http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 Jun 2012

ဝဲလောင်NLD ရုံး ဖွင့် ပွဲ ကို ကြံ့ဖွံ့ မှ သ ပိတ်ေ မှာက်




မန္တလေးတိုင်းဒေသကြီး၊တောင်သာမြို့နယ် ဝဲလောင်တိုက်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးဖွင့်ပွဲအခမ်းအနားကျင်းပသည့် အိမ်ရှေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဝင်များက ဆိုင်းဘုတ်များကိုင်ဆောင်ပြီး လာရောက်သပိတ်မှောက်ဆန္ဒပြခဲ့သည်ဟု သိရပါသည်။

ရုံးဖွင့်ပွဲကို ၂၀၁၂ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် ၉း၃၀ အချိန်တွင် ကျင်းပခဲ့ပြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် အနီးအနား ကျေးရွာတို့မှ အမျိုးသားဒီမိုကရေစီ ပါတီဝင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အယောက် ၇၀၀ ကျော် တက်ရောက်ကြပါသည်။

အဆိုပါရုံးဖွင့်ပွဲကို မကျင်းပရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အမျိုးသားဒီမိုကရေစီ ဆိုင်းဘုတ်တင်မည့် အိမ်ရှင်တို့အား ၂၀၁၂ခုနှစ် ဇွန်လ ၆ရက်နေ့ကတည်းက သွားရောက် ပြောဆို စည်းရုံးခဲ့ပါသည်။ ထိုရုံးဖွင့်ပွဲကို မပြုလုပ်ရန် ပြည်ခိုင်ဖြိုးပါတီဝင်
မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝဲလောင်ရွာဇာတိ ဦးဝင်းမြင့်မှ ကျေးရွာလူထုနှင့် အိမ်ရှင်တို့အား  "ဝဲလောင်ရွာသည် အဘဦးအောင်သောင်း နယ် ဖြစ်သဖြင့် အဘစိတ်ဆိုးမည်ဆိုးသဖြင့် ရုံး မဖွင့်ရန်၊ ဖွင့်လျှင်လည်း နောက် ၆-လ လောက်နေမှ ဖွင့်ရန်" စသဖြင့် ပြောဆိုသွားပါသည်။ ထိုအပြင် အနီးအနားမှ ဆရာတော်ကြီးများကိုလည်း ရုံးမဖွင့်ဖို့ သွားရောက်ပြောဆိုပေးရန် ဦးဝင်းမြင့်မှပဲ သွားရောက်လျှောက်ထားခဲ့ပါသည်။

ထိုသို့ ပြောဆိုမရသဖြင့် ထိုသူနှစ်ယောက်မှ ဦးဆောင်ပြီး ရုံးခန်းဖွင့်လှစ်သည့်နေ့တွင် တောင်သာမြို့နယ်အနီး ကျေးရွာများမှ ဒေသခံ ရွာသူရွာသားများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ အယောက် ၅၀ကျော် စုစည်းပြီး   ဝဲလောင် အမျိုးသား ဒီမိုကရေစီရုံးခန်းဖွင့်လှစ်မည့် အိမ်ရှေ့တွင်  "ကျေးရွာကို မဖြိုခွဲပါနှင့်၊ ကျေးရွာကို စိတ်ဝမ်း မကွဲပြားပါစေနှင့်" "ဖွံ့ဖြိုး တိုးတက်မှုကို လိုလားသည်" ဖွံ့ဖြိုးတိုးတက်မှုကို မဖျက်ဆီးပါနှင့်"၊ "ဒေသဖျက်ဆီးသူများကို တို့မလိုလား"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ခိုင်းပြီး သပိတ်မှောက်ဆန္ဒပြခိုင်းခဲ့ပါသည်။

ရုံးဖွင့်ပွဲကျင်းပနေစဉ် "ဒေသဖျက်ဆီးသူများကို အလိုမရှိ"၊ "တည်ငြိမ်အေးချမ်းမှုကို မဖျက်ဆီးပါနှင့်" စသည့်ကြွေးကြော်သံများကို အော်ဟစ်နေပြီး တချို့မှာ အရက်အလွန်အကျွံမူးနေပြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်နှောင့်ယှက်တာမျိုး၊ ရုံးခန်းဖွင့်လှစ်ပွဲအပြီး အပြန်တွင်လဲ "အလိုမရှိ အလိုမရှိ"လို့ နောက်မှ လိုက်လံ အော်ဟစ်ကြွေးကြော်ခဲ့ပြီး ဒေသခံ အာဏာပိုင်တွေက လာရောက်တားဆီးခဲ့ခြင်းမျိုးကိုလဲ မတွေ့ရဘူးလို့ ရုံးဖွင့်ပွဲသို့ တက်ရောက်ခဲ့သူ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပြခဲ့ပါသည်။


www.thithtoolwin.com/2012/06/nld_3403.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif