http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Jun 2012

အနု ပ ညာ ရှင် တို့ ပြော တဲ့ အင် တာ နက် ရဲ့ကောင်း ကျိုး ၊ ဆိုး ကျိုး


ယနေ့ ခေတ် ရေစီး ကြောင်းအရ နည်းပညာတွေဟာ တစ်နေ့ထက် တစ်နေ့ အလျင်အမြန်တိုးတက်လာ တာနဲ့အမျှ လူငယ် တွေရဲ့ နည်းပညာအပေါ် စိတ်ပါဝင် စားမှုတွေဟာ လည်း အရှိန်အဟုန်မြင့်မား လာပါတယ်။ နည်းပညာ ရဲ့အားကောင်းမှု ကြောင့် အခုကမ္ဘာကြီးဟာ ရွာတစ်ရွာဖြစ်နေ ပြီလို့ တင်စားပြော ဆိုကြရတဲ့ အထိပါပဲ။ ဘယ်လောက် ပဲနိုင်ငံ ရပ်ခြား ဝေးဝေး ကိုရောက်နေနေ အင်တာနက်ကနေတစ်ဆင့် တစ်ကမ္ဘာလုံးက အဖြစ် အပျက်တွေ၊သတင်းအချက် အလက် တွေကိုတစ်နေရာ တည်းကထိုင်ပြီး အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုနေနိုင်ပြီဖြစ် သလို နယ်မြေခြား ကို ရောက်ရှိနေ တဲ့ မိသားစုဝင်၊မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ လည်း တွေ့ဆုံ စကား ပြောနေနိုင်ပါပြီ။ မြန်မာ နိုင်ငံမှာ တော့ ၂ဝဝဝဝန်းကျင်လောက် က စတင်ပြီး အင်တာနက်ကို စတင်ရရှိခဲ့တာဖြစ်ပြီး ၂ဝဝ၃ ခုနှစ်မှာ တွင်တွင်ကျယ်ကျယ် စတင် အသုံးပြုလာ တာ ဖြစ်ပါတယ်။ အဲဒီလို အင်တာနက်ကို တွင်တွင် ကျယ်ကျယ် အသုံး ပြုလာ ပေမယ့်လည်း အရာရာ တိုင်း မှာ ကောင်းကျိုးနဲ့ ဆိုးကျိုးက တော့ ဒွန်တွဲလျက်ရှိနေပါတယ်။ အနုပညာ ရှင်တွေ အနေနဲ့လည်း အင်တာနက်က နေပရိသတ်တွေနဲ့ နီးစပ်မှုရ ယူနိုင်သလို၊ အင်တာနက် ကြောင့် လည်း အနုပညာရှင်တွေ အထင်လွဲခံရတာတွေလည်း အများ ကြီးပါ။ ဒါကြောင့်လည်း ‘အနုပညာရှင် တို့ပြောတဲ့ အင်တာနက်ရဲ့ကောင်းကျိုး ဆိုးကျိုး’ ဆိုတဲ့ ကဏ္ဍလေးနဲ့ ပေါ်ပြူလာက ၁၅နှစ်ပြည့် အမှတ်တရ အဖြစ် တင်ဆက်လိုက်ရ ပါတယ်။
ကမ္ဘာ့အရှေ့ဖျားနဲ့ အနောက်ဖျားသွားရင် အကြာကြီးပဲလေ။ Enter တစ်ချက်နှိပ်တာနဲ့ . . .
ခန့်စည်သူ
“အင်တာနက်မှာ တော်တော် များများ က သူငယ်ချင်းတွေနဲ့ ဆုံပြီး သွားတာ၊လာတာ၊မွေးနေ့ပွဲတွေ၊ ပုံ တွေကို အမှတ်တရ ဓာတ်ပုံ ရိုက်ပြီး တင်ကြတယ်။ အစ်ကိုတို့ Alpine မိသားစု ဆိုအားလုံးစုပြီး ဓာတ်ပုံ တွေတင်ကြတာများတယ်။ အဲဒီလို တင်တဲ့ပုံတွေကို ကိုယ်ရိုက်တာလည်း မဟုတ်ဘဲနဲ့ အလွဲသုံးစား အနေနဲ့ ယူပြီး ဖြတ်ညှပ် ကပ်တွေလုပ်၊ ထင် တာမြင်တာတွေ လျှောက်ရေးကြတာ တွေရှိတယ်။ ဒါတွေက မကောင်းဘူး ပေါ့။ သင်္ကြန်မှာ သရုပ်ပျက်တဲ့ ပုံတွေရှိ ကြတာလည်းရှိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့ သန်း ၆ဝလုံး ပျက်စီး နေတာမှ မဟုတ်တာ၊ လူနည်းစုပဲလေ။ အင်တာနက်မှာ သူများ Facebook ကိုအလွဲသုံးစား လုပ်ပြီး မဟုတ်က ဟုတ်က တွေရေးတာ တအား ရှုတ်ချစရာ ကောင်းပါတယ်။ အနု ပညာသမားတွေဆိုပေမယ့် အမှတ်တရ ဓာတ်ပုံရိုက်ပြီး တင်ကြတာတွေ ရှိတာ ပေါ့။ ကမ္ဘာကြီးက တိုးတက်လာတာနဲ့ အမျှ ကမ္ဘာ့အရှေ့ဖျားနဲ့ အနောက်ဖျား သွားရင် အကြာကြီးပဲလေ။ Enterတစ်ချက်နှိပ်တာနဲ့ချက်ချင်းဆက်သွယ်လို့ ရတယ်။”
အင်တာနက် ကနေ တစ်ဆင့် ပရိသတ်နဲ့ ပိုရင်းနှီးနိုင်တာပေါ့ . . .
ထွန်းအိန္ဒြာဗို
“အခုနောက်ပိုင်းအနုပညာရှင်တွေ တော်တော်များများ အင်တာနက်ကို သုံးလာကြတယ်။ အင်တာနက်ကနေတစ် ဆင့်ပရိသတ်နဲ့ပိုရင်းနှီးနိုင်တာပေါ့။ ဒါပေမဲ့တချို့ ဟာတွေက အတုတွေလည်း ရှိတယ်။ တချို့ အနုပညာရှင် တွေရဲ့ စာမျက်နှာ အစစ်တွေမှာ နေ့စဉ် up to dateလုပ်နေရတော့ ကိုယ့်အပြော အဆို အပြုအမူ၊ အနေအ ထိုင်လေးတွေက အလွတ်ပြော လို့တော့ သိပ်မကောင်းဘူး။ ပရိသတ်နဲ့နေ့စဉ် ပြောဆိုနေရ တာမျိုး ဖြစ်တဲ့ အတွက် ထိန်းသိမ်းပြီး ပြောရမှာ မျိုးမဟုတ်ဘူး။ ဟန်ဆောင်ပြီးပြော ခိုင်းတာမဟုတ်ဘူး။ မှားယွင်းသွား တာမျိုး တွေ မပါအောင်တော့ သတိထား သင့်တာပေါ့။ အင်တာနက် နဲ့ပတ် သက်ရင် ကောင်းကျိုး လည်းလာနိုင်သလို၊ ဆိုး ကျိုးလည်း လာ နိုင်တာပေါ့။ ကိုယ်ပြောလိုက်တဲ့ စကား ရဲ့အဓိပ္ပာယ်က ရိုးရိုးပြောပေမယ့် တခြား ၂ခွဖြစ်စရာ ဆိုရင် မကောင်းမြင်တဲ့ ဘက်က တွေးပြီး အဲဒါကို ဆွဲယူပြီး လုပ် ချလိုက်ပြန်ရင်လည်း ကိုယ့်ဘက်ခံရမယ့် ကိစ္စတွေရှိနိုင်တာပေါ့။ စကားကို တိတိ ကျကျပြတ်ပြတ်သားသားနဲ့ သုံးတယ် ဆိုရင် အဓိပ္ပာယ်က ရှင်းရှင်း လင်းလင်း ရှိဖို့လို တယ်။ အဲဒီလိုမျိုးတွေ သတိထားသင့် တယ်လို့ ထင်ပါတယ်”
 နိုင်ငံခြားမှာရှိတဲ့ လူ့အဖွဲ့အစည်း၊ အချက်အလက်တွေကိုလည်း သိခွင့်ရတယ် . ..
ကောင်းခန့်
“အမြဲတမ်း အင်တာနက်သုံး ဖြစ်ပါ တယ်။ အင်တာနက် သုံးရင် တော့ ကျွန်တော်တို့ သိချင်တဲ့ သတင်းအချက် အလက်တွေ ကို အချိန်နဲ့ တစ်ပြေး ညီသိခွင့်ရတယ်။ အနုပညာတွေနဲ့ ပတ်သက် တဲ့အကြောင်း တွေလည်း သိခွင့်ရမယ်။ ပြီးတော့ ဖက်ရှင် မျိုးစုံ၊ အဝတ်အစားတွေလည်း ကြည့်လို့ရ တယ်။ နိုင်ငံခြားမှာရှိတဲ့ လူ့အဖွဲ့အစည်း၊ အချက်အလက်တွေ ကိုလည်း သိခွင့်ရ တယ်။ နိုင်ငံခြားမှာရှိတဲ့ ကိုယ့်သူငယ် ချင်းတွေနဲ့လည်း အမြဲတမ်း ဆက်သွယ်လို့ရ တယ်။ တစ်ခုရှိတယ်။ အင်တာနက် အပေါ်မှာ တအားစွဲသွားလို့ရှိရင် မကောင်းဘူးပေါ့။ အလုပ်တွေလည်းပျက် မယ်။ ဒီလိုInternet Social Network ခေတ်မှာ သီးသန့်ကြီး ကိုယ့်အတွက်အကျိုး မရှိဘဲနဲ့ အပျော်သက်သက်ဆိုလည်း မကောင်းဘူး။ အနုပညာရှင် တစ်ယောက် အနေနဲ့လည်း အင်တာနက်သုံးရင် သတိထားဖို့လိုပါတယ်။ အခုနောက်ပိုင်း မှာ အင်တာ နက်တွေကို အိမ်တွေမှာလည်း သုံးလာတယ်၊ ဖုန်းနဲ့ လည်းအသုံးပြုလာကြ တယ်လေ။ အပြင်ဆိုင်တွေ မှာလည်း အသုံးပြု လာတယ်။ အဲဒီအတွက် ကိုယ့် ရဲ့အကောင့်ေ တွကို သတိထားဖို့လိုမယ် လို့ထင်တယ်။ အင်တာနက်ကိုအသုံးချပြီး ပရိသတ်ကိုနီးစပ်ဖို့ ဆိုတာကောင်း ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော်တို့လှုပ်ရှားနေတဲ့ပုံေ တွကို ပရိသတ်တွေကကြည့်လို့ရတယ်။ အင်တာနက်ပေါ်မှာ ကိုယ့်ရဲ့မဟုတ်မမှန် တဲ့သတင်း တွေတက်လာရင်လည်း အဲဒီ တက်လာတဲ့ ပြဿနာတွေကြည့်ပြီး ဖြေ ရှင်းပါတယ်။ အဲဒီမှာ ပရိသတ်တွေဆီ ကတက်တာလား၊ နောက်မဟုတ်ရင် ကျွန်တော်တို့ကိုမလိုတဲ့ လူတွေဆီက တက်လာတာလား အဲဒီ အပေါ်မှာမူတည် ပြီး ဖြေရှင်း ရပါတယ်”
အင်တာနက်ဆိုတာကတော့ ဟုတ်တာရော၊ မဟုတ်တာရော ရှိနေမှာပဲလေ . . .
ရတနာမိုင်
“မိုင်လေးက အင်တာနက်ကို အမြဲ တမ်းသုံးဖြစ်ပါတယ်။ အင်တာနက် ကောင်းကျိုးတွေကတော့ အခုလတ် တလောဖြစ်နေတယ်။ သတင်းတွေကို လည်း ကြည့်လို့ရ တယ်။ ကိုယ်ရဲ့ မိတ် ဆွေသူငယ်ချင်းတွေ ရပ်ဝေးမှာရှိနေရင် လည်း အင်တာနက်ရှိနေတဲ့အတွက် စိတ် ထဲမှာ နီးနီးလေးလို့ပဲ ခံစားရတယ်။ သတင်းထူးရှိရင်လည်း ကိုယ်က အရင်ကြို သိရတာပေါ့နော်။ ဒါပေမဲ့လည်း ဘယ် အရာဝတ္ထုမဆို ဆိုးကျိုးနဲ့ ကောင်းကျိုး ကတော့ အမြဲဒွန်တွဲနေတာပေါ့လေ။ ဥပမာ တခြားဓာတ်ပုံတစ်ပုံ မဟုတ်တဲ့ပုံမှာ ကိုယ့်ဓာတ်ပုံကို အစားထိုးပြီး သုံးတာတို့ ကိုယ့်ရဲ့မဟုတ်တဲ့သတင်းတွေကိုလည်း fun page မှာ လျှောက်ပြီးတော့ တင် တာတို့တွေဆိုရင်လည်း မကောင်းဘူးပေါ့ လေ။မိုင်လေးတစ်ခါတုန်းကတော့ ဂျာနယ် တစ်ခုထဲမှာ မိုင်လေးရဲ့gmailအကောင့်ကို ပေးလိုက်တယ်။ ဒါပေမဲ့ မိုင်လေးရဲ့ အကောင့်ကို အခိုးခံ လိုက်ရတော့ ပရိသတ် တွေနဲ့ အဆက်အသွယ်ပြတ်သွားတာ ပေါ့နော်။ အဲဒါကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးမှုရအောင် မိုင်လေးအကောင့် တစ်ခု ထပ်ဖွင့်ဖို့ စဉ်းစားထား တယ်။ပြီး တော့ အင်တာနက်သုံးရင်တော့ သတိထား သင့်တာကတော့အများကြီးပေါ့နော်။ ကိုယ့်ရဲ့ပရိသတ်တွေကိုလည်း အထင်လွဲ စေမယ့် အပြောအဆို အပြုအ မူတွေကို မဖြစ်အောင်တော့ သတိထားရတာပေါ့နော်။ အင်တာနက်ဆိုတာကတော့ ဟုတ်တာရော၊ မဟုတ်တာရော ရှိနေမှာပဲလေ။ အချိန်တန် ရင်တော့ အမှန်တရား က ပေါ်လာ မှာပဲလေ။ ဘယ်အနုပညာရှင်မဆို မဟုတ်ဘူးဆိုတာကို ပေါ့လေ။ အဲဒီမဟုတ်တဲ့အတွက်ကြောင့် ဘာမှ ရှင်းနေစရာတော့ မလိုဘူးလို့ ထင်ပါ တယ်။”
ဂျာနယ်တွေမှာ အင်တာဗျူးမဖြေရလည်း ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ် တော့ဘူး..
ပုလဲဝင်း
“အခုဆိုရင် နုပညာရှင်တွေရဲ့ အကောင့် တွေလည်း ခိုးခံရတယ် လို့ကြား တယ်။ ပုလဲ ကျတော့ Facebookသုံးတာများတယ်။ ပြီး တော့ အမြဲတမ်း check လုပ်ခိုင်း တယ်။ check တော့လုပ်တယ်။ password ကို ခဲ ရာခဲစစ်လုပ်ထားတာဆိုတော့ သိမှာ မဟုတ် ဘူးလို့ထင်တယ်။Facebook သုံးတဲ့အခါမှာ ဂျာနယ်တွေမှာ အင် တာဗျူးမဖြေရတဲ့အခါတို့ ဆို ပရိသတ် တွေနဲ့ အဆက်အသွယ်မပြတ် တော့ဘူး။ ရန်ကုန်မှာကျတော့ ပိုသိကြတာ ပေါ့။ အနုပညာရှင်တွေ ဒီနေ့ဘာလုပ်လဲဆို တာကို သိရတယ်လေ။ ဒါပေမဲ့ ဘယ် အရာမဆို အကောင်းရှိသလို၊ အဆိုးတွေ လည်းရှိတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် င်္ခေနဘသသုကနေ တစ်ဆင့်ပေါက်ကရပုံ လေးတွေရှိလာ တယ်။ အနည်းစုပါ။ အဲဒါမျိုး ကျတော့ ကိုယ်က လျစ်လျူရှု ရတယ်။ စကြ နောက်ကြ တမင်လုပ်မှန်းလဲသိတယ်။ Facebook ကျတော့ ကိုယ်သိချင်တာတွေကို ချက်ချင်းသိနိုင်တယ်။ ကိုယ်ကြည့်ချင်တဲ့ အကြောင်းအရာတွေကို စာကြည့်တိုက် မှာတို့၊ စာအုပ်ဆိုင်မှာတို့ တကူးတကသွားစရာမလို တော့ဘူး။ ကိုယ်သိချင်တဲ့ အကြောင်းအရာ တွေကို ချက်ချင်းရှာလို့ရတယ်။ အသိမြန် တယ်။ ပြီးတော့ လူမှုဆက်ဆံရေးအရရော တစ်ကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့အကြောင်း အရာကိုသိရတယ်။ သတင်းကတော့ ပိုမြန်သွားတယ်”
အင်တာနက်က အသုံးတည့်တဲ့အရာတွေလည်းရှိသလို၊ မကောင်းတာတွေ လည်းအများကြီးပဲ…
ဝိုင်းစုခိုင်သိန်း
”ဝိုင်းစုကတော့ အင်တာနက်ကို နည်းနည်းပါးပါး ပဲသုံးတယ်။ ဝိုင်းစု Facebook အကောင့်တစ်ခု ဖွင့်ထားတယ်။ ဝိုင်းစုတော့ သိပ်မသုံးတတ်ဘူး။ အင်တာနက်က အနု ပညာရှင်မှ မဟုတ်ပါဘူး။ လူတိုင်းသုံးကြပါ တယ်။ ကောလဟလကတော့ ကောင်းတာ ပြောတာလည်းရှိတယ်။ မကောင်း တာပြော တာလည်းရှိတယ်။ ဘယ်လိုပဲပြောပြောကိုယ် ပြောမယ့်လူ တစ်ယောက်ရဲ့အကြောင်းကို သေသေချာချာသိမှ ပြေစေချင်တယ်။ လူတိုင်းလူတိုင်းက ကိုယ့်ကို သေချာမသိဘဲ ပြောရင် သူတို့ပြောခံရရင်လည်း ဘယ်သူမှ ခံနိုင်မှာ မဟုတ် ဘူးလေ။ တစ်ချို့ကျတော့ မှန် တာရှိတယ်။ မှားတာ ရှိတယ်။ ကိုယ်ပြောချင် တယ်ဆိုရင် ပြောချင်တဲ့အကြောင်းအရာကို သေချာသိမှ Comment အပေးတာကို ပြောကြပါလို့။ အဲဒီ မဟုတ်ရင် မြန်မာတွေ အနေနေဲ့ သိက္ခာကျတယ်လေ။ အင်တာနက် ပေါ်မှာ ပုံတွေတင်ပြီး သူများကို ဖျက်ညှပ် ကပ်လုပ် တာက ယုတ်မာတဲ့လူတွေမှ လုပ် တာလေ။ တော်ရုံတန်ရုံက အချိန်လည်း မအားဘူး။ ကိုယ့်အလုပ်နဲ့ကိုယ်ပဲလေ။ ယုတ် မာတဲ့အချိန်အားနေတဲ့လူတွေပဲလုပ်ကြတာ။ မဟုတ်မမှန်တာကို လုပ်ကြတာ။ ဟုတ်လား မဟုတ်လားဆိုတာ လူတိုင်းခွဲခြား တတ်ကြ ပါတယ်။ ဖျက်ညှပ်ကပ် ဟုတ်တယ်ဆိုတာ အခုခေတ် မှာ တော်တော် ကျယ် ကျယ်ပြန့်နေ ပါပြီ။ အဲဒီလိုလုပ်တဲ့ လူတွေက စိတ်ဓာတ်ညံ ဖျင်းလို့သာ လုပ်ကြတာပါ။ အင်တာနက်က အသုံးတည့်တဲ့အရာတွေလည်းရှိသလို၊ မကောင်းတာတွေလ ည်းအများကြီးပဲ။ ကိုယ့် ပရိသတ်တွေနဲ့ လည်း ကိုယ့်ပရိသတ်ဘယ် ၂ယောက် ရှိလဲဆိုတာလည်း လေ့လာနိုင် တယ်။ တစ်ချို့တွေကလည်း အင်တာနက်ကို အသုံးချပြီးေ တာ့ မကောင်းပြောချင်ကြတဲ့ လူတွေလည်း ရှိပါတယ်။ ဝိုင်းစုကတော့ ကောင်းကောင်း မွန်မွန်ဝေဖန် အကြံပြုတာ တွေအား လုံးကိုလက်ခံပါတယ်။ ဒါပေမဲ့ အသားလွတ် လိုက်ပြီး ပုတ်ခတ်ပြောဆိုနေ တာမျိုးတော့ လုံးဝလက်မခံဘူး။ ပရိသတ် လည်း မဟုတ်ဘူး။ အဲဒီလိုမျိုးတွေ ကလည်း လူတကာကို လိုက်ပြောချင်နေကြတဲ့လူတွေ ပဲ။ သက်သက် လူတွေကို ရှုံ့ချချင်တဲ့လူလို့ မြင်တယ်။ ကောင်းကောင်း မွန်မွန်ဝေဖန်ကြတဲ့ လူတွေလည်းရှိပါတယ်။ ဝိုင်းစုပြောချင်တာက သူများအကြောင်းကို ပြောချင် ရင်လူတစ် ယောက်အကြောင်းကို သေသေချာချာလေ့ လာပြီးမှ ပြောကြပါ။ ဟုတ်တယ်မဟုတ်ဘူး သိတော့မှComment အတွေပေးကြပါ။ လူတိုင်း လူတိုင်းကို ထိခိုက်နိုင်တယ်။ အနုပညာ ရှင်တိုင်းကော ရှိသမျှ လူတိုင်းကို ထိခိုက်နိုင် တယ်။ ကိုယ့်အတွက်ကြောင့် ဘယ်သူဘယ် ဝါကိုမှ မထိခိုက်ပါစေ နဲ့လို့ ပြောချင်ပါတယ်။ ဝိုင်းစုအပါအဝင်အနုပညာရှင်တိုင်းကို ကိုယ့် ကိုယ် အားပေးတဲ့ လူလည်းရှိမယ်။ ကိုယ့်ကို မကြိုက်တဲ့လူ လည်းရှိတယ်။ မကြိုက်ရင် တော့ မကြိုက်တဲ့အကြောင်းပြော မှာပဲ။ အဲဒီ အပေါ်မှာ ကိုယ်ကတော့ သည်းခံစိတ်ပဲထား ပါတယ်။ သည်းခံစိတ်ထားတာက အကောင်း ဆုံးပဲလို့ ထင်ပါတယ်။ သည်းခံစိတ်မွေးတယ် ဆိုတာလည်း ပါရမီ တစ်ပါးပါပဲ။ မြတ်စွာဘု ရားတောင်မှ အကုန်လုံးကိုသည်းခံသေးတာ ပဲ။ ‘ပုတ္ထုဇင်’ဆိုတော့ ပိုပြီးတော့ ကိုယ့်ကိုယ် ကိုယ်ထိန်းရတာပေါ့” 
www.yoyarlay.com/entertainment/entertainment/art/27056-2012-06-12-09-00-15

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif