http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရွေးကောက်ပွဲတွေ အကြောင်း ပြောပြတဲ့ သဘင်ပညာရှင် ဦးမိုးဝင်း

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက် ပွဲမှာ သဘင်ပညာရှင်ဦးမိုးဝင်းတို့ မိသားစု က မရမ်းကုန်းမြို့နယ်၊ ၇ ရပ်ကွက်၊ မဲရုံ အမှတ် (၁) မှာ ဆန္ဒမဲထည့်ခဲ့ကြပါတယ်။ မဲထည့် တဲ့အချိန်မှာ ကိုယ့်ရဲ့ မဲတစ်မဲက ဘယ်လောက်တန်ဖိုးကြီးလဲဆိုတာ တွေး မိနေတယ်ဆိုတဲ့ ဦးမိုးဝင်းက “မဲထည့်တဲ့အချိန်မှာ ဖော်မပြနိုင်လောက်အောင် ခံစားရတယ်။ မဲ တစ်မဲက သိပ်အရေးကြီးလို့ပါ။  မဲကလည်း ညီတူညီမျှ ဖြစ်နေပြီ။ ဦးရဲ့မဲတစ်မဲမပါလို့ ရှုံးသွားမယ်ဆိုရင် ဦးလောက်ညံ့တဲ့သူ၊ တာဝန်မကျေတဲ့သူ ရှိတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ ဦးရဲ့မဲလေးတစ်မဲ ထည့်လို့ နိုင်သွားတယ် ဆိုရင် တာဝန်ကျေတဲ့ နိုင်ငံသားအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိမှာပါ”လို့ ပြောပါတယ်။ ဦးမိုးဝင်းကို ဖြတ်သန်း လာခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ “ရွေးကောက်ပွဲဆိုတဲ့ သဘောတရားက မဲလိမ်တာတို့၊ မဲဖျောက်တာတို့ကို ဦးတို့ငယ်ငယ်တုန်းက အတွေ့အကြုံတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို အခုခေတ်မှာ ပြောင်းလဲလာကြပြီလေ။ သန့်သန့်ရှင်းရှင်း ဖြစ်ဖို့တော့ လိုပါတယ်။ ဦးတို့လည်း တစ်ချိန်တုန်းက မဟုတ်တာလုပ်ရင် အော်ခဲ့တာပါပဲ။ ဒါကြောင့်ဘယ်သူ မဟုတ်တာလုပ်လုပ် ဦးတို့က အော်မှာပါပဲ။ ပြည်သူတွေကို ချမ်းသာစေချင်တယ်၊ နိုင် ငံကြီးကို ချမ်းသာစေချင်တယ်ဆိုရင် ကောင်းမွန်စွာနဲ့ လုပ်ပေးကြပါလို့ တောင်းဆိုပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကလည်း အရေးကြီးပါတယ်။ ကြားဖြတ်ရွေးကောက် ပွဲမှာလည်း ပြောရေး၊ဆိုရေးရှိတဲ့ လူတွေအနေနဲ့ လွှတ်တော်ထဲရောက်သွားဖို့ လိုပါတယ်။ လွှတ်တော်ထဲ ရောက်သွားတဲ့အခါမှာ သူက ပြောပေးလိမ့်မယ်လေ။ ဒါကြောင့် အဲဒီလို ပြောပေးမယ့်လူကို ထောက်ခံအားပေးဖို့ လိုပါတယ်။ အလိုက်အထိုက် လုပ်နေမယ့်သူ တွေကိုတော့ ဦးတို့မကြိုက်ဘူး” လို့ ပြောပါတယ်။  တိုင်းပြည်ပြောင်းလဲတဲ့ အချိန်မှာ မြန်မာ့ဇာတ်သဘင်နဲ့ ပတ်သက်ပြီးလည်း ဒီထက်မက တိုးတက်လာဖို့ မျှော်လင့်ကြောင်း ဦးမိုးဝင်းက ဆက်လက်ပြောပါတယ်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif