http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

29 Mar 2013

ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ






ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်ကာ ပူပြင်းခြောက်သွေ့သော နွေရာသီအတွင်းဝင်ရောက်ခဲ့ပြီဖြစ်သောကြောင့် အပူချိန်မြင့်တက်ခြင်း၊  ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ်ရှိနေကြောင်း  မိုးလေ၀သဗေဒ ပညာရှင်ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။


ရန်ကုန်ရဲ့ နေပူဒဏ်ကို ပုဆိုးများနဲ့ ကာကွယ်ထားတဲ့  တက္ကစီတစီးကို  သင်္ကန်းကျွန်းမြို့ နယ် သုဝဏ္ကမီးပွိုင့်မှာ လဆန်းပိုင်းက အထက်ပါအတိုင်း တွေ့ရပါတယ် (ဓာတ်ပုံ - http://www.facebook.com/GtrJournal GTR Car Journal)

ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ချည်ကျရောက်မှုသည် ညွန်းကိန်းအမှတ်အထိ ရောက်ရှိနေပြီး  မော်လမြိုင်၊  ဘားအံမြို့များတွင် (၁၂.၈) လွိုင်ကော်မြို့တွင် (၁၂.၄)၊  တောင်ကြီးမြို့ တွင် (၁၂) ဒီဂရီ အထိ အသီးသီး ကျရောက်လျက်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားသည်။

 ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကစတင်ပြီး တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

(၀ မှ ၃) အထိ အနိမ့်စား၊  
(၄ မှ ၇) အထိ ဆိုလျှင် အသင့်တင့်၊   
၈ မှ အထက်ကို အန္တရာယ်ရှိအဆင့်ဟုသတ်မှတ်ထားသည်။

     ခရမ်းလွန်ရောင်ခြည်သည် အညွန်းကိန်း (၈) အထက်ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ် ထိခိုက်နိုင်ပြီး၊  အညွန်းကိန်း ၈၊ ၉၊ ၁၀၊  အထိရောက်ရှိပါက အရေပြားဆိုင်ရာ ရောဂါများ၊  အမြင်အာရုံေ၀၀ါးမှု ချို့တဲ့မှု ရောဂါများ၊  ကျရောက်နိုင်ကြောင်း၊   ခရမ်းလွန်ရောင်ခြည် ကျရောက်မှု  ညွန်းကိန်း (၁၃/၁၄) အထိရောက်ရှိပါက အမျိုးသားဆိုင်ရာ ရောဂါ၊   သားသမီး မရနိုင်သည့်ရောဂါ များအထိ သက်ရောက်နိုင်ကြောင်း အရေပြား အထူးကု ဆရာဝန်ကြီးတဦးကပြောကြားသည်။

        ခရမ်းလွန်ရောင်ခြည် ထိရောက်မှု များပါက အရေပြားဆိုင်ရာ ရောဂါ၊  ကင်ဆာရောဂါ စသည်ဖြင့်  ဖြစ်ပွားတတ်ကြောင်း ကျန်းမာရေးဦးစီး ဌာန မှ ဆရာဝန်တဦးက ပြောကြားသည်။

နေပူထဲသွားလျှင် နေလောင်ခံ လိမ်းဆေး လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊   ထီးဆောင်းခြင်း၊  နေရောင် စုတ်ယူအား နည်းသည့် အဖြူထည် အင်္ကျီ အ၀တ်အစား ၀တ်ဆင်ခြင်းဖြင့် ပြုလုပ်ပြီးမှ သွားလာသင့်ကြောင်း သူက ဆက်ပြောသည်။

နေပူထဲမှ ပြန်ရောက်ရောက်ခြင်း ရေချိုးခြင်း ၊ ရေခဲရေသောက်ခြင်း ၊ အရက်သောက်သုံးခြင်း မပြုသင့်ကြောင်း သူက ဆက်ပြောသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~  
http://blog.irrawaddy.org/2013/03/blog-post_1406.html#more

10 Mar 2013

သွားနဲ့ခံတွင်းသန့်ရှင်းဖို့ဘာကြောင့်အရေးကြီးသလဲ





မတ်လ ၂၀ ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့ သွားနဲ့ခံတွင်း ကျန်းမာရေးနေ့ကို   မြန်မာနိုင်ငံမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေကြပါပြီ။

အများပြည်သူတွေ သွား/ခံတွင်းဆိုင်ရာ ကျန်းမာရေး အကြောင်း ပိုမို သိရှိလာဖို့ သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးများနဲ့ အမေးအဖြေတွေကို မီဒီယာတချို့မှာ မကြာခင် တွေ့ရတော့မှာပါ။

ဆရာဝန်ကြီးများကို မေးမြန်းထားသူတွေကတော့  Miss Myanmar 2012 နန်းခင်ဇေယျာ၊ ကိုးရီးယားက ပေးတဲ့ Asia New Star Model Award ရခဲ့တဲ့ ထွန်းကိုကို ဖြစ်ပါတယ်။  

နန်းခင်ဇေယျာ

“ညီမတို့လို အခုခေတ်လူငယ်တွေ အများစုကလည်း သွားနဲ့ခံတွင်း ကျန်းမာရေးကို ဂရုမစိုက်ကြတာကို တွေ့ရတယ်။  
အရင်တုန်းက သွားပိုးစားတာကို သွားပိုးစားတယ်လို့ပဲ သတ်မှတ်ထားတယ်။ 
တကယ်က သွားပိုးစားတာလည်း ရောဂါတစ်ခုပဲပေါ့နော်။   
ဒီသွားပိုးစားတာကို အစကတည်းက ဂရုမစိုက်ရင် ရေစီးကမ်းပြိုဖြစ်လာနိုင်တယ် ဆိုတာကိုလည်း အခု သိရတယ်။

  တစ်ယောက်နဲ့တစ်ယောက် Communication ပြုလုပ်တဲ့အခါမှာ သွားဟာ အဓိက အရေးပါတယ်။  
သွားတွေကျဲနေမယ်၊ သွားပိုးတွေစားနေမယ်ဆိုရင် လူကိုရုပ်ဆိုးစေတယ်ပေါ့နော်။  


  သွားတိုက်တံကလည်း တဖြောင့်တည်း ဖြစ်ရမယ်။
  ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပါးစပ်ချင်းနမ်းတာကနေလည်း သွားပိုး ကူးတာကိုလည်း သိရတယ်။  
အဲဒီအချက်ကို မြန်မာပြည်သူတွေကို သိစေချင်တယ်။  လူတိုင်းလူတိုင်း တစ်ရက် နှစ်ကြိမ် သွားတိုက်သင့်တယ်လို့ပြောချင်တယ်”

 ထွန်းကိုကို

 “ခံတွင်းကင်ဆာက ကျွန်တော်တို့မြန်မာပြည်မှာအဖြစ်များလာတယ် ၊ ကွမ်းစား ဆေးလိပ်သောက်ရင် ပိုပြီး ဖြစ်နိုင်ချေ များပါတယ်။ 
 ကျွန်တော်နဲ့ နန်းခင်ဇေယျနဲ့က သွားဘက်ဆိုင်ရာ ဆရာဝန်ကြီးတွေကို အင်တာဗျူးလုပ် ထားပါတယ်။
 ဒါနဲ့ ပတ်သက်ပြီးတော့ ထုတ်လွှင့်တဲ့အချိန်မှာ ပြည်သူတွေလည်း ပိုပြီး သိရှိလာမှာပါ”


ဒေါက်တာဘမြင့် 
ပါမောက္ခဒေါက်တာဘမြင့်က သွားဘက်ဆိုင်ရာဆရာဝန်အသင်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ နယက ဖြစ်ပါတယ်။
သူက ခံတွင်းကင်ဆာနဲ့ ပတ်သက်ပြီး လူတွေ သိပ်မသိကြသေးဘူး၊  ကွမ်းစားတဲ့သူ အများစုမှာ အဖြစ်များတယ်၊ သူတို့တွေက လုံးဝ မသိတာတော့ မဟုတ်ဘူး၊ သူတို့ ပိုပြီး သိလာအောင် ပညာပေးဖို့လိုပါတယ်လို့ ပြောပါတယ်။  


မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေး အစီစဉ်တွေထဲမှာ ကွမ်းစားတာကြောင့်ဖြစ်တဲ့ ခံတွင်းကင်ဆာလို ရောဂါမျိုးအတွက် ပိုမိုထိရောက်တဲ့ ပညာပေးအစီစဉ်တွေ လိုအပ်နေသေးတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ 
- See more at: http://blog.irrawaddy.org/2013/03/blog-post_2346.html#more

21 Feb 2013

ခန္ဓာကိုယ်ထဲက အဆိပ်တွေ ထုတ်ချင်ရင်



နားတွင် အပ်စိုက်ကုသပုံ၊ ဓာတ်ပုံ-acupuncturechicago.


အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေးဝါး စတာတွေ သုံးစွဲလာတာ ကြာတဲ့အခါ လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ သင့်နေတယ် လို့ ဆိုပါတယ်။ 

အဲဒီလိုအဆိပ်တွေ သင့်နေတာတွေကြောင့် လူတွေဟာ အသက်တိုခြင်း၊ မကျန်းမာခြင်းတွေဖြစ်ကြတာ ပါတဲ့။ 

ဒါကြောင့် အသက်ရှည် ကျန်းမာစေဖို့အတွက် အပ်စိုက်နည်းစနစ်၊ ချွေးထုတ် နည်းစနစ်တွေကို အသုံးပြုပြီး အဲဒီအဆိပ် တွေကို ထုတ်ပေးနေသူနဲ့ အုန်းပြန့် ဒုက္ခသည်စခန်းမှာ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ပါတယ်။ 

 အုန်းပြန့် ဒုက္ခသည်စခန်းတွင်းမှာ အဆိပ်ထုတ်ပေးတဲ့ ဦအောင်ငွေစန်းနဲ့ ဒုက္ခသည်တချို့၊ ဓာတ်ပုံ- အိမ့်သံစဉ်( ဧရာဝတီ) ~

သူကတော့ ဦးအောင်ငွေစန်း ဖြစ်ပြီး သူ့ အလုပ်အကိုင်ကိုမေးတော့ သူက အမြဲလမ်းလျှောက်နေတတ် တာဖြစ်ပြီး စခန်းတွင်း မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းတွေလုပ်နေတာပါတဲ့။ 

“အရက်တို့ ဆေးလိပ်တို့ ကွမ်းတို့ စားတာ အနှစ်နှစ်အလလ ကြာလတော့ သူ့ကိုယ်ထဲက အဆိပ် သင့်သွေးတွေ၊ အဆိပ် ငွေ့တွေကို နားမှာ အပ်စိုက်ကုသပေးပြီး ကျနော်တို့က ထုတ်ပေးတယ်”လို့ သူက ဆိုပါတယ်။ 

အဆိပ်တွေ ထုတ်ဖို့ အပ်စိုက်တဲ့နည်းနဲ့ပတ်သက်လို့ ကုသဖို့ စိတ်ဆန္ဒရှိသူတွေအတွက် အချိန်တလ ခွဲလောက် ယူရပါ တယ်တဲ့။ 

“ပထမ ၂ ပတ်မှာတော့ ကျနော်တို့ ၂ ကြိမ်စိုက်ပေးတယ်၊ တကြိမ်ကို ၄၅ မိနစ်ကြာတယ်။ နား ၁ ဖက်ကို ၅ ချောင်း၊ ၂ ဖက်ဆိုတော့ အပ် ၁၀ ချောင်း။ ၂ ကြိမ်ဆိုတော စုစုပေါင်း ၁ နာရီခွဲ၊ မိနစ်ကိုးဆယ် ကြာ မယ်ပေါ့”လို့ ဦးအောင်ငွေစန်း က ရှင်းပြပါတယ်။ 

ပထမ ၂ ပတ်တွင် အထက်ပါအတိုင်း ၂ ကြိမ်နှင့် တတိယ သတင်းပတ်မှာ ၁ ကြိမ် အပ်စိုက်ကုသပေးပြီး ကျန်တဲ့ ရက် သတ္တ တပတ် ကာလကိုတော့ သူတို့ကို ဆေးလိပ်၊ ကွမ်း၊ အရက် တို့ရဲ့ ဆိုးကျိုးတွေ ဘာတွေ ဆိုတာ သင်တန်းပေးပါ တယ်တဲ့။ 

နောက် ကျန်တဲ့ ရက်သတ္တပတ် ၂ ပတ်မှာ တရက်ခြားတကြိမ် အပ်စိုက် ကုသမှုတွေ လုပ်ပေးပြီး သင်တန်း လည်း တပါတည်း ပေးကြတာလို့ ဦးအောင်ငွေဆန်းက ပြောပါတယ်။ 

ချွေးပေါင်းထုတ်၍ ကုသတာကလည်း အဆိပ်ငွေ့တွေကို တရုတ် ဆေးပညာ နည်းလမ်းအရ သစ်ဥ၊ သစ်ဖု၊ သစ်မြစ် ပေါင်းစုံကို ကျိုပြီး အငွေ့တထောင်းထောင်းထနေချိန်မှာ လူကို ပေါင်းခန်းထဲ ထည့်သလို လုပ် လိုက်တာဖြစ်တယ်တဲ့။ 

“အဲဒီကျရင် ကိုယ်ခန္ဓာမှာ ရှိတဲ့ အခိုးအငွေ့တွေက ချွေးတွေနဲ့အတူ အဆိပ်ခိုး၊ အဆိပ်ငွေ့တွေကို ထွက် လာအောင် လုပ်လိုက်တာပေါ့” ဦးအောင်ငွေစန်းက ရှင်းပြပါတယ်။ 

၂၀၀၃ ခုနှစ်ကတည်းက အခုလို ကုသနည်းတွေနဲ့ သူလုပ်တဲ့ ဌာနက ကုသပေးလာခဲ့တာ ၂၀၁၂ ကုန်ထိ လူပေါင်း ၄ ထောင်ကျော် ၅ ထောင်လောက်တော့ ရှိမယ်လို့ သူက ဆိုပါတယ်။ 

အခုလို ကုသပေးနိုင်ဖို့က လည်း ဂျာမဏီနိုင်ငံအခြေစိုက်တဲ့ NGO တခုက ကုန်ကျစရိတ်ကို ထောက်ပံ့ ထားတာဖြစ်ပါ တယ်တဲ့။ 
http://blog.irrawaddy.org/2013/02/blog-post_7600.html

5 Jan 2013

မျက်နှာအသားအရေ စိုပြေစေဖို့





ဆောင်းရာသီမှာ အသားအရေ ချောက်သွေ့နေတဲ့သူတွေနဲ့ မျက်နှာအသားအရေ ကြမ်းနေတဲ့ သူတွေ အတွက် အဆင် ပြေစေမယ့် နည်းလမ်းလေးတချိုပါ။ အခုလို ဆောင်းရာသီရောက်တဲ့အတွက် မျက်နှာ အရေပြားခြောက်သွေ့တဲ့ သူ တွေအတွက် အသားအရည်စိုပြေ နုပျိုသွားစေဖို့အတွက်   ပေါင်းတင်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတွေပါ။ 


 လိုအပ်မယ့် ပစ္စည်းလေးတွေကတော့ ပျားရည်၊ သနပ်ခါး၊ လိမ္မော်သီး တို့ဖြစ်ပါတယ်။ မျက်နှာကိုပေါင်း မတင်ခင် ပထမ အဆင့်အနေနဲ့ မျက်နှာကိုဆေးကြော သန့်စင်ပေးရပါမယ်။ ပြီးရင်တော့ ခွက်အသန့် တစ်ခု ထဲကို သနပ်ခါးအနှစ်၊ ပျားရည်အနည်းငယ်၊ လိမ္မော်သီးအရည် ၃ မျိုးကို သမအောင် ရောမွှေပြီး မျက်နှာ   
ပြင်ကို လိမ်းပေးရပါမယ်။ မိနစ် ၃၀ လောက်ကြာ ထားရှိပေးရပါမယ်။


 ပြီးရင်တော့ မျက်နှာကို ဆေး ကြောပေးလိုက်ပါ။ အဲဒီလို ၁ ပတ်ကို ၂ ကြိမ် လုပ်ပေးရင်တော့ အကောင်း ဆုံးပါဘဲ။ သနပ်ခါးမှာ ပါဝင်တဲ့ သဘာဝ ဓာတ်တမျိုးက မျက်နှာအသားအရည်ကို နဂိုထက်နုပျို သွားပါ လိမ့်မယ်။ မျက်နှာ အသားအရေ ကြမ်းတဲ့သူတွေ အတွက် ပိုပြီး အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါ တယ်။

 နောက် နည်းလမ်း ၁ခုကတော့ အသားအရေတွေခြောက်သွေ့တာ၊ အသားအရည် တင်းပြီး အရေခွံ ကွာနေတဲ့ သူ တွေအတွက် ဖြစ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ကြက်ဥ၊ ဒိန်ချဉ်၊ ငှက်ပျော်သီး တို့ဖြစ်ပြီးတော့ ကြက်ဥကို သုံးတဲ့ အခါမှာ အကာကို မသုံးဘဲ အနှစ်ကိုဘဲသုံးရပါမယ်။ 
  
ဒီနည်းကို မလုပ်ခင်မှာတော့ ထုံးစံအတိုင်း မျက်နှာကိုဆေးကြော ပေးရပါမယ်။ လုပ်ပုံလုပ်နည်းတွေ ကတော့ ခွက် ၁ ခု မှာ ငှက်ပျော်သီး ၁ လုံးကို ညက်နေအောင်လုပ်ပြီး ထည့်ရပါမယ်။ ပြီးရင် ဒိန် ချဉ် ၁ ဇွန်းထည့်ပါ။ ပြီးရင်တော့ ကြက်ဥ ၁ လုံးရဲ့ အနှစ်ဘဲ ထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ မျက် နှာပြင်မှာ လိမ်းထားပါ။ 


မိနှစ် ၂၀ လောက် ထားပေးပြီး မျက်နှာကို ဆေးကြောပေးလိုက်ပါ။ မျက်နှာကို ဆေးကြောတဲ့ အခါမှာ  
ရေနွေး နွေးနွေးလေးနဲ့ ဆေးကြောပေးရပါမယ်။ 
  
ပြီးတော့မှ ရေ အေးလေးနဲ့ ပြန်ပြီး ဆေးကြောပေးရပါမယ်။ ရေနွေးနဲ့ ဆေးကြောပေးခြင်းဟာ မျက်နှာပြင်  
ချွေးပေါက်တွေ ပွင့်ထွက်ဖို့ အတွက်ပါ။ ရေအေးနဲ့ တဖန်ပြန်လည်ဆေးကြောပေး တာကတော့ မျှက်နှာ မှာ သွေးလည်ပတ်မှုကို ကောင်းစေဖို့ပါ။ ငှက်ပျော်သီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်ဟာ အသားအရေ အတွက် ကောင်းပါတယ်။


ဒိန်ချဉ်မှာ ပါဝင်တဲ့ ဓာတ်တမျိုး ကြောင့် မျက်နှာပေါ်ကအမည်းစက်ကအစအကွက်တွေကိုပါ ပျောက်ကင်း 
စေပါတယ်။ အခုပြောတဲ့ နည်းတွေကတော့ သဘာဝ နည်းတွေနဲ့ မျက်နှာ အသားအရေတွေကို ချော်မွှေ့ သွားအောင် ပေါင်း တင် ပေးနိုင်တဲ့ နည်းကောင်းလေးတွေပါ။ 

ဓာတု ဖန်တီးချက်တွေမပါတဲ့ အသီးအနှံတွေနဲ့ ပေါင်းတင်ပေးခြင်းဖြင့် ကိုယ့် မျက်နှာအသားအရေနဲ့ မတည့် မှာကိုလည်း စိုးရိမ်စရာ မလိုတော့ပါဘူး။ မျက်နှာအတွက် ကောင်းမွန်တဲ့ ပစ္စည်းတွေပါ။ အထက်ပါ မျက်နှာပေါင်းတင်နည်း ၂ ခုကတော့ ဆောင်းရာသီမှာ ကြုံ တွေ့နေရတဲ့ အသားအရေ ခြောက်သွေ့ ကြမ်းနေတဲ့သူတွေအတွက် ပြုလုပ်ပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းကောင်းလေးပါ။

မျက်နှာ အသားအရေကို ထိန်းသိမ်းရာမှာ ကိုယ့်လက်ကလေးနဲ့ မျက်နှာက အကြောတွေကို အသာ အယာနှိပ်နယ်ပေး ခြင်းဖြင့်လည်း မျက်နှာကြောတွေ ပြေလျော့ပြီး နုပျိုမှုကို ဖြစ်စေပါတယ်။ ပျိုမေတို့တွေ လွယ်ကူစွာနဲ့ အသားအရေ ထိန်းသိန်းနိုင်ပြီး လှပစေဖို့ ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။  
http://blog.irrawaddy.org/2013/01/blog-post_6525.html

27 Oct 2012

အမျိုးသား တွေအတွက် အရေးကြီးဆုံးက ဘာလဲ?



~





အမျိုးသားတွေအတွက် အရေးကြီးဆုံး ကတော့ အောက်မှာဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက်နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့....

 မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။ 
မဂ္ဂနီဆီယမ် ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။

 ဗီတာမင်စီ

 ဗီတာမင်စီ ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ အသီး၊ ငရုတ်သီးစိမ်း၊ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိအောင် လွှမ်းမိုး မှုလည်း ရှိပါတယ်။ 
ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။

 အမျှင် (Fibre)

သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံလောက်လောက် ရရှိရင် အူမကြီးကင်ဆာ၊ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျနိုင်ပါတယ်။
 အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံမျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

မြဝတီ သတင်းဌာန ကျန်းမာရေး ကဏ္ဍမှာ ဖော်ပြလာတဲ့ သတင်းကို ပြန်လည် မျှဝေဖော်ပြ ထားခြင်းဖြစ်ပါသည်။


6 Oct 2012

မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း





  မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ 

အိပ်ယာဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူတွေ အတွက် အဆင်ပြေ မယ့် နည်းလမ်း ကောင်းလေးပါ။ ဖရဲသီးမှာပါတဲ့ ရေဓာတ်က မဲ့ခြောက်၊ တင်းတိပ်တို့ကို  ပျောက်ကင်း
အောင် ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။



ဒီ နည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိ စားနိုင်ပါ တယ်။ ဖရဲသီး ကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါ ကောင်းမွန်ပြီး ကျောက်ကပ်၊ ဆီး၊ အသဲ၊ အဆုတ် စတဲ့ ရောဂါရှိသူတွေ အတွက် လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။ အားလုံး ဖရဲသီးစားတိုင်း
အောက်ခံ အဖြူသားပါအောင် စားလိုက်ကြရအောင်နော်။ 

မျက်မှာပေါ်က အမဲစက်   ပျောက်နည်း

မျက်နှာပေါ်မှာ အမည်း စက် ရှိလို စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်း ကောင်းလေး တစ်ခု ကို ထပ်ပေးပါမယ်။ 

တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကို မမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာ ကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကို ဒီ က နေ့ ခေတ်မှာတော့ ခေတ်မီဆေးဝါးတွေ ပေါလာသော်လည်းဘဲ သဘာဝ ဆေးနည်ကောင်းလေး တစ်ခုရှိပါတယ်။




သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း  
ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။ 
လုပ်နည်းလေးကတော့ လွယ်ကူတဲ့ နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာ ထည့်ခတ်တဲ့ ငရုတ်ကောင်းမှုန့် လေး အနည်းငယ်နဲ့ ဒိန်ချည် ကို ရောသမပြီး အမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေး ပါ။ 




နာရီဝက်(သို့) ၄၅ မိနစ်ခန့် ကြာ အောင် ထားပေးပြီး မျက်နှာကို သန့်စင်အောင် သစ်ပေးလိုက်ပါ။ ဒီလို နည်း အတိုင်း နေ့စဉ် လုပ်ပေးပါက တစ်ပတ်အတွင်း သိသာသိသာ ပျောက်ကင်းနိုင်တဲ့သဘာဝ  
ဆေးနည်းကောင်း လေးပါ။ 

ပိုက်ဆံမကုန်မယ့် နည်းလမ်းလေးပါ။ မျက်နှာမှာရှိတဲ့ အမည်းစက်တွေကို   ဈေးကြီးပေးပြီး ကုသစရာမလို တဲ့ နည်းလမ်း ကောင်းလေးမို့ ပြန်လည် မျှဝေပေးလိုက်တာပါ။  

18 Sept 2012

ကန်စွန်းရွက် စားခြင်း အကျိုးကျေးဇူး




ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ.....
(ကောင်းလွန်လို့  နေတိုင်းတောင် စားသင့်ပါသည်လို့ အကြံပြု့ပါသည် )

သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန် စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ "ဒီနေ့ လည်း ကန်စွန်းရွက်ပဲလား ကွာ" ဆိုပြီး မညည်း တွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်ေလ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံ ဓာတ်၊ ကာရိုတင်းစတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သင့် ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုး ပဲဖြစ်ပါတယ်။

(၁) အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ် ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့ သူတွေအတွက် အိမ်သုံးသဘာ ဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မော ကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ် ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆပိုမို ပါဝင်ပြီး ကယ်လ်စီယမ်ပါဝင်မှုက ၁၂ ဆပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ် အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန် စေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။ ကန်ဇွန်း ရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ် သတ္တိကို လျော့ကျ စေတာကြောင့် အူလမ်း ကြောင်း Flora မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီး ပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ် ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင် ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန် လျှော့ချလိုသူတွေ အတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက် သာစေသလို ကိုယ်အလေးချိန် လျော့ကျလိုသူတွေအတွက်လည်း တခြား အစားအသောက်တွေနေရာမှာ အစားထိုး စားသင့်တဲ့ အစာပဲဖြစ် ပါ တယ်။

(၄)သွေးဖိအားကို ထိန်းပေးပါတယ်သွေးတိုးနေ သူတွေမှာ ကန်စွန်းရွက်ကို စားပေးရင်သွေးဖိအားလျော့ ကျစေပါတယ်။ ကန်စွန်းရွက် ဟာ သွေးကြောထဲရှိ အဆီတွေ ကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ် ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက် ဂလင်းရဲ့ လုပ်ငန်းဆောင် တာတွေကို ထိန်းချုပ် ပေးနိုင်ပါတယ်။ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင် သလို နှလုံးရောဂါကိုလည်း ကင်းဝေးစေပါတယ်။

(၆)ရောင်ရမ်းမှုကိုလျော့ကျစေပါတယ် ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ အအေးမိတာ၊ချောင်းဆိုး တာ နဲ့ လေပြွန်ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ်အများအပြားပါဝင်ကာ အဆိပ်တား အာနိသင် ၊ ရောင်ရမ်း မှုကျစေတဲ့ အာနိသင်၊ ဆီးသွား စေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကိုရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ် ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ဆေးတစ်လက်လို အသုံးပြုကြပါတယ်။ အစားမှား တာကြောင့်အော့အန် တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။ ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရော ဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကန်စွန်းရွက်ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူး တွေကတော့-

အမျိုးသမီးများ လစဉ်ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
ဗောက်ထတာနဲ့ အရေပြားပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
အနာတွေကို သက်သာစေပါတယ်။
နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။

ဒါတွေကြောင့် နေတိုင်းစားနေတယ်ဆိုပြီး ကျန်းမာရေးအတွက် ဂုဏ်ယူပြောကြားပေးလိုက်ပါလား ခင်ဗျာ။

by-Mg Mandalay 
blog.irrawaddy.org/2012/09/blog-post_9035.html

25 Jul 2012

သောက်စရာ အချိုရည်လား၊ ကြောက်စရာ အချိုရည်လား

.



အားဖြည့်အချိုရည် နှင့် ယမကာ ရောသောက်ပြီး သေဆုံးသွားသည့် အသက် ၁၆ နှစ် အရွယ် ကျောင်းသူ

"---အားဖြည့်အချိုရည်ကို အရက်နှင့် ရောသောက်သောအခါ နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေသည်---"

နယူးယောက်မြို့တော်ဝန် မစ်ချယ်ဘလွန်းဘတ်- Michael Bloomberg သည် အဝလွန်မှုကို တိုက်ဖျက်ရန် တက်ကြွစွာကြိုးပမ်းလျက်ရှိသည်။
ယခုလည်း အဝလွန်မှု လျော့ပါးစေရန် ခြေလှမ်းတစ်ရပ်အဖြစ် ၄၅ဝ ဂရမ် အချိုရည်ဘူးတို့ကို ပျော်ပွဲစားခန်းများ၊ ရုပ်ရှင်ရုံများနှင့် အဖျော်ရည် အရောင်းဆိုင်ကြီးများတွင် ရောင်းချနေခြင်းကို တားမြစ်ရန် စီစဉ်လျက် ရှိသည်။
အာဟာရပညာရှင်တို့က မြို့တော်ဝန်ကို ထောက်ခံကြသော်လည်း ဝေဖန်သူတို့ကမူ မြို့တော်ဝန် ခြေလှမ်းကျဲလွန်းသည်ဟု ယူဆနေကြသည်။

နယူးယောက်သူတစ်ဦးက ''ဒါဒီမိုကရေစီနိုင်ငံပဲ၊ ကိုယ်ဝယ်ချင်တဲ့ အချိုရည်ကိုတောင် စိတ်ကြိုက် ရွေးဝယ်ခွင့်မရှိဘူးလား'' ဟု ဆိုသည်။
အမျိုးသားပြည်သူ့မူဝါဒ သုတေသနဗဟိုဌာနမှ David Almais က ''ဖျော်ရည်ဆိုင်ထဲမှာ ၁၁၃၄ ဂရမ် ဘီယာတော့ ဝယ်လို့ရတယ်။ ၁၃၄ ဂရမ် အချိုရည်တော့ ဝယ်လို့မရဘူး။ ဒါမှန်သလား''ဟု မေးခွန်း ထုတ်နေသည်။

အာဟာရပညာရှင် Claire Le-Brun ကမူ ''လူတွေဘာလို့ အချိုရည် သောက်ချင်နေကြတာလဲ။ အချိုရည် တွေမှာ ဘာအာဟာရမှ မပါဘူး။ အပို ကလိုရီတွေသာ ရပြီး အဲဒါကို အပို သက်သက်စုထားရမှာပဲ၊ အချိုရည် တွေဟာ သောက်လေလေ၊ ထပ်သောက်ချင်လေပဲ'' ဟု ပြောနေသည်။

မြို့တော်ဝန်က အချိုရည်ဘူးကြီးများကို ပျော်ပွဲစားခန်းများ၊ ရုပ်ရှင်ရုံ များနှင့် အဖျော်ရည်အရောင်းဆိုင်ကြီးများတွင် ရောင်းချနေခြင်းကိုသာ တားမြစ်ခြင်းဖြစ်သည်။
ကုန်မျိုးစုံ စတိုးများ၊ စူပါမတ်ကက်များတွင် ၁.၅ လီတာ၊ ၁.၉ လီတာ အချိုရည် ဘူးကြီးများကို စိတ်ကြိုက် ဝယ်ယူ ရရှိနိုင်ပေသည်။

အသက် ၃၇ နှစ်ရှိ အီရတ်စစ် ပြန် အလက်ဇန်ဒါက ''ကျွန်တော် စိတ်လှုပ်ရှားလာရင် အချိုရည်မော့လိုက်တာပဲ။ ဒါကြောင့် အလုပ်သွားရင် အချိုရည်ဘူးကြီးတစ်ပုလင်း ဝယ်သွားပြီး စားပွဲပေါ်တင်သောက်နေတာပဲ'' ဟု ပြောသည်။
သို့သော် အချိုရည်များ သောက်၍ အဝလွန်နေကြသည်ကိုမူ သူသိနေသည်။
အမေရိကန် ကျောင်းသားကလေးများသည် အဆီ လျော့နို့ဘူးတို့ကို မဝယ်ဘဲ ဈေးချိုသော အချိုရည်ဘူးကြီးများကိုသာ ဝယ် သောက်နေကြသည်။

စတိုးဆိုင်များသည် အချိုရည် ရောင်းချရာမှ အမြတ်ပိုရနေကြသည်။ စီးကရက်အရောင်းတန်ဖိုးသည် ၃၆ ရာခိုင်နှုန်း ရှိသော်လည်းအမြတ်သည် ၁၅ ရာခိုင်နှုန်းသာရှိသည်။
အချိုရည် ရောင်းရသော တန်ဖိုး ၂ ရာခိုင်နှုန်းသာ ရှိသော်လည်း အမြတ်က ၄၈ ရာခိုင်နှုန်းရနေသည်။

နယူးယောက်သည် အမေရိကန် ပြည်ထောင်စု၏ ကျန်းမာရေးလုပ်ငန်းတွင် ဦးဆောင်နိုင်ရန် ကြိုးပမ်းနေသည်။
ဘားနှင့် စားသောက်ဆိုင်များတွင် စီးကရက်သောက်မှုတားမြစ်ခြင်းကိုလည်း နယူးယောက်ကပင် စတင်ခဲ့သည်။
ယခု အချိုရည် ဘူးကြီး တားမြစ်မှုတွင်လည်း အခြားသူများ သူ့နောက်မှ လိုက်လာကြမည်ဟု ယူဆနေသည်။

၁.၉ လီတာ အချိုရည်ဘူးကြီး၏ ကလိုရီပါဝင်မှုသည် ကြက်ဥ ပြုတ်ဆယ်လုံး သို့မဟုတ် သကြား ၄၇ ဇွန်း သို့မဟုတ် အသားကင် ၁၄ အောင်စနှင့် ညီမျှသည်။
ဤ ကလိုရီများကို ကုန်အောင်မသုံးနိုင်ပါက ခန္ဓာကိုယ်သည် အပိုကလိုရီများကို စုဆောင်းထားရကာ ဝလာမည်၊ အဝလွန်လာမည်သာဖြစ်သည်။

စတင်ပေါ်ပေါက်လာခြင်း

အားဖြည့်သောက်ဖွယ်သည် ၁၉၂၉ ခုနှစ်က ဗြိတိန်နိုင်ငံတွင် လူနာများ ပြန်လည် ကျန်းမာလာစေ ရန် ဆေးရုံသုံးအဖြစ် စတင်ပေါ်ပေါက်လာခဲ့သည်။
၁၉၈ဝ တွင် ကုန် ခန်းသွားသော အားများ ပြန်ပြည့်စေ ရန်အတွက် အားဖြည့်သောက်ဖွယ် အဖြစ် အဆင့်မြင့်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် Dr. Enuf သည် သကြားနှင့် ဆိုဒါသာ ပါဝင်သော အချိုရည်တို့ကို အစားထိုး ရန်အတွက် ဗီတာမင်ဘီ၊ ကဖင်း- Caffeine နှင့် ကြံသကာတို့ ပါဝင်သော အားဖြည့်သောက်ဖွယ်ကို တီထွင်ခဲ့သည်။

ဂျပန်နိုင်ငံတွင် အားဖြည့် အချိုရည်သည် ၁၉၆ဝ တွင် Lipovi-tan အဖြစ် ပေါ်ပေါက်လာသည်။
သို့သော် သံဘူးကို အသုံးမပြုဘဲ ဆေးပုလင်းကလေးများတွင် ထည့်၍ဖြန့် ဖြူးခဲ့သည်။
၁၉၈၅ ခုနှစ်တွင် Jolt Cola သည် ကဖင်းပါဝင်မှုကို တိုးမြှင့်ကာ မအိပ်ချင်စေသော သောက်ဖွယ်အဖြစ် ကိုလာအချိုရည်ကို ထုတ်လုပ်ခဲ့သည်။

ထို့နောက် သြစထရီးယားတွင် Dietrich Mateschitz သည် နွားရိုင်း Red Bull အချိုရည်ကို ထုတ်လုပ်ခဲ့ရာ ကမ္ဘာ့ ဈေးကွက်တွင် အောင်မြင်မှုရရှိ ခဲ့သည်။
Red Bull သည် လီပိုဗီတန်ကို အခြေခံပြုလုပ်ထားသည့် ထိုင်း အချိုရည် Krating Daengကို တုပ ထားခြင်းဖြစ်သည်။
Red Bull သည် ဈေးကွက်ကို ကောင်းစွာထိုးဖောက် နိုင်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဈေးကွက်၏ ၄၇ ရာခိုင်နှုန်းကို ရရှိခဲ့သည်။
အမေရိကန် ပြည်ထောင်စု၏ အချိုရည်ဈေးကွက် သည် ကျယ်ပြန့်လာခဲ့ရာ ၂ဝဝ၁ တွင် ဒေါ်လာရှစ်သန်း၊ ၂ဝဝ၅ တွင် ဒေါ်လာသုံးဘီလီယံ၊ ၂ဝဝ၇ တွင် ဒေါ်လာ ၅.၄ ဘီလီယံအထိ ရှိလာသည်။
အောင်မြင်ကြီးပွားလာသော ပက်စီ၊ကိုကာကိုလာစသော အချိုရည်ကုမ္ပဏီကြီးများသည် ဈေးကွက်ကို အားသွန်ချဲ့ထွင်လာကြသည်။
ကိုကာကိုလာသည် Red Bullကို ယှဉ်ပြိုင်ရန်အတွက် Sprite 3G နှင့် Relentless အချိုရည်တို့ကို ထုတ်လုပ်ခဲ့သည်။

"---ကဖင်းသည် တစ်စုံတစ်ရာ အားဖြစ်စေသည် မဟုတ်ပေ။ အချိုရည်တို့တွင် ကဖင်းသည် ကော်ဖီထက် သုံးဆခန့် ပိုမိုပါဝင်သည်။ ၁၂ အောင်စ ကိုကာကိုလာဘူးတွင် ကဖင်းသည် ၃၅ မီလီဂရမ် ပါရှိသည်။ အချိုရည်ဘူးကြီးများတွင် ကဖင်းသည် ၁၂ဝ mg အထိ ပါရှိသည်---"

အားဖြည့်အချိုရည်ဟု အမည် တပ်ခဲ့သော အချိုရည်တို့သည် လူငယ်တို့ကို အများဆုံး ဆွဲဆောင်နိုင်ခဲ့သည်။
သောက်သုံးသူတို့၏ ၆၆ ရာခိုင်နှုန်းသည် အသက် ၁၃ နှစ်မှ ၃၅ နှစ် အတွင်း လူငယ်များဖြစ်သည်။
၆၅ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်သည်။
အသက် ၂၁ မှ ၃ဝ အတွင်း ကျောင်းသား ၂ဝ ရာခိုင်နှုန်းသည် အားဖြည့်အချိုရည်ကို စာကြည့်ရာတွင် မအိပ်ချင်စေရန်သောက် ကြသည်။
ကျောင်းသား ၇ဝ ရာခိုင်နှုန်းသည် သူတို့သူငယ်ချင်းများနှင့် စာကျက်ရာတွင် မအိပ်ချင်စေရန် အားဖြည့် အချိုရည်သောက်ကြကြောင်း သိရသည်။

အားဖြည့်အချိုရည်သည် များစွာပင်ရေပန်းစားခဲ့ပေသည်။
အချိုရည်ကုမ္ပဏီတို့သည် ၂ဝဝ၂ ခု တွင် အချိုရည်ဘူးကြီးများကို ထုတ်လုပ်လာ ကြသည်။
၂ဝဝ၇ ခုတွင် အားဖြည့် အချိုရည်မှုန့်နှင့် ရေဆူအချိုရည်ပြား တို့ကို ထုတ်လုပ်လာကြသည်။

ပါဝင်ပစ္စည်းများ

အားဖြည့်အချိုရည်တို့တွင် သာမန်အားဖြင့် ကဖင်းပါဝင်သော မီသိုင်းဇန်သိုင်း- Methylxanthines ဗီတာမင်ဘီနှင့် တိုင်းရင်းဆေးမယ်တို့ ပါဝင်ကြသည်။
အခြားထည့်သွင်းလေ့ ရှိသော ပစ္စည်းတို့မှာ ကဖင်းပါဝင် သော ဂွာရနာဆေးပင်- guarana-Paullinia cupana နှင့် တောင်အမေရိကမှ အမြဲစိမ်းပင် မာတေ- Mate အရွက်၊ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ် သော ကာနီတိုင်- Carnitine နှင့် ကရီတိုင်- Creatineဂျင်ဆင်း၊ မာတိုဒက်ထရက်- Maltodextrinဂလူကိုနိုလက်တုံး- Glucuronolac စသည် တို့ဖြစ်သည်။

တစ်ခါ တစ်ရံတွင် သကြားများ ထည့်လေ့ရှိပြီး အများအားဖြင့် ဓာတုသကြားများကို ထည့်လေ့ရှိသည်။ အချိုရည်တိုင်းလိုလိုတွင် ပါလေ့ရှိသည်မှာ ဂွါရနာ၊ မာတေတို့တွင် ပါလာသည့် ကဖင်းဓာတ်ဖြစ်သည်။ ကဖင်းသည် ကော်ဖီ လက်ဖက်ရည်တို့တွင် ပါဝင်သည့် စိတ်လှုံ့ဆော်ဓာတ် ဖြစ်သည်။

ကဖင်းသည် တစ်စုံတစ်ရာ အားဖြစ်စေသည် မဟုတ်ပေ။ အချိုရည်တို့တွင် ကဖင်းသည် ကော်ဖီထက် သုံးဆခန့် ပိုမိုပါဝင်သည်။ ၁၂ အောင်စ ကိုကာကိုလာဘူးတွင် ကဖင်းသည် ၃၅ မီလီဂရမ် ပါရှိသည်။ အချိုရည်ဘူးကြီးများတွင် ကဖင်းသည် ၁၂ဝ mg အထိ ပါရှိသည်။

အကျိုးသက်ရောက်မှုများ

အားဖြည့်အချိုရည်တို့၏ အကျိုး သက်ရောက်မှုသည် ပါဝင်သည့် ပစ္စည်းအလိုက် ကွဲပြားသည်။
သုတေသနနှစ်ရပ်က အားဖြည့် အချိုရည်တို့သည် စိတ်အလိုပြည့်မှုနှင့် မှတ်ဉာဏ် ဆိုင်ရာ စွမ်းဆောင်နိုင်မှုကို တိုးတက် စေသည်ဟုဆိုသည်။

လွန်ကဲစွာ သောက်သူများတွင် ကဖင်း၏စိတ်ကြွစေမှုကြောင့် ဝမ်းသာပီတိ ဖြစ်တတ်သည်။ ထို့အပြင်စိုးရိမ်ပူပန်မှု၊ စိတ်ဆိုးလွယ်မှုတို့ဖြစ်ပေါ်လေ့ရှိပြီး အိပ်မပျော်ဘဲ မျက်စိကြောင်နေတတ်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်းကြွက်သားများ ခံနိုင်ရည်ပိုရှိလာတတ်သည်။ ကဖင်း နှင့် ဂလူးကို့တို့ကြောင့် မှတ်ဉာဏ် ပြန်လည်ကောင်းမွန်လာတတ်သည်။ မောပန်းနေသူတို့ကို အမောပြေစေ တတ်သည်။

အသက်ကြီးသူတို့သည် အားဖြည့်အချိုရည်ကို သတိထား၍ သောက်သုံးသင့်သည်ဟု သုတေသန တစ်ရပ်က အကြံပြုထားသည်။ အချိုရည်တစ်ခွက်သည် ခန္ဓာကိုယ်တွင် ကဖင်းမပိုလျှံစေနိုင်သော်လည်း တစ် နေ့တည်းနှစ်ခွက်ထက် ပိုသောက်ပါက ကဖင်း လွန်ကဲမှုဖြစ်စေနိုင်သည်။ ဂွါရနာစသည်တို့တွင်လည်း ကဖင်း ပါဝင်နေပြီး ဂျင်ဆင်းစသည်တို့သည် လည်း စိတ်ကြွပစ္စည်း များဖြစ်သည်။
ကဖင်း၊ ဂွါရနာစသည်တို့အားလုံး ပေါင်းစပ်မှုသည် ၄ဝဝ mg ကျော်လွန် သွားသောအခါ စိတ်လှုပ်ရှားမှု၊ စိတ်ဆိုးလွယ်မှု၊ အိပ်မပျော် မျက်စိ ကြောင်မှု၊ ဆီးများမှု၊ နှလုံးခုန်မြန်မှု တို့ဖြစ်လာတ်သည်။ စိတ်ကျဆေးတို့ နှင့် တွဲဖက်သုံးစွဲပါက မျက်စိကျယ် နေတတ်သည်။ အားဖြည့်အချိုရည်တို့ သည် ကလာပ်စည်း၊ သွေးစသည်တို့ တွင် ပါဝင်သောအိုင်ယွန်- ion တို့ဖြစ် သည့် electrolytes တို့ကို ဖြစ်ပေါ်စေ ခြင်းမရှိပေ။

အားဖြည့်အချိုရည်တို့ တွင်ပါဝင်သောကဖင်းသည် သွေးအ တွင်း ရောက်ရှိ လာသော သကြားလွန် ကဲမှုကို လျှော့ချရန်အတွက် ရေကို စွန့်ထုတ်လေ့ရှိရာ ခန္ဓာကိုယ်တွင် ရေ ဓာတ်လျော့ကျသွားတတ်သည်။ ခန္ဓာကိုယ်တွင် ရေဓာတ် ၁ ရာခိုင်နှုန်းလျော့ နည်းသွားပါက စွမ်းဆောင်ရည်သည် ၁ဝ ရာခိုင်နှုန်း ကျဆင်းသွားသည်။

အမေရိကန်ပြည်ထောင်စုတွင် အားဖြည့်အချိုရည် သောက်သုံးမှုကြောင့် မအီမသာအော့ချင်အန်ချင်ဖြစ်၊ နှလုံးခုန်နှုန်း ပုံမမှန် ဖြစ်ကာ အရေးပေါ် ဆေးခန်းသို့ ရောက်ကြလေ့ရှိသည်။ သောက်သုံးမှု များသွားသူများတွင် ရုတ်တရက်အားပြတ် ပြိုလဲသွား တတ်သည်။

အမေရိကန်ပြည်ထောင် စု၌ အချိုရည်တွင် ကဖင်းမည်မျှ ပါဝင်သည်ကိုဖော်ပြရန် သတ်မှတ်မထားပေ။ သို့သော် အချို့ဥပဒေပညာ ရှင်တို့က ဖော်ပြပေးရန် တိုက်တွန်းလျက်ရှိသည်။
ကွန်နက်တီကပ်က ဆေးဝါးကျွမ်းကျင်သူ ဒေါက်တာ Marcie Schneider က ''အားဖြည့် အချိုရည်ဆိုတာတွေဟာ ဘာကောင်း ကျိုးမှမဖြစ်စေပါဘူး။ ကလေးတွေ အတွက် မသင့်တော်ပါ ဘူး''ဟု ပြောခဲ့သည်။

"---အားဖြည့်အချိုရည်တို့သည် စိတ်ကိုကြွစေပြီး အရက်သည် စိတ်ကို လေးပင်စေသည်။ ဆန့်ကျင် သတ္တိ နှစ်ခု ပေါင်း စပ်ခြင်းသည် အာရုံကြောများကို ရှုပ်ထွေးစွာ အချက်ပြကာ နှလုံးခုန်မှုကို ပုံမမှန်ဖြစ်စေသည်---"

အရက်နှင့်ရောစပ်ခြင်း

အရက်သောက်သူတို့သည် အချိုရည်ကို အရက်နှင့်ရောစပ်၍ သောက်လေ့ရှိသည်။ အချို့က အရက်၏ သတ္တိကို လျော့ကျစေရန်၊ အချို့က အရသာကောင်းစေရန် ရောစပ်ကြသည်။ အထူးသဖြင့် အရက်ပြင်း သောက်သူများဖြစ်သည်။ ဗော့ဒကာ၊ ရမ် စသည်တို့ကို Red Bull အချိုရည် နှင့် ရောသောက်လေ့ရှိသည်။ ယမကာဆိုင်များတွင်လည်း အရော များကို ရောင်းချလေ့ရှိသည်

အားဖြည့်အချိုရည်တို့သည် စိတ်ကိုကြွစေပြီး အရက်သည် စိတ်ကို လေးပင်စေသည်။ ဆန့်ကျင် သတ္တိ နှစ်ခု ပေါင်းစပ်ခြင်းသည် အာရုံကြောများကို ရှုပ်ထွေးစွာ အချက်ပြကာ နှလုံးခုန်မှုကို ပုံမမှန်ဖြစ်စေသည်။ အရက်ကြောင့် ဟန်ချက်ပျက်ယိမ်း ယိုင်မှုတို့ကို မထိန်းနိုင်ဖြစ်စေသည်။
အရက်၏သတ္တိသည် ငုပ်နေကာ ပို၍စိတ်ကြွ ပို၍အားရှိသကဲ့သို့ ခံစားရစေသည်။
အရက်သောက်သည်မှာ များနေပြီ၊ မူးနေပြီဖြစ်ပါလျက် မများသေး၊ မမူးသေးဟု အထင်ရောက်စေသည်။
အရက်ကို အချိုရည်နှင့်ရော၍ သောက်သူတို့သည် အရက်ပို၍ သောက်မိကာ အမူးလွန်မှုဒဏ်ကို ပို၍ခံကြရသည်။
အမူးလွန်ကာ ယာဉ်တိုက်မှု စသော မတော်တဆ ထိခိုက်မှုများ ပို၍ဖြစ်ပွား ကြရသည်။

လူသားစွမ်းဆောင်ရည် ဓာတ်ခွဲခန်း သုတေသီတို့က အားဖြည့်အချိုရည်ကို အရက်နှင့်ရော၍ မသောက်ရန် အကြံပြုထားသည်။
ဝါရှင်တန်မြို့တော်နှင့် မီချီကန်ပြည်နယ်တွင် အရက်ကို အားဖြည့် အချိုရည်နှင့် ရော စပ်၍ ရောင်းချမှုကို တားမြစ်ထားသည်။
တားမြစ်မှုသည် ၂ဝ၁ဝ ခုနှစ် နှောင်းပိုင်းတွင် အရက်နှင့်အားဖြည့် အချိုရည်ရောသောက်သူ ကောလိပ် ကျောင်းသားများအား ဆေးရုံတင် လိုက်ရသောအခါ ပို၍လူသိများလာသည်။

အူတာပြည် နယ်နှင့် အိုကလာ ဟိုးမားပြည်နယ်တို့သည်လည်း အလားတူပင်တားမြစ်ခဲ့ကြသည်။ ထို နှစ်တွင်ပင် အမေရိကန်အစား အစာနှင့် ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့ FDA သည် ဖျော်ရည်ကုမ္ပဏီလေးခုအား အားဖြည့်အချိုရည်တွင် အရက်ရော၍ ရောင်းချခြင်း မပြုရန် သတိပေးတားမြစ်ခဲ့သည်။
အရက်နှင့် အားဖြည့်အချိုရည် ရော၍သောက်ခြင်းသည် လူထု၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်ဟု FDA က သတ်မှတ်ခဲ့သည်။

"---အားဖြည့်အချိုရည်သည် ရေဓာတ်ခန်းခြောက်စေကာ ပြဿနာများပေးမည် ဖြစ်သည်။ သဘာဝနှင့်အနီးဆုံးဖြစ်သော ရေကိုသာသောက် သင့်ပေသည်---"

၂ဝ၁ဝ ခုနှစ်တွင် ဟူစတန်ရှိ တက်ဆတ်ဆေးကျောင်းက အားဖြည့်အချိုရည်တွင် ကော်ဖီထက် ကဖင်း ပို၍ပါဝင်သည်။
ဂွါရနာ၊ တောရင်း၊ တိုင်းရင်းဆေးနှင့် သတ္တုဓာတ် စသည်တို့ ပေါင်းစပ်လိုက်သောအခါ တုံ့ပြန်ဓာတ်ပြုမှုများဖြစ်ပေါ်လာသည်။

အားဖြည့်အချိုရည်ကို အရက်နှင့် ရောသောက်သောအခါ နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ကို ထိခိုက်စေသည်။ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေသည်ဟု ထုတ်ပြန်ခဲ့သည်။ ကဖင်း သည် ၁၆ အောင်စ ကော်ဖီတစ်ခွက် တွင် ၇ဝ မှ ၂ဝဝ mg အထိ ပါဝင်ပြီး အားဖြည့်အချိုရည် တွင် ၈ဝ မှ ၃ဝဝ mg အထိ ပါဝင်သည်။

အားကစားသမားများသောက် ကြသော ရေ သို့မဟုတ် အောက်တိန်း နိမ့်သောက်ရေတို့တွင် Electrolytes သတ္ထုဓာတ်နှင့် ကာဘိုဟိုက်ဒရိတ်တို့ ပါရှိရာ ရေဓာတ်လျော့မှုနှင့် သွေးဖိ အားတက်မှုကို သက်သာစေသည်။ အားဖြည့်အချိုရည်တွင် ကဖင်းပါလာ မှုကြောင့် အိပ်ချင်မှုကို ပြေပျောက် စေကာ အရက်မူးမှုကို နှောင့်နှေးစေသည်။ ထို့ကြောင့် အရက်ကိုပို၍ သောက်မိ ကြကာ အရက်ဒဏ်ကိုပို ၍ခံကြရသည်။

ကဖင်းနှင့် အရက်နှစ် မျိုးလုံးသည် ဆီးကိုများစေသည် ဖြစ်ရာ ရေဓာတ်လျော့နည်းမှု လွန်ကဲ စေတတ်သည်။ ဆက်၍အော့အန်ပြီး မအီမသာဖြစ်လာလေ့ရှိသည်။ ရေရှည် ကျန်းမာရေးပြဿနာတို့ ဖြစ်ပေါ် တတ်သည်။

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီး ယားပြည်နယ်မှ အသက် ၁၆ နှစ် အရွယ် ကျောင်းသူဆာရာမီလိုဆီဗစ်- Sara Milosevic သည် ပါတီပွဲတစ်ခုတွင် ဗော့ဒကာ၊ ဆိုဒါနှင့် ဂွါရနာတို့ ပါဝင်သော အားဖြည့်အချိုရည် သုံးဘူးကို သောက်အပြီးတွင် သေဆုံးသွားခဲ့သည်။

ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဦးစီးဌာနအရာရှိချုပ် Jerril Rechter က ''အချိုရည်ကုမ္ပဏီတွေဟာဘာလို့ ကျန်းမာရေးအတွက် အန္တရာယ်ကြီးတဲ့ အရက်နဲ့ အချိုရည်ရောဘူးတွေကို လူငယ်တွေ သောက်အောင် ထုတ်လုပ်နေကြတာလဲ။ ဒီဘူးတွေကြောင့် အမေရိကန်မှာလည်း သေတာများလှပြီ။ အခု ဆာရာမီလိုဆီဗစ် သေခဲ့ရပြီ။ သူတို့ကို ပိတ်ပြစ်ဖို့ပဲရှိတော့တယ်'' ဟု ပြောခဲ့သည်။
ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေးဝန်ကြီး David Davis သည် အရက်ရော အချိုရည်ဘူးများကို ပိတ်ပင်ရန်အတွက် ကျန်းမာရေး ဌာန၏ အရက်ရော အားဖြည့်အချိုရည်များ၏ အကျိုးသက်ရောက်မှု များ လေ့လာတင်ပြချက်ကို စောင့်နေသည်။ လွှတ်တော်အမတ် ဒွန်နာဘောင်ယာ-Donna Bauerက ''ဒီကိစ္စကသိလေလေကြောက်စရာ ကောင်းလေလေ ပဲ၊ လူတွေက အရက် နဲ့ အချိုရည်ရောသောက်တဲ့ အန္တရာယ်ကို သိကြဟန်မတူဘူး'' ဟု ပြောခဲ့သည်။

စင်စစ် လွန်ခဲ့သော နှစ် ကပင် အရက်နှင့်အချိုရည် ရောသောက်မှု သည် ကျန်းမာရေးအတွက် အန္တ ရာယ်ကြီးကြောင်း သုတေသန စာတန်းနှစ်စောင် ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။

ဆန်ဖရန်ဆစ္စကိုမှ သွားဆရာဝန် ဒေါက်တာ Donna Bauer က ''လူတွေအချိုရည်ခဏခဏ သောက် တာဟာသွေးတွေကို အချဉ်ဓာတ်နဲ့စိမ် သလိုဖြစ်နေတယ်။ အချိုရည်မှာပါတဲ့ သကြားနဲ့ အချဉ်ဓာတ်က သွားရဲ့ ကြွေသားတွေကို ပျက်စီးစေတယ်။ သွားတွေကောင်းအောင် အချိုရည်နဲ့ အချဉ်ဓာတ်တွေကို လျှော့စားသင့် တယ်''ဟု ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ သုတေသနတစ်ရပ်တွင် အရက်မပါ သော အားဖြည့်အချိုရည် အသောက် လွန်မှုကြောင့် အရေးပေါ် ဆေးရုံသို့ပိုရ သူဦးရေသည် ၂ဝဝ၅ ခုနှစ်တွင် ၁,၁ဝဝ ရှိခဲ့ရာမှ ၂ဝဝ၉ ခုနှစ်တွင် ၁၃,ဝဝဝ အထိ တိုးများလာသည်ဟု ဆိုသည်။ ဤပမာဏသည် ဆယ်ဆကျော် တိုးများလာခြင်းဖြစ်သည်။
ဖလော်ရီဒါမြောက်ပိုင်းမှ ချာရီလ်ဂျိမ်း- Cheryl James က အသက် ၁၉ နှစ်ရှိ သူ့သားဒရူးသည် အချိုရည် အသောက်လွန်မှုကြောင့် နှလုံးပုံမမှန်ဖြစ်ကာသေဆုံးရသည်ဟု ယုံကြည်နေသည်။ မေရီလန်းမှ အသက် ၁၄ နှစ်ရှိ Anais Fournier သည် ၂၄ နာရီအတွင်း အချိုရည်ဘူး ကြီးနှစ်ဘူး သောက် ပြီး သေဆုံးရသည်ဟု မိဘများက ပြောနေပေသည်။

ကျွမ်းကျင်သူတို့က ဖောင်နီယာ သောက်သည့်ပမာဏမှာ များလွန်းလှသည်။ တစ်နေ့အတွင်း ဘူးသေးသုံး ဘူးထက် ပိုမသောက်သင့်ဟုဆိုသည်။ အားဖြည့်အချိုရည်ဆိုသည်များကို ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကဖင်းနှင့်မတည့်သူများ မသောက်သင့်ဟု သမားတော်များက ပြောနေပေသည်။
အချိုရည်၏ လွှမ်းမိုးမှုသည် သောက်သုံးသူ၏ကိုယ်အလေး ချိန်ပေါ်တွင် တည်မှီသည်။ကိုယ်အလေးချိန် နည်းနှင့် အမျှ ပို၍လွှမ်းမိုးနိုင်သည်။ ထို့ကြောင့် ပင် ကလေးများ၊ လူငယ်များသောက် သုံးပါက ပို၍ထိခိုက်ရခြင်းဖြစ်သည်။

ဖလော်ရီဒါနှင့် အော်လန်ဒိုဆေးရုံ အရေးပေါ်ဌာနတို့တွင် အချိုရည် တစ်ချိန်ကမူ ထုတ်လုပ်သူတို့ သည် မိမိထုတ်လုပ်သည့်ပစ္စည်း အပေါ် တာဝန်ယူခဲ့ကြသည်။
၂ဝဝ၈ ခုနှစ်က ဖော်စတာနှင့် လိုင်ယွန်နသန် ကုမ္ပဏီ တို့သည် ၎င်းတို့ထုတ်လုပ်သော အရက်ရောအချိုရည်တို့သည် ကျန်းမာ ရေးအတွက် အန္တရာယ်ရှိကြောင်း သိလာသည်နှင့် တစ်ပြိုင်နက် ထုတ် လုပ်မှုကိုရပ်ဆိုင်းခဲ့ကြသည်။

ယနေ့ တွင် အချိုရည်ထုတ်လုပ်သူတို့ သည် မိမိပစ္စည်းကြောင့် အန္တရာယ် ဖြစ်ကြ သည်ကိုသိသော်လည်း မသိသလိုပင် နေခဲ့ကြသည်။ သူတို့၏ တာဝန်ယူမှု သည် အချိုရည်ဘူးကိုယူပြီး ဆိုင် အပြင်ရောက်သည်နှင့် ပြီးဆုံးသွားပေသည်။

လူငယ်အားကစားသမားအချို့သည် အားဖြည့်အချိုရည်ဆိုသည်များကို သောက်နေကြသည်။ ဤအချိုရည်များသည် ကဖင်းဓာတ်ကိုဖြည့်စွက်ထားကြရာ ကော်ဖီခွက်ထက် ကဖင်းဓာတ်သုံးဆခန့်အထိ ပါဝင်နေသည်။ ထိုအချိုရည်ကိုသောက်သူသည် အားကစားစွမ်းရည် တိုးတက် ကောင်းမွန်မလာနိုင်သည့်အပြင် သွေးဖိအားမြင့် လာကာ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။
အားဖြည့်အချိုရည်အစား လိမ္မောသီးစားရန်၊ လိမ္မော်ရည် သောက်ရန် နယူးဂျာဆီပြည်နယ်၊ ဟက်ကင်ဆက်ဆေး တက္ကသိုလ် မှနှလုံးသွေးကြောပါရဂူ ဒေါက်တာရော ဘတ်တော့ဇီ- Robert Tozzi က အကြံပေးထားသည်။

ဟူစတန်ပြည်နယ်၊ တက်ဆတ် ကျန်းမာရေးသိပ္ပံဗဟိုဌာနနှင့် သြစတေးလျ၊ ကွင်းစလန်းတက္ကသိုလ်များမှ သုတေသီတို့ ပူးပေါင်း၍ စူပါမတ်ကက်ကြီးများမှအစ ရပ်ကွက်ဆိုင်ငယ်ကလေးများ အထိ နေရာအနှံ့တွင် ရောင်းချနေသော အားဖြည့်အချိုရည်များကို အင်္ဂလိပ်ဘာသာသိပ္ပံစာတမ်း အားလုံးကို လေ့လာ၍ သုတေသနပြု ခဲ့ကြသည်။ သူတို့၏စာတမ်းကို ၂ဝ၁၁ ခု နိုဝင်ဘာလ မေရိုးဆေးခန်း တွေ့ရှိချက်များ- Mayo Clinic Proceedings တွင် ဖော်ပြခဲ့သည်။

"---ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် နာမည်ကျော်အနုပညာရှင်များက အချိုရည်ကြော်ငြာများကို အားရပါးရ သီဆိုဟစ်ကြွေး ကြော်ငြာပေးနေကြသည်---"

သုတေသီတို့သည် လူငယ်များ အကြားရေပန်းစားနေသည့် ကဖင်းပါဝင်သောRed Bull, Rockstar စသော အချိုရည်များကို အထူး စိုးရိမ်နေကြသည်။ ထိုအချိုရည်များ၏ ကဖင်းများစွာပါဝင်မှုသည် သောက်သုံးသူများအတွက် အန္တရာယ်များလှသည်။ ထိုအချိုရည်တို့သည် သွေးဖိ အားကိုမြင့်စေသည်။ နှလုံးခုန်နှုန်းကို မြန်စေသည်။ အဆင်မသင့်ပါက အသက်အန္တရာယ်ကိုပင် ဖြစ်စေတတ်သည်။
ဤအားဖြည့်အချိုရည်သောက်မှုကြောင့် လူ လေးဦးသေဆုံးခဲ့ရပြီး၊ ငါးဦးမှာ ပြင်းစွာ မကျန်းမမာဖြစ်ခဲ့ရသည်ဟု စာတမ်းတွင်ဖော်ပြခဲ့သည်။

အသက် ၁၈ နှစ်ရှိ ဘတ်စကက်ဘောကစားသမားတစ်ဦးသည် အားဖြည့်အချိုရည်နှစ်ဘူးသောက်ပြီး ဘတ်စကက်ဘော ကစားခဲ့ရာ နှလုံးထိခိုက်ပြီးသေဆုံးခဲ့ရသည်။ အသက် ၂၈ နှစ်ရှိ ပြိုင်ကားမောင်းသူ တစ်ဦးသည် အားဖြည့် အချိုရည်သောက်ပြီး ပြိုင်ပွဲဝင်ခဲ့ရာ နှလုံးထိခိုက်ပြီး ဆေးရုံတင် ကုသခဲ့ရသည်။

အခြားအားဖြည့် အချိုရည်သောက်မှုကြောင့် ကျန်းမာရေး ထိခိုက်ရမှုများစွာတို့ကိုလည်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

သကြားများစွာပါဝင်သည့်အချိုရည် ထုတ်လုပ်သူတို့သည် အားဖြည့်အချိုရည်ဟု အမည်တပ်နိုင်ရန်အတွက် ဗီတာမင်ဘီအချို့ကို ဖြည့်စွက် ထုတ်လုပ်လာကြသည်။ သို့သော် နေ့စဉ်အစားအစာတွင် ဗီတာမင်ဘီတို့ က ပါဝင်ပြီးဖြစ်သည်။ အားဖြည့်အချိုရည်တွင် ပါဝင်သော ထိုဗီတာမင်တို့သည် ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန် ပိုးသာဖြစ်ရလေသည်။

ကဖင်းသည် ကြွက်သားလှုပ်ရှားမှုကို တိုးတက်စေသည်။ အထူးသဖြင့် ကြံ့ခိုင်ရည် လိုအပ်သော လှုပ်ရှားမှုများတွင်ဖြစ်သည်။ ထို့ကြောင့် ကဖင်းသုံးစွဲမှုကို အားကစားပြိုင်ပွဲများတွင် တားမြစ်ထားသည်။ အားဖြည့်အချိုရည်သောက်သုံးမှုများသူတို့သည် အားကစားပြိုင်ပွဲမှ အပယ်ခံရတတ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ဒွန်တေစတားဝပ်သည် အရက်ရော Red Bull အချိုရည်များကိုသောက်ပြီး ကားမောင်းခဲ့ရာ လူတစ်ယောက်ကို တိုက်မိပြီး သေဆုံးသွားခဲ့သည်။ စတားဝပ်က အရက်မူးသည် ဟု မခံစားခဲ့ရကြောင်း ပြောသည်။ အားဖြည့်အချိုရည် ထုတ်လုပ်သူတို့သည် ကဖင်းကို ဆေးအမယ်တစ်ခုအနေဖြင့် မဟုတ်ဘဲ အနံ့ကောင်းစေရန်ထည့် သွင်းကြခြင်းဖြစ်သည်။ သို့သော် ကဖင်းသည် သူ့သတ္တိကိုမူ ပြမည်သာ ဖြစ်သည်။

အားဖြည့်အချိုရည်ကို သောက်မိပါက စွဲလမ်းသွားတတ်သည်။ စွဲလမ်းမှုဟူသည် အန္တရာယ်ရှိသည်သာ ဖြစ်သည်။
အားဖြည့် အချိုရည်ကို စွဲသောက်သူတို့သည်သွေးဖိအားမြင့်လာသည်။ စိုးရိမ်သောကများလာသည်။ အိပ်မပျော် မျက်စိကြောင်နေပြီး နှလုံးခုန်မြန်လာသည်။
အားကစားသမားတို့သည် အားဖြည့်အချိုရည်ကို ရေအဖြစ်လည်းမသောက်သင့်ပေ။ အားဖြည့်အချိုရည်သည် ရေဓာတ်ခန်းခြောက်စေကာ ပြဿနာများပေးမည် ဖြစ်သည်။ သဘာဝနှင့်အနီးဆုံးဖြစ်သော ရေကိုသာသောက် သင့်ပေသည်။

အားဖြည့်အချိုရည်တို့သည် မည်မျှသာသောက်သင့်သည်ဟု ဖော်ပြထားခြင်းလည်းမရှိ။ ပါဝင်ပစ္စည်းများကို တိကျစွာဖော်ပြထားခြင်းလည်း မရှိ။ အသက် ၁၁-၁၂ နှစ် ရှိသူများလည်း ဝယ်ယူနိုင်သည်။ အချို့က ကဖင်းပါဝင်မှုကိုသာ ဖော်ပြထားပြီး ကဖင်း ပါဝင်သည့် ဂွါရနာ စသော ပစ္စည်းများပါဝင်မှုကို ဖော်ပြထားခြင်းမရှိပေ။ ဖော်ပြထားမှုကိုသာ ယုံကြည်သောက်သုံး သူများတွင် ကဖင်းဓာတ်လွန်ကဲကာ ကျန်းမာရေး ပြဿနာဖြစ်ကြရပေသည်။

တားမြစ်ပိတ်ပင်ခြင်း

ပြင်သစ်နိုင်ငံတွင် အသက် ၁၈ နှစ်ရှိ ဘတ်စက်ကဘောသမား ရော့ ကူနီ- Ross Cooney သည် ဘတ်စကက်ဘောကစား အပြီး Red Bull အချိုရည်လေးဘူး သောက်အပြီး သေဆုံးသွားသဖြင့် Red Bull အချိုရည်ကို ပိတ်ပင်ခဲ့သည်။ ဤအမှုကို ၂ဝဝ၄ ခုနှစ်က တရားရုံးတွင် ရင်ဆိုင် ရှင်းလင်းခဲ့ကြရာ ပြင်သစ်သိပ္ပံ ကော်မတီ Red Bull တွင် ကဖင်း လွန်ကဲစွာ ပါရှိနေသည်ဟု သုံးသပ်ပေးခဲ့သည်။ အိုင်ယာလန်၊ ဆွီဒင်၊ ပြင်သစ်နှင့် ဒိန်းမတ်နိုင်ငံတို့သည် အားဖြည့်အချိုရည်များကို ကလေးများအား ရောင်းချ ခြင်းမပြုရန်တားမြစ်ထားသည်။

နော်ဝေနိုင်ငံတွင် အားဖြည့်အချိုရည်တို့ကို ဆေးဆိုင်များတွင်သာ ရောင်းချရန် ကန့်သတ်ထားသည်။ ဖိလစ်ပိုင်နိုင်ငံ တွင် Red Bull သည် အမျိုးသားတို့၏ မျိုးပွားမှုကို ထိခိုက်နိုင်သည်ဟု ဆိုကာ ပိတ်ပင်ထားသည်။ အင်္ဂလန် နိုင်ငံ၏ ကျောင်းအချို့တွင် အားဖြည့် အချိုရည် ရောင်းချမှုကို ပိတ်ပင်ထားသည်။ နယူးမက္ကဆီကို စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းတစ်ဦးသည် အားဖြည့်အချိုရည်များသောက်သုံး အပြီးတွင် ဆေးရုံတင်လိုက်ရသဖြင့် ကျောင်းအတွင်း အားဖြည့်အချိုရည် ရောင်းချမှုကို ပိတ်ပင်ခဲ့သည်။
လတ်ဗီးယားပါလီမန်သည် ၂.၇ ၏ ၂ဝ၁၂ တွင် အသက် ၁၈ နှစ်အောက် လူငယ်များအား အားဖြည့်အချို့ရည် မရောင်းချရန် ဥပဒေပြု တားမြစ်ခဲ့သည်။

ယခုအခါ ကမ္ဘာကျော်အချိုရည်ကုမ္ပဏီသည် နိုင်ငံတော်တွင် စက်ရုံတည်ထောင်၍ များစွာ ထုတ်လုပ်ကာ ဈေးကွက် ချဲ့ထွင်လာကြမည်။ များစွာ ကြော်ငြာလာကြဦးမည် ဖြစ်သည်။ ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်တွင် နာမည်ကျော်အနုပညာရှင်များက အချိုရည်ကြော်ငြာများကို အားရပါးရ သီဆိုဟစ်ကြွေး ကြော်ငြာပေးနေကြသည်။ သို့သော် အားဖြည့် အချိုရည် တို့သည် ကြော်ငြာတေးသံရှင် ဆိုပြနေသကဲ့သို့ အားပြည့်တာ မဟုတ်ကြောင်း၊ အားဖြည့်အချိုရည်တို့သည် သောက်စရာမကောင်း၊ ကြောက်စရာသာကောင်းပါကြောင်း ဖြင့်...

ဖိုးဆွေ(သစ်လုပ်ငန်း)   
blog.irrawaddy.org/2012/07/blog-post_7081.html

24 Jun 2012

Facebook စွဲ လန်း မှု


~


ခုတလော တွေ့ရတဲ့ ဟာသပုံတခုမှာတော့ Facebook ဆိုတာ ၀င်ပြီး ပြန်ထွက်လို့မရတဲ့နေရာအဖြစ် ပုံဖော်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ Facebook စွဲသူတွေအတွက် ရောဂါနာမည်တခု ပေါ်လာပါတယ်။ Facebook Addiction Disorder တဲ့။
Facebook ကို အလွန်အကျွံ စွဲစွဲလန်းလန်း အသုံးပြုနေတယ် ဆိုရင် ဒီရောဂါ ရနေပြီပေါ့။
ဆက်တိုက်သုံးနေကြတဲ့အတွက် တချို့ရုံးတွေက လုပ်ငန်းခွင်အတွင်း တားမြစ်ထားတဲ့ထဲမှာ Facebook လည်း ထိပ်ဆုံးက ပါနေတာပေါ့။

အထွေထွေသော သူငယ်ချင်းများနဲ့ ထိတွေ့ဖို့၊ သတင်းအချက်အလက် သိရဖို့ Facebook သုံးနေကြတာပါ။

စွဲလန်းလွန်းတဲ့အတွက် အသုံးလျှော့လိုက်ရင် စိတ်ဓာတ်ကျသလိုလိုဖြစ်၊ စိတ်တိုသလို ဖြစ်လာကြတယ် တဲ့။ မူးယစ်ဆေးစွဲသူတွေ ဆေးလျှော့ ဆေးဖြတ်တဲ့အခါ ဂနာမငြိမ်သလို ထင်ပါရဲ့။

Facebook Addiction Disorder ဖြစ်နေသူတွေဟာ ပြီးခဲ့တဲ့ ၂ နှစ်မှာ အရေအတွက် သန်း ၃၅၀ ရှိတယ် လို့ ဆိုတယ်။ အခုရော ဘယ်လောက် ရှိမလဲ? အရေအတွက် လျှော့လာဖို့တော့ အလားအလာ မရှိပါဘူး။ ဒီအနေအထားကို ကုသဖို့ ဆေးရုံ ဆေးခန်းများလည်း တတ်နိုင်မယ် မထင်ပါဘူး။

အခြေအနေပေး အချိန်ရတဲ့အခါ Facebook စွဲလန်းမှုပြဿနာ ဖြေရှင်းနည်းတချို့ကို ရေးပါအုံးမယ်။ (လောလောဆယ် Facebook သုံးနေရလို့ တခြားအလုပ်တွေ လျှော့လုပ်နေရပါတယ်)

လောလောဆယ်တော့ Facebook စွဲတာဟာ မူးယစ်ဆေးစွဲတာထက်တော့ တော်ပါသေးရဲ့ လို့ ဖြေသိမ့်နေမိပါတယ်။ 
blog.irrawaddy.org/2012/06/facebook_24.html

18 Jun 2012

လက် ဖ ၀ါးပြင်ပေါ် က ကု ထုံး များ




အဲဒီနေရာတွေကိုနှိပ်ပေးယင် အဲဒီပြထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ယိုယွင်း ပျက်စီးနေ တာတွေ သက်သာပျောက်ကင်းပြီး အင်အားသစ်တွေ ဖြစ်စေပါတယ်တဲ့ ..

သက်ဆိုင်ရာ နေရာတွေမှာ ၃ စက္ကန့်ကနေ ၅ စက္ကန့်အထိ နှိပ်ပေးရပါမယ်တဲ့။ ၅ ရက်ကနေ ၁၀ ရက်လောက် ဆက်တိုက် သက်ဆိုင်ရာ နေရာတွေကို နှိပ်ပေးခြင်းကြောင့် ပုံမှာပြထားတဲ့ အတိုင်း နှိပ်နယ်ပေးတဲ့နေရာက ရောဂါတွေ ပျောက်ကင်းသွားမှာ ဖြစ်ကြောင်း ဂရိရိုးရာ ယောဂ ကုထုံးတမျိုးမှာ ဖော်ပြထားပါတယ်။ 
blog.irrawaddy.org/2012/06/blog-post_4514.html

15 Jun 2012

ဦးနှောက် အကြောင်း သိ သင့်ေ သာ အ ချက်၁၀


http://www.yoyarlay.com/images/yyl/2012/6/15/gh_389_3.jpg
ဦးနှောက် ဆိုတာ လှလှပပ ရှုပ်ထွေးနေတဲ့ အင်္ဂါ အစိတ်အပိုင်းပါ။ နျူရွန်လို့ ခေါ်တဲ့
နာ့ဗ် ဆဲပေါင်း သန်းထောင် နဲ့ချီကာ ရှိနေပြီး တွေးခေါ်နိုင်တဲ့ စွမ်း အား များစွာရှိပါတယ်။
(၁) လူ့ဦးနှောက်မှာ နျူရွန်ပေါင်း ၁၀ဝ ဘီလျံခန့် ရှိပါတယ်။အသက် ၃၅နှစ်က စပြီး တစ်နေ့မှာ နျူရွန် ခုနစ်ထောင်ခန့် ဆုံးရှုံးနေပါတယ်။
(၂) ကိုယ်ဝန်အစောပိုင်းအချိန်ကာလအ တွင်း သန္ဓေသားမှာ ရှိတဲ့ နျူရွန်တွေက တစ်မိနစ်မှာ နျူရွန်နှစ်သိန်းခွဲနှုန်းနဲ့ ပွား များနေပါတယ်။
(၃) ဦးနှောက်မှာ ၇၅-၈၀ ရာခိုင်နှုန်းက ရေတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရေ ဓာတ်ခမ်းခြောက်တဲ့အခါ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင် ပါတယ်။
(၄) ဦးနှောက်မှာ White Matter အ ပိုင်း ၆၀ ရာခိုင်နှုန်းနဲ့Grey Matter အ ပိုင်း ၄၀ ရာခိုင်နှုန်း ပါရှိပါတယ်။White Matter အပိုင်းက ဦးနှောက်မှာ ပံ့ပိုး ပေးတဲ့ အစိတ်အပိုင်းဖြစ်ပြီးGrey Matter အပိုင်းက တွေးခေါ်မြော်မြင်တဲ့ အ စိတ်အပိုင်း ဖြစ်ပါတယ်။ တကယ်လို့ ဦး နှောက်က ကွန်ပျူတာတစ်လုံးသာ ဖြစ် ခဲ့မယ်ဆိုရင်Grey Matter က ကွန်ပျူ တာသက်သက် ဖြစ်ပြီးWhite Matter က အဲဒီကွန်ပျူတာရဲ့ ကေဘယ်လ် ကြိုး (Cables) ဖြစ်ပါလိမ့်မယ်။
(၅) အရွယ်ရောက်သူရဲ့ ဦးနှောက်ဟာ ပျမ်းမျှအားဖြင့် သုံးပေါင် ဒါမှမဟုတ် ၁၃၀ဝ-၁၄၀ဝ ဂရမ်လေးပါတယ်။ ဒါက ပေါင် ၁၅၀ ဒါမှမဟုတ် ၇၀ ကီလိုဂရမ် လေးတဲ့သူမှာ ကိုယ်အလေးချိန်ရဲ့ နှစ် ရာခိုင်နှုန်းခန့် ရှိပါတယ်
။(၆) ဦးနှောက်ဟာ လူ့ခန္ဓာကိုယ်အလေး ချိန်ရဲ့ နှစ်ရာခိုင်နှုန်းပဲ ရှိပေမယ့် ကျွန်မ တို့ အသက်ရှူလိုက်တဲ့ အောက်ဆီဂျင်ရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ အကြမ်းအားဖြင့် ကျွန် မတို့ နေ့စဉ် စားသုံးတဲ့ ကယ်လိုရီရဲ့ ၂၀ ရာခိုင်နှုန်းကို ရယူနေပါတယ်။
(၇) နှလုံးဆီမှ ညှစ်ထုတ်လိုက်တဲ့ သွေး အားလုံးရဲ့ ၁၅-၂၀ ရာခိုင်နှုန်းဟာ ဦး နှောက်ဆီကို တိုက်ရိုက်ရောက်ရှိပါတယ်။
(၈) ဦးနှောက်ထဲက တွေးခေါ်မြော်မြင် တဲ့ အရာအားလုံးဟာ လျှပ်စစ်ဓာတ်အား နဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပါတယ်။ ဦး နှောက်ဟာ နေ့ခင်းဘက်မှာထက် ည ဘက်မှာ ပိုပြီးတက်ြွကကာ ပိုပြီးတွေး ခေါ်နိုင်စွမ်း ရှိပါတယ်။
(၉) ဦးနှောက်ဟာ သူ့ချည်းသက်သက် ဆိုရင် နာကျင်မှုကို ခံစားနိုင်စွမ်း မရှိပါ ဘူး။
(၁၀) သင်ဟာ သင့်ကိုယ်သင် ကလိထိုး ရင် ယားယံတာမျိုး မဖြစ်ပါဘူး။ အ ကြောင်းကတော့ ဦးနှောက်က ဒီထိတွေ့ မှုကို ပျက်ပြယ်သွားအောင် လုပ်နိုင်လို့ပါ။ Cerebellum အစိတ်အပိုင်းက ဦး နှောက်ရဲ့ ကျန်တဲ့ အစိတ်အပိုင်းဆီ က လိထိုးတဲ့ အချက်ပြသင်္ကေတပို့ပေးပေ မယ့် ဒီအထိအတွေ့ကို ဦးနှောက်က လျစ် လျူရှုပစ်ခဲ့ပါတယ်။ 
www.yoyarlay.com/

အ ထိုင် များေ သာ အ လုပ်ေ ကြာင့် စောစော စီး စီး သေ ဆုံးစေနိုင်

http://www.yoyarlay.com/images/yyl/2012/6/15/gh_389_5.jpg

တစ်ခါ ထိုင်ရင် သုံး-လေး နာရီကျော် ကြာတဲ့ သူတွေကို လေ့လာခဲ့ရာ စောစော စီးစီး
သေဆုံးနိုင်ခြေ မြင့်မားနေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန်လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့် ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၇၀ ရာ ခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေမှာတော့ အချိန်မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့် မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ဩစတြေးလျလေ့လာမှုအရ တစ် နေ့ ၁၁နာရီကျော်ထိုင်တဲ့သူတွေက အချိန်မတိုင်မီ စောစောသေဆုံးနိုင်ခြေ ၄၀ရာ ခိုင်နှုန်းပိုမိုမြင့်မားကြောင်း တွေ့ရှိရပါ တယ်။
လေ့လာမှုနှစ်ရပ်အရ လူတွေက အ ထိုင်များလေလေ၊ ဘဝသက်တမ်းတိုဖို့ အ ခွင့်အလမ်း ပိုများလေလေ ဖြစ်တာကို တွေ့ရပါတယ်။
အထိုင်များသူတို့အတွက် ဖြေရှင်းနည်း
အထိုင်များတဲ့ အလုပ်လုပ်ရသူတွေအ နေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ် တပ်ရပ်ပေးဖို့လိုပါတယ်။
ဖုန်းကို ရပ်ပြီး ပြောတာ၊ လက်ကိုင် ဖုန်း ကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။
လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြော ရာမှာ အီးမေး၊ ချက်တင်တွေနဲ့ ပြော မယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။
နာရီများစွာ ကြာကြာထိုင်ပြီး အလုပ် လုပ်မယ့်အစား မကြာခဏ ရေသောက် လိုက်၊ အိမ်သာသွားလိုက်(ဆီးသွားလိုက်) လုပ်ပေးပါ။  
www.yoyarlay.com/health/h

31 May 2012

လွယ် ကူ စွာ စား လျှင် အသ က် တို မည်

လွယ်ကူစွာ စားလျှင် အသက်တိုမည်သတင်းစာ များ၌ နာရေး ကြော်ငြာများ ကြည့်လျှင် အသက် ၅၀ ဝန်းကျင် နှင့် သေဆုံးသူတွေ များနေကြောင်း တွေ့ရပါမည်။ ထိုသူများ မှာလည်း ဝန်ထမ်းများ နှင့် စီးပွားရေး လုပ်ငန်း လုပ်သူများ ဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ အလုပ်တာဝန် များစွာတာဝန်ယူ ထမ်းဆောင်နေရင်း သက်တမ်း မစေ့မီသေကြရသဖြင့်သတင်းစာ ပေါ်တွင် များစွာသော ဝမ်းနည်း ကြောင်း သဝဏ်လွှာများကို လည်းဖတ်ရှုနေကြရပါသည်။ အလုပ်တာဝန်များသူများ မှာ အလုပ်ပြီးအလုပ်ဆက်နေ သဖြင့် စားချိန် မမှန်၊ အိပ်ချိန် မမှန် အနားယူချိန်မရှိကြသည်ကများ ပါသည်။ စားဖို့အချိန်မပေးနိုင် သောအခါ လွယ်ကူစာ များကို သာ နေ့စဉ်စားသုံးကြသဖြင့် ရောဂါရခြင်း၊ အသက်တို ရခြင်း ဖြစ်နိုင်သည်။
“လွယ်ကူစာ”ဆိုသည်မှာအ ချိန်တိုအတွင်း အချက်မပြုတ်ရ ဘဲ စားနိုင်သော အစာဖြစ်သည်။ ဈေးဝယ်ထွက်ရန်မလို၊ ရေနှင့် ဆေးကြောသန့်စင်ရန်မလို၊ မီးဖို ချောင်ဝင်ပြီး အလုပ်ရှုပ်စရာမလို ဘဲ လွယ်လွယ်ကူကူ ရေနွေး ဓာတ်ဘူး တစ်လုံးရှိရုံဖြင့်ရနိုင် သောအစာများဖြစ်သည်။ အရပ် စကား “သုံးမိနစ်ပဲစောင့်” ဆိုသော အစာမျိုးဖြစ်သည်။ ထို အစားအသောက်မျိုးတွင် အ လွယ်တကူ ရနိုင်သောအစာဖြစ် သဖြင့် “လွယ်ကူစာ”ဟု စာရေး သူက အမည်တပ်လိုက်ခြင်းဖြစ် ပါသည်။
အမှန်တော့ လွယ်ကူစာမှန် သမျှကိုရောင်းချသူများ၏ စီးပွား ရေးကို ထိခိုက်စေလို၍မဟုတ် ပါ။ အမှုမဲ့၊ အမှတ်မဲ့စားသောက် နေသူများတွင် ရရှိနိုင်သောဘေး အန္တရာယ်ဆိုးကျိုးများကိုကျန်းမာ ရေးရှုထောင့်မှအမြင်ဖြင့်တင်ပြ ရန်တာဝန်ရှိသည်ထင်၍ရေးသား တင်ပြရခြင်းဖြစ်ပါသည်။ အမှန်တော့ လွယ်ကူစာ မှန်သမျှကို တီထွင်ထုတ်လုပ်သူ များမှာမြန်မာပြည်မှမဟုတ်။အိမ် နီးချင်းနိုင်ငံများမှဖြစ်သည်။
သူတို့ နိုင်ငံတွင် လူနေမှုစရိတ် ကြီးမြင့်ပြီး ချက်ပြုတ်စားသောက်ရန် အချိန် မပေးနိုင်သဖြင့်အလွယ်တကူဝယ် ပြီးချက်ပြုတ်ရန် အချိန်မကုန် အောင် အသင့်ပြုလုပ် ထားသော အစာထုပ်များ ရယ်ဒီမိတ်အစာ များဖြစ်သည်။ ဈေးကွက် စီးပွား ရေးမှတဆင့် ၄င်းရယ် ဒီမိတ်အစာ များသည် မြန်မာနိုင်ငံသို့နယ်စပ် တံခါးပေါက်များမှ ဝင်ရောက်လာ ခြင်းဖြစ်သည်။ အတုယူလွယ်ကြ သည့် မြန်မာနိုင်ငံသားများအဖို့ ယခုအခါ ၄င်းရယ်ဒီမိတ်အစာများ သည်မရှိမဖြစ်အစာများဖြစ်နေပြီ။
ဘယ်မြို့၊ ဘယ်နေရာကို မဆို ကျေးလက်တောရွာများအထိပါ ပျံ့နှံ့ရောက်ရှိနေသွားပြီး တွင်တွင် ကျယ်ကျယ် စားသောက်သုံးစွဲ နေကြပြီဖြစ်လေသည်။ မြန်မာတွင် လည်း “မသိုးစာ” ဟုခေါ်သည့်ထမခြောက်(ထမင်း ခြောက်)၊အညာမုန့်ဆီကြော်၊စလူ ဖက်နှင့်ထုပ်သောစလူမုန့်၊အညာ သားကျောကုန်း၊မုန့်ပေါက်ပေါက် စသည့် အစာများရှိပါသည်။
သို့ သော် ယခုအခါ ၄င်းရိုးရာအစာ များသည် တောရွာများမှာပင် နေရာမရကြတော့ပြီ။ တိုးတက် ခြင်းလား၊ ဆုတ်ယုတ်ခြင်းလား မပြောနိုင်တော့ပါ။ ရယ်ဒီမိတ်ခေါ် လွယ်ကူစာ များကြောင့် ရောဂါဖြစ်ခဲ့ရသော၊ ခွဲစိတ်ခံခဲ့ရသော စာရေးသူ၏ သမီးငယ်အကြောင်း ပြောပြလို ပါသည်။ စာရေးသူ၏သမီးသည် ကွန်ပျူတာ တက္ကသိုလ် ကျောင်း သူတစ်ဦးဖြစ်သည်။ သူသည် ဆယ်တန်းကျောင်းသူဘဝက ဘော်ဒါဆောင် စာသင်ဝိုင်း တစ်ခုသို့ ပို့ထားခဲ့ရာမှ စပြီး လွယ်ကူစာ ရယ်ဒီမိတ်များ စားသောအကျင့် ဖြစ်ခဲ့ပါသည်။ ဘော်ဒါဆောင်တို့မည်သည် စာကိုသာအဓိကထားသင်သည်။
နံနက်၊ ညနေ ထမင်းနှစ်ချိန် ကျွေး သော်လည်း စာသင်ချိန်ကြားမှ အပြေးအလွှားစားရသဖြင့် ထင် သလောက်မဝင်၊ မစားနိုင်။ ည ကျပြန်တော့လည်း (၁၀)နာရီအ ထိ စာကျက် ရသဖြင့် အိပ်ချိန်မှာ အလွန်နည်းသည်။ ဘော်ဒါဆောင်တွင်မအိပ်ဘဲ စာကျက်နိုင်အောင် “ကော်ဖီမစ်” သောက်သည့်အကျင့် ရလာခဲ့ပါ သည်။ ဗိုက်ဆာလျှင် အဆာခံနိုင် အောင် ရယ်ဒီမိတ်ခေါက်ဆွဲ ခြောက်ထုပ်ကိုဝါးစားပြီး ရေနှင့် မျှောချသည်။ ဤအကျင့်များမှာ ဆယ်တန်းအောင်ဖို့ စာကိုမဲနေ သည့်အရွယ်က စခဲ့ခြင်း ဖြစ်လေသည်။
ဆယ်တန်း အောင်ပြီးသော အခါလည်း ထိုအကျင့်များမှာ စွဲ ခဲ့ပြီး ခေါက်ဆွဲခြောက်ထုပ် ကြိုက် လာသည်။ကော်ဖီမစ်စွဲနေသည်။ ခေါက်ဆွဲခြောက်ကို ရေနွေးနှင့် ပြုတ်ပြီး ကြက်ဥ တစ်လုံးဖောက် ထည့်စားသည်။ အိမ်ထမင်း၊ ဟင်းကို ခံတွင်းမတွေ့တော့ ဟု ဆိုသည်။ ကော်ဖီမစ်နှစ်ထုပ်ပူး ဖျော်ထား၊ အအေးခံပြီး အဖုံးပါ သောမတ်ခွက်တွင် ထည့်ထား ကာ မကြာခဏ တစွတ်စွတ်နှင့် သောက်သည့် အကျင့်ပါသွားပြီး တားမရ တော့ပါ။ ထိုအကျင့်မှာ ယခုဘွဲ့ရသည့်အချိန်ထိလေးနှစ် ကြာခဲ့ပြီဖြစ်သည်။ စာရေးသူတို့ မိသားစုတွင် နံနက်အိပ်ယာထသောအခါ ပဲ ပြုတ်နှင့် ထမင်းကြော် စားလေ့ရှိ သည်။
လက်ဖက်ရည်၊ ကော်ဖီ လည်းသောက်ပါသည်။ စာရေး သူတို့ သောက်သော ကော်ဖီမှာ ကော်ဖီစေ့ကို ကြိတ်ထားသော ကော်ဖီမှုန့်ကို နို့ဆီနှင့်ဖျော်၍ သောက်ခြင်း ဖြစ်သည်။ သမီး ဖြစ်သူမှာ ထိုသို့မကြိုက်၊ ကော်ဖီ မစ်အထုပ်ကို ရေနွေးနှင့် ဖျော် သောက်ခြင်းဖြစ်သည်။ ထမင်း ကိုလည်း ရယ်ဒီမိတ်ကြက်အူ ချောင်း၊ ငါးအူချောင်း၊ အာလူး ကြော်စသည်တို့နှင့်စားလေ့ရှိ သည်။
တစ်ခါတစ်ရံထမင်းမစား၊ ခေါက်ဆွဲခြောက်၊ ကြာဇံထုပ်တို့ ကိုပြုတ်သောက်လေ့ ရှိသည်။ ရယ်ဒီမိတ်လွယ်ကူစာများ ၏ အရသာမှာ အိမ်မှချက်သော အစာများ ထက်သာသည်။ မွှေး ကြိုင်အောင်၊ အရသာရှိအောင်၊ အချို၊ အချဉ်၊ အစပ်စုံအောင် ဓာတုဗေဒပစ္စည်းများဖြင့်ပြုလုပ် ထားသည်။ မသိုးအောင်လည်း ဓာတုဗေဒဆေး သုံးသည်။ ခေါက် ဆွဲခြောက်ဆိုလျှင် ပြုတ်လိုက် သည့်အခါ ခေါက်ဆွဲအမျှင်များ မကပ်အောင် ဖယောင်းထည့် သည်။
ငါးအူချောင်း၊ ကြက်အူ ချောင်းအချို့မှာ မသိုးအောင်၊ ကြာရှည်ခံအောင်ယမ်းစိမ်းအသုံး ပြုသည်။အချို့၌ လူသေကောင် တွင်ထိုးသည့်ဖော်မလင်ပင်ပါရှိ သည်ဟုပြောကြသည်။ ဓာတုဗေဒပစ္စည်းအမျိုးမျိုး နှင့် ယမ်းစိမ်း၊ ဖယောင်း၊ ဖော်မ လင်စသည်များမှာ လူ၏အစာ အိမ်မှတဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိသောအခါ ခန္ဓာကိုယ်မှ တုန့်ပြန်မှုများဖြစ်လာသည်။ အ စာအိမ်လမ်းကြောင်းရောဂါများ၊ ကင်ဆာ၊ အကျိတ်အဖုများဖြစ် လေ့ရှိသည်။
ထိုထက်ပိုဆိုးသည် မှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု များပါ နောက်ဆက်တွဲဖြစ်လာ သည်။ စိတ်မြန်ခြင်း၊ အားမရဖြစ် ခြင်း၊ အားငယ်ခြင်း၊ တွေဝေခြင်း၊ ညအိပ်မပျော်ခြင်း၊ မှတ်ဥာဏ်မ ကောင်းခြင်း၊ သတိမေ့လျော့ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက် ခြင်း၊ ကျီးပေါင်းတက်ခြင်း၊ လက် ဆစ် ခြေဆစ်များကိုက်ခဲခြင်း၊ မျက်စေ့အမြင်မကြည်လင်ခြင်း၊ ဆံပင်ကျွတ်ခြင်းစသည်များဖြစ် လာတော့သည်။
စာရေးသူ၏သမီးငယ်တွင် လွန်ခဲ့သောလပိုင်းက ဘယ်ဖက် ရင်သားအောက်တွင်အကျိတ်ငယ် တစ်ခုစမ်းမိဟုဆိုသည်။ စောင့် ကြည့်နေရာမှ တစ်လအတွင်း၌ ဆီးစေ့ခန့်မှ ဆီးဖြူသီးခန့် အထိ ကြီးထားလာသဖြင့် ခွဲစိတ်ဆရာ ဝန်ကြီးတစ်ဦးနှင့်ပြရပါသည်။ ခွဲစိတ်အထူးကုဆရာဝန်ကြီး မှစမ်းသပ်ကြည့်ပြီး ယခုခေတ် မိန်းကလေးငယ်များတွင် ဓာတု ဗေဒဆိုးဆေးပါသော အစားအ သောက်နှင့်အလှကုန်များကြောင့် ရင်သားအကျိတ်ဖြစ်ခြင်းပို၍များ လာကြောင်းပြောပါသည်။
အချိန် စောင့်နေလျှင် ကင်ဆာ ဖြစ်မည် စိုးသဖြင် အမြန်ခွဲလိုက်ခြင်းသည် အကောင်းဆုံးဟု အကြံပေးသည်။ စာရေးသူတို့မိသားစုသည် မတတ်နိုင်သော်လည်း သမီးငယ် ၏ ထိုအကျိတ်ခွဲရန်အတွက် ဓာတ်ခွဲခန်း စစ်ဆေးမှုများပြုလုပ် ရသည်။
ပြင်ပဆေးရုံ ခွဲခန်းရက် ချိန်းများယူရသည်။ ဆရာဝန်နှင့် အကြိမ်ကြိမ်တွေ့၍ တိုင်ပင်ရ သည်။ နောက်ဆုံး ခွဲစိတ်မှုပြု သည့်နေ့အထိ ရင်တမမ နှင့် ဆောင်ရွက်ခဲ့ကြရပါသည်။ ခွဲ စိတ်ပြီးသောအခါ ရရှိလာသည့် ဆီးဖြူသီးခန့်အလုံးကိုအိတ်ဖြင့် ထည့်ယူပြီး Biopsy ခေါ်အသားစ ဓာတ်ခွဲခြင်း ပြုလုပ်သောအခါ လည်း အဖြေကို ရင်တမမနှင့် စောင့်နေရပါသည်။တော်ပါသေးသည်။ အသား စ ဓာတ်ခွဲစမ်းသပ်မှု၏အဖြေမှာ ရိုးရိုးအကျိတ်ဖြစ်သည်ဆို၍ ကင် ဆာဆဲလ်သာ ဖြစ်ခဲ့မည် ဆိုလျှင် ဓာတ်ခွဲပညာရှင် result ထွက်လာ တော့မှသာဟင်းချနိုင်ပါတော့ သည်။
အကယ်၍များ ကင်ဆာ ဆဲလ်သာဖြစ်ခဲ့မည် ဆိုလျှင် ဟူ သော အတွေးသည် မိသားစု အတွင်း ရက်ပေါင်းများစွာ ဝင် ရောက်စိုးမိုးနေခဲ့ရပါသည်။ ကင် ဆာဆိုသည်မှာ ကမ္ဘာ ပေါ်တွင် ယနေ့ အထိလူသတ်သမားနံပါတ်(၁)နေရာ ယူထားဆဲဖြစ်နေပါသေးသည်။ လွန်ခဲ့သောလပိုင်းက ကမ္ဘာ ပေါ်တွင် အချမ်းသာဆုံးစာရင်း ဝင်လည်းဖြစ်၊ apple ကုမ္ပဏီပိုင်ရှင် လည်းဖြစ်သူ၊ iPhone တီထွင် သူလည်းဖြစ်သူ Steve George သည်ကင်ဆာရောဂါနှင့်ကွယ်လွန် ခဲ့သည်ကိုဖတ်ရှုရသည်။
အလွန် ခေတ်မီ တိုးတက်သော အမေရိကန် နှင့်အင်္ဂလန်နှစ်နိုင်ငံတို့တွင်နေထိုင် သူပင်ကင်ဆာရောဂါကို မကုသ နိုင်။ အရွယ်က ကောင်းတုန်း အောင်မြင် ချမ်းသာ နေတုန်းမှာ ကင်ဆာနှင့် ကွယ်လွန် ရရှာသည်။ အလွန်ကြောက်စရာကောင်းသော ရောဂါဖြစ်သည်။ ဆင်းရဲသော တိုင်းပြည်၊ ဆင်းရဲသား သာမန် လူတန်းစားမှာ ဆေးဖိုး မတတ်နိုင် လျှင် မည်သို့ ကုသမည်နည်းဟု တွေးမိပါသည်။
စာရေးသူ၏ သမီးလေးသည် ကံကောင်း၍ ကင်ဆာအ ကျိတ် မဟုတ်ခဲ့ ရသော်လည်း အကျိတ် ဖြစ်ရခြင်းမှာ သူကြိုက် တတ်သော “လွယ်ကူစာ”များ ကြောင့်ဖြစ်သည် ဟုပင် ယူဆပါ သည်။ ယနေ့ကျောင်းသား လူ ငယ်များ၊ အင်တာနက်ခေတ်နှင့် အမီလိုက်နေသောလူငယ်များ၊ လူလတ်တန်းစားများ၊ ဆင်းရဲ သားများအားလုံးမှာ နေ့စဉ်အ လွယ်လမ်းလိုက်ပြီး လွယ်လွယ် ရသောအစာများကို လွယ်လွယ် ရသောအစာများကိုစားသောက် နေကြသည်မှာရာဂါဝယ်စားသကဲ့ သို့ဖြစ်နေကြသည်။
အချိန်မပေး နိုင်၊ အချိန်ကုန်မခံနိုင်သော အ ကြောင်းပြချက်ဖြင့် လွယ်ကူစာ စားနေရခြင်းကြောင့်ရရှိလာမည့် အန္တရာယ်ကိုကားလွယ်ကူစွာဖြေ ရှင်းနိုင်ကြမည် မဟုတ်ပါ။ တိုင်းရင်းဆေးပညာတွင် ရောဂါရောက်ကြောင်းလေးပါး တွင် ကံ၊စိတ်၊ဥတု၊အာဟာရ ဟု ဖော်ပြထားသည်။ ထိုအကြောင်း လေးပါးတွင် ကံကြောင့်၊ စိတ် ကြောင့်၊ ဥတုကြောင့်မဟုတ်ဘဲ အာဟာရကြောင့်ရောဂါရခြင်း ကယခုခေတ်တွင်ပို၍များသည်။
မသင့်တော်သော အာဟာရကို မှီဝဲစားသောက်ခြင်းသည်အဆိပ် ကို စားသုံးနေခြင်းနှင့်တူသဖြင့် သဘာဝနည်းလမ်းမကျသော “လွယ်ကူစာ”များကိုဆင်ခြင်စား သောက်ကြဖို့ လိုကြောင့်နှင့် လွယ် ကူစာအစားများလျှင် ရောဂါရ၍ အသက်တိုနိုင်ကြောင်းအသိပေး တင်ပြ လိုက်ရပါသည်။ 
ကြည်လွင်မြင့်(မုဒြာ) 
www.yoyarlay.com/index.php/health/health/article/26679-2012-05-31-10-30-07

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif