆောင်မှုကို အာရှတစ်လွှားအပြင် ဥရောပ၊ အမေရိက ဘက်အထိ ပြေးဆွဲနိုင် သည်အထိ အောင် မြင်မှု ရှိနေကာ သင်္ဘောသုံးစင်းဖြင့် စတင် ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ "မြန်မာက အဓိက ဈေးကွက်ကြီး ဖြစ်လာ နိုင်တယ်။တည်နေရာ အနေအထားတွေ က ဖြစ်နိုင်ခြေအများကြီး ရှိနေတယ်"ဟု MOL မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ "ဒီလိုမျိုး စင်ကာပူကနေ ရန်ကုန်ကိုပြေးဆွဲတဲ့ ကွန်တိန်နာ ဝန် ဆောင်မှုကနေ ကမ္ဘာတစ်လွှားမှာရှိတဲ့ ဆိပ်ကမ်းတွေဆီကို ချိတ်ဆက်မှုအားတွေ ပိုကောင်းလာမယ်။ ဒီဒေသတွင်း အတွက် ကွန်တိန်နာပို့ဆောင်ရေးလုပ်ငန်းတွေတက် လာမယ်" ဟု ၄င်းက ဆက်လက်ပြော ကြားသည်။
"စင်ကာပူကို တစ်ဆင့်ပြီး ပြေးဆွဲမှာက သိပ်ပြီး မထူးလှဘူး။ ဂျပန်နဲ့တိုက်ရိုက်ဆွဲတယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်။ တကယ်လိုနေတာက မလေးရှား၊ စင်ကာပူ ကို မ၀င်ဘဲ တိုက်ရိုက်သွားတဲ့ သင်္ဘောလိုင်းတွေကို လိုချင်နေတာ ။ ဂျပန်အနေနဲ့ ကွန်တိန်နာဝန်ဆောင်မှုမှာတော့ နောက်ကျနေတယ်လို့ ပြောရမှာပဲ" နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးအောင်ကျော်မင်းက သုံးသပ်ပြောကြားသည်။MOLအနေဖြင့် မြန်မာနိုင်ငံမှ ထပ်မံတည်ဆောက်မည့် ရေနက်ဆိပ်ကမ်းကြီးများ အပေါ် အထူးစိတ်ဝင်စားမှုရှိနေပြီး ရန်ကုန်-စင်ကာပူ ပြေးဆွဲခြင်းမှ စတင်ကာ အခြားသော ဆိပ်ကမ်းကြီးများသို့ပါ ဆက်လက်ဈေး ကွက်ချဲ့ရန်ရှိနေကြောင်း သိရသည်။         http://www.yoyarlay.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif