http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

အလုပ်မှာ ပျော်စေ မည့် နည်းလမ်းငါးသွယ်


ရုံးတွင်းပျော်ရွှင်စေရန်၁။စိတ်ဝင် စားစရာ နေရာလေး ဖြစ်အောင် ဖန်တီး ပါ
လုပ်ငန်း ခွင်က သင့်စားပွဲလေးဟာ သင်ရဲ့ ပတ်ဝန်းကျင်တစ်ခုပါပဲ။ ကျယ်ဝန်းလှ တဲ့ ရုံးကြီးထဲမှာ သင့်နေရာလေးက ဒီတစ်ကွက်လေးသာရှိတာပါ။ ဒါကြောင့် တစ်ခါ တလေ ကျဉ်းကျပ်မှုကို ခံစားရတတ်ပါတယ်။ သင့်စားပွဲလေးမှာ စားပွဲတင်အလှ အပလေးတွေတင်ထားတာမျိုး၊ ပန်းချီပုံတွေတင်ထားတာမျိုး၊ သင့်ချစ်သူ၊ သူငယ်ချင်းနဲ့ မိတ်ဆွေတွေကပေးတဲ့ လက်ဆောင်တွေကို အလှဆင်ထားပါ။
၂။ဖရိုဖရဲဖြစ်နေတာကို ဖယ်လိုက်ပါ
စိတ်ကြည်လင်မှုကို ဖျက်ဆီးတာက ရှုပ်ပွနေတဲ့ စားပွဲပါပဲ။ ဒါကြောင့် သေချာသပ်ရပ် မှုရှိအောင် ပြန်လည်ပြင်ဆင်လိုက်ပါ။ အနည်းဆုံးတော့ စိတ်ကြည်လင်သွားပါလိမ့်မယ်။
၃။အစိမ်းရောင်လေးတွေပေါင်းပါ
သင့်အလုပ်စားပွဲမှာ အစိမ်းရောင် စားပွဲတင်အပင်လေးတွေ စိုက်တာလိုမျိုး၊ သင့် ကွန်ပျူတာ စခရင်မ်မှာ အစိမ်းရောင်ပုံလေးတွေကို တင်ထားတာမျိုး၊ အစိမ်းရောင် စားပွဲခင်းလိုမျိုးပြောင်းခင်းတာမျိုးတွေပြုလုပ်ပါ။ အစိမ်းရောင်ဟာ စိတ်ကိုကြည်လင် ပျော်ရွှင်စေတာကြောင့် အလုပ်လုပ်ရာမှာ စိတ်ကိုပိုပြီး ပျော်ရွှင်စေမှာပါ။
၎။ ရနံ့ကောင်းလေးတွေ ဖန်တီးပါ
လုပ်ငန်းခွင်ထဲက ဝိုင်ယာကြိုး ညှော်နံ့တွေ၊ ကွန်ပျူတာနဲ့ ပရင်တာစက်တွေက ထွက်တဲ့အနံ့တွေက သင့်ကျန်းမာရေးနဲ့ သင့်စိတ်ကို ငြီးငွေ့စေပါတယ်။ သင်ကြိုက် နှစ်သက်တဲ့ ရနံ့တစ်မျိုးကို သင့်စားပွဲတစ်ဝိုက်မှာ ဖျန်းထားလိုက်ပါ။
၅။ သီချင်းနားထောင်ပါ
သာယာငြိမ့်ညောင်းတဲ့ တေးသီချင်း ဒါမှမဟုတ် သင်နှစ်သက်တဲ့ သီချင်းတွေကို ဖွင့်ပြီး နားထောင်ပေးပါ။ ဒါဟာ သင့်လုပ်ငန်းခွင်ထဲက ဖိစီးမှုတွေကို သိသိသာသာပြေ ပျောက်စေပါတယ်။      http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif