http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

" စိတ်ရင်း ကောင်းတဲ့သူဆို လူတိုင်း က ချစ်ခင်ကြမှာပဲ" ဝတ်မှုံရွှေရည်

ကြော်ငြာတွေ၊ သရုပ်ဆောင်မှု တွေမှာ လှပ ချစ်စရာ ကောင်းတဲ့ ဟန်ပန် အမူအရာ တွေနဲ့ သရုပ်ဆောင် တတ်သလိုပဲ၊ ပေါင်းသင်း ဆက်ဆံရေးပိုင်း မှာလည်း အားလုံးနဲ့ လိုက်လျော ညီထွေအောင် ဆက်ဆံတတ်သူ ဆိုတာကိုလည်း သတိထားမိပါ တယ်။
ဒီတော့ ဝတ်မှုန်ရွှေရည်ကို ပေါင်းသင်း ဆက်ဆံရေးကောင်းခြင်း ကလည်း အောင်မြင်မှုဆီ ပိုလို့တွန်းပို့ခြင်း တစ်ခုအဖြစ် လက်ခံ ယုံကြည်ထားပါ သလားလို့မေးကြည့်တော့ သူမကယခုလို အဖြေ ပေးလာခဲ့ပါတယ်။
"သရုပ်ဆောင်မှ မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်၊ ကိုယ်ရွေးချယ်တဲ့ ပတ်ဝန်းကျင် နယ်ပယ် တိုင်းက၊ လူတိုင်းနဲ့ အံဝင်ဖို့လိုပါတယ်။ ပေါင်းသင်း ဆက်ဆံရေးကလည်း အရေးကြီး ပါတယ်။ လူတိုင်းက ချိုသာတဲ့ စကားကိုပဲ နားဝင်ကြတာလေ။ နှုတ်ချို သျှိုတစ်ပါးတောင် ရှိတာပဲဟာ။ ကစ်ကတော့ ငါ မင်းသမီးမို့လို့ဆိုတဲ့ စိတ်မရှိပါဘူး။
နဂို ကတည်းက လည်း ဒီလိုပါပဲ။ ကိုယ်က ကလေးဆန်ဆန်ပဲ။ အားလုံးနဲ့အဆင်ပြေအောင် လိုက်လျောညီထွေ အောင်နေတတ်ပါတယ်။ဒါက တမင်လုပ်ယူတာ လည်း မဟုတ်ပါဘူး။ ကိုယ်က ဘယ်သူနဲ့ တွေ့တွေ့ပါ။ အစ်ကိုဆိုအစ်ကို၊ အစ်မဆိုအစ်မပေါ့။
အားလုံး ကို အရင်နှုတ်ဆက်လိုက်တာပါပဲ။ ပေါင်းသင်း ဆက်ဆံရေးကောင်းခြင်းကလည်း အောင်မြင်မှု ဆီတွန်းပို့သလား ! မတွန်းပို့သလား ဆိုတာတော့ ကစ်လည်း မသိပါဘူး။ ဒါပေမယ့် ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူ စိတ်ရင်းကောင်းတဲ့သူဆို လူတိုင်းက ချစ်ခင်ကြတာပဲ။ ခင်မင်ကြ တာ ပဲလေ။ အဲဒါ လေးတစ်ခုကို တော့ လက်ခံ ယုံကြည် ထားပါတယ်။"   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif