နေပြည်တော်ရှိ ဆီးဂိမ်းပြိုင်ပွဲအ တွက် ဦးတည်ပြင်ဆင်ခဲ့သော အားကစား ရွာကို ပုဂ္ဂလိကလုပ်ငန်းရှင်များ ဝင် ရောက်လုပ်ကိုင်နိုင်ရန် တင်ဒါစနစ်ဖြင့် လွှဲပြောင်းပေး အပ်မည်ဖြစ်ကြောင်း အား ကစား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းကပြောကြားကြောင်း ၂၁-၃- ၂၀၁၂ ရက်က သိရသည်။ လက်ရှိအနေအထားတွင် အားက စားရွာ တည်ဆောက်မှု အပိုင်းတွင် ရာခိုင် နှုန်းအနည်းငယ်ပြီးစီးနေပြီဖြစ်ကာ ၂၀၁၃ တွင် အပြီးတည်ဆောက်ရမည်ဖြစ်သဖြင့် တည်ဆောက်မှုအရှိန်မြှင့်တင်နေကြောင်း သိရသည်။
"အားကစားရွာထဲမှာ စား သောက်ဆိုင်တွေ၊ ဈေးဆိုင်ခန်းတွေ၊ အင်တာနက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေ အပါအဝင် တည်းခိုဖို့သီးသန့်အပြင် အ ခြားဝန်ဆောင် မှုမျိုးစုံပါဝင် ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြော ကြားသည်။ အဆိုပါအားကစားရွာကို ဦး စီးဦးဆောင် လုပ်ကိုင်မှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် "၀န်ကြီးဌာနက တည်ဆောက်ရေးကိုသာ ဦးဆောင်နေပြီး လုပ်ကိုင်မှုအပိုင်းကို ပုဂ္ဂလိက ကို ပေးအပ် မည် ဟု ပြောကြားသည်။
"အားကစားရွာထဲက ၀န်ဆောင်မှု တစ်ခုလုံးကို ၀န်ကြီးဌာနက ကိုင်တွယ် သွားဖို့ မရှိပါဘူး။ ကန်ထရိုက်စနစ်နဲ့ ပုဂ္ဂလိက ကို ပေးဖို့ အစီအစဉ်ရှိပါတယ်။ ဝန် ကြီးဌာနက ဦးဆောင်ပြီးကန်ထရိုက်စနစ် နဲ့ တင်ဒါခေါ်ယူမှုကို တရားဝင်ကြေညာ ပေးသွားပါမယ်"ဟု ၄င်းကပြောကြားပြီး တရားမျှတသော တင်ဒါ စနစ်ဖြစ်စေမည်ဟု ဆိုသည်။ အားကစားရွာကို ပုဂ္ဂလိကလုပ်ကိုင် ခွင့်အတွက် ရက်ပေါင်းကြာကြာပေးအပ် ခြင်း ပြု၊ မပြုကို အတိအကျပြောကြားခြင်း မပြုသေးသော်လည်း ဆီးဂိမ်းပြိုင်ပွဲ၏ အ နေအထားအရ ရက်ပေါင်း ၁၀ ရက်သာ ကျင်းပမည့်ပွဲတွင် လုပ်ကိုင်ခွင့်ကို တစ်လ ထက်ပို၍ပေးအပ်ဖွယ် မရှိကြောင်းလည်း သိရသည်။ http://www.yoyarlay.com/
0 comments:
Post a Comment