http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

5 May 2012

အာ ဆင် နယ်နှင့် ဆုဖ လားများ ရ ယူ ရန် ပစ်မှတ် ထားနေသည့် ပိုဒေါလ် စကီး

podolskiအာဆင်နယ် အသင်း၏ တိုက်စစ်မှူးသစ် ဖြစ်လာမည့် ပိုဒေါလ်စကီးမှ နည်းပြ၀င်းဂါး၏ လက်အောက်တွင် ကစားရမည့် အတွက် အသင်းပြောင်းရွှေ့ခြင်း ဖြစ်သော်လည်းသူ၏ အဓိကရည်ရွယ်ချက်မှာပရီးမီးယားလိဂ် ဆုဖလားများရယူရန် ဖြစ်သည်ဟုဖွင့်ဟခဲ့သည်။ ယခုအပတ် အစောပိုင်းကအာဆင်နယ်သို့ ပြောင်းရွှေ့ရန် သဘောတူခဲ့သော်လည်းပိုဒေါလ်စကီးမှာယူရိုပြိုင်ပွဲ ပြီးမှသာအာဆင်နယ် အသင်းနှင့် လာရောက် ပူးပေါင်းမည် ဖြစ်သည်။ သူ၏ လက်ရှိအသင်းကိုလုံးအားဘွန်းဒက်စ်လီဂါမှ တန်းမဆင်းရရန် ကူညီနေရသည့် ပိုဒေါလ်စကီးသည် အာဆင်နယ် အသင်းသို့ ရောက်ရှိခဲ့ပါကဆုဖလားတစ်လုံးတည်းနှင့် ကျေနပ်မည် မဟုတ်ကြောင်းပြောဆိုခဲ့သည်။ “နောက်နှစ်မှာဂိုးတွေကဖလားရဖို့ ဖြစ်လာမှာပါ။ အင်္ဂလိပ်လိဂ်ကအရမ်းကောင်းပါတယ်။ ပြိုင်ဆိုင်မှုကလည်းအရမ်း ပြင်းထန်ပြီးဖလားကိုစိန်ခေါ်နိုင်တဲ့ အသင်းက နှစ်တိုင်း ၆သင်း ၇သင်း ရှိပါတယ်”ဟုပိုဒေါလ်စကီးမှ ပြောကြားခဲ့သည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif