မန်စီးတီး နည်းပြ မန်ချီနီမှ အသင်း တိုက်စစ်မှူး အဂူရိုမှာ “အရေးပါ မပါတဲ့ ဒဏ်ရာ”ကြောင့် ဆန်းဒါးလန်းနှင့် ကစားရမည့် ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အဆိုပါ အာဂျင်တီးနားသား တိုက်စစ်မှူးမှာ ဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရဖွယ် ရှိနေပြီး သူအနားယူနေရချိန်တွင် တီးဗက်ဇ်မှ ပွဲထွက် ကစားခွင့်ရဖွယ် ရှိနေသည်။
မန်ချီနီမှ သတင်းစာ ရှင်းလင်းပွဲတွင် အဂူရို၏ ရရှိခဲ့သည့် ဒဏ်ရာမည်ကဲ့သို့ ရရှိခဲ့သည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပဲ “အရေးပါ မပါတဲ့ ဒဏ်ရာ” နှင့် “အရေး ပါ မပါတဲ့ အခြေအနေ”ဟုသာ ထည့်သွင်း ပြောဆိုသွား ခဲ့သည်။ အဂူရိုမှာ ယခုနှစ် ရာသီတွင် မန်စီးတီး အသင်း၏ အဓိက တိုက်စစ်မှူး အဖြစ်ရှိနေပြီး အသင်း၏ ထိပ်တန်း ဂိုးသွင်းရှင်လည်း ဖြစ်နေခြင်းကြောင့် အသင်းအတွက် အရေးကြီးနေချိန်တွင် ဒဏ်ရာရရှိ ခဲ့ခြင်းကြောင့် နစ်နာမှု တစ်ရပ် ဖြစ်ခဲ့သည်။ http://www.yoyarlay.com/sport/sport/football/24864-2012-03-31-08-14-26
0 comments:
Post a Comment