ချယ်လ်ဆီးနည်းပြ အေဗရာမိုဗစ်ခ်ျသည် လာမည့်နွေတွင် အသင်း၏စီနီယာကစားသမားများအားထုတ်ပယ်ကာ အသင်းအား လူငယ်များဖြင့် အစားထိုးပြီး သွေးသစ်လောင်းရန် စီစဉ်နေကြောင်း ချယ်လ်ဆီးအသင်းနှင့် ရင်းနှီးသည့်အသိုင်းအ၀ိုင်းမှ သတင်း ရရှိခဲ့သည်။
ချယ်လ်ဆီးစီနီယာကစားသမားများသည် ပြီးခဲ့သည့်နာပိုလီအသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် အကောင်းဆုံးခြေစွမ်းပြကစားခဲ့သော်လည်း အေဗရာမိုဗစ်ခ်ျက အရင်နည်းပြ ဘိုအက်ရှ်လက်ထက်တွင် အသင်းအတွက် ရာနှုန်းပြည့်မပေးဆပ်ခဲ့သည့် ချယ်လ်ဆီးစီနီယာကစားသမားများအား အမြင်မကြည်လင်လျှက် ရှိနေသည်။
သို့အတွက်ကြောင့် အေဗရာမိုဗစ်ခ်ျသည် လာမည့်နွေတွင် လက်ရှိယာယီနည်းပြ ဒီ မက်တီယိုအပါအ၀င်၊ စီနီယာကစားသမားများဖြစ်ကြသည့် ဒရော့ဘာ၊ အက်ရှ်လေကိုးနှင့် အသင်းခေါင်းဆောင် ဂျွန်တယ်ရီတို့အား ထုတ်ပယ်ကာ အသင်းအား အပြောင်းအလဲလုပ်လိုနေခြင်းဖြစ်သည်။
အေဗရာမိုဗစ်ခ်ျ ထုတ်ပယ်လိုသည့် ချယ်လ်ဆီးအသင်း၏စီနီယာကစားသမားများစာရင်းတွင် အသင်းခေါင်းဆောင် ဂျွန်တယ်ရီ ပါ ပါဝင်နေခြင်းက အလွန်အံ့အားသင့်စရာ အချက်တစ်ခု ဖြစ်နေသည်။
ချယ်လ်ဆီးအသင်းသည် လာမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်တွင် နာမည်ကြီး အသင်းကြီးများအား ရှောင်လွှဲနိုင်ခဲ့သော်လည်း ၊ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါက၊ အခြားတစ်ဖက်မှ အေစီအသင်းအား အနိုင်ရရှိကာ တက်လာနိုင်သည့် ဘာစီလိုနာအသင်းနှင့် တွေ့ဆုံရဖွယ် ရှိနေသည်။ http://mutdfan.com/index.php/readmore/post/41835

Kuala Lumpur Time

0 comments:
Post a Comment