http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label ကွန်ပျူတာ. Show all posts
Showing posts with label ကွန်ပျူတာ. Show all posts

24 Mar 2012

Power Supply ကောင်း မကောင်း စမ်းသပ်နည်း

ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Power Supply Unit (PSU) ဟာ စက်ဖွင့်လိုက်တာနဲ့ စတင်အလုပ်လုပ်ပြီး Motherboard နဲ့ တခြား Component တွေဆီ လိုအပ်မယ့် ဒီစီဗို့အားတွေကို ထုတ်လုပ်ပေး ပါတယ်။
ကွန်ပျူတာဖွင့်လိုက်တာနဲ့ ပါဝါမရောက်တော့ဘူးဆိုရင် Power Supply နဲ့ Power Source တစ်ခုခုက ပြဿနာဖြစ်နေပြီဆိုတာ အကြမ်းအားဖြင့် တွက်ဆနိုင်ပါတယ်။
ဒါကြောင့် Power Supply အလုပ် လုပ်-မလုပ်ဆိုတာ အလွယ်တကူ စမ်းသပ်နိုင်မယ့်နည်းကို အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။
စမ်းသပ်ဖို့အရင်ဆုံး မီးကိုပိတ်ပြီး စိတ်ချရအောင် မီးကြိုးကို ပလတ်ပေါက်ကနေ ဖြုတ်ထားပါ။
Power Supply ကနေ Motherboard နဲ့ တခြား Component တွေမှာ တပ်ထားတဲ့ ပါဝါ Connector တွေကို ဖြုတ်ပြီး Casing ကနေ Power Supply ကို ဖြုတ်ထုတ်ပါ။
စမ်းသပ်ဖို့ စက္ကူညှပ်ကလစ် (သို့) လေးလက်မခန့် မီးကြိုးအသေးလိုအပ်ပါတယ်။ နောက်တစ်ခုက Power အထွက်ရှိ-မရှိ စမ်းသပ်ဖို့ ကွန်ပျူတာမှာ သုံးတဲ့ Fan (သို့) CDROM တစ်ခုခုလိုအပ်ပါတယ်။
အရင်ဆုံး စက္ကူညှပ်ကလစ်ကို ဆန့်ထုတ်ပြီး (U) ပုံသဏ္ဌာန်ဖြစ်အောင် ကောက်ထားပါ။
Power Supply ရဲ့ 24 Pin (သို့) 20 Pin Connector မှာ အစိမ်းရောင်ကြိုး (Green Wire) ကိုရှာပါ။
အစိမ်းရောင်ကြိုးကိုတွေ့ရင် ကလစ်ရဲ့ တစ်ဖက်စွန်းကို အစိမ်းရောင်ကြိုးရှိတဲ့ အပေါက်မှာ ထိုးထည့်ပါ။
ပြီးရင် အစိမ်းရောင်ကြိုးနဲ့ ကပ်လျက်ရှိတဲ့ အနက်ရောင်ကြိုး (Black Wire) ကို ရှာပါ။
အနက်ရောင်ကြိုး တော်တော်များများကိုတွေ့ပါလိမ့်မယ်။
နီးစပ်ရာအနက်ရောင်ကြိုး အပေါက်ကို ကျန်တဲ့ ကလစ်ရဲ့ အစွန်းတစ်ဖက်ထိုးထည့်ပါ။
စက္ကူညှပ်ကလစ်ကို တခြား ပစ္စည်းတွေနဲ့ မထိအောင် သတိထားပါ။
Fan (သို့) CDROM တစ်ခုခုကို Power Supply ရဲ့ ပါဝါ Connector နဲ့ ချိတ်ဆက်ပါ။
ဒါဆိုရင် စမ်းသပ်ဖို့ အသင့်ဖြစ်သွားပါပြီ။
Power Cable ကို မီးပလတ်မှာတပ်ပြီး မီးဖွင့်လိုက်တာနဲ့ PSU က စတင်အလုပ်လုပ်ပြီး တပ်ထားတဲ့ Fan ဒါမှမဟုတ် CDROM တွေ ဆက်လက်အလုပ်လုပ်တာကို တွေ့ရပါလိမ့်မယ်။
ဒါဆို Power Supply ဟာ အကြမ်းအားဖြင့် အလုပ်လုပ် သေးတယ်ဆိုတာ သိနိုင်ပါတယ်။
Power ON လိုက်တာနဲ့ Fan တို့ CDROM တို့ အလုပ်မလုပ်ဘူးဆိုရင် Power Supply ဟာ အထွက်ဗို့အား မထုတ်တော့ဘူးဆိုတာ သိရှိနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။      http://myanmar.mmtimes.com/2012

23 Mar 2012

Core i3, DDR3 ထက်နိမ့်သော ကွန်ပျူတာ မဝယ်သင့်

ကွန်ပျူတာ အသစ် ဝယ်ယူလိုသူများ အနေဖြင့် Core i3, DDR3 ထက် နိမ့်သော ကွန်ပျူတာ များအား မဝယ်ယူ သင့်ကြောင်း Hardware ပိုင်း ကျွမ်းကျင်သူ ပညာရှင် များက အကြံပြုထားသည်။
Intel ကုမ္ပဏီအနေဖြင့် Tick- Tock ပုံစံဖြင့် CPU နည်းပညာအဆင့် မြှင့်တင်မှု များကို နှစ်စဉ်ပြုလုပ်လာ လျက်ရှိရာ လက်ရှိတွင် Core i နည်းပညာ အခြေပြု CPU များကို ထုတ် လုပ်လျက်ရှိသည်။
Core i CPU များ သည် ယခင်က ထွက်ရှိပြီး CPU များထက် လျင်မြန်မှုပိုမိုပြီး နည်းပညာပိုင်း တည်ဆောက်မှုအရ မှတ်ဉာဏ် ထိန်းချုပ်မှု Memory Controller ကို CPU အတွင်း ထည့်သွင်းတည် ဆောက်ထားသဖြင့် ၄င်းနှင့် တွဲဖက် အသုံးပြု ရသည့် RAM အမျိုးအစား သတ်သတ်မှတ်မှတ် ရှိလာ ခဲ့ကြောင်း သိရသည်။
နောက်ဆုံးပေါ် နည်းပညာ လိုအပ်ချက် များအရ Core i CPU များ သည် DDR 3 RAM Module များ ဖြင့်သာ တွဲဖက် သုံးစွဲနိုင်စွမ်း ရှိကြောင်း သိရသည်။ ယခင် Core 2 နည်းပညာ CPU များဖြင့် တွဲဖက် အသုံးပြုခဲ့သည့် DDR 2 Memory Module များမှာ ပြည်တွင်း ဈေးကွက် အတွင်း၌ အပို ပစ္စည်း နည်းပါးလာခြင်း၊ အဆင့်မြှင့် တင်မှု Upgrade ပြုလုပ်မည် ဆိုပါက မဖြစ်နိုင်တော့ သလောက် ကန့်သတ် ချက်များရှိလာခြင်း အစရှိသည့် အချက်များကြောင့် Core i နည်းပညာ သုံး ကွန်ပျူတာ များကိုသာ ဝယ်ယူ ကြရန် အကြံပြုထားသည်။             http://www.yoyarlay.com

11 Mar 2012

iPad 2 ထက်သုံးဆပိုမြန်ပြီး HD တီဗွီများထက် ရုပ်ထွက်ပိုကောင်းသော iPad တတိယမျိုးဆက် ထုတ်ဖော်ပြသ

အက်ပဲလ်ကုမ္ပဏီသည် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာသော သင်ပုန်းကွန်ပျူတာ iPad တတိယမျိုးဆက်ကို မတ်လ ၇ ရက်နေ့တွင် ထုတ်ဖော်ပြသခဲ့သည်။
iPad 2 ထက်သုံးဆပိုမြန်ပြီး ဈေးကွက်တွင်းရှိ High Definition တီဗွီများထက် ရုပ်ထွက်ပိုကောင်းသော iPad တတိယမျိုးဆက်ကို အက်ပဲလ်စီအီးအို တင်ကွတ်ခ်က မိတ်ဆက်ပြသခဲ့သည်။
မထွက်ရှိမီက ခန့်မှန်းထားသည့် အမည်ဖြစ်သော iPad 3 နှင့် iPad HD ဆိုသော အမည်များကို သုံးစွဲခေါ်ဝေါ်သွားခဲ့ခြင်းမရှိဘဲ  iPad အသစ်ဟုသာ သုံးနှုန်းသွားခဲ့သည်။ iPad အသစ်တွင် ကင်မရာကိုလည်း အဆင့်မြှင့် ထားခဲ့ပြီး ၅ မီ ဂါပစ်ဇယ်လ်အထိ ရှိလာခဲ့သည်။ ဆက်သွယ်မှု ကွန်ရက်ပိုင်းဆိုင်ရာ အဆင့်မြှင့်သည့်အနေဖြင့် 4G ကွန်ရက်စနစ်သုံးနိုင်သော ဗားရှင်းကိုပါ ထုတ်လုပ်ခဲ့သည်။ WiFi သီးသန့်ဗားရှင်းမှာ ယခင် iPad များ ဈေးနှုန်းအတိုင်း သိုမှီးနိုင်မှု ၁၆ ဂီဂါဘိုက်ရှိသည့် အမျိုးအစားကို အမေရိကန်ဒေါ်လာ ၄၉၉ ဒေါ်လာဖြင့် စရောင်းမည်ဖြစ်ပြီး ၃၂ ဂီဂါ ဘိုက်၊ ၆၄ ဂီဂါဘိုက်များမှာ ဒေါ်လာတစ်ရာစီ ဈေးပိုကြီးသွားမည်ဖြစ်သည်။ 4G စနစ်ပါ အမျိုးအစားများမှာမူ ၆၂၉ ဒေါ်လာ က စမည် ဖြစ်သည်။
ချစ်ပ်ပြားမှာ A5x quad-core ကိုသုံးထားပြီး ကျန်သင်ပုန်းကွန်ပျူတာများထက် သိသိသာသာ စွမ်းဆောင်ရည် မြင့်သွားမည်ဖြစ်သည်။
ဘက်ထရီမှာမူ ယခင် iPad များအတိုင်း ၁၀ နာရီ အသုံးခံမည်ဖြစ်ကာ အထူမှာမူ iPad 2 ထက် မီလီမီတာအနည်းငယ်မျှ ပိုထူသွားမည်ဖြစ်ပြီး ၉ ဒသမ ၄ မီလီမီတာမျှ ရှိမည်ဖြစ်သည်။
iPad,iPhone,iPod များတွင် သုံးသော မောင်းနှင်လည်ပတ်မှုစနစ်ကိုလည်း ဗားရှင်းမြှင့်ခဲ့ပြီး ၅.၁ ဖြစ်လာခဲ့ပြီဖြစ်သည်။                        http://www.news-eleven.com

7 Mar 2012

Cyberwidows (ကွန်ပျူတာမုဆိုးမများ)

စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုးရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ပိုပြီးသိမ့်မွေ့ပါတယ် ။ Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမဆုံး လက္ခဏာ တွေကတော့ …


၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။
၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။
၃ ။ ကိုယ်ပတ်ဝန်းကျင်ကလူမှုရေး ကိစ္စ တွေကိုလျစ်လျူရှုထားမယ် ။ ဥပမာ မိဘညီိကိုမောင်နှမတွေ ဘာတွေပဲပြောနေပါစေ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့ ။
၎ ။ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဂရုမစိုက်တော့ပဲ ဖြစ်သလိုနေထိုင်လာမယ် ။
၅။ ကိုယ့်မေးဘောက်စ်ထဲမှာ မေးလ်ဝင်မလာသေးသည့်တိုင်အောင် ဝင်လာမဲ့မေးလ်ကို စောင့်နေလိမ့်မယ်။
၆ ။ Roll Playing Game တွေကို ကစားရင်း အွန်လိုင်းမှာ ရန်ဖြစ်ဖူးတဲ့ လူတွေကို အပြင်မှာ တကယ့်ရန်သူအဖြစ် ထင်မြင်လာမယ် ။
စတဲ့ အချက်တွေ ဖြစ်လာပီဆိုရင် အဲဒီလူတစ်ယောက်ဟာ Netaholic ဖြစ်လာနိုင်မဲ့အလားအလာပါပဲ ။ နောက်ပိုင်းမှာ ဒီထက်ဆိုးဝါလာရင်တော့ အင်တာနက်သာပထမ ၊ အင်တာနက်သာ ဒုတိယ ဖြစ်လာပြီး အင်တာနက်မရှိရင် အသက်မရှင်ချင်တော့ဘူး အထိဖြစ်လာနိုင်ပါတယ် ။
Cyberwidows (ကွန်ပျူတာမုဆိုးမများ)

Cyberwidows သို့မဟုတ် Computer widows ဆိုတာကတော့ ကိုယ်ရဲ့ အိမ်ထောင်ဖက် (ယောကျာ်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ်) က Netaholic တစ်ယောက်ဖြစ်နေ ပီး NetGame တွေဆော့လိုက် ၊ နက်ထဲက Information တွေအငမ်းမရရှာဖွေလိုက် ၊အင်တာနက်ထဲက ကိုယ်နဲ့ မသိဖူး တဲ့ လူပေါင်းများစွာနဲ့ ချက်တင် တက် စကားပြောရင်း အချိန်တွေကုန် မိသားစု အတွက် ၊ ကိုယ့်သားသမီးတွေ အတွက် ဘာမှစိတ်မဝင်စားနိုင်တော့အတွက် အိမ်ထောင်ရဲ့ဒုက္ခ သုက္ခ တွေကို ရင်စီး ခံကြရရှာတဲ့ အိမ်ထောင်ရှင်များကို ခေါ် တာပါ ။ သိပ္ပံပညာရှင်တွေ ၊ စိတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ အင်တာနက်စွဲလမ်းမှု ပြသနာဟာ နောက်အနာဂါတ်မှာ စိတ်ရောဂါတွေထဲမှာ နံပါတ် ၁ အနေအထား ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့်ဖွင့်ဖြိုးပီး နိုင်ငံ များမှာတော့ Netaholic နဲ့ Cyberwidows ပြသနာများကိုဖြေရှင်းနိုင်ဖို့ Online Cilinic တွေ ဖွင့်လှစ်လာကြပါတယ် ။အင်တာနက်နဲ့ပက်သက်ပီး စိတ်ရောဂါဖြစ်နေတဲ့လူတွေကို အွန်လိုင်းဒေါက်တာတွေနဲ့ပဲ ကုနိုင်မယ်ဆိုတဲ့ အတွေးခေါ်နဲ့ပါ ။ ကျွန်တော် တို့ ဆီမှာ ဒီပြသနာတွေ ထင်ထင်ရှားရှား လူသိမများသေးပေမဲ့ အင်တာနက်စွဲလမ်းသူ များလာတာနဲ့အမျှ ပက်သက်ဆက်နွှယ်ရာ ပတ်ဝန်းကျင်ကိုပါ ဒုက္ခတွေများလာနိုင်တာကြောင့် ညောင်သီးလည်းစား လေးသံလည်းနားထောင်ရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ …………..။ ( ကိုရုပ်ဆိုး သီးကုံးသည်။)

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif