http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts

25 May 2013

မြန်မာအသင်း ပါလက်စတိုင်းကို ၉ ဂိုး သွင်း

 
 
 မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း အမျိုးသမီးအသင်းကို ၉ ဂိုး -
ဂိုးမရှိနဲ့ နိုင်သွားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အွန်လိုင်းမှာ ရေးထားပါတယ်။ 
"ပါလက်စတိုင်းအသင်း မှာ ခန္ဒာကိုယ်ကြံ့ခိုင်တောင့်တင်းမှုရှိသော်လည်း တစ်ဦးချင်း ခြေစွမ်းအရ မြန်မာကစားသမားများကို ယှဉ်မကစားနိုင်ခဲ့ပေ" လို့ အဲဒီမှာ ရေးပါတယ်။

မနက်ဖြန် ထိုင်ဝမ်ကို နိုင်ရင်  မြန်မာအသင်း အာရှချန်ပီယံရှစ် ဖိုင်နယ်ပွဲစဉ်တွေကို တက်မယ်လို့ သိရပါတယ်။
အားကစားသတင်းတွေ၊ ဆောင်းပါးတွေကို ဧရာဝတီ အားကစား စာမျက်နှာမှာလည်း ပုံမှန် ဖော်ပြနေပါတယ်။ လိပ်စာက http://burma.irrawaddy.org/archives/category/all2/allsports ဖြစ်ပါတယ်။
ပါလက်စတိုင်း ခြေစွမ်း နဲ့ သူ့ပရိသတ်
၂၀၁၄ အာရှအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုပွဲတွေ ပါလက်စတိုင်းမှာ ကန်နေတာပါ။ ဆိုခဲ့သလိုပဲ အိမ်ရှင်အသင်းက ခြေစွမ်း အားနည်းပါတယ်။ သူတို့ဆီမှာ လူဦးရေနည်းပါးတဲ့အတွက် ဘောလုံးဝါသနာပါသူ၊ ကစားလိုသူ နည်းပါးတာကြောင့် ဒီလိုအခြေအနေ ဖြစ်နေပုံပါပဲ။ ကန်သူ နည်းတဲ့အပြင် ဘောလုံးပွဲကြည့်သူလည်း နည်းပါတယ်။ အထူးတန်းပွဲကြည့်စင်မှာပဲ လူခပ်ကျဲကျဲ ရှိနေတာကို ဓာတ်ပုံများထဲ တွေ့ရမှာပါ။
ဒါတောင်မှ ကိုယ့်အသင်းကန်တဲ့အခြေအနေပါ။ ကိုယ့်အသင်း မပါတဲ့ပွဲတွေဆိုရင် ပရိသတ်အရေအတွက် ဘယ်လောက်ရှိမယ် ဆိုတာ ခန့်မှန်းကြည့်ပါတော့။
အထူးတန်းပွဲကြည့်စင်မှာ ရှိတဲ့ ပရိသတ် နည်းနည်းလေးဟာ ပါလက်စတိုင်း ပရိသတ်မဟုတ်ဘဲ ထိုင်ဝမ်၊ အိန္ဒိယအသင်းက ကစားသမားတွေ၊ နည်းပြတွေလည်း ဖြစ်နိုင်ပါတယ်။

ဂိုးမိုး

မြန်မာအသင်းနည်းပြက သူ့ကစားသမားတွေဟာ ပါလက်စတိုင်းကို ၆ ဂိုး ထည့်မယ်လို့ ကြုံးဝါးခဲ့တာ ဒီလိုအခြေအနေတွေကို သိလို့ ပြောရဲဆိုရဲခဲ့တာဖြစ်ပါလိမ့်မယ်။  အခုတော့ ၉ ဂိုး ထည့်လိုက်ပါပြီ။


ဗုဒ္ဓဟူးနေ့ကလည်း ထိုင်ဝမ်အသင်းက ပါလက်စတိုင်းကို ၆ ဂိုး ထည့်ခဲ့ပါတယ်။

နိုင်ငံက အသစ်၊ လူဦးရေလည်း နည်းပါးတဲ့ ပါလက်စတိုင်းရဲ့ အမျိုးသမီးအသင်းက ဒီလိုအနေအထား ဖြစ်နေတာ မထူးဆန်းပါဘူးလို့ ဆိုရပါမယ်။

ပါလက်စတိုင်းရဲ့ လူဦးရေက ၄ သန်း ဝန်းကျင်ပဲ ရှိပါတယ်။

မြန်မာက သန်း ၆၀၊ တရုတ်တိုင်ပေ လို့ ဆိုကြတဲ့ ထိုင်ဝမ်က ၂၃ သန်း အသီးသီး ရှိကြပါတယ်။


20 May 2013

ဒေးဗစ်ဘက်ခမ်းရဲ့ မျက်ရည် ( ရုပ်/သံ)

ကမ္ဘာကျော် ဘောလုံး သမား ဒေးဗစ်ဘက်ခမ်း က သူ့ဘ၀မှာ သိပ်မြတ်နိုးတဲ့ ဘောလုံးလောကကို စွန့်လွှတ်ဖို့ကြေညာအပြီး နောက်ဆုံး ပွဲစဉ်မှာ မျက်ရည်တွေကျခဲ့ရပါတယ်။



နှစ်ပေါင်း ၂၀ လောက် ဘောလုံးလောကမှာ ကျင်လည်ခဲ့ပြီးတဲ့နောက် အခု နောက်ဆုံးပွဲစဉ်အဖြစ် 
ပြင်သစ်ထိပ်တန်း ကလပ်သင်းတခုဖြစ်တဲ့ PSG ( ပဲရစ်စိန့်ဂျာမိန်း) အသင်းနဲ့ ဘရက်စ် ( Brest ) နဲ့ ပွဲဟာ သူ့ ဘောလုံးသမားဘ၀ရဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်တာကြောင့် မျက်ရည်ကျခဲ့တာပါ။ 

ဘက်ခမ်းဟာ PSG အသင်းမှာ ဘောလုံး ကစားသမားဘ၀ကို နောက်ဆုံး အဆုံးသတ်ခဲ့တာပါ။ 

ဒီမျက်ရည်ဟာ အဓိပ္ပာယ်တွေအများကြီး  ရှိနိုင်ပါတယ်။ ၀မ်းသာခြင်းတွေ ရှိနိုင်သလို ၀မ်းနည်းခြင်းတွေ လည်း ရှိနိုင်ပါတယ်။ 

 ဒါပေမယ့် ဘက်ခမ်းရဲ့ မျက်ရည်ဟာ ဘောလုံးလောကို အနိုင်ပိုင်းလိုက်တဲ့ မျက်ရည်လည်းဖြစ်နိုင်ပါတယ်။ ကိုယ့်ဘ၀ရဲ့အောင်မြင်မှုတွေပေးခဲ့တဲ့ လောကတခုကို လုံးဝ စွန့်လွှတ်ဖို့ ဆုံးဖြတ်အပြီး နောက်ဆုံးအချိန်မှာ ဒီလို မျက်ရည်မျိုးဆိုတာ လူ့သဘာဝအရ ကျတတ်ကြမယ် ထင်ပါတယ်။  

 

http://blog.irrawaddy.org/2013/05/blog-post_86.html#more

30 Mar 2013

မီလျံနာ ကနေ လူမွဲစာရင်း ဝင်သွားတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားများ




ကျနော်တို့ မြန်မာပရိသတ်တွေ နေ့စဉ်နဲ့အမျှ ရင်သပ်ရှုမောစွာ အားပေးနေတဲ့ အင်္ဂလိပ် ပရီးမီးယားလိဂ်မှ ဘောလုံး ပွဲစဉ်များဟာ ပြိုင်ဆိုင်မှု ပြင်းထန်သလို ကစားသမားတွေဟာလည်း ဘောလုံးကန်နေတဲ့ သက်တမ်းတလျှောက် လက်ဖျားငွေသီးတဲ့လူတွေလို့ ဆိုရလောက်အောင် လစာငွေ အဆမတန် ရရှိကြပါတယ်။
ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အက်စတွန်ဗီလာမှာ နာမည်ကြီးခဲ့တဲ့ လီဟန်ဒရီကို မှတ်မိကြမှာပါ။ ၁၉၉၉ နောက်ပိုင်း ၀န်းကျင်လောက်မှာ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလန်ရဲ့ ရွှေရောင် မျိုးဆက်သစ်လို့ နာမည်ကြီးခဲ့တဲ့ လီဟန်ဒါရီဟာ အခု နာမည်ကြီးကစားသမား လန်းပတ်၊ ရီယိုဖာဒီနန်၊ စတီဗန် ဂျာရတ်တို့နဲ့ မရှေးမနှောင်း နာမည်ကြီးခဲ့တဲ့ ကစားသမားပါ။
လီဟန်ဒရီဟာ ၂၀၀၀ ပြည့်နှစ်အကျော်မှာ တပတ်ကို ပေါင် ၃ သောင်းကျော်နဲ့ ပရီးမီးယားလိဂ်ရဲ့ လစာငွေ အများဆုံးရရှိတဲ့ အယောက် ၂၀ စာရင်းကို ၀င်ခဲ့ဖူးပါတယ်။ အခု အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ လီဟန်ဒရီဟာ တချိန်က သူနှစ်ခြိုက်စွာ ၀ယ်ယူခဲ့တဲ့ ဇိမ်ခံကား၊ ဇိမ်ခံအိမ်တွေကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။ ၂၀၁၂ ဇန်န၀ါရီလမှာ အကြွေးတွေကြောင့် ဟန်ဒရီဟာ ဒေ၀ါလီ ခံခဲ့ရပြီး စိတ်ကျရောဂါကြောင့် သူကိုယ့်သူ သတ်သေဖို့လည်း ၂ ကြိမ်တိုင် ကြိုးစားခဲ့ပါသေးတယ်။
လတ်တလောအချိန်မှာ တမ်ဝေါ့လို့ခေါ်တဲ့ အပျော်တမ်း ကလပ်မှာ ဘောလုံးကစားနေသေးတဲ့ ဟန်ဒရီဟာ သူရဲ့ အကြောင်းဖြစ်စဉ်တွေနဲ့ ပတ်သတ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး Sporting Charity XPro လို့ ခေါ်တဲ့အဖွဲ့ အစည်းက လီဟန်ဒါရီဟာ ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားတွေထဲက ငွေကြေးပြဿနာ ကြုံတွေ့ ရတဲ့ ကစားသမား တဦးပါလို့ ဆိုပါတယ်။ ဆက်လက်ပြီး ပရီးမီးယားလိဂ် ကစားသမား ၅ ယောက် မှာ ၃ ယောက်လောက်က ဘောလုံးသမား ဘ၀မှ အနားယူအပြီး ငွေကြေးပြဿနာတွေကြောင့် ဒေ၀ါလီ ခံရလုနီးပါး ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ဘောလုံးသမား ဘ၀မှာ ငွေဖြုန်းကြမ်းကြတဲ့ သူတွေကို ဒေ၀ါလီ ခံရလို့ စာနာမိဖို့ မလွယ်ပါဘူး။ ဒါပေမယ့် လီဟန်ဒရီရဲ့ ဖြစ်ရပ်ဟာ အခြားသူတွေနဲ့ ကွဲပြားလို့ နေပါတယ်။ လီဟန်ဒရီက သူရဲ့ ငွေကြေးတွေကို ဘယ်လို သုံးစွဲ စုဆောင်းရမယ် ဆိုတာ မသိသလို အိမ်ထောင်ရေး ပြိုကွဲမှုက သူ့ကို အကြွေးတွေ တင်စေပြီး လူမွဲစာရင်းကို ရောက်စေခဲ့တာလို့ ရင်ဖွင့်ပါတယ်။
အင်တာဗျူးတခုမှာ လီဟန်ဒရီက ကျနော်ဟာ အသက် ၂၁ နှစ်လောက်ကနေ ၃၃ နှစ်လောက်အထိက လစာ တော်တော်များများ ရရှိခဲ့တာပါ။ ကျနော်ဟာ အပတ်တိုင်း ရရှိနေတဲ့ အဲဒီလောက်များတဲ့ ၀င်ငွေတွေနဲ့ စပွန်ဆာကြေးတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ စဉ်းစားပါတယ်။ လူအများမြင်တာက ဘောလုံးသမားတွေဟာ အလွယ်တကူ ကားအကောင်းစားတွေ စီးမယ်၊ ဇိမ်ခံအိမ်တွေ ရှိမယ်။ စတိုင်ကျတဲ့ အ၀တ်အစားတွေနဲ့ ချမ်းသာတဲ့ သူဌေးတွေလို အားလပ်ရက် ခရီးတွေ ထွက်မယ်လို့ပဲ မြင်ကြတာပါ။ အဲဒီ ဇိမ်ခံ အရာအတ္ထုတွေဟာ ဘောလုံးကန်နေတုန်း ပိုက်ဆံ တအားဝင်တော့ လွယ်ကူပါတယ်။
ဟန်ဒရီရဲ့ အဖေဟာ အရင် စကော့တလန် ဘောလုံးသမားဟောင်း တဦးပါ။ သူက ဟန်ဒရီကို ပိုက်ဆံ ၀င်ငွေရရှိတုန်း ကောင်းမွန်စွာ သုံးစွဲဖို့နဲ့ စိတ်ချရတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် လီဟန်ဒရီဟာ မှားယွင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး ပေါင် ၁၀ သန်းခန့်  ဆုံးရှုံးခဲ့ပါတယ်။
ကျနော်ဟာ တခြားသူတွေလို လောင်းကစား ပြုလုပ်တဲ့သူမျိုး မဟုတ်သလို ပိုက်ဆံကို ဂရုမစိုက်ဘဲ ဖောဖောသီသီ သုံးတတ်တဲ့သူမျိုးလည်း မဟုတ်ပါဘူး။ ကျနော်ရဲ့ ရည်ရွယ်ချက်ဟာ မိသားစုကို စောင့်ရှောက်ဖို့ စိတ်ချရတဲ့နေရာမှာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ဖို့ပါဆိုပြီး ရင်ဖွင့်ပါတယ်။
ဒါပေမယ့် ကျနော်ကို ရိုက်ခတ်စေခဲ့တာက ကျနော့် ဇနီးနဲ့ ကွာရှင်းအပြီး ကျနော့်လက်ထဲမှာ ပိုက်ဆံ မကျန်ခဲ့သလို အခြားဝယ်ထားတဲ့ အိမ်တွေဟာ ရောင်းမထွက်ဘဲ ဆုံးရှုံးတဲ့နစ်နာမှုတွေ တမျိုးပြီးတမျိုး ကြုံခဲ့ရပါတယ်လို့ ဆိုပါတယ်။
ပီတာကယ်ဆေဟာ ကြွယ်ဝချမ်းသာတဲ့ သူများကို အကြံပေးနေတဲ့ ပုဂ္ဂိုလ် တဦးဖြစ်ပြီး ဘောလုံးသမားနဲ့  ရုပ်သံကြေညာသူတွေကိုလည်း သူတို့ရဲ့ အောင်မြင်မှုနဲ့  ငွေကြေးချမ်းသာမှုဟာ ခဏတာမျှသာလို့ သတိပေးသွားပါတယ်။ ပီတာကယ်ဆေက ဆက်လက်ပြီး သူတို့ရဲ့ ကစားသမားဘ၀ဟာ သူတို့ လိုချင်သလောက် ရေရှည်မှာ ၀င်ငွေရမယ့် အလုပ်မျိုး မဟုတ်ပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးတွေကိုဘယ်လို အသုံးချရမလဲ မသိရင် တကယ့် အခက်အခဲကို ရင်ဆိုင်ရတဲ့အခါ ကျဉ်းထဲကျပ်ထဲ ရောက်ရှိပြီး ဒေ၀ါလီ ခံရတဲ့အဆင့်တွေ ဖြစ်ကုန်ကြပါတယ်လို့ ဆိုပါတယ်။
ဘောလုံးသမားတွေဟာ ပညာရေးပိုင်းမှာ အားနည်းတဲ့သူတွေ ဖြစ်သလို သူတို့ရဲ့ပတ်ဝန်းကျင်ဟာလည်း သူတို့ကို အသိပညာပေးမယ့် အဖွဲ့ အစည်းမျိုး နည်းတာကြောင့် ဘောလုံးသမားတွေဟာ အနားယူတာနဲ့ ငွေကြေးအခက်အခဲ ကြုံကြရတာပါလို့ ဝေဖန်သွားပါတယ်။
နာမည်ကြီး ဘောလုံးသမားတွေထဲက ဒေ၀ါလီ ခံရတဲ့သူတွေထဲမှာ မန်ယူ ကစားသမားဟောင်း ကီး ဂယ်လစ်စပီ၊ ဂျမ်ဘာ ဂျမ်ဘာတို့ ပါဝင်သလို ချယ်လ်ဆီးနဲ့ နယူးကာဆယ် ကစားသမားဟောင်း ဘာဘာရာရို ဟာလည်း ဒေ၀ါလီ ခံခဲ့ရပါတယ်။ ဒါ့အပြင် လစ်ဗာပူး ကစားသမား ဂျွန်ဘန်းစ်နဲ့ ဂျွန်အာနီ ရီဆေးတို့ဟာလည်း အေးဂျင့်တွေနဲ့ ပြဿနာတက်ခါ လူမွဲစာရင်း သွင်းခံခဲ့ရဖူးပါတယ်။
အက်ဖ်အေ အမှုဆောင် အရာရှိချုပ် ဂေါ်ဒန် တေလာကတော့ ကျနော်ဟာ အေးဂျင့်တွေနဲ့ ပတ်သက်ပြီးလည်း သတိထား ပြောချင်ပါတယ်။ သူတို့တွေဟာ ငွေကြေးရွှင်တုန်း အနားမှာ ပျံဝဲနေသလို ကစားသမားတွေ ခက်ခဲတဲ့အချိန် ရောက်ရင် လိပ်ပြာတွေလို ၀တ်ရည်စုပ်ပြီး ထွက်ပြေးတတ်ကြတယ်လို့ ပြစ်တင်ပြောဆိုသွားပါတယ်။
“ကစားသမား တော်တော် များများဟာ အခုလိုပြဿနာတွေ ကြုံနေရတဲ့အခါ ပရီးမီးယားလိဂ် အဖွဲ့ချုပ်ရုံးကို လာပြီး အကြံဉာဏ် လာလာတောင်းကြပါတယ်၊ သတိထားရမှာက ငွေကြေးကို အကျိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်ပြီး ဘောလုံးကန်တဲ့ အချိန်မှာလို ဇိမ်ခံပစ္စည်းတွေနဲ့ ပျော်မွေ့ဖို့တော့ လွယ်ကူမှာ မဟုတ်ပါဘူး။ တော်တော်များများဟာ ဒါနဲ့ပတ်သတ်ပြီး အသားမကျသလို ချက်ချင်းကြီး လုံးဝပြောင်းလဲဖို့ကတော့ မလွယ်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။
ဘောလုံးသမားတွေ သူဌေးကနေ လူမွဲစာရင်း အချိန် ခဏတာအတွင်း ပြောင်းလဲသွားတဲ့ ဖြစ်ရပ်သတင်းတွေဟာ ပရီးမီးယားလိဂ် ဘောလုံးလောကမှာ တော်တော်လှုပ်ခတ် သွားသလို နောက်ဖြစ်လာမယ့် အကျိုးဆက်ကိုတွေးပြီး ဘောလုံးသမားတွေ အနားမယူခင် ဘ၀အတွက် ဆွေးနွေးတိုင်ပင်မှုနဲ့  သင်တန်းတွေကို ဂရုတစိုက် လုပ်ဆောင်သင့်တယ်လို့ အင်္ဂလန်က မီဒီယာတွေက ရေးသားနေကြပါတယ်။
ကိုးကား – BBC 
http://burma.irrawaddy.org/archives/36547

16 Feb 2013

တယ်ရိုဆက်ဆနာကို မြန်မာအသင်းတွေ ဆက်တိုက်ရှုံး



တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ယှဉ်ရမယ့် ရန်ကုန်ယူနိုက်တက်အသင်း (ဓာတ်ပုံများ - ရန်ကုန်ယူနိုက်တက်)

ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီး ကလပ် တယ်ရိုဆက်ဆနာ အသင်းနဲ့ မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်တွေ ရန်ကုန်မြို့မှာ ခြေစမ်းပွဲတွေကစားခဲ့ရာ မြန်မာကလပ်အသင်းတွေ ဆက်တိုက်ရှုံးနိမ့်နေတာတွေ့ရပါတယ်။
တယ်ရိုဆက်ဆနာအသင်းဟာ ဒီလ ၁၂ ရက်နေ့က ရတနာပုံအသင်းနဲ့ ကစားခဲ့ရာမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ယမန်နေ့ ညနေက ကစားခဲ့သည့် ဧရာဝတီ အသင်းနဲ့ပွဲစဉ်မှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်သုံးသင်းနဲ့ ကစားဖို့ သဘောတူညီချက်ရထားတဲ့ တယ်ရိုဆက်ဆနာ အသင်းဟာ မနက်ဖြန် ၁၆ ရက်နေ့မှာ မြန်မာနေရှင်နယ်လိတ်ရဲ့ လက်ရှိချန်ပီယံ ရက်ကုန်ယူနိုက်တက် အသင်းနဲ့ ထပ်မံခြေစမ်းဦးမှာဖြစ်ပြီး ပွဲစဉ်ရလာဒ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

လက်ရှိတယ်ရိုဆက်ဆနာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဧရာဝတီနဲ့ ရတနာပုံအသင်းတွေမှာတော့ နှစ်သင်းလုံးရဲ့ အားထားရတဲ့ ကစားသမားတွေအချို့ဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပို့ဆောင်ထားရတဲ့ အချိန်ဖြစ်နေတဲ့အတွက်လည်း အားနည်းချက်တွေရှိနေပါတယ်။

ရန်ကုန်မြို့က သုဝဏ္ဏ အားကစားကွင်းကြီးမှာ တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ညနေ ၄ နာရီမှာ ယှဉ်ပြိုင် ကစားမယ့် ရန်ကုန်ယူနိုက်တက်အသင်းမှာလည်း အားထားရတဲ့ ကစားသမား ၇ ဦး ဟာ လက်ရွေးစင်အသင်းကို ပို့ဆောင်ထားရတဲ့ အတွက် လူစုံမှာမဟုတ်ပါဘူး။
ဒါပေမယ့် ထိုင်းကလပ်အသင်းကို အကောင်းဆုံး ဧည့်ခံ ကစားသွားနိုင်မယ်လို့ ယုံကြည်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ် က အသင်း ဝဘ်ဆိုက်   မှာပြောဆိုထားတာကို တွေ့ရ ပါတယ်။

“အခု တယ်ရို ဆာဆနာ နဲ့ပွဲမှာ လက်ရွေးစင် တွေမပါလည်း ကျန်တဲ့ ကစားသမား တွေက အကောင်းဆုံး ကစား နိုင်မယ် လို့ ယုံကြည် ပါတယ်” လို့ ဦးအောင်မြင့်မြတ် က ပြောထားပါတယ်။
http://blog.irrawaddy.org/2013/02/blog-post_8599.html

29 Jan 2013

မြန်မာပြည်ရဲ့ ပထမဆုံးသော နိုင်ငံတကာမာရသွန်



မနေ့က ရန်ကုန်မှာ တွေ့ရတဲ့ အလှမယ် နန်းခင်ဇေယျာ  နဲ့ အားကစားချန်ပီယံတဦး (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

~



မနေ့က မြန်မာပြည်ရဲ့ ပထမဆုံးသော နိုင်ငံတကာမာရသွန်ပြိုင်ပွဲကို ရန်ကုန်မှာ တွေ့ခဲ့ရပါတယ်။

ထိပ်သီးဆုတွေကို ကင်ညာနိုင်ငံကအပြေးသမားတွေ ရသွားကြကြောင်း ဒီမနက်ထွက်လာတဲ့ ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

အင်္ဂလိပ်သတင်းစာ The New Light of Myanmar မှာ ဖော်ပြထားချက်အရ  ဒီပွဲကို  ပြည်တွင်းက ၀င်ပြိုင်သူက နိုင်ငံတကာထက် နည်းနေကြောင်း တွေ့ရပါတယ်။ 

ပြည်တွင်း အပြေးသမား - ၅၀၀
နိုင်ငံတကာ အပြေးသမား - ၅၅၀

ဒီပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ အခုလို တွေ့ရပါတယ်။

ပါဝင်တဲ့ နိုင်ငံပေါင်း - ၂၀
အားကစားသမား အရေအတွက် - ၁,ဝ၅ဝ

၄၂ ကီလိုတန်း (အမျိုးသား)
ကင်ညာနိုင်ငံမှ Markarivkl Gitau -  ပထမ
ကင်ညာနိုင်ငံမှ  Kariuki - ဒုတိယ
သောင်း အေး - တတိယ
ဝေလွင်ထွန်း - စတုတ္ထ
စိုးလှိုင် -  ပဉ္စမ

၄၂ ကီလိုတန်း (အမျိုးသမီး)
မြင့်မြင့်အေး -  ပထမ
ပပ - ဒုတိယ
နီလာစန်း - တတိယ
သီတာချို  - စတုတ္ထ
ယဉ်ယဉ်ထွေး -  ပဉ္စမ

၁၀ ကီလိုတန်း (အမျိုးသား)
ကင်ညာနိုင်ငံမှ  Kiplkorir  -  ပထမ
သိန်းလှိုင်ဦး - ဒုတိယ
မောင်ကောက် - တတိယ
ပြည်မင်းစိုး - စတုတ္ထ
ရဲဝင်းနိုင် -  ပဉ္စမ

၁၀ ကီလိုတန်း (အမျိုးသမီး)
ဖြူမိုးသက်  -  ပထမ
ခင်မာစဲ - ဒုတိယ
စောမာလာနွယ် - တတိယ
ကြည်ပြာ - စတုတ္ထ
နှင်းယုစိုး -  ပဉ္စမ 
http://blog.irrawaddy.org/2013/01/blog-post_6004.html

29 Dec 2012

ဘရာဇီး ဂန္တ၀င် ဘောလုံးသမားတွေ ရန်ကုန်မှာ ကစားမယ်



~

 
ကမ္ဘာ့ဖလားမှာ နာမည်ကြီးတွေဖြစ်တဲ့ ဘရာဇီး ဂန္တ၀င် ဘောလုံးသမား ကာဖူး၊ ဘီဘက်တိုနဲ့ ရိုဘတ်တို ကားလော့စ်တို့ဟာ မြန်မာနိုင်ငံမှာ လာမယ့် လမှာ လာရောက် ကစားဖို့ ရှိပါတယ်။ 


ဘရာဇီး ကစားသမား ရိုဘတ်တို ကားလော့စ်

All- Star Brazil အသင်းနဲ့ ပူးတွဲကာ သူတို့က ကစားကြမှာဖြစ်ပြီး ဘောလုံး အဆင့်မြှင့်တင်ရေး မြန်မာနိုင်ငံရဲ့ ကြိုး စားမှု တရပ်ဖြစ် တယ်လို့ အားကစားအရာရှိ တဦးကို ကိုးကားပြီး ယနေ့ ဘန်ကောက်ပို့စ် က ရေးသား ဖော်ပြထားပါတယ်။ 

ဘရာဇီး သံရုံးနဲ့ မြန်မာ ဘောလုံး အဖွဲ့ချုပ်တို့အကြားဆွေးနွေးပြောဆိုမှုတွေပြီးနောက် အဆိုပါ ဘရာဇီး ဂန္တ၀င် ကစားသမားတွေဟာ မြန်မာအမျိုးသား လက်ရွေးစင် အသင်းက လူဟောင်း၊ လူသစ်တွေ အစုံ ပါဝင်တဲ့ အသင်းနဲ့ ရန်ကုန်မှာ ကစား ကြဖို့ ရှိတယ်လို့ ဆိုပါတယ်။ 
ကာဖူး
ဒါကြောင့် ၁၉၉၄ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်က ကမ္ဘာဖလားဆုရှင် ကာဖူး ကတော့ ယခင် ရီရဲမက်ဒရစ် ကစားသမားဟေင်း ကာလော့စ်နဲ့ ဘီဘက်တိုတို့နဲ့ အတူ လာမယ့် ဇန်န၀ါရီ လ ၂၀ ရက်နေ့မှာ ရန်ကုန်ကို ရောက်လာကြမှာ ဖြစ်ပါတယ်။ 

“၁၉၉၄ ခုနှစ် ချံပီယံ အသင်းက ကစားသမားအားလုံးနီးပါး ဒီမှာတွေ့ရဖို့ အခွင့်အရေး ရကြမှာ ဖြစ်တာနဲ့ တပြိုင်တည်း ဘောလုံးအသင်းတွေရော ပရိသတ်ရော အံ့သြဖွယ်အတွေ့အကြုံတွေလည်း ရကြမယ်လို့ ကျနော်ထင်ပါတယ်” လို့ မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်က စိုးမိုးကျော်က ပြောတာကို ဘန်ကောက်ပို့စ်က ကိုးကားဖော်ပြထားပါတယ်။ 
ဘီဘက်တို
မြန်မာနိုင်ငံကို လာရောက်မယ့် ကစားသမားတွေ ကိစ္စ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် လာမယ့် သတင်းပတ်မှာ ဆိုရင်တော့ နောက်ဆုံး စာရင်းကို သိရမှာဖြစ်ပြီး ဘယ်သူတွေလာရောက်ပြီး ကစားကြမယ်ဆိုတာ အသေးစိပ် အတည်ပြု ပြောကြားနိုင်မှာ ဖြစ်တယ် လို့ သူက ဆက်ပြောထားပါတယ်။  
http://blog.irrawaddy.org/2012/12/blog-post_7107.html

5 Sept 2012

မလေးမြေမှာကစားမယ့် ဆော်ဒီ-မြန်မာပွဲစဉ်ပျက်



မြန်မာ ယူ-၁၇ ဘောလုံးအသင်းကို မလေးရှားမြေပေါ်မှာ ချစ်ကြည်ရေးခြေစမ်းပွဲ ကစားဖို့ သဘောတူခဲ့ပေမယ့် ကစားပွဲ နီးကပ်လာတဲ့အချိန်မှာတော့ ဒီအစီအစဉ် ပျက်သွားပြီ လို့ မြန်မာဘောလုံးအဖွဲ့ချုပ်-MFF ကပြောဆိုပါတယ်။

မလေးမှာ ကန်ဖို့ ဆော်ဒီအာရေဗျ ယူ-၁၇ အသင်းက ဖိတ်ခေါ်ခဲ့တာပါ။

MFF ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကတော့ “ကျနော်တို့ဘက်က အကြောင်းကြားတာ နောက်ကျလို့ ဒီဘက် arrange လုပ်ရတာခက်လို့ သွားမကန်တော့ဘူး၊ သူတို့လည်း လာအိုကိုရွေးလိုက်တယ်၊ ကျနော်တို့အနေနဲ့ Contest လုပ်ရတာလဲ ခက်လို့၊ နောက် ဗီဇာ ဘာညာလည်း အရမ်းခက်လို့” ဆိုပြီး ပြောပါတယ်။

မူလအစီအစဉ်အရ ဒီလ ၆ ရက်နေ့ (သဘက်ခါ) မြန်မာ နဲ့ ဆော်ဒီအသင်းတို့ဟာ ကွာလာလမ်ပူမြို့တော် မှာ ကစားဖို့ရှိခဲ့တာပါ။

ပွဲစဉ်ပျက်သွားရခြင်းအကြောင်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်မှု မရှိဘူးလို့ ဦးစိုးမိုးကတော့ ယတိပြတ်ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မလေးရှားရောက် ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ သွားရေးလာရေး သတိထားနေရတဲ့ အချိန်မှာ ဆော်ဒီ-မြန်မာ ခြေစမ်းပွဲ ပျက်သွားခြင်းအပေါ် ဝါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အကောင်းအနေနဲ့ ရှုမြင်ပြောဆိုပါတယ်။

“ကျနော်တို့နဲ့ မလေးနဲ့က အခုအတောအတွင်းမှာ မဆက်ဆံတာကောင်းတယ်ဗျ၊ အထူးသဖြင့်တော့ ဘောလုံးကွင်း ဆိုတာ လူတွေအများကြီးစုတဲ့ နေရာလေ၊ မြန်မာတွေက ကိုယ့်အသင်း ရှုံးရှုံးနိုင်နိုင် အားပေးတာကိုး ပြဿနာ တစုံတခုဖြစ်သွားရင် မကောင်းဘူးပေါ့၊ အဲဒီမှာ မကစားဖြစ်တာပဲ ကောင်းတယ်” လို့ ဦးခင်မောင်ထွေးက ပြောပါတယ်။

ခြေစမ်းပွဲ ပွဲစဉ်တွေကို စီစဉ်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံအနေနဲ့ သူတို့ရဲ့နိုင်ငံမှာ မလုပ်ဘဲနဲ့ မလေးရှားနိုင်ငံမှာ လာလုပ်ပြီး မြန်မာအသင်းကို ဖိတ်ခေါ်ကစားခြင်းကိုလည်း ဦးခင်မောင်ထွေး က ဘဝင်မကျ ဖြစ်ရတယ်လို့ ဆိုပါတယ်။

လတ်တလော ရခိုင်အရေးနဲ့ ဆက်နွယ်ပြီး မလေးရှားရောက် မြန်မာ ပရိသတ် အတွက် စိုးရိမ်နေရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ပွဲစဉ်ပျက်သွားတဲ့အတွက်ကိုပဲ စိတ်အေးရတယ် လို့ သူက ပြောပါတယ်။

ယခုဖိတ်ခေါ်ပွဲစဉ်တွေဟာ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ အစရှိတဲ့ နေရာမျိုးမှာ ဖိတ်ခေါ်ကျင်းပရင် မြန်မာဘောလုံးလောက တိုးတက်ရေးအတွက် သွားရောက် ယှဉ်ပြိုင်သင့်တယ်လို့ ဆိုပါတယ်။


blog.irrawaddy.org/2012/09/blog-post_8131.html

~

21 Jul 2012

မြန်မာ့ဘောလုံး သွေးသစ်လောင်းပြီး ပြန် လာပြီ


http://burma.irrawaddy.org/wp-content/uploads/2012/07/myanmar-football.jpeg
၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ ဂိုးနဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့တဲ့ အသက်၂၃ နှစ်အောက် မြန်မာ ဘော လုံး အသင်း (ဓာတ်ပုံ – Getty Images)
သယံဇာတ အများအပြား ထွက်တယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလယ်မှာမထင်ပေါ်နိုင်ပဲ ငုပ်လျှိုးနေခဲ့တာကြာပါပြီ။ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်”လို့ ဆောင်ပုဒ်ရှိပေမယ့် ယခုအချိန်ထိ အာရှအဆင့်ပွဲတွေ ရောက်ဖို့တောင် အရှိန် ယူနေဆဲပါ။
တချိန်က အာရှမှာ ရွှေခေတ်ရောက်ခဲ့ပေမယ့် မြန်မာ့ဘောလုံးဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ မကြာ ခင်ကမှ လူငယ် ဘောလုံးသမားတွေ မွေးထုတ်ပေးတဲ့ စီမံကိန်းကို စ အကောင်အထည်ဖော်ခဲ့ပြီး မြန်မာ့ဘောလုံး တခေတ်ဆန်းဖို့ အားထုတ်နေတာ အခုဆိုရင် အနာဂတ်အောင်မြင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။
အသက်၂၃ နှစ်အောက် ဘောလုံးအသင်းဟာ ၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ နဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့ပြီး အရှေ့တောင်အာရှ နိုင်ငံများကို မြန်မာပြန်လာပြီဆိုကာ အချက်ပေးလိုက် နိုင်ပါတယ်။
၂၀၁၂ မှာတော့ အသက် ၂၂ အောက်အသင်း ဟာ ရန်ကုန်မြို့မှာ ကစားခဲ့တဲ့ အာရှ အသက် ၂၂ အောက် ခြေစစ်ပွဲမှာ အာရှ အင်အားကြီး တောင်ကိုရီးယားကို သရေ ကစားနိုင်ခဲ့သလို ဒေသတွင်းပြိုင်ဖက် ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင် တို့ကို ကျော်ဖြတ်ပြီး အုပ်စု ဒုတိယနဲ့ အာဆီယံနိုင်ငံတွေထဲက ပထမဦးဆုံး ခြေစစ်ပွဲအောင်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။
ခြေစစ်ပွဲစဉ်တွေမှာ တောင်ကိုရီးယားကို ဂိုးမရှိ သရေ၊ တခြားပြိုင်ဖက်အသင်းတွေ အားလုံးကို ဂိုးအသာသွင်းပြီး ခြေစစ်ပွဲအောင် ခဲ့ တာကြောင့် အာဆီယံ ဘောလုံးပရိသတ်များကြား ပြောစမှတ် တွင်ခဲ့ပါတယ်။
မြန်မာ့ ဘောလုံးအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးတင်အောင် က“လူငယ်အသင်းတွေရဲ့ အောင်မြင်မှုဟာ ကျနော်တို့ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ် စီမံကိန်းတွေအတွက် ယုံကြည်မှု တိုးစေပါတယ်။ အခု အသက် ၂၂ အောက် အာရှခြေစစ်ပွဲစဉ်မှာ ထိုက် တန်တဲ့ အောင်မြင်မှု ရရှိခဲ့တာက လာမယ့် ၂၀၁၃ ဆီးဂိမ်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ နီးလာချိန်လည်း ဖြစ်တာမို့ စိတ် ဓာတ် ခွန်အားကို မြင့်မားစေပါတယ်”လို့ ဖီဖာ ကို ပြောပါတယ်။
အောက်ဆုံးက စ
မြန်မာဘောလုံး အသင်းဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်တုန်းက အာရှမှာ တန်ခိုးထွားခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် အာရှဖလား မှာ ဒုတိယ ရရှိခဲ့ပြီး ၁၉၆၆ နဲ့ ၁၉၇၀ ခုနစ် အာရှမှာ ၂ ကြိမ် ဆက်တိုက် ချန်ပီယံ သရဖူ ရခဲ့တယ်။ ဆီးဂိမ်းပြိုင်ပွဲတွေမှာလည်း ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ နှစ်တွေမှာ ၅ ကြိမ် ဆက်တိုက် ဘောလုံးချန်ပီယံ ဖြစ်ခဲ့ပြီး အာရှရဲ့ ဘောလုံးထူးချွန်သူ ကစား သမားတွေ ထွက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် နိုင်ငံရေး စီးပွားရေး နောက်ကျန်နေမှုနဲ့အတူ မြန်မာ့ အားကစားလည်း မှေးမှိန်ခဲ့ရပြီး အာရှမှာ ရေပန်းစားခဲ့တဲ့ မြန်မာ့ ဘောလုံးအသင်း ခြေကျခဲ့တာ နှစ်ပေါင်း ၃၀ ကျော် ရှိနေခဲ့ပါပြီ။
၂၀၁၁ ခုနစ်က ဆီးဂိမ်း ပြိုင်ပွဲမှာ တတိယ ဆုရခဲ့တာကလွဲရင် မြန်မာဘောလုံး တိုးတက်မှု လမ်းစ ပျောက်နေခဲ့ပါတယ်။
၁၉၆၈ ခုနစ်မှာ အာရှဖလား ဖိုင်နယ်ကို ကန်နိုင်ခဲ့ရာကစလို့ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့ရပြီး ပထမဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကို လည်း ၂၀၁၀ တောင်အာဖရိက ခြေစစ်ပွဲကျမှ စတင် ပါဝင်ယှဉ်ပြိုင် နိုင်ခဲ့ပေမယ့် အင်အားကြီး တရုတ် ဘောလုံးအသင်းကို ဂိုးပြတ် ရှုံးနိမ့် ခဲ့ပါတယ်။
အတိတ်မြက်ခင်းစိမ်းမှာ ပိုင်ဆိုင်ခဲ့ဖူးတဲ့အောင်မြင်မှုတွေကိုပြန်ရဖို့ မြန်မာဘောလုံးတာဝန်ရှိသူတွေဟာ အခြေခံကအရှိအတိုင်း ပြန် စရမှာကို သိရှိပြီးဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်ဟောင်းတဦးဖြစ်သူ ဦးတင်အောင် က“ကျနော်တို့ဟာ ဘောလုံးလောက ပြန် တိုး တက်လာဖို့ လူငယ်ဖွံဖြိုးရေးတွေကို အာရိုက်စိုက်ပြီး လုပ်ခဲ့တယ်”လို့ ပြောပါတယ်။
ဆက်ပြီး“စီမံကိန်း အသစ်အရဆိုရင် တနိုင်ငံလုံးအတိုင်းအတာ အသက် ၁၂ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို စတင်ကျင်းပဖို့ စီစဉ်နေပြီး ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ အစီအစဉ်တွေ မျှော်မှန်းထားသလို အဆင်ပြေ ချောမွေ့ မယ် ဆို ကျနော်တို့ ရဲ့ အနာဂတ် အသက် ၁၇ အောက် လူငယ်အသင်းဟာ ၂၀၂၁ ကမ္ဘာ့ဖလားကို ၀င်ကန်နိုင်မှာပါ”လို့ လည်း ဦးတင်အောင် က ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေအတွင်း မြန်မာ့ဘောလုံးလောက တိုးတက်လာတာဟာ ဖီဖာ ရဲ့အကူအညီတွေကြောင့်လို့ ဦးတင်အောင်က ဆိုပါသေးတယ်။
“ဖီဖာ ဂိုးလ် စီမံကိန်းအကူအညီ နဲ့ မြန်မာ့ဘောလုံးအဖွဲ့ချုပ် ရုံးကို တည်ဆောက်နိုင်ခဲ့သလို ဌာနဆိုင်ရာတွေမှာလည်း အုပ်ချုပ်ရေး နဲ့ စီမံခန့်ခွဲရေးတွေ တိုးတက်လာခဲ့တယ်။ မန္တလေးမှာ ဘောလုံးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ခဲ့သလို တတိယ ဂိုးလ် စီမံကိန်း က လည်း လူငယ်အသင်း အောင်မြင်မှုတွေ ရလာဖို့ လမ်းခင်းပေးခဲ့တယ်။ ပရော်ဖက်ရှင်နယ် လိဂ် ကိုလည်း ဖီဖာရဲ့ စည်းမျဉ်း စည်း ကမ်း တွေအတိုင်း ၂၀၀၉ ခုနစ်မှာ စတင် ကျင်းပနိုင်ခဲ့ပါတယ်”လို့ ဦးတင်အောင်က ဖီဖာ ဒေါ့ကွန်းကို ပြောပါတယ်။
ခေတ်လူငယ် ခြေသွက်တွေ
မကြာမီက ကျင်းပခဲ့တဲ့ လူငယ်ပြိုင်ပွဲတွေမှာ အောင်မြင်မှုက မြန်မာဘောလုံး လောက ပြန်လည်တိုးတက်မှုရဲ့ သက်သေပါပဲ။ လူငယ်တွေရဲ့အင်အားနဲ့ အသက် ၂၂ အောက်ပြိုင်ပွဲမှာ တောင်ကိုရီးယားကို သရေ ကစားနိုင်ခဲ့သလို အုပ်စု ပွဲစဉ် ၄ ပွဲကိုလည်း ဂိုးပြတ် တွေနဲ့ အနိုင်ရခဲ့ပါတယ်။
ခြေစွမ်းပြနိုင်သူတွေကဆို ကွင်းလယ်ကစားသမား အသင်းခေါင်းဆောင် ကျော်ဇေယျာဝင်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကို ၆ ဂိုး ၁ ဂိုးနဲ့ အပြတ်ဖြတ်ခဲ့တဲ့ ပွဲတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့တယ်။ နောက်တန်းခံစစ်က ဇော်မင်းထွန်းလည်း တဖက်တိုက်စစ်မှူးတွေကို အကောင်း ဆုံး ဟန့်တားနိုင်ခဲ့သလို ရှေ့တန်းတိုက်စစ်မှူးတွေဖြစ်တဲ့ ကျော်ကိုကို နဲ့ ကောင်းစည်သူတို့ ကလည်း ပြိုင်ဘက် နောက် တန်းတွေကို ခြိမ်းခြောက်နိုင်သူတွေပါ။
မြန်မာတွေသာမက အာဆီယံ ပရိသတ်များကိုပါ အံ့အားသင့်သွားရအောင် အကောင်းဆုံး ကစားခဲ့တဲ့ အသက် ၂၂ အောက် မြန်မာ လူငယ်အသင်းကို ကိုင်တွယ်ခဲ့သူက တောင်ကိုရီးယားနည်းပြ ပတ်ဆောင်ဟွာပါ။ သူ့ကြောင့်လည်း မြန်မာအသင်းရဲ့ စွမ်းဆောင် ရည် မြင့်မားလာနေပြီး ရှေ့ဆက်အောင်မြင်ဖို့ ရည်ရွယ်ချက်လည်း ပိုကြီး လာနေပါတယ်။
ဦးတင်အောင်က“ပတ်ဆောင်ဟွာကို ကျနော်တို့ ကျေးဇူးတင်ရမှာပါ။ ကျနော်တို့ ယူ ၂၂ အသင်း အာရှဖလားခြေစစ်ပွဲတွေမှာ ခြေစွမ်း တွေ ပြနိုင်ခဲ့တာ သူ့ကျေးဇူးမကင်းဘူး။ နောက်တဆင့် အနေနဲ့ ၂၀၁၃ မှာကျင်းပမယ့် အာရှဖလား ၁၉ နှစ်အောက်ပြိုင်ပွဲကို ခြေ စစ်ပွဲအောင်ဖို့ ကြိုးစား သွားပါမယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်က ခြေစစ်ပွဲအောင်ရုံတင်မက ၂၀၁၄ အာရှ ၁၉ နှစ်အောက်ပြိုင်ပွဲမှာ ထိပ်ဆုံး လေးသင်းထဲ ပါနိုင်ဖို့ပါ။ ဒါမှ အသက် ၂၀ အောက် ကမ္ဘာ့ဖလားကို ကျနော်တို့ရောက်မယ်”ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ 
burma.irrawaddy.org/archives/15526

27 Jun 2012

မြန် မာ အ သင်း ခြေ စစ် ပွဲ အော င်ရေး မလေး ရှားနှ င့် ပွဲ မှာ အ ဆုံး အဖြတ်ဖြစ် မည်

အာရှယူ၂၂ ခြေစစ်ပွဲ အုပ်စု G တွင် ဒုတိယနေရာမှ ဦးဆောင်နေသော မြန်မာ
အသင်းမှာ မလေးရှားနှင့်ပွဲသည်ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အဆုံး အဖြတ် ပွဲ ဖြစ်လာ မည် ဖြစ်ကြောင်း မြန်မာယူ၂၂နည်းပြ ပတ်ဆောင်ဟွာက ပြောကြား သည်။ အုပ်စု ဒုတိယပွဲစဉ် အဖြစ် ကစားခဲ့သည့် ပွဲတွင် မလေးရှားအသင်းက ဖိလစ်ပိုင် အသင်းကို၇-၀ဖြင့် အနိုင်ရရှိ ခဲ့သောကြောင့် နည်းပြကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
မလေးရှား အသင်းက ဗီယက်နမ် အသင်းထက် ပိုကောင်းတဲ့ အသင်းပါ။နောက်ဆုံးပွဲ အဖြစ် ကစားရမယ့် မလေးရှားနဲ့ ပွဲကတော့ ခြေစစ်ပွဲ အောင်ရေး မအောင်ရေး အဆုံးဖြတ် ဖြစ်လာနိုင်ပါတယ် ဟုဗီယက်နမ်အသင်းကို သုံးဂိုး တစ်ဂိုး ဖြင့် အနိုင်ရခဲ့သည့် ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားသည်။ မလေးရှား အသင်းသည် အုပ်စုပထမပွဲတွင် တောင်ကိုရီးယား အသင်းကို ခြေရည်တူ ကစားနိုင်ခဲ့သော် လည်း သုံးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
တောင်ကိုရီးယား အသင်းက ဒီအုပ်စုမှာ အတောင့်တင်းဆုံး အသင်းဖြစ်တဲ့အတွက် ရှုံးခဲ့ရပေမယ့် ကျန်ပွဲစဉ်တွေမှာ အနိုင်ရအောင် ကစားသွားမှာပါ။ အသင်းတိုင်းကတော့ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေး ရှိပါတယ်ဟု ယင်းပွဲအပြီးတွင် မလေးရှား နည်းပြ အွန်ကွမ်ဆီးက ပြောကြားထားသည်။ အာရှယူ၂၂အုပ်စုဒုတိယပွဲစဉ်များအပြီးတွင် တောင်ကိုရီးယားအသင်း နှင့် မြန်မာအသင်းတို့မှာ နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့်အုပ်စုပထမနှင့် ဒုတိယနေရာတွင်လည်းကောင်း မလေးရှားအသင်းနှင့် တရုတ်တိုင်ပေ အသင်းတို့မှာ တစ်ပွဲနိုင် တစ်ပွဲရူံးဖြင့် အုပ်စု တတိယနှင့် စတုတ္ထနေရာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် အသင်းတို့မှာ နှစ်ပွဲရုံးဖြင့် ခြေစစ်ပွဲအောင်ရန် အခွင့်အရေး နည်းပါးသွားပြီဖြစ်သည်။ 
www.yoyarlay.com/sport/sport/football/27496-2012-06-27-06-18-16

24 Jun 2012

အ မျိုး သ မီး ကာ ယ ကြံ့ခိုင်မှုပြိုင် ပွဲ




https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjESTwftbthRNMet9QJrowOAo-9Utr6rkh5162ftXrOquPdnymPjvcVePTd99uBIzZsHb6cRPBlsPEQZalp64KI2At4CCpXdPWxIVFLKc2wKrhYP1OPsa_RMaNk00gAi9xrKDqO-7UfT_c/s1600/556518_383132835081690_127788799_n.jpg ၀တ်စားဆင်ယဉ်မှုအသစ်ဖြင့် ကျင်းပသော အလှမယ်ပြိုင်ပွဲတွင် Model Physique နှင့် Fitness Physique ဟူသော ခေါင်းစဉ်နှစ်မျိုးဖြင့် ကျင်းပရာ Model Physique ပြိုင်ပွဲတွင် ဆုရရှိသူသုံးဦး။ ပထမဆုကို မ၀တ်ရည်ဖြိုးက ရရှိပြီး၊ ဒုတိယဆုကို မအေးအေးစိုး၊ တတိယဆုကို ခင်သက်မွန်ဝင်း တို့က ရရှိခဲ့သည်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)



နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဝတ်စားဆင်ယဉ်မှု ပြောင်းလဲကျင်းပသော အလှမယ်ပြိုင်ပွဲဖြစ်သည့် အမျိုးသမီးကာယကြံ့ခိုင်မှုပြိုင်ပွဲကို ဇွန် ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပရာ Model Physique ခေါင်းစဉ်ဖြင့်ကျင်းပသော ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်အလှမယ်များ ယှဉ်ပြိုင်စဉ်။ ထိုပြိုင်ပွဲတွင် အလှမယ် ၂၃ ဦး ၀င်ရောက်ယှဉ်ပြိုင်သည်။ ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
7Day News Journalwww.thithtoolwin.com/2012/06/blog-post_4122.html

မြန် မာ ၅ ဂိုး-ဖိ လစ် ပိုင်၁ ဂိုးဖြင့် ပွဲ ပြီး ဆုံး သွား





ယခုနောက်ပိုင်း နှစ်များတွင် မြန်မာအသင်းမှာ နိုင်ငံတကာပြိုင်ပွဲများတွင် ရလာဒ်မကောင်းသော်လည်း အိမ်ကွင်းပွဲစဉ်တွင် မြန်မာ ယူ-၂၂ ကို တခဲနက်အားပေးနေသော မြန်မာဘောလုံးပရိသတ်များ
ဓာတ်ပုံ -ဂျေမောင်မောင်(အမရပူရ)


မြန်မာ-ဖိလစ်ပိုင်ပွဲတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွားသည်။ အုပ်စုအဖွင့်ပွဲနေ့သုံးပွဲကစားရာတွင် မြန်မာအသင်းမှာ ခြောက်သင်းပါအုပ်စုတွင် အားအနည်းဆုံးအသင်းဖြစ်သော ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းယူနိုင်မှုကြောင့် ဂိုးကွာခြားချက်ဖြင့် အုပ်စုဗိုလ်ဖြစ်နေသည်။

 တောင်ကိုရီးယားမှာ မလေးရှားကို ၃ဂိုး-၂ဂိုး၊ တရုတ်(တိုင်ပေ)မှာ ဗီယက်နမ်ကို ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရထားကြ၍ တောင်ကိုရီးယားက ဒုတိယ၊တရုတ်(တိုင်ပေ)က အုပ်စုတတိယနေရာ၌ ရမှတ် ၃မှတ်စီဖြင့် ရှိနေသည်။

အုပ်စုတွင် တောင်ကိုရီးယား ယူ-၂၂ မှာ အုပ်စုဗိုလ်ဖြစ်ရန် ရေပန်းစားနေပြီး၊ မြန်မာအသင်းမှာ ဗီယက်နမ်၊ မလေးရှား၊ တရုတ်(တိုင်ပေ)တို့နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ပြည်တွင်းဘောလုံးရေးရာကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ခြောက်သင်းပါအုပ်စုမှာ နှစ်သင်းသာ နောက်တစ်ဆင့်တက်ခွင့်ရမည်ဖြစ်သည်။
7Day News Journal

20 Jun 2012

အ င်္ဂ လ န်နှင့် က စား ရ မည် ကို အ သင်း တိုင်း က ကြောက် ရွံ့နေပြီ ဟု ရွန်း နီ ကြုံး ၀ါး

ဝိန်းရွန်းနီမှ သူ၏ အင်္ဂလန် အသင်းသည် ယူရို- ၂၀၁၂ ပြိုင်ပွဲ တွင် အမြင့်ဆုံး
အဆင့် ထိ ရောက်နိုင်ကြောင်းနှင့် ရှုံးထွက် အဆင့် ပွဲစဉ်များတွင် အင်္ဂလန် အသင်းနှင့် တွေ့ဆုံရမည်ကို အသင်းတိုင်းက ကြောက်ရွံ့နေပြီ ဖြစ်ကြောင်း ကြုံးဝါးပြောဆိုခဲ့သည်။
(၂) ပွဲပွယ် ပြစ်ဒဏ်မှ ပြန်လာခဲ့သည့် ရွန်းနီသည် ယူကရိန်းနှင့် ပွဲစဉ်တွင် ပွဲစမှ ပါဝင် ကစားခဲ့ပြီး အင်္ဂလန် အသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေး ခဲ့သည်။ အုပ်စု (ဃ)၏ အုပ်စုဗိုလ်နေရာကို ရရှိခဲ့သည့် အတွက် အင်္ဂလန် အသင်းသည် ကွာတားဖိုင်နယ် ပွဲစဉ်မကစားမီ နားရက်ပိုမို ရခဲ့ပြီး ရွန်းနီမှ ယခုလို နားရက် ပိုမို ရရှိခဲ့ခြင်းမှာ ကောင်းမွန်သော အခြေအနေဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“ကျွန်တော်တို့တွေက ကိုယ့်အရည်အချင်းကို ကိုယ်သိပြီး ဘယ်တွေလုပ်နိုင်တယ် ဆိုတာကို သိနေတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ကျွန်တော်တို့ အတူတကွ စုစုစည်းစည်းနဲ့ ကြိုစားခဲ့ကြပါတယ်၊ လေ့ကျင့်ရေးကွင်းမှာလည်း နည်းစနစ် မျိုးစုံနဲ့ ကစားခဲ့ပြီး ကျွန်တော်တို့ အသင်းကို အနိုင်ယူဖို့ဆိုတာ အရမ်းခက်ခဲ ပါလိမ့်မယ်၊ ကျွန်တော်တို့ အသင်းနဲ့ တွေ့ဆုံရလို့ ပျော်တဲ့ အသင်းရှိမယ်လို့ မထင်ပါဘူး”ဟု ရွန်းနီမှ ITVသို့ ပြောဆိုခဲ့သည်။ အင်္ဂလန် အသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အီတလီ အသင်းနှင့် ကစားရမည် ဖြစ်သည်။ 
www.yoyarlay.com/sport/sport/football/27286-2012-06-20-09-49-12

18 Jun 2012

ကျော် ကို ကို ဟက် ထ ရစ် ဂိုးဖြင့် ထိုင်း အား ဂိုးပြတ် အနိုင် ယူ သည့် မြန် မာ လူ ငယ်

ထိုင်းနိုင်ငံ၊ ရာဇမင်္ဂလာ ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ထိုင်း ယူ-၂၂နှင့် မြန်မာ ယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲတွင် မြန်မာလူငယ် အသင်းက ၃-၁ဂိုးဖြင့် ဂိုးပြတ် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် ယနေ့ပွဲစဉ်တွင် အဓိက ကစားသမား စုံလင်စွာဖြင့် ပွဲထွက် လာခဲ့ကာ ကျော်ကိုကို တစ်ဦးတည်းအား တိုက်စစ်တွင် ထားကစားခဲ့သည်။ ၎င်း၏ နောက်တွင် ကြည်လင်း၊ ချစ်မင်းစိုး၊ ညီညီမင်းတို့အား နေရာယူစေကာ နောက်တန်းတွင် သိန်းသန်းဝင်း၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော်၊ သက်နိုင်တို့ ပွဲထွက်ခဲ့သည်။ ဂိုးသမား အဖြစ်မူ ကျော်ဇင်ဖြိုးက တာဝန်ယူခဲ့သည်။

ပွဲစ၍ ၁၀မိနစ်ခန့်အထိ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ထိုးဖောက်မှုများ ပြုလုပ်လျက် ရှိကာ အပိုင်အခွင့်အရေး အဖြစ်မူ နှစ်သင်းစလုံး မယ်မယ်ရရ မရဘဲ ဖြစ်နေခဲ့သည်။ ပွဲချိန် ၁၁မိနစ်တွင် ကြည်လင်း ထိုးဖောက်မှုအား မမီမကမ်း ဖျက်ထုတ်ခဲ့သည့် ထိုင်း ကျောနံပါတ် ၁၀ အ၀ါကတ် ပြခံခဲ့ရပြီး မြန်မာအသင်း တောင်ပံ တိုက်စစ် ကစားသမားအား ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရသည်။ ယခုပွဲသို့ ပရိသတ် တစ်ထောင် ၀န်းကျင်ခန့်သာ လာရောက် အားပေးသည်ကို တွေ့ရသည်။ ၁၇မိနစ်တွင် ထိုင်း ဘယ်တောင်ပံ ကစားသမား လွတ်ထွက်ကာ ဂိုးသမားနှင့် တစ်ဦးချင်း ကန်သွင်းခွင့် ရခဲ့သော်လည်း လူကျွံဘော ဖြစ်နေခဲ့သည်။

၁၉မိနစ်တွင် ကျော်ကိုကို ဘယ်တောင်ပံ ဘက်ခြမ်းမှ ထိုးဖောက်မှုအား ထိုင်းနောက်ခံ ကစားသမားများ အနာခံ ဖျက်ထုတ်ခဲ့သည်။ ၂၁မိနစ်တွင် ထိုင်းအသင်း ဘယ်ခြမ်းမှ ထိုးဖောက် ဖြတ်တင်မှု ဇော်မင်းထွန်း ပါးနပ်၍ သက်သာခဲ့သည်။ သို့သော် ပြန်အံထွက်လာသည့် ဘောလုံးအား ဧရိယာ အပြင်ဘက်ရှိ ထိုင်း ကွင်းလယ်လူ ဆွဲဝင်ရန် ကြိုးပမ်းမှု ညီညီမင်း တားဆီးရာမှ ပြစ်ဒဏ်ဘော ဖြစ်ခဲ့သည်။

၂၂မိနစ်တွင် ထိုင်းနောက်ခံလူ ဧရိယာအပြင် ခပ်လှမ်းလှမ်းမှ အပြင်း ကန်သွင်းချက် ကျော်ဇင်ထက် ကာကွယ် နိုင်ခဲ့သည်။ ၂၃မိနစ်တွင် လူကျွံထောင်ခြောက်မှ လွတ်ထွက် သွားသည့် ထိုင်းကျောနံပါတ် ၈က ကျော်ဇင်ဖြိုးအား ဖြတ်ကျော် ကန်သွင်းကာ ယခု ခြေစမ်းပွဲ၏ အဖွင့်ဂိုးအား စတင် ရယူနိုင်ခဲ့သည်။ ဂိုးရပြီး ချက်ချင်း ဆိုသလိုပင် မြန်မာအသင်းဘက်သို့ ထိုင်းတို့ နောက်တစ်ကြိမ် ထိုးဖောက်ခဲ့ သော်လည်း ဂိုးသမား ကျော်ဇင်ဖြိုး ရှေ့တက်ကာ ဖမ်းထားနိုင်ခဲ့သည်။

မြန်မာအသင်းသည် ဂိုးပေးလိုက်ရ၍ အနည်းငယ် ကစားပုံ ပျက်သွားခဲ့ သော်လည်း ဘယ်ညာ တောင်ပံ နှစ်ဘက်မှ ထိုးဖောက်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ဂိုးသွင်းခွင့် မယ်မယ်ရရ မဖန်တီးနိုင်ဘဲ ထိုင်းအသင်း၏ ထိုးစစ်ကိုလည်း သတိထား ကစားနေခဲ့ရသည်။ ၃၁မိနစ်တွင် ထောင့်ကန်ဘောမှ တစ်ဆင့် ထိုင်း ကျောနံပါတ် ၂၃ အပိုင်ပိတ်သွင်းချက် ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခြင်း မရှိသော်လည်း မြန်မာ နောက်ခံ ကစားသမားက ဂိုးစည်းပေါ်မှ အချိန်မီ ဖျက်ထုတ်ခဲ့၍ သက်သာခဲ့သည်။

၃၂မိနစ်တွင် ထိုင်းကစားသမား တစ်ဦးအား အဖျက်ကြမ်း၍ ချစ်မင်းစိုး အ၀ါကတ်ပြ သတိပေးခံ ခဲ့ရသည်။ ၃၄မိနစ်တွင် ညာတောင်ပံမှ ညီညီမင်းနှင့် သက်နိုင်တို့ ချိတ်ဆက် ထိုးဖောက်ရာမှ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ယင်း ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း ကန်တင်ပေးရာ ဇော်မင်းထွန်း ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း တိုက်ချက်ပျော့၍ ဂိုးသမား ကာကွယ် နိုင်ခဲ့သည်။

၃၉မိနစ်တွင် မြန်မာအသင်း ကွင်းလယ်တစ်ဝက် တက်ဖိ ကစားထားရာမှ ပြန်ကျွံလာသည့် ဘောလုံးအား ထိုင်းအသင်း တန်ပြန် ထိုးစစ်ဆင်ရာ ထိုင်း ကျောနံပါတ် ၈ အဝေးမှ အပြင်းကန်သွင်းချက် ဂိုးဘေး ကပ်ထွက် သွားခဲ့သည်။ ၄၂မိနစ်တွင် ထိုင်းကျောနံပါတ် ၈အား ကစားပုံ ကြမ်းတမ်းခဲ့သည့် ဇော်မင်းထွန်း အ၀ါကတ် အပြခံခဲ့ရပြီး အဆိုပါ ထိုင်း ကစားသမားအား ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရသည်။ ပထမပိုင်း ၄၅မိနစ်ပြည့်၍ နာကျင် အချိန်ပိုတွင် မြန်မာအသင်း ထောင့်ကန်ဘော ရခဲ့သော်လည်း အခွင့်အရေး မယ်မယ်ရရ မရခဲ့ပေ။ တစ်မိနစ်အတွင်း မြန်မာတို့ နောက်တစ်ကြိမ် ထိုးဖောက်ခဲ့ သေးသော်လည်း ကျော်ဇေယျာဝင်း ကစားပုံကြမ်း၍ ပြစ်ဒဏ်ဘောသာ သတ်မှတ် ခံခဲ့ရသည်။ ထို့နောက်တွင် ကြည်လင်း ဧရိယာ အစပ် ဘီးကုတ်အတွင်းမှ အပြင်းကန်ချက် ကောင်းမွန်ခဲ့ သော်လည်း အပေါ်ထောင် သွားခဲ့ကာ ပထမပိုင်း ၄၅မိနစ် ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်အစတွင် မြန်မာအသင်းက ကစားသမား အချို့ ပြောင်းလဲ ကစားခဲ့သည်။ ချစ်မင်းစိုး၊ ညီညီမင်း၊ ရန်အောင်ဝင်းတို့ နေရာတွင် နန္ဒလင်းကျော်ချစ်၊ နိုင်လင်းဦး၊ နန္ဒကျော်တို့ ၀င်ရောက် ကစားခဲ့သည်။ စစချင်းပင် ထိုင်းအသင်း တိုက်စစ် ကစားသမား တစ်ကိုယ်တော် ထိုးဖောက်မှုအား မြန်မာ နောက်ခံလူများ အသည်းအသန် ဖျက်ထုတ်ခဲ့ရသည်။ မြန်မာအသင်းသည် ဒုတိယပိုင်း ပြန်အစတွင် ကစားပုံ တည်မရဘဲ ဖြစ်နေခဲ့ပြီး ထိုင်းအသင်း၏ ထိုးစစ်များကိုသာ အဓိက ကာကွယ် နေခဲ့ရသည်။ ၅၆မိနစ်တွင် သက်နိုင် အ၀ါကတ်ပြ သတိပေးခံခဲ့ရကာ ဧရိယာ အပြင်အစပ်၌ ထိုင်းတို့ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။

၅၉မိနစ်တွင် ကျော်ဇေယျာဝင်း ဧရိယာအတွင်း ထိုးဖောက်ရာမှ ပင်နယ်တီ ကန်ခွင့်ရခဲ့သည်။ ယင်းပင်နယ်တီအား ကျော်ကိုကိုက အမှားအယွင်း မရှိ ကန်သွင်းကာ ချေပဂိုး ရရှိခဲ့ကာ မြန်မာ ပရိသတ်များ ထံမှ "မြန်မာ မြန်မာ" ဆိုသည့် အော်ဟစ်သံများ ကွင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ ၆၂မိနစ်တွင် ကြည်လင်း ညာခြမ်းမှ ဖြတ်တင်ပေးမှု နန္ဒလင်းကျော်ချစ် အပိုင် ခေါင်းတိုက်ခွင့် ရခဲ့သော်လည်း ဂိုးသမား တည့်တည့် တိုက်မိခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်းက သက်နိုင် နေရာတွင် ရဲဇော်ထက်အောင် ၀င်ရောက် ကစားခဲ့သည်။

၆၆မိနစ်တွင် နန္ဒလင်းကျော်ချစ် အဝေးမှ အပြင်းကန်ချက် အပေါ်ထောင် သွားခဲ့သည်။ ၇၃မိနစ်တွင် ထိုင်း တိုက်စစ်မှူး ထိုးဖောက်မှု ဇော်မင်းထွန်း တားဆီးရာမှ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန် ၆၅မိနစ် နောက်ပိုင်းတွင် တိုက်စစ်အား ထိန်းကစားခဲ့ပြီး ထိုင်းအသင်း၏ ထိုးဖောက်မှုကိုသာ အာရုံစိုက် ဖျက်ထုတ် နေခဲ့သည်။ ၇၅မိနစ်တွင် မြန်မာအသင်း ထိုးစစ်မှ ထောင့်ကန်ဘော ရရှိခဲ့ပြီး ကြည်လင်း ဖြတ်တင်မှုအား ထိုင်းနောက်ခံလူ ရှင်းထုတ် နိုင်ခဲ့သည်။ ထို့အတူ ၇၈မိနစ်တွင် နောက်တစ်ကြိမ် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့သည်။ မြန်မာအသင်းသည် ကြည်လင်း နေရာတွင် သက်ပိုင်ဦး ၀င်ရောက် ကစားခဲ့သည်။ ထောင့်ကန်ဘောမှ တစ်ဆင့် ပြန်အံထွက် လာသည့် ဘောလုံးအား ရဲဇော်ထက်အောင် ကွင်းလယ်မှ အပြေးကန်သွင်းရန် ကြိုးပမ်းမှု ထိုင်း ကစားသမား နောက်မှ တားသဖြင့် အ၀ါကတ်ပြကာ ပြစ်ဒဏ်ဘော ကန်ခွင့် ရခဲ့သည်။ ယင်း ပြစ်ဒဏ်ဘောအား ကျော်ဇေယျာဝင်း တိုက်ရိုက် ကန်သွင်းခဲ့ သော်လည်း ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။

၈၄မိနစ်တွင် ထိုင်းအသင်း ညာတောင်ပံ ဘက်၌ ပြစ်ဒဏ်ဘော ရခဲ့သော်လည်း နောက်ခံလူများ ရှင်းထုတ် နိုင်ခဲ့သည်။ ၈၅မိနစ်တွင် ဘယ်တောင်ပံမှ ကန်တင် ပေးမှုကိုလည်း ခေါင်းတိုက် ဖျက်ထုတ် နိုင်ခဲ့ကာ နိုင်လင်းဦးအား ကစားပုံ ကြမ်းသည့် ထိုင်းကစားသမား အ၀ါကတ် ပြခံခဲ့ရသည်။ ၈၆မိနစ်တွင် ထိုင်းကစားသမား လူပေးမှားရာမှ မြန်မာ ကွင်းလယ်မှ နန္ဒလင်းကျော်ချစ် အပြင်းကန်ရာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ယင်းထောင့်ကန်ဘောအား ကန်တင်ပေးရာ ထိုင်းကစားသမား ပြစ်ဒဏ် ကျူးလွန်၍ မြန်မာအသင်း ပင်နယ်တီ ထပ်ရခဲ့သည်။ ယင်းပင်နယ်တီအား ကျော်ကိုကိုက အမှားအယွင်း မရှိ ထပ်မံ ကန်သွင်းကာ မြန်မာတို့ ဦးဆောင်ခဲ့သည်။

၈၉မိနစ်တွင် သက်ပိုင်ဦး ညာတောင်ပံမှ ထိုးဖောက်မှုအား ထိုင်း နံပါတ် ၄ အဖျက်ကြမ်းရာ ကွင်းလယ်ဒိုင်က ၂၀ါ၁နီဖြင့် ထုတ်ပယ်ခဲ့သည်။ မိနစ် ၉၀ပြည့်၍ နာကျင် အချိန်ပို ၅မိနစ် သတ်မှတ်ပေးခဲ့ကာ ပထမဆုံး မိနစ်တွင် ထိုင်းအသင်း ပြစ်ဒဏ်ဘော ရရှိရာမှ ဧရိယာအတွင်း သက်ပိုင်ဥိး ကစားပုံ ကြမ်း၍ တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ် ခံခဲ့ရသည်။ သို့သော် ဒိုင်ဖြစ်သူက ပင်နယ်တီ သတ်မှတ်ခြင်း မရှိဘဲ ပြစ်ဒဏ်ဘောကိုသာ ပြန်ကန်စေခဲ့သည်။

နာကျင် အချိန်ပိုတွင် မြန်မာအသင်း တန်ပြန် ထိုးဖောက်ရာမှ နန္ဒလင်းကျော်ချစ် ဖြတ်တင် ပေးမှုအား ကျော်ကိုကို အသာပိတ်သွင်းကာ ၎င်း၏ ဟက်ထရစ်ဂိုးအား သွင်းယူပြီး ၃-၁ဂိုးဖြင့် ထိုင်းအား အနိုင်ရရှိခဲ့သည်။ 
www.thithtoolwin.com/2012/06/blog-post_7647.html

7 Jun 2012

ယူရို ၂၀၁၂ အုပ် စု (A) ပွဲ ကြို သ တင်း များ



ဥရောပဖလား ယူရို ၂၀၁၂ အုပ်စု (A)  မှာ -
၁။ ချက်
၂။ ဂရိ
၃။ ပိုလန် (အိမ်ရှင်)
၎။ ရုရှား အသင်းတို့ ပါဝင်လာပြီး တဖက်အုပ်စုတွေနဲ့ ယှဉ်ရင် အုပ်စုချောင်တယ်လို့ ပြောရမှာပါ။ ဖလားရဖို့ ရေပန်းစားနေတဲ့ အသင်းတွေ မပါပေမယ့် ၄ သင်းစလုံး ခြေညီနေသလို အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတွေ ဖြစ်နေပြန်ပါတယ်။ ဇွန်လ (၈) ရက်နေ့မှာ အဖွင့်ပွဲစဉ်အဖြစ် ပူးတွဲအိမ်ရှင် ပိုလန်နဲ့ ဂရိအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ရုရှားနဲ့ ချက်အသင်းက ဒုတိယပွဲစဉ်အဖြစ် ကစားကြမှာ ဖြစ်ပါတယ်။
ချက်
(ဂိုး) – ပီတာချက်၊ လက်စတုဗ်ကာ၊ ဒရော့နီ
နောက်တန်း -  ဂဲဗီရီ ဆီလာဆီ၊ ကာဒက်၊ ဆူချီ၊ ဟူပ်နစ်၊ ဆီဗော့်၊ ဟူဗ့်စ်မန်း
အလယ်တန်း – လင်ဘာစကီ၊ ရော့ဆစ်စကီး၊ ပါ့ဇယ်လာ၊ ရက်တိုရယ်၊ ပလာဆယ်၊ ကိုလာ၊ ဂျီရာဆက်၊ ဒါရီဒါ
ရှေ့တန်း -  နီစစ်၊ ရီဇက်၊ ပီလာ၊ ဘာရော့စ်၊ ပက်ဟက်၊ လာဖာတာ
ချက်အသင်းဟာ ဥရောပပွဲတွေမှာ ခြေစွာတဲ့အသင်းဖြစ်သလို ၂၀၀၆ ကမ္ဘာ့ဖလားတုန်းကလည်း ပရိသတ် အံ့အားသင့်လောက်အောင် ရော့ဆစ်စကီး၊ ဘာရော့စ်တို့က ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ယခု ၂၀၁၂ မှာတော့ ကစားသမားသစ်တွေ တော်တော်များများ ပါလာပြီး လူဟောင်းထဲက ဂိုးသမား ပီတာချက်၊ ဂျီရာဆက်၊ ရော့ဆစ်စကီး နဲ့ ဘာရော့စ်တို့သာ ပါလာပြီး လူငယ်ခြေတက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ချက်အသင်းမှာ နည်းပြ ဘိုင်လက်ခ်နဲ့အတူ အထွေထွေ မန်နေဂျာအဖြစ် ပါလာတဲ့ လစ်ဗာပူး ကစားသမားဟောင်း စမစ်ဆာကတော့ ယခု မျိုးဆက်ဟာ ချက်နိုင်ငံရဲ့ ဂုဏ်ဆောင်ဖို့ အကောင်းအဆုံး အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။
ဂရိ
(ဂိုး) – ချာကီယက်စ်၊ ရှောဗက်စ်၊ ဆီဖာကစ်
နောက်တန်း – မာနီယာတစ်၊ ရှာဗီလက်စ်၊ မာလီဇက်၊ ပါပါဒီပိုလော့စ်၊ တိုရိုဆီဒစ်၊ ပါပက်စ်
အလယ်တန်း – မာကော့စ်၊ ကာရာဂူးနစ်၊ ဖိုတာကစ်၊ နီနစ်၊ ဟိုလီဘက်၊ ကတ်ဆိုရာနစ်၊ ဖက်ဖက်ဆီဒစ်
ရှေ့တန်း – ဆာမာရက်စ်၊ လစ်ဗာရိုပိုလောစ့်၊ မစ်တရိုလော့၊ ဆယ်ပင်ဒစ်၊ ဂီကစ်စ်၊ ဖောတူနစ်
၂၀၀၄ ခုနစ်က ဥရောပ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂရိဟာ အခုလက်ရှိအချိန်မှာတော့ ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ် ကိုင်တွယ်နေပြီး ဒီနှစ်မှာလည်း ကစားသမားတွေရဲ့ အနေအထားအရ ရေပန်းစားတဲ့အသင်း မဟုတ်ပါဘူး ။ ဒါပေမယ့် ၂၀၀၄ ခုနစ်တုန်းက ဂျာမန်နည်းပြ အော်တို ရီဟေဂယ်ရဲ့ လက်အောက် ပြိုင်ဘက်တိုင်းကို နောက်တန်းမှာ စုစည်းမှုကောင်းစွာဖြင့် ပိတ်ကစားခဲ့ပြီး အသင်းကြီးတွေဖြစ်တဲ့ ပေါ်တူဂီ၊ ပြင်သစ် စတဲ့ အသင်းတွေကို နောက်ကောက်ချဖူးတဲ့ အစဉ်အလာရှိပါတယ်။ ပရီးမီးယားလိဂ် ပရိသတ်ကတော့ ဂရိ တိုက်စစ်မှူး ဆာမာရက်စ် ကို ရင်းနှီးဖူးပြီးဖြစ်သလို ၂၀၀၄ ခုနစ်တုန်းက ပါဝင်ခဲ့တဲ့ ကာရာဂူးနစ်ရဲ့ ဦးဆောင်မှုနဲ့  ဂရိအသင်းဟာ မထင်မှတ်တာတွေ လုပ်ပြဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။
ပိုလန်
(ဂိုး) – ရှက်ဇနီ၊ ဆန်ဒိုမီရာစကီး၊ တိုင်တွန်
နောက်တန်း  – ဘော့စနစ်၊ ဝေါ့ကိုဝိတ်၊ ကာမင်စကီး၊ ၀ါဆယ်လူးစကီး၊ ဝေါဇနိတ်၊ ပါကွစ်
အလယ်တန်း – မာတူချက်၊ ပိုလန်စကီး၊ ရိုင်ဘက်စ်၊ အိုဘရာနစ်၊ မူရာစကီး၊ ဘလက်စ်ကိုစကီး၊
မီရာဂျူးစကီး၊ ဝေါ့စကီး
ရှေ့တန်း – လီဝန်ဒိုစကီး ၊ ဆိုဗစ် ၊ ပစ်စညက် ၊ ဂရော့စကီး ၊ ဘရိုဇက်
ပူးတွဲ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ပိုလန်အသင်းဟာ ပြိုင်ပွဲအကြို ခြေစမ်းပွဲမှာ အန်ဒိုရာအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရထားသလို  ခြေစွမ်းမာကြောင်း ချစ်ကြည်ရေးပွဲတွေမှာ ပြသထားပါတယ်။ ၂၀၁၁ ဇွန်လမှာ အာဂျင်တီးနားအသင်းနဲ့ ခြေစမ်းခဲ့ရာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိထားသလို စက်တင်ဘာမှာ ဂျာမနီအသင်းနဲ့ ခြေစမ်းပွဲမှာလည်း ၂-၂ ဂိုးနဲ့ ဂျာမနီအသင်းကို သူတင်ကိုယ်တင် ကစားပြီး ခြေစွမ်းပြထားနိုင်ပါတယ်။ ယခုပြိုင်ပွဲမှာ အိမ်ကွင်းဖြစ်တာကြောင့် ပိုလန်အသင်းဟာ ပိုမို ကောင်းမွန်လာဖွယ်ရာရှိပြီး အာဆင်နယ် ဂိုးသမား ရှက်ဇနီ၊ ရှေ့တန်းက ဂျာမနီကလပ် ဘရော့ရှား ဒေါ့မွန်မှာ ကစားနေတဲ့ လီဝန်ဒိုစကီးနဲ့  ပစ်စညက်ဟာ စောင့်ကြည့်ရမယ့် ကစားသမားတွေအဖြစ် ဘောလုံးကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။
ရုရှား
(ဂိုး) အကင်ဗီးဗ်၊ ရှနင်၊ မာလာဗီဗ်
နောက်တန်း – အန်ယူကော့ဗ်၊ ရှာရာနော့ဗ်၊ အစ်နစ်ရှ်ဗစ်၊ ဘီရက်ဇက်စကီး၊ ဂရာနက်၊ နာဘက်ကင်
အလယ်တန်း – ရှာကော့ဗ်၊ ရှီရိုနော့ဗ်၊ ဒန်နီဆော့ဗ်၊ ဇီရီနောဗ့်၊ အစ်စမယ်လဗ်၊ အာရှာဗင်၊ ကွန်ဗာရုဗ့်၊ ဂျာဂိုဗ့်၊ ဂလူရှာကော့ဗ်၊ ဆမ်ရှောဗ့်
ရှေ့တန်း – ကာဇာကောဗ့်၊ ပက်ဗလူချင်ကို၊ ကိုကိုရင်၊ ပိုဂရက်ညက်
ဟော်လန်နည်းပြ အက်ဗိုကတ် ကိုင်တွယ်နေတဲ့ ရုရှားအသင်းဟာ နည်းစနစ်ပိုင်းအရ ကောင်းမွန်တဲ့အသင်းဖြစ်ပြီး ကစားသမား အင်အားကလည်း တဖက်အသင်းကြီးတွေကို ကောင်းကောင်း ယှဉ်ကစားနိုင်တဲ့အဆင့်မှာ ရှိပါတယ်။ ဆိုဗီယက်နိုင်ငံအနေ နဲ့  ဥရောပမှာ ထင်ရှားခဲ့ဖူးတဲ့ ရုရှားအသင်းဟာ ၁၉၆၀ တုန်းက ဖလားရယူဖူးထားသလို၊ ၁၉၆၄၊ ၁၉၇၂၊ ၁၉၈၈ နှစ်တွေမှာ ဖိုင်နယ်အထိတက်ရောက်ပြီး ဒုတိယအဆင့်နဲ့ ကျေနပ်ခဲ့ရဖူးပါတယ်။ ယခု ရုရှားအသင်းမှာ ပရီးမီယားလိဂ်မှာ ကစားနေတဲ့ ပက်ဗလူချင်ကို၊ ပိုဂရက်ညက်တို့ ပါဝင်သလို အတွေ့အကြုံရင့် ကစာသမားတွေဖြစ်တဲ့ အာဆင်နယ် ကစားသမားဟောင်း အာရှာဗင်၊ ချယ်လ်ဆီး ကစားသမားဟောင်း ဇာကော့ဗ်လည်း ပါဝင်လာပါတယ်။ ရှေ့တန်းမှာ လူအင်အားများတဲ့ ရုရှားအသင်း ဘယ်လိုတိုက်စစ်အတွဲနဲ့ ပွဲထွက်လာမယ်ဆိုတာ စိတ်ဝင်စားစရာပါ။
အုပ်စု (A) ပွဲစဉ်အချိန်ဇယား
ဇွန်လ ၈ ရက်၊ သောကြာနေ့ 
ပိုလန် – ဂရိ
ရုရှား – ချက်
ဇွန်လ ၁၂ ရက်၊ အင်္ဂါနေ့ 
ဂရိ – ချက်
ပိုလန် – ရုရှား
ဇွန်လ ၁၆ ရက်၊ စနေနေ့ 
ချက် – ပိုလန်
ဂရိ – ရုရှား 
burma.irrawaddy.org/archives/11445

5 May 2012

အာ ဆင် နယ်နှင့် ဆုဖ လားများ ရ ယူ ရန် ပစ်မှတ် ထားနေသည့် ပိုဒေါလ် စကီး

podolskiအာဆင်နယ် အသင်း၏ တိုက်စစ်မှူးသစ် ဖြစ်လာမည့် ပိုဒေါလ်စကီးမှ နည်းပြ၀င်းဂါး၏ လက်အောက်တွင် ကစားရမည့် အတွက် အသင်းပြောင်းရွှေ့ခြင်း ဖြစ်သော်လည်းသူ၏ အဓိကရည်ရွယ်ချက်မှာပရီးမီးယားလိဂ် ဆုဖလားများရယူရန် ဖြစ်သည်ဟုဖွင့်ဟခဲ့သည်။ ယခုအပတ် အစောပိုင်းကအာဆင်နယ်သို့ ပြောင်းရွှေ့ရန် သဘောတူခဲ့သော်လည်းပိုဒေါလ်စကီးမှာယူရိုပြိုင်ပွဲ ပြီးမှသာအာဆင်နယ် အသင်းနှင့် လာရောက် ပူးပေါင်းမည် ဖြစ်သည်။ သူ၏ လက်ရှိအသင်းကိုလုံးအားဘွန်းဒက်စ်လီဂါမှ တန်းမဆင်းရရန် ကူညီနေရသည့် ပိုဒေါလ်စကီးသည် အာဆင်နယ် အသင်းသို့ ရောက်ရှိခဲ့ပါကဆုဖလားတစ်လုံးတည်းနှင့် ကျေနပ်မည် မဟုတ်ကြောင်းပြောဆိုခဲ့သည်။ “နောက်နှစ်မှာဂိုးတွေကဖလားရဖို့ ဖြစ်လာမှာပါ။ အင်္ဂလိပ်လိဂ်ကအရမ်းကောင်းပါတယ်။ ပြိုင်ဆိုင်မှုကလည်းအရမ်း ပြင်းထန်ပြီးဖလားကိုစိန်ခေါ်နိုင်တဲ့ အသင်းက နှစ်တိုင်း ၆သင်း ၇သင်း ရှိပါတယ်”ဟုပိုဒေါလ်စကီးမှ ပြောကြားခဲ့သည်။ 
www.yoyarlay.com

4 May 2012

မန်စီး တီး ကို အနိုင် ရရှိ ရန် နည်း လမ်းမျိုး စုံ သုံးမည်ဟု ဆစ်စီ ကြုံး ၀ါး

p.cisseနယူးကာဆယ် တိုက်စစ်မှူး ဆစ်စီမှ ချယ်လ်ဆီး အသင်းကို အနိုင်ရရှိခဲ့သည့် ယုံကြည်မှု အပြည့်ဖြင့် မန်စီးတီး အသင်းနှင့် ရင်ဆိုင်ကစားမည်ဟု ကြုံးဝါးပြောဆို ခဲ့သည်။ ချန်ပီယံလိဂ် ၀င်ခွင့် ရရှိရန် အတွက် တိုင်ပွဲဝင်နေသည့် နယူးကာဆယ် အသင်းမှာ လာမည့် တနင်္ဂနွေနေ့တွင် မန်စီးတီး အသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်ကာ ဆစ်စီနှင့် သူ၏ အသင်းဖော်များမှ အနိုင် ရရှိရန် အတွက် နည်းလမ်းမျိုးစုံ အသုံးပြု၍ တိုက်ပွဲဝင်သွားရန် ရှိနေကြောင်း ဆစ်စီ၏ ပြောဆိုချက် အရ သိရသည်။ ဆစ်စီမှ “လွယ်မှတော့ မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ယုံကြည်ချက် အပြည့်ရှိပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ရှိပါတယ် ဒါက အရေးအကြီးဆုံး အချက်ပါ။ ချန်ပီယံလိဂ်မှာ ပြိုင်ခွင့်ရမယ်လို့လဲ ကျွန်တော်တို့ ယုံကြည်နေသိလို ဖြစ်လာဖို့လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု ဆစ်စီမှ ပြောဆိုခဲ့သည်။ 
www.yoyarlay.com/sport/sport/football/25747-2012-05-04-08-39-3

26 Apr 2012

မန်ချီနီ - ဘာပဲဖြစ်ဖြစ် ဒီရာသီမှာ အောင်မြင်ပါတယ်


မန်ချီနီ - ဘာပဲဖြစ်ဖြစ် ဒီရာသီမှာ အောင်မြင်ပါတယ်
မန်ယူ အသင်းနှင့် ကစားရမည့် ဒါဘီပွဲစဉ်တွင် မည်သို့သော ရလဒ် ထွက်ပေါ်လာပါစေ ယခုနှစ် ရာသီတွင် အောင်မြင်မှုများ ရရှိခဲ့ပြီဟု မန်စီးတီး နည်းပြ မန်ချီနီမှပြောဆိုခဲ့သည်။ မန်စီးတီး အသင်း ပိုင်ရှင်ရှိတ်မန်ဆော်မှ ရာသီ ပိတ် ပွဲစဉ် (၃) ပွဲတွင် ရလဒ်ဆိုးများ ရရှိခဲ့လျှင်လည်း အသင်းအနေဖြင့် ယခုနှစ် ရာသီမှာအောင်မြင်သော ရာသီဖြစ်သည် ဟုပြောဆိုခဲ့ခြင်း အပေါ် မန်ချီ နီမှထောက်ခံပြောဆို ခဲ့ခြင်းလည်းဖြစ်သည်။ ယခုလို ထုတ်ဖော်ပြောဆိုခဲ့သည့် ရှိတ်မန်ဆော်၏ သဘောထားနှင့် ပတ်သက်ပြီး မန်ချီနီမှ ပျော်ရွှင်ကျေ နပ် နေကြောင်း သိရသည်။
မန်ချီနီမှ "ကျွန်တော်တို့ ရောက်နေတဲ့ နေရာ အတွက် ကျွန်တော်တို့ ပျော်ရွှင်ကျေ နပ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ရခဲ့တဲ့ ရမှတ်ထက် ခု (၁၀) မှတ်ပိုရနေ ပါပြီးခုရာသီကို ကောင်းကောင်းမွန်မွန် ပိတ် သိမ်းနိုင် မှာဖြစ်တဲ့ အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်" ဟု သူ၏ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့သည်။ 
www.yoyarlay.com

25 Apr 2012

မြန်မာတွေ ဂေါက်ရိုက်နိုင်တော့မည်


မြန်မာပြည် တံခါးဖွင့်ပြီး စီးပွားရေးကောင်းလာလျှင် ဂေါက်သီးရိုက်နိုင်ကြမည်ဟု မျှော်လင့်ကြောင်း မြန်မာ့ဂေါက်သီး ချန်ပီယံဟောင်း ဦးကြည်လှဟန်က ပြောဆိုလိုက်သည်။
အာရှပွဲတွေမှာ လက်စွမ်းပြနေဆဲ ဦးဇော်မိုး (ဓာတ်ပုံ - Getty Images)
၁၉၈၀ ဝန်းကျင်က ကမ္ဘာ့ဖလားနှင့် ဒေသတွင်းပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ပါဝင်ကစားခဲ့သူလည်းဖြစ်၊ ယခုအခါ အပြည်ပြည်ဆိုင်ရာ ပီဂျီအေ ဂေါက်ရိုက်ပြိုင်ပွဲများ အဖွဲ့ချုပ် (International Federation of PGA Tours) မှ အာရှတိုက်တွင် တဖွဲ့တည်း အသိအမှတ်ပြုခံထားရသော Asian Tour အာရှပြိုင်ပွဲများအဖွဲ့ အထူးဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူနေသူ ဦးကြည်လှဟန်က AFP သတင်းတပုဒ်တွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
“မြန်မာပြည်မှာ ဂေါက်ရိုက်တာ ပေါ်ပြူလာ ဘယ်လောက်ဖြစ်သလဲဆိုတာ လူတွေက မသိကြဘူး။ မြန်မာပြည်မှာ ဂေါက်ရိုက်တာ အဖွဲ့တွေ ဘာတွေ ဝင်စရာမလိုဘူး။ စကော့တလန်တို့၊ ဩစတြေးလျတို့လိုပဲ၊ ဂေါက်ကွင်းလာပြီး တန်းရိုက်ပေတော့ပဲ” လို့ ဦးကြည်လှဟန်က ပြောပါတယ်။
ဦးကြည်လှဟန်က မြန်မာပြည်မှာ ဂေါက်ကွင်း ၈၀ ထက် မနည်းရှိကြောင်းနဲ့ မြန်မာတို့ ဂေါက်သီးရိုက်ခြင်းကို ဗြိတိသျှ ကိုလိုနီလက်ထက်မှ စတင်လာခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် ကစားလာခဲ့ကြောင်းလည်း ပြောဆိုသည်။ မြန်မာပြည် စီးပွားရေးပြန်ကောင်းလာပြီး လူလတ်တန်းစားများ ကြီးပွားလာပါက ဂေါက်ပြန်ရိုက်လိမ့်မည်ထင်ကြောင်း၊ ဂေါက်ရိုက်ရန် ဂေါက်ကွင်းများရှိပြီး လူတိုင်း အခပေးကာ ဝင်ရိုက်နိုင်ကြောင်းလည်း ပြောဆိုသည်။
ယခုအခါ ဂေါက်ရိုက်ကစားခြင်းကို စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားများကသာ အပျော်သဘော ရိုက်နိုင်ကြတော့သည်။  တချိန်ကမူ “မြအေး”၊ “ကြည်လှဟန်”၊ “ဇော်မိုး” စသည့် မြန်မာဂေါက်သမားများ နိုင်ငံတကာနှင့် ဒေသတွင်းရှိ ဂေါက်ပြိုင်ပွဲများတွင် ဝင်ရောက် လက်စွမ်းပြခဲ့ဖူးသည်။
ပြည်ပတွင် ဂေါက်သီးကစားခွင့် လိုချင်သောကြောင့် ၁၉၉၀ ခုတွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူ မြန်မာ့ချန်ပီယံဟောင်း ဦးဇော်မိုးကလည်း မျိုးဆက်သစ်များအတွက် အလားအလာကောင်းများမြင်ကြောင်း ပြောဆိုသည်။
“အချိန်ယူရလိမ့်ဦးမယ်။ အခုလောလောဆယ်တော့ နိုင်ငံရေးအပြောင်းအလဲပဲ ရှိသေးတယ်။ နောက် တဖြည်းဖြည်းနဲ့ အနည်ထိုင်လာတဲ့အခါ ဂေါက်သမားတွေ ပေါ်လာလိမ့်မယ်။ အခုကတည်းကကို ရှေ့မှာ အရမ်းကောင်းဖို့ တွေ့မြင်နေရပြီပဲ” ဟု ဦးဇော်မိုးက AFP ကို ပြောဆိုသည်။
မြန်မာကုမ္ပဏီများ စပွန်ဆာပေးထားသော Asian Tour ၏ မြန်မာအိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၃ သိန်းကို အနောက်နိုင်ငံ ပိတ်ဆို့မှုများ ရုတ်သိမ်းသွားပါက ဝင်လာမည့် နိုင်ငံတကာကုမ္ပဏီများက ပါဝင်လာလျှင် ပိုတိုးပေးနိုင်ရန် မျှော်လင့်ကြောင်း ဦးကြည်လှဟန်ကလည်း ပြောဆိုသည်။ 
burma.irrawaddy.org/archives/8888

20 Apr 2012

တင်းနစ်ပြိုင်ပွဲများတွင် ပြေတီဦး ဆုများဆွတ်ခူး



မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော CP အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် သရုပ်ဆောင် အကယ်ဒမီပြေတီဦးက အဖွဲ့လိုက်ပြိုင် ပွဲတွင် ပထမဆု ရရှိခဲ့သည်။
၎င်းသည် ထိုအဖွဲ့လိုက်ပြိုင်ပွဲအပြင် L’ opera Italian  Restaurant မှ စီစဉ်ကျင်းပသော အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင်လည်း ဒုတိယဆုကို ရရှိခဲ့သည်။
ယင်းပြိုင်ပွဲ ကျင်းပခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ရှိပြီ ဖြစ်သည်။ ထိုပြိုင်ပွဲတွင် ပြေတီဦးနှင့်အတူ မြန်မာနိုင်ငံမှ တင်းနစ်ဝါသနာရှင် များ၊ မြန်မာနိုင်ငံ တွင် ရောက်ရှိနေကြသည့် နိုင်ငံတကာမှ နိုင်ငံခြားသားများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြေတီဦးသည် ဧပြီ ၇ ရက်ကပြုလုပ်သော အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲတွင် တွမ်အဂ္ဂါတန်ကို အနိုင်ရရှိခဲ့ပြီး ဧပြီ ၈ ရက်တွင်ပြုလုပ်သော ဖိုင်နယ်ပွဲတွင် လက်ရှိချန်ပီယံ ဒိန်းမတ်နိုင်ငံသား မာတင်နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် နှစ်ဦးစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြေတီဦးသည် ဒုတိယ ဆုနှင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
ခိုင်ဝေလွင်
popularmyanmar.com/

10 Apr 2012

အောင်မြင်မှုကို ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့ မန်စီးတီးကစားသမား ဂျိမ်း မီနာ

အောင်မြင်မှုကို ငွေနဲ့ဝယ်လို့မရဘူးဆိုတဲ့ မန်စီးတီးကစားသမား ဂျိမ်း  မီနာ
ငွေကြေးသုံးဆွဲနိုင်မှုများနှင့် အောင်မြင်မှုရလာတဲ့မန်စီးတီးအသင်းသည် မကြာသေးမီအချိန်က ချန်ပီယံလိဂ်သရဖူ လမ်းကြောင်း ကနေ သွေဖီခဲ့သည် ။

မန်စီးတီးအလယ်တန်းကစားသမား မီနာကတော့ "နောက်ဆုံး အနှစ် ၂၀ အတွက် အောင်မြင်မှုအများဆုံးအသင်းမှာ မန်ယူအသင်းဖြစ်ပြီး ချန်ပီယံအတွက် အမြဲတမ်းပြိုင်ဆိုင်နေတဲ့အသင်းပါ... ဒီနှစ်က ကျွန်တော်တို့ ပထမဆုံး ထိပ်ဆုံးကို ရောက်လာတာပါ... ကျွန်တော်တို့မှာ ၀ယ်ယူထားတဲ့ ကစားသမားတွေရှိပါတယ်...အဲဒီအတွက်လည်း အချိန်ပေးဖို့လိုပါသေးတယ်...အသင်းတစ်သင်းဟာ အောင်မြင်မှုရဖို့ အချိန်တစ်ခုတော့ စောင့်ဆိုင်းထိန်း သိမ်းဖို့လိုပါတယ်..." ဟု ပြောကြားခဲ့သည် ။

မန်စီနီလက်အောက်တွင် စီးတီးအနေနှင့် ၂ နှစ်အတွင်းမှာ ၂၁၀ သန်း သုံးစွဲထားပြီး မနက်ဖြန်မှာ ၀က်စဘရွန်းနှင့် ရင်ဆိုင် ကစားရမည်ဖြစ်သည် ။

"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရရှိတာ မရတာထက် .. ကောင်းတဲ့အချက်တွေကို သင်ယူဖို့လိုပြီး မကောင်းတာတွေကို မေ့ထားလိုက်ဖို့ပဲ ဖြစ်ပါတယ်.." ဟု မီနာက ထပ်လောင်းပြောကြားခဲ့သည် ။
mutdfan.com/index.php/readmore/post/42149

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif