http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

29 Mar 2012

အရွယ်မရောက်သေးသူအား တူဝရီး သုံးဦးမှ ကာမ လုယက်

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်း၌ မတ် ၁၀ ရက်က အရွယ်မရောက်သေးသူ မိန်းကလေးငယ်တစ်ဦးအား တူဝရီးသုံးဦးက အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာတွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် လယ်ယာလုပ်ကိုင်သည့် မိန်းကလေး တစ်ဦးသည် ကျေးရွာရှိ ဘုရားပွဲမှနေ အိမ်သို့ တစ်ဦးတည်း ပြန် လာစဉ် ရွာလယ်လမ်းဆုံအရောက် တစ်ရွာတည်းနေ သန်းထွန်းနိုင်နှင့်တွေ့ရှိခဲ့ရာ ၄င်းမှ မိန်းကလေး အား ဓားနှင့်ထောက် ကာ ခြိမ်းခြောက်ပြော ဆိုပြီး ရွှေကုန်းရပ်ကွက်ရှိ သန်းထွန်းနိုင်၏ဦးလေးများ ဖြစ်သော ဦးစိုးနိုင်နှင့် ဦးအုန်းထွန်း တို့ နေအိမ်သို့ခေါ်ဆောင် သွားခဲ့ကြောင်း၊ အဆိုပါနေအိမ်၌ မိန်းကလေးအား အလိုမတူဘဲ သားမယားအဖြစ် နှစ်ကြိမ်ပြုကျင့်ခဲ့ကြကြောင်း၊ ထို့နောက် မတ် ၁၁ ရက် နံနက် ၆ နာရီတွင် ဦးစိုးနိုင်နှင့် ဦးအုန်းထွန်းတို့က မိန်းကလေးအား ရွာပြန် မပို့ရန်နှင့် ဆက်လက် ခေါ်ဆောင်သွားရန် ပြောသဖြင့် သန်းထွန်းနိုင်က ကွမ်းခြံကုန်း မြို့နယ် သောင်ခုံကျေးရွာရှိ ၄င်း၏ ဆွေမျိုးများနေအိမ်သို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းည၌ပင် အလိုမတူဘဲ သားမယား အဖြစ် နှစ်ကြိမ် ထပ်မံပြုကျင့်ခဲ့ကြောင်း၊ မတ် ၁၂ ရက်တွင် မိန်းကလေး၏မိဘများက လိုက်လံ စုံစမ်းရှာဖွေပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ မိန်းကလေးက ゞင်းအား အလို မတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သူ သန်းထွန်းနိုင်ပါ သုံးဦးတို့အား အရေးယူပေးရန် တိုင်တန်း သဖြင့် မတ် ၁၆ ရက်တွင် ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ)၉၉/၂၀၁၂၊ ပုဒ်မ ၃၇၆/၃၆၃/ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။                      http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif