http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

Core i3, DDR3 ထက်နိမ့်သော ကွန်ပျူတာ မဝယ်သင့်

ကွန်ပျူတာ အသစ် ဝယ်ယူလိုသူများ အနေဖြင့် Core i3, DDR3 ထက် နိမ့်သော ကွန်ပျူတာ များအား မဝယ်ယူ သင့်ကြောင်း Hardware ပိုင်း ကျွမ်းကျင်သူ ပညာရှင် များက အကြံပြုထားသည်။
Intel ကုမ္ပဏီအနေဖြင့် Tick- Tock ပုံစံဖြင့် CPU နည်းပညာအဆင့် မြှင့်တင်မှု များကို နှစ်စဉ်ပြုလုပ်လာ လျက်ရှိရာ လက်ရှိတွင် Core i နည်းပညာ အခြေပြု CPU များကို ထုတ် လုပ်လျက်ရှိသည်။
Core i CPU များ သည် ယခင်က ထွက်ရှိပြီး CPU များထက် လျင်မြန်မှုပိုမိုပြီး နည်းပညာပိုင်း တည်ဆောက်မှုအရ မှတ်ဉာဏ် ထိန်းချုပ်မှု Memory Controller ကို CPU အတွင်း ထည့်သွင်းတည် ဆောက်ထားသဖြင့် ၄င်းနှင့် တွဲဖက် အသုံးပြု ရသည့် RAM အမျိုးအစား သတ်သတ်မှတ်မှတ် ရှိလာ ခဲ့ကြောင်း သိရသည်။
နောက်ဆုံးပေါ် နည်းပညာ လိုအပ်ချက် များအရ Core i CPU များ သည် DDR 3 RAM Module များ ဖြင့်သာ တွဲဖက် သုံးစွဲနိုင်စွမ်း ရှိကြောင်း သိရသည်။ ယခင် Core 2 နည်းပညာ CPU များဖြင့် တွဲဖက် အသုံးပြုခဲ့သည့် DDR 2 Memory Module များမှာ ပြည်တွင်း ဈေးကွက် အတွင်း၌ အပို ပစ္စည်း နည်းပါးလာခြင်း၊ အဆင့်မြှင့် တင်မှု Upgrade ပြုလုပ်မည် ဆိုပါက မဖြစ်နိုင်တော့ သလောက် ကန့်သတ် ချက်များရှိလာခြင်း အစရှိသည့် အချက်များကြောင့် Core i နည်းပညာ သုံး ကွန်ပျူတာ များကိုသာ ဝယ်ယူ ကြရန် အကြံပြုထားသည်။             http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif