http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

ရော့ဘ်ဆင် - ဖာဂူဆန်ရဲ့ နေရာမှာ အစားဝင်သင့်သူက မော်ရင်ဟိုပါ


ရော့ဘ်ဆင် - ဖာဂူဆန်ရဲ့ နေရာမှာ အစားဝင်သင့်သူက မော်ရင်ဟိုပါ
နည်းပြကြီး ဖာဂူဆန် ၏နေရာတွင် အစားထိုးရန် အတွက်မော်ရင်ဟိုမှာ အသင့်တော်ဆုံးဖြစ်ကြောင်း မန်ယူဂန္တ၀င် ကစားသမား ဘရိုင် ယန် ရော့ဘ် ဆင်မှ မှတ်ချက်ပြု ပြောဆိုခဲ့သည်။
ဖာဂူဆန်၏ တပည့်ဟောင်း ဖြစ်ခဲ့သည့် ရော့ဘ်ဆင်မှ ဖာဂူဆန် အနားယူဖို့ နီးကပ်လာချိန်တွင် အသင်း အတွက် အစားထိုးရန် နည်းပြသစ် တစ်ဦး လျာထားရမည်ဟု ယူဆနေပြီး အဆိုပါ နည်းပြ နေရာအတွက် ရီးရဲလ် နည်းပြ မော်ရင်ဟိုမှာ အသင့်တော်ဆုံးသူ ဖြစ်သည်ဟု သုံသပ် ပြောဆို ခဲ့ သည်။
မန်ချက်စတာ ပြုလုပ်ကျင်းပခဲ့သည့် Soccerex forumတွင် ရော့ဘ်ဆင်မှ “ဆာအဲလက်စ် ဖာဂူဆန်ရဲ့ နေရာမှာ ဘယ်လို အစားထိုးမလဲ? လက်ရှိ မှာတော့ ဖြစ်နိုင်ချေ မရှိသေး ပေမယ့် ဒီဟာကို လုပ်တော့ လုပ်ရတော့ မှာပါ။ မော်ရင်ဟိုက ထိပ်ဆုံး စာရင်းမှာ ရှိနေတဲ့ အသင့်တော်ဆုံး နည်းပြပါပဲ။
သူရဲ့ မှတ်တမ်းတွေက သူဘယ်သူလည်း ဆိုတာ ပြောပြ နေပါတယ်”ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ ဘရိုင်ယန် ရော့ဘ်ဆင်မှ ဆက်လက်ပြီး ဖာဂူဆန်၏ လက်ထောက် နည်းပြများ ဖြစ်သည့် မိုက်ဖီးလ်လန်း နှင့် မူလန်စတင်းတို့မှာလည်း သူ၏ နေရာတွင် အစားထိုးရန် သင့်တော် သူများဖြစ်သည်ဟု မှတ် ချက်ပြု ပြောဆိုခဲ့သည်။http://www.yoyarlay.com/sport/sport/footbal

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif