http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

အာရှ အသင်းများနှင့် အဆင့် သုံးလေးဆ ကွာသေးသည်ဟု ဖွင့်ဟခဲ့သည့် အဲရစ် ၀ီလျံ


အာရှ အသင်းများနှင့် အဆင့် သုံးလေးဆ ကွာသေးသည်ဟု ဖွင့်ဟခဲ့သည့် အဲရစ် ၀ီလျံ
၂၀၁၂ AFC Cup ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ကစားနေသည့် ရန်ကုန် ယူနိုက်တက် အသင်း နည်းပြ အဲရစ်ဝီလျံမှ အဆိုပါပြိုင်ပွဲဝင် အသင်း များနှင့် နှိုင်းယှဉ်ပါက မိမိတို့ အသင်းမှာ သုံးလေးဆ အဆင့် ကွာ နေကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။
ချင်းယူနိုက်တက် အသင်းအား (၆-၀) ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် အဲရစ်ဝီလျံမှ "AFC Cup ပြိုင်ပွဲမှာက အင်အားတောင့်တင်းတဲ့ အ သင်းတွေ၊ ကောင်းတဲ့ နိုင်ငံခြား ကစားသမားတွေ အများအပြား ရှိပါ တယ်။ မြန်မာပြည်က ပရိသတ်တွေက ရန်ကုန် အသင်းကို အသင်းကြီး တစ်သင်းလို့ ထင်နေကြပါတယ်။
ဒါပေမယ့် AFC Cupက အသင်းတွေနဲ့ ယှဉ်လိုက်ရင် ရန်ကုန် အသင်းက သုံးလေဆ အဆင့်ကွာ နေပါတယ်"ဟု ပြောဆိုခဲ့သည်။ AFC Cup ပြိုင်ပွဲမှာ အာရှ၏ ဒုတိယ အဆင့်မြင့်ဆုံး ကလပ် အသင်းပြိုင်ပွဲ ဖြစ်ပြီး ယခုနှစ်မှ စတင်ကာ မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းနှစ်သင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ သည်။
ရန်ကုန် ယူနိုက်တက် အသင်းမှာ Citizen (HKG), Home United (SIN), CHONBURI FOOTBALL CLUB (THA) အသင်းတို့နှင့် အတူ အုပ်စု (ဆ)တွင် ယှဉ်ပြိုင် ကစားနေပြီး တစ်ပွဲ သရေ တစ်ပွဲ ရှုံးရလဒ်ဖြင့် ဇယားအောက်ဆုံးတွင် ရပ်တည် နေသော အသင်းဖြစ်သည်။ အဲရစ်ဝီလျံမှ ယခုပြိုင်ပွဲမှာ ခက်ခဲ မည် ဖြစ်သော် လည်း နောက်တစ်ဆင့် တက်ရောက်ရန် ပစ်မှတ်ထား နေကြောင်း ဖွင့်ဟ ပြောဆို ခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်းမှာ လာမည့် ဧပြီလ (၃) ရက်နေ့တွင် Home United (SIN)အသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်သည်။                  http://www.yoyarlay.com/sport/sport/football/24870-2012-03-31-09-19-16

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif