http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

17 Jun 2012

မြန်မာနိုင် ငံ က ပဋိပ က္ခေ တွ ချုပ်ငြိမ်းရေး ကူ ညီပေး ဖို့ နိုင် ငံ တ ကာ ကို ဘင်္ဂ လားေ ဒ့ရှ်ပြော ကြား


နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် အာရုံစိုက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Dipu Moni က ဒီကနေ့ ဘင်္ဂလားဒေ့ရှ် ပါလီမန် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ ဖိအားပေးနေတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားကို ပါလီမန် အစည်းအဝေးကနေ တဆင့် ပြောခဲ့တာပါ။

လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းလိုတယ်ဆိုရင် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရကိုသာ တောင်းဆိုသင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အပါအ၀င် နိုင်ငံတကာ တိုင်းပြည်တွေကို ပြောလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ သူတို့ လက်ခံထားပြီး ဖြစ်တဲ့ လက်ရှိရှိနေပြီးသား ရိုဟင်ဂျာ လေးသိန်းနဲ့တင် အတော် ၀န်ပိနေတာ ဖြစ်ပြီး နောက်ထပ် လက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်းလည်း ပြောပါတယ်။

UNHCR နဲ့ နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့  မြန်မာနိုင်ငံက နောက်ထပ် ထွက်ပြေးလာသူ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ပြန်ပို့နေတယ် ဆိုပေမယ့် အစာရေစာ ဆေးဝါး စတာတွေကို အကူအညီပေးပြီးမှ ပြန်ပို့တာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ 
rfa news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif