http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ချောရတနာ ရဲ့ Facebook ပေါ်က ဓာတ်ပုံ ကိစ္စ

မေး- တလောကနယ်မှာ သီချင်းသွားဆိုနေတာလား။
ဖြေ-ဟုတ်တယ်၊ ဖားကန့်ဘက်က လုံးခင်းရွာကိုသွားဆိုတာနည်းနည်း ကြာသွားတယ်။
 မေး- မကြာခဏ နယ်ကိုသီချင်းသွားဆိုရတော့ နယ်ပရိသတ်နဲ့ဆက်ဆံရေး သူတို့ဆီက ဘယ်လိုအတွေ့အကြုံရလဲ။
ဖြေ- ချောက ဖားကန့်ဘက်သွားတာ ဒါနဲ့ဆို (၃) ခေါက်ရှိသွားပြီ။ အဲဒီက လူတွေကလေ အရမ်းကိုခင်ဖို့ကောင်းတယ်။ တချို့ကျောက်သမားတွေဆို သူတို့ လူစိမ်းကိုရှိန်ပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းပျော်ဖို့ကောင်းတယ်။ မင်းသမီးတွေ ဆို ဘာပဲဆိုဆို အားပေးတာပဲ။ သရုပ်ဆောင်တွေဆို ပြီးရောပဲ။ ကိုကျော်ဇောဟိန်း တို့လည်းပါတယ်။
မေး-  အခုဆို ညီမလေးသန္တာဗိုကလည်း နေရာလေးရလာပြီဆိုတော့ သူ့အပေါ် မချောရဲ့ ကျေနပ်မှုကရော။
ဖြေ- သူ့ကိုအရမ်းလည်း မမျှော်လင့်ထားပါဘူး။ သူဝါသနာပါသ လောက် သူလုပ်နိုင်သလောက်အပေါ်မှာ အားပေးရုံပါပဲ။ သူ့ကို ကိုယ် တတ် နိုင် သလောက် အကြံဥာဏ်ပေးတယ်။ ကိုယ်ဖြည့်ဆည်းပေးနိုင်သလောက် ဖြည့် ဆည်းပေး မယ်။ အရမ်းကြီး ကိုယ်ဖြစ်ချင်သလို ချည်းတွန်း တင်လို့တော့ မရ ဘူးပေါ့။ မချောက ဒီလောကထဲမှာ စီနီယာလည်းဖြစ်၊ အစ်မရင်းလည်းဖြစ်တော့ အကောင်း၊ အဆိုးတွေ ကိုယ်ကြုံတွေ့ခဲ့ဖူးတော့ ညီမကို ဘယ်လိုသွန်သင်နိုင်ခဲ့လဲ။ အစစအရာရာ လူမှုရေးကအစ သရုပ်ဆောင်ပိုင်းကို တတ်သလောက်၊ ကိုယ်ဖြစ်ခဲတုန်းကလိုမဖြစ်အောင် အမှားမရှိအောင် အမှားနည်းအောင်ပေါ့။ ကိုယ် တုန်းကပြောပေးမယ့်သူမရှိဘူးလေ။ ကိုယ့်ဘက်က အမှားရှိခဲ့သည်ရှိသော် ကြံ့ကြံ့ ခံနိုင်အောင် သည်းခံနိုင်အောင်သင်ပေးတယ်။ သူဆိုလည်းအလုပ်နဲ့ပတ်သက်ပြီး စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာရှိတာပေါ့နော်။ ပြီးတော့ သွားပုပ်လေလွင့်ပြောတာ ဆိုတာ တွေက အနုပညာသမားတိုင်း မလွဲမသွေကြုံတွေ့ရမယ့်ကိစ္စတွေဆိုတော့လေ သူ့ကိုအတတ် နိုင်ဆုံးကောင်းအောင်နေတတ်ဖို့ သင်ပေးတာ။
မေး- တလောကဆို Facebookပေါ်က ဓာတ်ပုံကိစ္စနဲ့ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း ဂျာနယ်တွေပေါ် မှာဖြေရှင်းထားတာတွေ့ ရတယ်။ ချောတို့အနုပညာ သမားတွေဘက်ကရော ဒီကိစ္စကိုဘယ်လိုမြင်လဲ။
ဖြေ- ချောတို့ကို အဲဒီတုန်းက မှတ်မှတ်ရရ ဒိုင်းဆုရလို့ဆိုပြီးဖိတ်လို့ ပျော်ပျော်ရွှင်ရွှင် သွားကြတာ၊ ချောတို့အရမ်းတောင်ပင်ပန်းတယ်။ အဲဒီရက်ကိုလိုက်ရတာလေ။ ဒါပေမယ့် Dinner ပွဲမှာ လူအများကြီးရှိတယ်။ အဲဒီမှာဖျော်ဖြေတာ။ လူနည်းနည်းလေးနဲ့ ဖျော်ဖြေ တာမဟုတ်ဘူး။ Pool Size မှာဖျော်ဖြေခဲ့တာ။ အစ်မတို့ကတော့ ကိုယ့်အနေနဲ့မဖြေရှင်း တော့ဘူး။ ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။ ဖြေရှင်းဖို့လည်း မလိုပါဘူး။ ဒါတွေက အနုပညာသမားဆိုရင် မကောင်းပြောတဲ့သူကလည်းမကောင်းပြောဖို့ စောင့် ကြည့်နေတာပဲလေ။ မကောင်းပြောမယ့် သူကလည်း ကြည့်နေမှာပဲလေ။ ကိုယ်က အနုပညာသမားဆိုတော့ ဒီလောက်တော့ရှိမှာပဲလို့ တွေးလိုက်တယ်။ အဲဒါကြီးကို ခေါင်းထဲထည့်မနေတော့ဘူး။ ဦးဇော်တို့ဆိုလည်း စိတ်မကောင်းကြဘူး။ သူတို့က မိသားစုရှိတော့လေ။ ဒါပေမယ့် ဦးဇော်ရဲ့အမျိုးသမီးရော၊ ဆရာစိုင်းအမျိုးသမီးရော သူတို့ကနားလည်ပြီးသားပါ။ သူတို့တွေလည်း အကုန် ပါတယ်လေ။
မေး- အခုဆို ဆက်သွယ်ရေးနည်းပညာတွေ အရမ်းကောင်းလာတော့ အင်တာနက်တို့ Facebook ပေါ်မှာ အနုပညာရှင်တွေ အပေါ် ဝေဖန်ချက်တွေရေးလာကြတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ- အစ်မကတော့ ဗုဒ္ဓဘာသာအနေနဲ့ပြောရရင် ဒါက အခုလိုပြောခံရတာ ကိုယ့်ရဲ့ အကုသိုလ်ပဲ လို့သဘောထားတယ်။ အခုလိုပြောတဲ့သူတွေလည်း တစ်ချိန်ကျ ရင် အစ်မတို့လိုပဲ ပြန်ပြီးခံစားရလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီတော့ ထပ်ပြီး အကုသိုလ် မယူတော့ပါဘူး။      http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif