http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

နာဆာ နည်းပညာဖြင့် ခနောက်စိမ်း ကြောများ ထပ်မံတွေ့ရှိ


နာဆာ နည်းပညာဖြင့် ခနောက်စိမ်းကြောများ ထပ်မံတွေ့ရှိနာဆာ၏ အဆင့်မြင့် နည်းပညာ တစ်ခု ဖြစ်သော High Tech ဖြင့် မွန်ပြည်နယ် ကျိုက်ကမောမြို့နယ် အနောက်ဘက်ရှိ နတ်တောင် တွင် တန်ချိန် သောင်းချီ ထွက်ရှိ နိုင်သော ခနောက်စိမ်း သတ္တုကြောများကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
"အရင်တစ်ခါက မော်လမြိုင် မြို့ရဲ့ ကားကြီးဝင်းအနီးမှာ ခနောက် စိမ်းတွေကို တွေ့ရှိခဲ့ပြီး ဒီတစ်ခါက မွန်ပြည်နယ် ကျိုက်ကမော မြို့နယ်ရဲ့ တာပါ။ ဒီခနောက်စိမ်းက အကြော သေးပေမယ့် အကြော များတယ်။ သူ ရဲ့အကြောက နတ်တောင်ကနေ မုဒုံ မြို့နယ် တံခွန်တိုင် အထိရှိပါတယ် " ဟုGlobal 9မှ ဦးစိုးသိန်းက ပြော သည်။
လက်ရှိတွေ့ရှိသော ခနောက် စိမ်းသတ္တုကြောအပေါ်တွင် ရော်ဘာစိုက် ခင်းများရှိသောကြောင့် ရော်ဘာစိုက် ခင်းရှင်များနှင့် ညှိနှိုင်းပြီးမှသာ စီးပွား မည်ဖြစ်သည်။
ယင်းခနောက်စိမ်း သတ္တုများကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူလျက် ရှိပြီး အပူဒဏ်ခံမှုနှင့် ပေါ့ပါးသော ဂုဏ် သတ္တိရှိမှုကြောင့်လည်း လေယာဉ်ပျံ နှင့် စစ်လက်နက် ပြုလုပ်ရာတွင် ရောနှော အသုံးပြုကြခြင်း ဖြစ်သည်။
မြန်မာ နိုင်ငံတွင် ခနောက်စိမ်း သတ္တုအများ ဆုံးထွက်ရှိရာအရပ်မှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဖြစ်သည်။              http://www.yoyarlay.com  

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif