http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Jun 2012

ရ ခိုင် အ ကြမ်း ဖက် မှု များနှ င့် ပတ် သက် ၍ အေ မ ရိ ကန်ပြည်ေ ထာင် စု ၏ ထုတ်ပြန် ချက်

ရခိုင်အကြမ်းဖက် မှုများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင် စု၏ ထုတ်ပြန်ချက်
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင်း ဖြစ်ပွား လျက်ရှိသော လူမျိုးနှင့် ဂိုဏ်းစွဲ အကြမ်းဖက် မှုများနှင့် ပတ် သက်၍ အမေရိကန်ပြည်ထောင်စု သည် နက်ရိုင်းစွာ စိုးရိမ်လျက် ရှိပြီး ယင်းတိုက်ခိုက်မှု အားလုံးကိုချုပ်ထိန်းကာ မဆိုင်းမတွ ရပ်ဆိုင်းရန် ပါဝင်ပတ်သက်နေသူ အားလုံးကို တိုက်တွန်းပါသည်။
မြန်မာ အစိုးရသည် ရခိုင်ပြည် နယ်အတွင်း အရေးပေါ်အခြေအနေနှင့် ညမထွက်ရ အမိန့်များကို ကြေညာထားသော်လည်း အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွား လျက် ရှိပါသည်။ အာဏာပိုင်များအနေဖြင့် မွတ်စလင်များ၊ ဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာများ အပါအ၀င် မျိုးနွယ်စုကိုယ်စားလှယ် များနှင့် အတူတကွ လက်တွဲ ကာ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် မှုများကိုရပ်ဆိုင်း ရန် ငြိမ်းချမ်းရေး ဖော်ဆောင် မည့်တွေ့ ဆုံ ဆွေးနွေးမှုများ စတင် ရန်နှင့် တရားဥပဒေ စိုးမိုးရေး ကို လိုက်နာ ကျင့်သုံး ကာ ဖြစ်ပွား ခဲ့သောအကြောင်း အရာများကို မြန်ဆန်ထိရောက်စွာနှင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးရန် အခြားသော နိုင်ငံတကာ အသိုင်း အ၀ိုင်း နှင့်အတူ မေတ္တာရပ်ခံပါသည်။
အမေရိကန် ပြည်ထောင်စုသည် မကြာသေး ခင်က ဖြစ်ပေါ် ခဲ့သော မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက် ချက်များ၊ သမ္မတ ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစု ကြည်နှင့် အစိုးရ တွင်းနှင့် ပြင်ပရှိ အခြားသော ခေါင်းဆောင် များ၏ ဆောင်ရွက်ချက် များကို ကြိုဆိုပါသည်။ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိစေ ရန် လေးလေးနက်နက် ကြိုးပမ်းရန် လိုအပ်ကြောင်း နှင့်မျိုးနွယ်စု တိုင်းရင်းသားအားလုံး နှင့်ဘာသာရေးအဖွဲ့အစည်း အားလုံးကြားတွင် အပြန် လှန် လေးစားမှုရရှိရန် လိုအပ်ကြောင်းကို ရခိုင်ပြည်နယ်တွင်း လက်ရှိအခြေနေက မီးမောင်းထိုးပြ လျက်ရှိပါသည် ။ ငြိမ်းချမ်းသာယာပြီး မတူ ကွဲပြားသော နိုင်ငံသား ၏ အခွင့်အရေးများကို လေးစားသည့်ဒီမိုကရက်တစ်နိုင်ငံ ပေါ်ထွန်းရေးအတွက် မြန်မာပြည်သူများ အတူတကွပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ 
www.yoyarlay.com/local-news/local-news/politics/27075-2012-06-13-04-17-08

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif