ကိုယ့်ကို ဒီနေရာကို ရွေးကောက် တင်မြှောက် တာက လောကသား တွေရဲ့ ဆန္ဒ အမှန်နဲ့တင် မြှောက်လိုက်တယ်။ အများဆန္ဒ အရ ဒီ လူတွေကို ရွေးချယ်တင် မြှောက်လိုက်တယ် ဆိုတော့ ဒီလူ တွေကလည်း အများအတွက် အ လုပ်လုပ်တဲ့သူတွေဖြစ်ရမှာပေါ့။
ရွေးကောက် တင်မြှောက်ထားတဲ့ လူ တွေက ဘယ်လောက်အတိုင်း အတာထိ အလုပ်လုပ်နိုင်မလဲဆို တာ အားလုံးကို အာမ မခံနိုင်ဘူး။ ကိုယ် အာမ ခံနိုင်တာက ကိုယ်တိုင် ကတော့ ရိုးသားပွင့်လင်းစွာကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ အလုပ်လုပ်သွား မှာပါ။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်လို့လည်း ဒီခြေလှမ်း တွေကို လှမ်းဖြစ်ခဲ့တာပါ။
ကိုယ့်ကိုယ်ကိုယ် လိပ်ပြာ မသန့်ခဲ့ဘူးဆိုရင် ဒီခရီးကို အစကတည်းက လျှောက်ခဲ့မှာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ကိုယ့်ကို ဒီလို ရွေးချယ်မှာ ကိုတောင် ကြောက်နေခဲ့တာ။ တာဝန်တစ်ခုဆို တာ မနိုင်ဘဲ ထမ်းရင် မကောင်းဘူး။
တကယ်တော့ ကိုယ့်ကို ဆန္ဒမဲပေး တယ်ဆိုတာ ကိုယ့်ကို တာဝန်ယူ ခိုင်းလိုက်တာပါပဲ။ တာဝန်ဆိုတာ မယူနိုင်ဘဲ လုပ်ရင် ကောင်းတာ လုပ်ပေမယ့် ရလဒ်က အဆိုးတွေ ဖြစ်တတ်တယ်။
ကိုယ်ကတော့ ဘယ်သူ့ကိုမှ ပေးပါလို့ မဆွယ် ခဲ့ဘူး။ မစည်းရုံးခဲ့ဘူး။ ကိုယ်ဖြတ် သန်းခဲ့တဲ့ သက်တမ်းအရ စီနီယာတစ်ယောက်ဖြစ်နေပြီ။ ကိုယ်တိုင်လည်း အမြဲသုံးသပ် တယ်။ ဒီလောကမှာ ကိုယ်အလုပ်တွေလုပ်ပြီး ကြီးပွား ချမ်းသာတယ်။ အောင်မြင်မှုတွေရ တယ်။
ဒီလောကကောင်းဖို့အတွက် ကိုယ်ပြန်လုပ်ရမှာ တာဝန်ပဲ။ ဒီ တာဝန်ဆိုတာ ဘယ်သူကမှပေးတာမဟုတ်ဘူး။ Responsibility & Duty ကအပ ပေါ့။ NLD ပါတီအတွက် မဲထည့်ဖို့ပညာပေး ဇာတ်လမ်းကို ရိုက်ဖြစ်တာလည်း ရှင်းပါတယ်။ကိုယတို့ ဒီတိုင်းပြည်မှာ နေတယ်။ ဒီပြည်သူ ပြည်သားတွေအားလုံးက လည်း ကိုယ်တို့နဲ့ တစ်ထပ်တည်းပဲ။ ကိုယ်တို့ တစ်ချိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွက် ဇာတ်လမ်းတွေ၊ သီချင်းတွေ ရိုက်ခဲ့ကြတယ်။
ဒါတွေလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း အတွက် စည်းရုံးတဲ့ လုပ်ဆောင်မှုတွေ ပါပဲ။ အဲဒီလိုပဲ အခု လုပ်တယ်ဆို တာကလည်း NLD စည်းရုံးရေး ခရီးစဉ်နဲ့ သွားလို့သာ NLD ရဲ့ ခေါင်းစဉ်တပ်တာ။
အဲဒီထဲမှာပါတဲ့ ကိုယ်တွေရဲ့ လုပ်ဆောင်ချက်က ပြည်သူတိုင်းကို သိစေချင်တဲ့ အချက်ပဲ။ မဲပေးတာ ဘယ်လိုပေး ရမယ်။ ဘယ်လိုလေးတွေဖြစ်တတ် တယ်။ ကိုယ့်ရဲ့ မဲတစ်မဲကို အနှစ် သာရရှိရှိ တွေးခေါ်တတ်ဖို့ အသိပညာ ပေးတာပဲဆိုတော့ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်သလို သံသယကင်းပါတယ်။ကိုယ်တို့တွေ ခုချိန်မှာ အရောင်ပြောင်းကြတယ် ပြောရင် လေးလေးနက်နက်ပြော ချင်တာ အရောင်ဆိုတဲ့ ကိစ္စပဲ။ အရောင်အသွေးရှိတယ်ဆိုတဲ့ စကားတွေ တော်တော်လေးကြား နေရတယ်။
အမှန်တကယ်ဆို ဒီမို ကရေစီခေတ်ကိုသွားနေတယ်။ အသွင်ပြောင်းနေပြီဆိုရင် အ ရောင်အသွေးရှိတယ်ဆိုတဲ့ စကား ကသုံးလို့မရတော့ဘူး။ ဘာကြောင့် ဆို တစ်ပါတီစနစ်နဲ့ တိုင်းပြည်အုပ် ချုပ်ခဲ့ရင် အဲဒီပါတီကလွဲပြီး တခြား ဆန့်ကျင်ဘက်တွေကို အားပေး ပါဝင်ပတ်သက်မိရင် ဒီလူက အ ရောင်ပြောင်းတယ်လို့ နှစ် ပေါင်းများစွာ ပြောခဲ့ဆိုခဲ့ကြတယ်။
ဒါပေမဲ့ ဒီနေ့ ခေတ်က ပါတီတွေ လည်း အများကြီး၊ တိုင်းပြည်က လည်း ဒီမိုကရေစီတိုင်းပြည်ကို သွားမယ်ဆိုတဲ့အတွက် ဘယ်သူ မဆို အရောင်ရှိမှာပဲ။ ကိုယ်တို့ တိုင်းပြည်က လွန်ခဲ့တဲ့ နှစ်တွေက အခြေအနေနဲ့ မတူတော့ဘူး။
အ ရင်နှစ်တွေတုန်းက ကိုယ့်ဆန္ဒပါ သည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မလုပ်မဖြစ် လုပ်ရမယ့် တာဝန်တွေရှိ တဲ့အခါ၊ ငြင်းမရတဲ့ အခါမျိုးတွေ မှာ ကိုယ်တို့ လုပ်ခဲ့ရတာတွေ ရှိမယ်။
ကိုယ်တွေရဲ့ ဆန္ဒပါလို့ လုပ်ခဲ့တာ လည်းရှိမယ်။ ဒီနေ့ခေတ် မှာတော့ အမှန်တရားနဲ့ ပတ်သက်ရင် အကြောက်တရား ကင်းဖို့ လိုလာတဲ့ ခေတ်ဖြစ်လာပြီ။ အဲဒီတော့ ကိုယ် ဆန္ဒရှိတဲ့ အလုပ်ကို လုပ်တာပါပဲ။
အဲဒီပေါ်မှာ ဝေဖန်တာ သုံးသပ် တာက အဲဒီလူရဲ့ အလုပ်ပါပဲ။ တစ်ခါတလေ ကျတော့ လူတွေရဲ့ ယုံကြည်ချက်ဆိုတာ ကိုယ့်ယုံကြည် ချက်ကို ရင်ထဲမှာထားပြီး မစွန့်စား ရဲတဲ့ သူတွေရှိတယ်။ ယုံကြည်ချက် ကိုရင်ထဲမှာ ထားပြီး ထုတ်ဖော်ပြ လို့မရတဲ့ အခြေအနေတွေလည်း ရှိ တယ်။
ကိုယ်တို့တွေက အဲဒီလိုမျိုး ကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့သူတွေ ပေါ့။ ပြောရမယ်ဆိုရင် စွန့်စားသင့် တဲ့အချိန်မှာ ယုံကြည်ချက် ရှိပေမယ့် အဲဒီအချိန် အဲဒီ ကာလ တုန်းက မစွန့်စားခဲ့ဘူး။ မစွန့်စားရဲခဲ့ဘူး။ ကိုယ်တိုင် အဲဒီလို ပြောလို့ရတယ်။ အဲဒီတော့ အဲဒီကာလတုန်းက မရင်းခဲ့ဘဲနဲ့ ဒီအချိန်ကျမှ ဘာလို့ လုပ်သလဲလို့ မေးရင် ဒီအချိန်မှာ လည်း အရင်လိုပဲ မလုပ်ရတော့ဘူး လားလို့ ပြန်မေးရမလို ဖြစ်နေပြီ။ http://www.yoyarlay.com
0 comments:
Post a Comment