http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
Showing posts with label စင်္ကာပူသတင်း. Show all posts
Showing posts with label စင်္ကာပူသတင်း. Show all posts

13 Apr 2013

စင်္ကာပူမှာ မြန်မာအိမ်ဖော် ထွက်ပြေးမှု များပြားလာ





မြန်မာအိမ်အကူတဦးနဲ့ စင်္ကာပူလုံခြုံရေးအရာရှိများ (ဓာတ်ပုံ - Shin Min)
အချိန်အတန်ကြာအောင် လုပ်ခ မရဘဲ အိမ်အကူလုပ်သားအဖြစ် လုပ်ပေးနေရတာကို သည်းမခံနိုင်တော့တဲ့အဆုံး ထွက်ပြေးကြတာပါ တဲ့။

စင်္ကာပူရောက်ဖို့၊ အလုပ်ရဖို့အတွက် အကြွေးအများကြီးယူ၊ လစာထဲက နှိမ်ဖို့ သဘောတူခဲ့တယ်၊ တချို့က အကြွေးကြေသွားပေမယ့် ခုထိ လုပ်ခငွေ တပြားမှ မရ၊ 
တချို့ကတော့ တလမှ ၁၀ ဒေါ်လာ သို့မဟုတ် ဒေါ်လာ ၂၀ ပဲ ရကြတယ်လို့ ဆိုတယ်။

အလုပ်သမားအေးဂျင့်တွေ ခန့်မှန်းတာကတော့ စလုံးမှာ မြန်မာအိမ်ဖော် ၂၇,ဝဝဝ နီးပါး ရှိနိုင်တယ် တဲ့။
ဒီနှုန်းအတိုင်း ဆိုရင် မနှစ်ကထက် ၇,ဝဝဝ တိုးလာတဲ့သဘောပါ။

ပြည်ပကိုသွားပြီး အိမ်ဖော်လုပ်ဖို့၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အတွက် မြန်မာအစိုးရက တားမြစ်ထားတဲ့ကြားထဲက စင်္ကာပူကို မြန်မာအမျိုးသမီးတွေ အများအပြား ရောက်
လာဆဲဖြစ်တယ် လို့   Straits Times သတင်းစာက ဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲကနေ ထွက်ပြေးတဲ့နှုန်းဟာ ပြီးခဲ့တဲ့နှစ်မှာ ၆၄ ယောက် ရှိတယ်၊ ဒီနှစ်ထဲမှာတော့ အခု နှစ်ဆန်းပိုင်းမှာကိုပဲ ၃၂ ယောက် ရှိတယ်လို့ ဆိုတယ်။

ပြေးလာသူတွေဟာ Humanitarian Organisation for Migration Economics (Home) လို့ ခေါ်တဲ့ နိုင်ငံခြားသားအလုပ်သမားများဆိုင်ရာ အကူအညီပေးအဖွဲ့ရဲ့ ဂေဟာကို ခိုလှုံဖို့ 
ရောက်လာကြတယ် တဲ့။

မြန်မာအိမ်ဖော်တွေရဲ့ လုပ်ခလစာ ပေါက်ဈေးက တလ ဒေါ်လာ ၄၀၀ နဲ့ ၄၂၀ ကြားမှာပဲ ရှိတယ်လို့ ဆိုတယ်။ စင်္ကာပူဒေါ်လာဖြစ်ဖွယ်ရှိပါတယ်။
ဒီငွေပမာဏဟာ အင်ဒို၊ ဖိလစ်ပိုင်အိမ်ဖော်တွေရတာထက် နည်းနေပါသတဲ့။

အေးဂျင့်တွေရဲ့အဆိုအရ မြန်မာအိမ်အကူတွေဟာ အသက်မပြည့်တာ၊ သင်တန်းမတက်ခဲ့တာတွေရှိတယ်၊ အင်္ဂလိပ်စကားလည်း မပြောတတ်ကြဘူး၊ 
စလုံးမှာ နေထိုင်လုပ်ကိုင်ရတာ အခက်အခဲတွေနဲ့ကြုံနေရတယ် တဲ့။

မြန်မာအိမ်ဖော်တွေ လုပ်ငန်းခွင် အဆင်ပြေရေးအတွက် နှစ်ဘက်အစိုးရ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ မတရားပြုမူတာတွေကို ပူးပေါင်း စုံစမ်း အရေးယူသင့်တယ် လို့
Home အဖွဲ့ တည်ထောင်သူ Bridget Tan က ပြောကြောင်း သတင်းစာမှာ ရေးထားပါတယ်။

ဒီသတင်း ထွက်လာတာ တပတ် ရှိပါပြီ။
လွန်ခဲ့တဲ့ ၄ ရက်က ရာဇာ (yar zar) ဆိုတဲ့ စာဖတ်သူက အခုလို မှတ်ချက်ပြုထားတာ တွေ့ရမှာပါ -
"လစာ မရဘဲ လနဲ့ချီ လုပ်ပေးရတယ် ဆိုတာ ဒါက လူကုန်ကူးမှုတမျိုးပဲ။ အလုပ်အကိုင်ရှာဖွေပေးတဲ့အေးဂျင့်တွေကို ဖမ်းသင့်တယ်"

သူ့မှတ်ချက်ကို သဘောတူသူက စင်္ကာပူအစိုးရဟာ ဒီကိစ္စကို ကိုင်တွယ်တာ အားနည်းလွန်းတယ်လို့ ဝေဖန်လိုက်ပါတယ်။
သဘောမတူသူကလည်း   ဒါဟာ လူကုန်ကူးမှုနဲ့ မဆိုင်ဘူး၊ သဘောတူစာချုပ်ကို လက်မှတ်ထိုးပြီးမှ လုပ်ငန်းခွင် ၀င်တာ လို့ ထောက်ပြပါတယ်။

ကိုးကား -  Straits Times သတင်းစာ
www.straitstimes.com/breaking-news/singapore/story/more-maids-myanmar-running-away-20130407
 

28 Jul 2012

ဆင်ခရွန်ကကိုလတ်နဲ့ ၂၀၁၂ စင်ကာပူ၊ မြန်မာအခြေအနေ




ကျွန်တော့်မှာ ခင်မင်လေးစားရဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၉၉၀ခုနှစ်လောက် ကျွန်တော်တို့ အင်ဂျင်နီယာပေါက်စများစွာ မြန်မာပြည်က နည်းအမျိုးမျိုးနဲ့ ထွက်လာပြီး စင်ကာပူမှာ သူများမလုပ်ချင်တဲ့ သင်္ဘောကျင်း၊ ဆောက်လုပ်ရေးအလုပ်တွေကို လာလုပ်ချိန်မှာ ကိုလတ်ဆိုတဲ့ အီလက်ထရွန်းနစ်ပညာ ကျွမ်းကျင်တဲ့ မိတ်ဆွေတစ်ယောက်ကို ခင်မင်ရပါတယ်။ သူ့ရဲ့အလုပ်ကြိုးစား၊ တတ်သိကျွမ်းကျင်မှုကြောင့် သူအလုပ်လုပ်တဲ့ Syncron ဆိုတဲ့ သင်္ဘောအော်တိုမေးရှင်းကုမ္ပဏီလေးမှာ သူဌေးတော်တော်အားကိုးရတဲ့လူ ဖြစ်လာပါတယ်။

သူလည်းပဲ မြန်မာပြည် ဖားအံဘိလပ်မြေစက်ရုံက Government Gazetted Office ဘ၀ကနေ ထွက်လာပြီး စင်ကာပူအလုပ်လာရှာတဲ့အချိန် Syncron မှာလုပ်နေတဲ့ ဗမာတစ်ယောက်က တစ်လစာ ပွဲခပေးရမယ်ပြောပြီး အလုပ် ရခဲ့ပါတယ်။ အဲဒီခေတ်က အခုခေတ်လို အလုပ်မရခင် ဒေါ်လာ ၃ထောင်ကျော် ပွဲစားခပေးရတဲ့ခေတ် မဟုတ်သေးပါဘူး။ ပွဲစားဆိုတာလည်း ရှားပါတယ်။ ခပ်ရှင်းရှင်းပြောရရင် ဗမာနည်းသေးတော့ လပ်ပေးတဲ့အကျင့် (ဆောရီး .. လက်ဆောင်ပေးတဲ့အကျင့်) ရနေတဲ့ ဗမာများကို ကူညီမဲ့ပွဲစားလူတန်းစား နည်းပါးတဲ့အချိန်ပါ။ အဲ .. လကုန် တော့ အတူအလုပ်လုပ်နေတဲ့ စီနီယာ မြန်မာအစ်ကိုကြီးကို ကိုလတ် တစ်လစာပေးလိုက်ရပါတယ်။ ပွဲစားကိုပေးရမယ်ဆိုလို့ တစ်လစာ (အဲ ဒီခေတ်က ဒေါ်လာ၁၅၀၀) ပေးလိုက်ရပေမဲ့ ဘယ်ကျေနပ်နိုင်မလဲ။ ကုမဏ္ဍီမှာ လအနည်းငယ် လုပ်ပြီးတာနဲ့ အဲဒီပွဲစားဟာ သူနဲ့အတူလုပ်နေ တဲ့ ဗမာမိတ်ဆွေ အစ်ကိုကြီးကိုယ်တိုင်ဖြစ်နေတာ မသိချင်ဟန်ဆောင်နေရပါတယ်။

မကြာခင်မှာပဲ ကိုလတ် အလုပ်လုပ်တာ သူဌေးက သဘောကျလာတယ်။ မြန်မာပြည်က ထွက်လာသူ ဗမာများကလည်း ဗမာရှိတဲ့ ကုမ္ပဏီကို လိုက်ရှာပြီး လည်တဲ့လူက တိုက်ရိုက် ကုမဏီကို ဖုန်းဆက်၊ အလုပ်လျှောက်လွှာပို့ လုပ်ကြတယ်။ ဒါပေမဲ့ သူဌေးက ကိုလတ်ကို Recommend လုပ်ခိုင်းတယ်။ ကိုလတ်ကလည်း အဲဒီ အလုပ်လာလျှောက်တဲ့ ဗမာတွေကို တကယ့်ဘွဲ့ရ အင်ဂျင်နီယာဟုတ်တယ် .. သိတာကြောင့် သူဌေးကို အလုပ်ခန့်ဘို့ ထောက်ခံလိုက်ပါတယ်။ အဲဒီလူတွေကိုလည်း သူ့ရှေ့က အစ်ကိုကြီးလုပ်သွားသလို .. အီးပီ(Employment Pass) ကျရင် တစ်လစာပွဲခပေးရမယ်နော် .. သူဌေးကိုပေးရသလို၊ စာရေးမကို ပေးရသလို၊ အပြင်က ပွဲစားတစ်ဦး စာရွက်စာတမ်းလုပ်ပေးသူကို ပေးရသလို ... အလုပ်သိပ်လိုချင်နေတဲ့ လူငယ်အင်ဂျင်နီယာလေးကလည်း အခုချက်ချင်းပေးစရာ မလိုဘူး ..ပထမလခထုတ်မှ ပေးရမယ် ဆိုတော့ ... ပေးမယ်ပေါ့ဗျာ။ ဒါနဲ့ ဗမာလေးတွေ ၃ယောက်လောက် အလုပ်ခန့်လိုက်ပါတယ်။

• ၁၉၉၀ ခေတ် စင်ကာပူ ကနဦးမြန်မာများ
စကားမစပ်ပြောရရင် အဲဒီခေတ်က စင်ကာပူမှာ Work Permit ဆို မလေးရှား၊ အိန္ဒိယား အလုပ်သမားတွေလောက်ပဲ အစိုးရက ချပေးပြီး ဗမာဆိုရင် အီးပီ Employment Pass ပဲ ရှိတယ်။ စင်ကာပူ ပီဒင်ကိုစင်တာက အင်မီဂရေးရှင်းဌာနမှာ ကိုယ်တိုင်သွားတင်ရတယ်။ ကုမဏီ စာရေးမတွေက မအားတော့ အလုပ်သမားကိုပဲ ကိုယ့်ဖာသာ သွားတင်ခိုင်းတယ်။ တစ်လကနေ ၂ လအထိ စောင့်ရတယ်။ အီးပီမကျခင် အ လုပ်လုပ်ခွင့် မရပေမဲ့ Visa ကိုတော့ တစ်လပြီးတလ သက်တမ်းတိုးပေးပါတယ်။ ၂ လကျော်လာရင် Visa Extension ပေးတော့ဘူး။ မလေးရှားက စင်ကာပူနဲ့ကပ်ရပ် ဂျဟိုးမြို့လေးကို ရေလက်ကြားကျော်ပြီး စတေးရှောင်ရတယ်။ အဲဒီခေတ်တုန်းက ဗမာပတ်စပို့ဆိုရင် အရှေ့တောင် အာရှနိုင်ငံအားလုံးကို ဗီဇာမလိုဘူး။ ၀င်ထွက် သွားလာလို့ရတော့ စင်ကာပူမှာ နောက်ဆုံးအချိန်အထိ ကုတ်ကပ်နေပြီး စတေးမရတော့ဘူးဆိုမှ မျက်နှာဇီးရွက်လောက်နဲ့ ဂျဟိုးမြို့လေးကို ထွက်ခွာရပါတယ်။

ဂျဟိုးမှာ အခုခေတ် ၂၀၁၂ မှာဆို ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ ဗမာအလုပ်သမားတွေ အများကြီးဖြစ်နေပီ။ အဲဒီဗမာလေးများနဲ့ တွေ့ဆုံ စကားပြောချိန်မှာ သူတို့ကပြောတယ်။ တဖက်ကမ်းက စင်ကာပူမြို့ကြီးကို လှမ်းလှမ်းကြည့်ပြီး စင်ကာပူမှာ အလုပ်သွားလုပ်ချင်နေကြတာ အခုခေတ် ဂျဟိုးမြို့က ဗမာကလေးများရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ်၂၀က ဂျဟိုးမြို့ရောက် ဗမာကလေးများရဲ့ ရည်မှန်းချက်ကတော့ အလုပ်မရှိ၊ တနေ့ စင်ကာပူ ၅ ဒေါ်လာပေးပြီး အလှည့်ကျ ချက်ပြုတ်စားသောက်ရတဲ့ ဗမာတည်းခိုခန်းလေးမှာ စင်ကာပူ တစ်ခေါက်ပြန်ဝင်ခွင့်ရရေးပါပဲ။ အခု ပင်နီစူလာပလာဇာမှာ မြန်မာဆိုင်ကြီး တွေဖွင့်ပြီး သူဌေးလုပ်နေတဲ့ ဗမာများဟာ တခါက ဂျဟိုးဘာရူးဆိုတဲ့မြို့ကလေးကို မျက်နှာငယ်ငယ်နဲ့ ရောက်ခဲ့ဖူးသူများ ဖြစ်ပါတယ်။ ထားပါတော့။

ကိုလတ် အကြောင်းဆက်ပါမယ်။

အဲဒီ ကိုလတ်ရဲ့ ထောက်ခံစာနဲ့ ခန့်လိုက်တော့ ကုမ္ပဏီမှာ ယာယီအလုပ်လုပ်ခွင့်ရတယ်။ တစ်နာရီကို ၉ဒေါ်လာလောက် သူဌေးကပေးတယ်။ ၀ပ်ရှော့မှာလည်း အလုပ်တွေအများကြီးဆိုတော့ အပြင်က စင်ကာပူလူမျိုးအလုပ်သမားကို ခေါ်ခိုင်းရင် တစ်နာရီ ဒေါ်လာ ၂၀ လောက်ပေး ရပြီး သိပ်ခိုင်းမကောင်းဘူး။ ဗမာကတော့ အိုဗာတိုင်လည်းရတော့ ခိုင်းလို့ တအားကောင်းတယ်။ ညနက်သန်းကောင်လည်း မညီးမငြူလုပ်ပေး တယ်။ အီးပီမကျခင် တစ်လလောက် အလုပ်လုပ်ခွင့်ရတဲ့ ပိုက်ဆံ ဒေါ်လာ ၁၅၀၀ လောက်ဟာ စင်ကာပူ၊မလေးရှားမှာ ၃ လလောက် ကောင်း ကောင်းစားသောက် နေထိုင်လို့ရတယ်။ မြန်မာပြည်က ထွက်လာကတည်းက ချေးငှားထွက်လာသူများပါ။

အီးပီကလည်း ကုမ္ပဏီသိပ်မကောင်းရင် Reject ဖြစ်လေ့ရှိပါတယ်။ ဖောင်ဖြည့်ကတည်းက ကိုယ့်ဘွဲ့၊ အလုပ်အကိုင်စာရင်းတွေမှာ ကို့ရိုကားယားဖြစ်သွားရင်၊ ဥပမာ ဘွဲ့ရတဲ့ခုနှစ်ထက် အလုပ်စလုပ်တဲ့ခုနှစ်ကစောနေရင် Reject ဖြစ်သွားတယ်။ ကုမ္ပဏီမှာ နိုင်ငံခြားသား သိပ်များနေရင်လည်း Reject ဖြစ်သွားတယ်။ ကိုလတ်သူဌေးကတော့ တနာရီ ၉ ဒေါ်လာနဲ့ ဈေးချိုချိုဗမာများကိုအုပ်ချုပ်တတ်တဲ့ ဗမာ အင် ဂျင်နီယာပေါက်စ ကိုလတ်လည်း ရှိပြီးသား ဆိုတော့ ကိုလတ်ထောက်ခံရင် အီးပီတင်ပေးလိုက်တယ်။ အီးပီမကျသူတွေပဲ များပါတယ်။ ဒါပေမဲ့ အလုပ်အသစ်မရှာခင် ဗမာပြည်ကငွေထပ်မှာစရာ မလိုတော့ဘူးပေါ့။ အီးပီကျသွားရင်တော့ ကိုလတ်က တစ်လစာ ပွဲစားခရမယ်လေ။

တကယ်လည်း အီးပီကျလာတဲ့အချိန် ကိုလတ်ရဲ့နှလုံးသားက ပထမအစ်ကိုကြီးလောက် မခက်ထန်ပါဘူး။ လူကသာ မာကြော၊ပြတ်သား၊ အလုပ်လုပ်တတ်၊ ခိုင်းတတ်ပေမဲ့ နှလုံးသားကနူးညံ့တော့ သူတို့ချွေးနဲစာ တစ်လစာကိုယူရမှာ စိတ်မသန့်ဘူး။ အရေးထဲ အီးပီကျသွား သူတွေက ကိုဘိုလတ်ရယ် ခဏဆိုင်းပါဦး။ နောက်လပေးပါမယ် ... ဘာညာနဲ့လုပ်တော့ ကိုလတ်က စိတ်ပျက်လာပြီး ပေးမနေပါနဲ့တော့ကွာ ဆိုပြီး ပွဲခ မယူတော့ဘူး။ အဲဒီနောက်ပိုင်း ကိုလတ် ဘယ်တော့မှ ပွဲခယူတဲ့အလုပ် မလုပ်တော့ပါဘူး။ သူ့ရဲ့ ရိုးသား ဖြောင့်မတ်၊ တည့်တည့် ပြောတတ်တဲ့အကျင့်နဲ့ ပွဲစား လုပ်စားလို့ မရဘူးဆိုတာ ခပ်စောစောပဲ သဘောပေါက်သွားခဲ့ပါတယ်။

ခပ်တိုတိုရေးရင် ကိုလတ်တို့မိသားစု စင်ကာပူကို ရောက်လာကြတယ်။ အမျိုးသမီး မကြည်ကလည်း ခပ်ထက်ထက်၊ စီးပွားရေးတက္ကသိုလ်က ပညာထူးချွန်သူ။ ကိုလတ်ကလည်း အာအိုင်တီ ရန်ကုန်စက်မှုတက္ကသိုလ်က ပညာထူးချွန်တဲ့လူ။ အရင် ရွှေပြည်သာမြို့ငယ်လေးမှာတုန်းကတော့ ပညာတော်တဲ့ ကောင်ကလေးနဲ့ကောင်မလေးတို့ ရန်ကုန်မြို့ကြီးမှာ ကျောင်းလာတက်ကြတယ်။ သူတို့မိဘများကတော့ အသွင် မတူတဲ့အသိုင်းအ၀ိုင်း၊ ကိုလတ်ဇနီးသည်အမျိုးများက ရွှေပြည်သာမှာ ကုန်သည်ပွဲစား၊ ငွေကြေးအသင့်တင့်ရှိသူများ၊ ကိုလတ်အမျိုး များ ကတော့ အေးအေးဆေးဆေးဝန်ထမ်းမျိုး။ နှစ်ဘက်သောမိဘများက ရန်ကုန်တက္ကသိုလ်သွားတက်တဲ့ သားသမီးများအတွက် ဂုဏ်ယူ၊ ပြိုင် ဆိုင်ကြတာပေါ။ နောက်ဆုံး အာအိုင်တီနဲ့အီကိုခေတ် ဆိုတော့ ကိုလတ်နဲ့ မကြည် ၂ ယောက် လူကြုံပစ္စည်းပို့၊ တွေ့ကြရင်းကနေ ဘွဲ့ရပြီး နောက်ပိုင်း ညားလေသတည်း ဖြစ်သွားတယ်။

နှစ်ဖက်သောမိဘများကတော့ ဖြစ်မှဖြစ်ရပလေ.. ငါ့သား၊ ငါ့သမီး .. ငါတို့နဲ့ အဆင်သိပ်ပြေ တဲ့လူနဲ့ ညားစေချင်ပေမဲ့ ကံတရားအတိုင် ကိုလတ်၊ မကြည်တို့ ပညာတတ်မောင်နှံရဲ့ ဘ၀ခရီးအစပေါ့။ မကြည်ကို ရန်ကုန်မှာ ကျောင်း ထားပေးတဲ့ အဒေါ်အရင်းခေါက်ခေါက် (ပါမောက္ခချုပ်ကတော်ကြီး) ဆိုရင် ဖြစ်မှဖြစ်ရပလေ ငါ့တူမရယ်ဆိုပြီး သူပြုစုပျိုးထောင်ထားတဲ့ တူမလေးကို နှမျောရှာတယ်။ ကိုလတ်ကတော့ ခပ်တည်တည်ပေါ့။

• မြန်မာပြည်အိမ်ဈေးကြီးမှု (ပထမအကြိမ်)
စင်ကာပူမှာ ၁၀နှစ်ကျော်လုပ်ပြီးတဲ့နောက် ၁၉၉၇ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ဖြစ်နေချိန်မှာ ကိုလတ် မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ချင် စိတ်ပေါက်လာတယ်။ ဇနီးသည်ကလည်းတားပေမဲ့ နောက်ဆုံး နှစ်ဦးသဘောတူစုဆောင်းထားတဲ့ငွေတွေ ဒေါ်လာသိန်းချီထုတ်ပြီး ဗမာ ပြည်ပြန်၊ အိမ်ငှား၊ ကားဝယ်၊ စီးပွားရေးလုပ်ကြတယ်။ အဲဒီအချိန် စီးပွားရေးသမားတွေက အစိုးရငွေကို တရားမ၀င်ကြေညာမှာ အရမ်း ကြောက်တော့ ငွေကို လက်ထဲကိုင်မထားချင်ဘူး။ ကားစုတ်တွေကိုလည်း သိန်းရာ၊ထောင် ပေးပီး ၀ယ်ရတယ်။ တယ်လီဖုန်းတလုံးကိုလည်း သိန်း ၅၀ လောက် ဈေးပေါက်နေချိန်။ (ငွေလဲနှုံးက US$1=S$1.7, Kyat 200 in 1997) အချိန်မှာဆိုတော့ ဒေါ်လာဈေး သိပ်ကောင်းတဲ့အချိန်ပဲ။

တိုက်ခန်းတစ်ခန်းကို သိန်း ၅၀၊ ၁၀၀ ပတ်ဝန်းကျင် ကန်ထရိုက်တိုက်တွေ ခေတ်စားနေချိန်၊ စီးပွားရေးလုပ်ချင်နေတဲ့ ကိုလတ်၊ မကြည်တို ၀ယ်ရောင်း ချက်ချင်း၊ လက်ငင်း အမြက်ငွေရတဲ့ မြေကွက်၊ လက်ညှိုးထိုးရောင်းဝယ်တဲ့လုပ်ငန်းထဲ ရောက်သွားတယ်။ ဈေးကလည်း တက် လိုက်တာ သိန်း ၂၀ နဲ့မြေကွက်၊ နောက်လူတစ်ယောက်က သိန်း ၂၅ သိန်းပေးတော့ ချက်ချင်းရောင်းပစ်တယ်။ တစ်လအတွင်း စာရင်းချုပ် လိုက်တော့ သိန်း ၅၀ လောက် အမြတ်ထွက်တယ်။ စင်ကာပူမှာ စင်ကာပူဒေါ်လာ ၄ သောင်းကြီးများတောင် တစ်လအတွင်း အမြက်ထွက်သွား တာ၊ ကိုယ်တွေ့ဆိုတော့ ဆက်လုပ်တာပေါ့။ ၀ယ်ထားတာတွေ ရောင်းလိုက်တော့ သိန်း ၂၀၀ လောက်ဖြစ်လာရင် .. အဲဒီခေတ်က ငွေကို ဆာလာအိတ်နဲ့ သယ်တဲ့ခေတ်။ အမြင့်ဆုံးငွေစက္ကူက ကျပ် ၂၀၀ တန်ပဲရှိတော့ သိန်း ၅၀ ဆို ဆန်အိတ် ၅ အိတ်လောက် အထုတ်ကြီးဖြစ် လာတယ်။

ငွေတွေတရားမ၀င်ကြေညာလိုက်ရင် ဒုက္ခပါပဲ .. အိပ်မပျော်ဘူး။ ဒီငွေတွေကို သေချာတဲ့ Property အိမ်မြေအဖြစ်၊ မြန်မြန်ပြောင်း ထားမယ်ဆိုပြီး နောက်နေ့မှာ မြေတွေလိုက်ဝယ်ပစ်လိုက်တယ်။ ၀ယ်ထားတဲ့ မြေကွက်တွေရဲ့ ကာလပေါက်ဈေးတန်ဘိုးတွေကို လင်မယား ၂ ယောက် တွက်ချက်ကြည့်ရင်း စင်ကာပူက ဗမာပြည်ပြန်လာတာမှန်သွားပြီလို့ ထင်ကြတယ်။

သိပ်မကြာပါဘူး။ ငွေတွေလည်း တရားမ၀င်မကြေညာဘဲ၊ အစိုးရက သွင်းကုန်တွေပိတ်လိုက်တယ်။ စီးပွားရေးလုပ်ငန်းတွေ ရပ်သွားတယ်။ မလေးရှားအစိုးရ ၀န်ကြီးချုပ် မဟာသီယာကလည်း စီးပွားရေးကပ်ဟာ အမေရိကန်က ဂျူးသူဌေးကြီး ဂျော့ဆိုးရိုးကြောင့် ဆိုပြီး မလေးရှားရင်း ဂစ်ငွေလဲနှုံးကို မြန်မာအစိုးရ တစ်ဒေါ်လာ ၆ ကျပ်ခွဲ အသေ သတ်မှတ်သလို၊ သူကလည်း အမေရိကန်တစ်ဒေါ်လာ မလေးရှား ၄.၈ ရင်းဂစ် အသေသတ်မှတ်ပစ်တယ်။ ထိုင်းဘုရင်ကလည်း ထိုင်းနိုင်ငံ စီးပွားရေးကပ်က ထွက်ဖို့ ပြည်သူပြည်သားများ ရှိတဲ့ရွှေငွေ၊လက်ဝတ်လက် စားတွေ လာရောက်အပ်နှံရန် အားပေးလို့ ထိုင်းလူမျိုးတွေ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ကို ကယ်တင်ဖို့ ရွှေငွေလက်ဝတ်လက်စားတွေ အစိုးရဆီ လာရောက်အပ်နှံ ကူညီကြတယ်။ (တနှစ်လောက်အတိုးမဲ့ အစိုးရကို ငွေချေးတာပေါ့။ နောက် ..ပြန်ပေးပါတယ်။ မြန်မာအစိုးရက နောက်ပိုင်း မှာ ငွေတရားမ၀င်မကြေညာဘဲ ဘဏ်ထဲအပ်ထားတဲ့ ပြည်သူ့ငွေတွေကို ထုတ်ခွင့်မရအောင် ဘဏ်တွေကိုပဲ တရားမ၀င်ကြေညာပစ် လိုက်ပါ တယ်။ အံ့ဘွယ်လုပ်ရပ်ပါ။

ဘာပဲပြောပြော နောက် ၃ လလောက်အကြာမှာ ရန်ကုန်မှာ ပေါ်ပင်၊ မြေအရောင်းအ၀ယ်အလုပ် ရပ်သွားပါတယ်။ အစိုးရက ငွေတွေ တရား မ၀င် မကြေညာတော့ဘူး။ သေချာတော့ ဌာနေသူဌေးများ၊ စီးပွားရေးသမားများကတော့ ဗိုလ်နေမြဲ၊ ကျားနေမြဲ ချမ်းသာလျက်ပါပဲ။

စီးပွားရေး လောကထဲ အခုမှကောက်ဝင်လာတဲ့ ဒေါ်လာငွေတွေ ပိုက်ပြီးပြန်လာတဲ့ ကိုလတ်တို့တော့ မြေပိုင်ရှင်ကြီးဘ၀နဲ့၊ စင်ကာပူမှ သမီးရှေ့ရေး ချန်ထားတဲ့ ဒေါ်လာငွေတွေလည်း ကုန်သွားတယ်။ စင်ကာပူက ဗမာပြည်အပြီးပြန်လာပြီး ၆ လအတွင်း ဆွေမျိုးတွေကလည်း ယုံလို့ (အတိုး ရမှာသေချာလို့) ချေးထားတဲ့ အကြွေးတွေနဲ့ မြေပိုင်ရှင်ကြီးဘ၀အဖြစ်သို့ ရောက်ရှိသွားပါတယ်။

နောက်ပိုင်းတော့ ကိုလတ် စင်ကာပူ Syncron မှာ ၂ နှစ်ပြန်လာလုပ်ပြီး အကြွေးတွေကျေအောင် ဆပ်ပေးပါတယ်။ ပြီးတော့ အပြီးတကာ အပြီး ဆိုပြီး ဗမာပြည်ကို ပြန်သွားပြီး အကြွေးမဲ့၊ မြေပိုင်ရှင်ဘ၀နဲ့ အေးအေးဆေးဆေး တရားအားထုတ်နေထိုင်လျက်ရှိပါတယ်။ အခုဒီစာရေး ချိန်မှာ သူအသက်က ငယ်ပါသေးတယ်။ ၅၀ ကျော်ကျော်လေးပဲရှိပါသေးတယ်။ ဇနီးသည်ကတော့ အိမ်၊မြေအကျိုးဆောင်ဘ၀နဲ့ မြန်မာပြည် မှာ အေးဆေးစွာနေထိုင်ကြပါတယ်။

ဒါနဲ့ ၂၀၁၁ အရပ်သားအစိုးရတက်ချိန် စီးပွားရေးအပြောင်းအလဲ၊ ဖြစ်ပြန်ပါပြီ။ အခြေအနေ မကောင်းသေးပါဘူး၊ အိမ်မြေဈေးတွေ အရမ်း တက်နေပြန်ပါပြီ။ ကမ္ဘာ့စီးပွားရေးလည်း မကောင်းလှပါဘူး။ စင်ကာပူမှာ လုပ်ကိုင်ရတာလဲ အိမ်ဈေး၊ ခရီးစရိတ်၊ စားစရိတ်တွေ တက်၊ အလုပ်ကလည်း ရှားလာတယ်။ မြန်မာပြည်ပြုပြင်ပြောင်းလဲမှုကြောင့် ကျပ်ငွေဈေးနှုန်းကောင်းလာတော့ မြန်မာပြည်ပြန်ပို့သူများ မကိုက် တော့ဘူး ဖြစ်လာတယ်။ ဒေါ်လာဈေးကလည်း ၄ နှစ်အတွင်း S$1=Kyat 900 to 600 ကျဆင်းသွားပါတယ်။ မြန်မာပြည်ပြန်၊ စီးပွားရေးလုပ် ဖို့တော့ ခေတ်ပျက်ကြီးမှာ ပိုပြီးခက်ခဲပါတယ်။

မြန်မာအစိုးရကို ယုံကြည်စွာ ၀င်လာ၊ရင်းနှီးမြှုပ်နှံတဲ့ ကုမဏီတွေ အလွန်နည်းလှပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းလဲ အလွန်ရှားနေသေးတယ်။ ပွဲစား၊ လခစားလုပ်နေကျ ပြည်ပရောက်မြန်မာများ အနေနဲ့ အလုပ်ပေးနိုင်တဲ့ ကုမဏ္ဍီကြီးများမြန်မာပြည်ကို ၀င်လာမှ ပြည်တော်ပြန်သင့်ပါတယ်။ စီးပွားရေးလုပ်ချင်သပ ဆိုရင်တော့ ငွေမရင်းနှီးပဲ၊ လူပဲရင်းနှီးတဲ့လုပ်ငန်းပဲ ပြန်လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။

မြန်မာကျပ်ငွေနှင့်စင်ကာပူတစ်ဒေါ်လာ 1991 - 2011 ဇယား

• ၂၀၁၂ မြန်မာပြည်အိမ်ဈေးကြီးမှု (ဒုတိယအကြိမ်)
အခု ဇူလိုင်လမှာ မြန်မာပြည်ကအိမ်ယာဈေးကြီး နေရာများ အရောင်းဝယ် ရပ်တံ့သွားပါပြီ။ မြန်မာတပြည်လုံး သိန်း ၁၀၀ တန်တဲ့အိမ်ကို သိန်း ၅၀၀၊ သိန်း ၁၀၀၀ စသဖြင့် ၂ နှစ်ရှိပြီ၊ အရောင်းဝယ်တွေဖြစ်လိုက်ကြတာ။ ၂၀၁၁ အစိုးရသစ်တက်လာကတည်းက စီးပွားရေး ၀ိသမ သမားတွေရဲ့ ကျားပါးစပ်ထဲကို အာဏာရှိသူများ၊ ငွေရှိသူများ ကားယားပြီးဝင်လာကြပါတယ်။ ကားပါမစ်ဆိုတော့လည်း သူတို့ပဲ လက်ဦး အောင်လုပ်တယ်။ ထားဝယ်ရေနက်ဆိပ်ကမ်း ဆိုလဲ သူတို့ပဲ။ အစိုးရသစ်က လူတော်လူကောင်းများနဲ့ အတိုက်အခံက လူတော်လူကောင်းများ ၀ိသမစီးပွားရေးသမားများနဲ့ ဉာဏ်ပြိုင်ဆိုင်မှုပြောရမဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေး အစခရီးပါ။ ပိုက်ဘောမိသူ များစွာရှိသော်လည်း လောက ဓမ္မတာပဲ ဖြစ်ပါတယ်။

ကိုလတ်တို့လည်း ထပ်မံပြီး ၂ ခါရှိ ၂ ခိရှာ မဖြစ်ပါစေနဲ့လို ဆုတောင်းပါတယ်။

ဘာကြောင့် မြန်မာပြည်က အိမ်ဈေးတွေ မတရားဈေးကြီးနေရသလဲ။ စင်ကာပူ ပင်နီစူလာဆိုင်ခန်းငှားခတွေ အရမ်းဈေးကြီးနေရပါသလဲ ။ ဆန်းစစ်ကြည့်တော့ ဘယ်သူမပြု မိမိမှုလို့ပဲ ကောက်နုတ်ပါတယ်။

• ကိုလတ် (သို့မဟုတ်) ကိုလတ်လိုမြန်မာများရေ
ငွေကို ရင်းနှီးပြီးလုပ်တဲ့ စီးပွားရေးတိုင်း၊ CEO ကောင်းကောင်း ငှားခန့်ထားရတဲ့ ၂၁ရာစု၊ စီးပွားရေးခေတ်ကြီးပါ။ မြန်မာပြည်ခေတ်ဆိုးကြီးကို ကျော်လွန်တော့မယ် မျှော်လင့်ပါတယ်။ အခုဆို မြန်မာပတ်စပို့ဆိုရင် အရှေ့တောင်အာရှနိုင်ငံတချို့ ( Indonesia, Philippine, Cambodia , Malaysia စင်ကာပူမပါ) Arrival Visa or Transit Visa ပေးနေပါပြီ။

မြန်မာပြည်ပြန်ချင်တဲ့ မြန်မာလူငယ်တဦးက သူ့ရဲ့ကုမ္ပဏီဘော့စ်ကိုမေးတယ်။ Can our company to go Myanmar? ဆိုတော့ မြန်မာတွေ ကိုနားလည်တဲ့ဘော့စ်ဖြစ်လို့ Boss answered with smile, "of course. When we go Myanmar to extend business - you have to go with me" .. မြန်မာပြည်မှာ ကုမ္ပဏီလုပ်ငန်းတွေချဲ့ရင်၊.... ဘော့စ်က ပြုံးပြီး၊ ခင်ဗျားတို့ကိုပဲ ခေါ်သွားရမှာပဲလို့ပြောတယ်။

ဖတ်ရှုသူမိတ်ဆွေများ ရွှင်လန်းပါစေလို့ .... 
blog.irrawaddy.org/2012/07/blog-post_266.html

17 Jul 2012

စင်ကာပူ ဟိုတယ် မီးလောင်မှုဖြစ်ပွား


ယနေ့ တနင်္လာနေ့နံနက် စင်ကာပူ ဒေသစံတော်ချိန် ၉ နာရီလောက်က စင်ကာပူနိုင်ငံ Marine Parade Road က East Village ဟော်တယ်မှာ မီးလောင်မှု တခုဖြစ်ပွားလို့ ကလေး ၄ ဦး၊ လူကြီး ၅ ဦးနဲ့ မီးသတ်သမား ၂ ဦး စုစုပေါင်း လူပေါင်း ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်တဲ့။ မီးလောင်းမှုအတွင်း လူ၅၀ ယောက်အားဘေးလွတ်ရာသို့ ကယ်ဆယ်ခဲ့ရပါတယ်။


ဓာတ်ပုံ-CNA
စင်ကာပူ မြို့ပြ ကာကွယ်ရေး တပ်ဖွဲ့ ပြောတာကတော့ ဒဏ်ရာရတဲ့သူတွေကို စင်ကာပူ အထွေထွေ ဆေးရုံကြီးကို ပို့လိုက်ပါတယ်တဲ့။ ဒီသတင်းကို Channel News Asia က ထုတ်လွှင့်ပြသနေပါတယ်။

မီးလောင်မှုကတော့ ဟော်တယ်ရဲ့ မြေအောက်ထပ်မှာရှိတဲ့ စားသောက်ဆိုင်ကနေ စတင်ခဲ့တာလို့ သိရပြီး မီးခိုးတွေ အူထွက်နေတာကို မျက်မြင်တွေက ပြောပြကြပါတယ်။ စင်ကာပူ စံတော်ချိန် မွန်းလွဲ ၁း၀၀ အချိန်အထိ East Village ဟိုတယ်မှ မီးခိုးများထွက်နေဆဲဖြစ်ပါတယ်။  
blog.irrawaddy.org/2012/07/blog-post_3084.html

14 Jul 2012

စင်ကာပူမှာ အမျိုးသားများ သတိထားရန်


မြန်မာလူမျိုး စင်ကာပူနိုင်ငံသား ပြည်ကျော်ဟန်- မျက်နှာဖုံးထားသူ၊ ဓာတ်ပုံ- ASHLEIGH SIM
အရွယ်မရောက်သေးသူ မိန်းကလေးတဦးကို ကာမ ကျူးလွန်မှုကြောင့် စင်ကာပူ နိုင်ငံသား မြန်မာနိုင်ငံသား တဦးနဲ့ ဘဏ်အရာရှိဟောင်း တဦးတို့ကို စင်ကာပူ တရားရုံးတခုက ယမန်နေ့က အပြစ်ရှိတယ်လို့ စွပ်စွဲချက်နဲ့ စတင်ကြား နာခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ သတင်းတွေကို စင်ကာပူ အွန်လိုင်း သတင်း၂ ခုမှာ အသီးသီးဖော်ပြထားပါတယ်။

စင်ကာပူ နိုင်ငံသား မြန်မာလူမျိုး အသက် ၃၁ နှစ် ရှိတဲ့ ကိုပြည်ကျော်ဟန် ဆိုသူကို အရွယ် မရောက်သေးသူ မိန်းကလေး တဦးကို ၂၀၁၀ ခုနှစ် ဒီဇင်လာလက စင်ကာပူရှိ Strand Hotel မှာ စင်ကာ ပူ ဒေါ်လာ ၆၅၀ ပေးပြီး ပျော်ပါးမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ကြားနာခဲ့တာပါ။

ကိုပြည်ကျော်ဟန် ဆိုသူဟာ လုံခြုံရေး ကုမ္ပဏီတခုက ညွှန်ကြားရေးမှူး တဦးလည်းဖြစ်ပါတယ်။ သူ့ရှေ့နေကတော့ တရားရုံးမှာ ခုခံကာကွယ် ထုခြေသွားမယ်လို့ဆိုထားပါတယ်။

အလားတူ အသက် ၃၃ နှစ်ရှိ ဘဏ် အရာရှိဟောင်း မစ္စတာ Louis Lee Lip Kian ဟာ အသက် ၁၇ နှစ် အရွယ် ပြည့်တန်ဆာ တဦးနဲ့ ၂၀၁၀ ခုနှစ်က Hotel 81 Bencoolen မှာ စင်ကာပူဒေါ်လာ ၆၀၀ ပေးပြီး ပျော်ပါး ခဲ့တဲ့အတွက် အပြစ်ရှိတယ် ဆိုပြီး တရားစွဲခံရတာလည်းဖြစ်ပါတယ်။

သူကတော့ တရားရုံးမှာ သူနဲ့ပျော်ပါးခဲ့တဲ့ မိန်းကလေးကို အတော် အရွယ်ရောက်ပြီးသူလို့ပဲ ထင်ခဲ့ကြောင်း ထွက်ဆို ခဲ့ပါတယ်တဲ့။

သူ့ရှေ့နေ Mr Amolat Singh ပြောတာကတော့ Louis Lee Lip Kian ဟာ အိမ်ထောင်ရေး ပြိုကွဲထားလို့ စိတ်ကျ ဝေဒနာ ခံစားနေရပြီး မှားယွင်းတဲ့ နေရာမှာ အချစ်ကို ရှာဖွေရာက အခုလို ဖြစ်နိုင်တာလို့ မှတ်ချက်ပေးပေမယ့် အသက်ကို ခန့်မှန်းရ ခက်ခဲတာကိုလည်း ထောက်ပြပြီး ထုချေခဲ့ပါသေးတယ်။

သူတို့ ၂ ဦးကို ကွန်ပျူတာ သိပ္ပံ နည်းပညာတွေနဲ့ သေချာစစ်ဆေးပြီး လာမယ့် သြဂုတ်လ ၂၇ ရက်နေ့ မှာ ပြစ်ဒဏ် အမိန့်ချမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

တချို့သတင်းတွေ အဆိုအရ အလားတူ အပြစ်မျိုးနဲ့ နောက်ထပ် အမျိုးသား ၄၈ ဦးကိုလည်း တရားစွဲဆို အပြစ်ပေးဖို့ ရှိပါတယ်တဲ့။

မူရင်း သတင်းတို့ကို ဤနေရာ နှင့် ဤနေရာ တို့တွင်လည်း ဖတ်ရှု့နိုင်ပါတယ်။  
blog.irrawaddy.org/2012/07/blog-post_647.html

10 Jul 2012

စင်္ကာ ပူ မှာ လုပ် မယ့် မြန် မာ့ စီး ပွားရေး ကွန် ဖ ရင့်


(၆)ကြိမ်မြောက် မြန်မာ့စီးပွားရေးကွန်ဖရင့်ကို စင်ကာပူမှာ လုပ်မယ် တဲ့။ ဒီလ ၁၆၊ ၁၇ မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဝန်ကြီးဌာန လူကြီးတွေ၊ လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာက လုပ်ငန်းရှင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

ကွန်ဖရင့် တက်ချင်တယ် ဆိုရင် ကြိုတင်ပြီး စာရင်းပေးသွင်းရမယ်၊ တယောက်ကို စင်္ကာပူဒေါ်လာ ၁,၄၈၀ (US$1200.00) သွင်းရမယ် တဲ့။ တည်းခိုစရိတ် ခရီးစရိတ် မဟုတ်ဘူး၊ ကွန်ဖရင့်တက်ရောက်ခွင့်အတွက်ပါပဲ လို့ frc.com.sg/6mbc.htm မှာ ရေးထားပါတယ်။

၂၄၄၊ ပထမထပ်(ယာ)၊ စေတနာလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်မှာလည်း စာရင်းသွင်းနိုင်ကြောင်းလည်း ကြေးမုံသတင်းစာမှာ ဒီကနေ့ ကြော်ငြာထားတာလည်း တွေ့ရမှာပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ကုန်သွယ်ရေးမူဝါဒ စတဲ့ စတဲ့ အကြောင်းအရာ မျိုးစုံကို မြန်မာပြည်က ဌာနဆိုင်ရာ ညွှန်မှုးတွေ အရာရှိကြီးတွေ ပြောဆို ဆွေးနွေးကြမယ် တဲ့။ ဆွေးနွေးမယ့်သူတွေနဲ့ အကြောင်းအရာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


Speakers & Topics

Paper 1
Update of Investment Climate in Myanmar - U Tin Ko Win, Director, Directorate of Investment and Company Administration

Paper 2
Project Appraisal – What Myanmar needs?
U Tin Ko Win, Director, Directorate of Investment and Company Administration

Paper 3
Foreign Investment Law
Daw May Thi Lin, Director
Union Attorney General office (Ministry of Law)

Paper 4
Legal Aspects of Investment for Land
Daw May Thi Lin, Director
Union Attorney General Office (Ministry of Law)

Paper 5
Legal Aspect of doing business in Myanmar
Daw May Thi Lin, Director
Union Attorney General Office (Ministry of Law)

Paper6
Opportunities for Investment in Urban Development sector country profile, current situation, economic opportunities, proposed national mez development strategy, future projects and plans, rules and REGULATIONS, upcoming cooperative opportunities
Speaker: U Win Zaw, Advisor, Ministry of Construction

Paper 7
Current situation of Yangon Pro-economic opportunity for port business & relevant
law and regulation Current situation, Economic opportunities, Potential Projects,
Privatisation, Deep sea port projects, Oil & Gas terminal, Dawei development, Terminal at
Thilawa port area.
Speaker: U Soe Thein, Deputy Chief Engineer, Myanmar Port Authority

Paper 8
Current Status of Myanmar Post & Telecommunication National telecom and It policy, Public –Private Partnership, Infrastructure, Business opportunities on data services, SMS and other telecommunication services
Speaker: U Kyaw Soe, Principal, Ministry of Communications, Post & Telegraph

Paper 9
Investment opportunities for shipbuilding industry in Myanma shipyards –
Present capability and capacity, Expansion Plan, Investment Opportunity
Speaker: U Kyaw Kyaw, Assistant General Manager, Myanma Shipyard

Paper 10
Investment Environment of Tourism Industry in Myanmar Products: Major Tourist Destination, Positioning in Tourism, Tourism Policy, Foreign Direct Investment in Hotel Business, Procedures and Salient Points for the investment in Hotel and Commercial Building Projects, Procedures for the Establishment of Tour Operator Business
Speaker: U Hlaing Oo, Director, Ministry of Hotel & Tourism

Paper 11
Myanmar Trade Policy Trade Policy background, Export/Import Procedures, Liberalization under new government
Speaker: Daw Win Min Phyo, Assistant Director, Ministry of Commerce

Paper 12
Foreign Exchange Control & Progress on Exchange Rate Unification – Current status,
future vision, recommendation and conclusion
Speaker: U Ye Aung, Assistant Director, Central Bank of Myanmar.

Paper 13
Opportunities In Petroleum Energy Sector
Petroleum Oil & Gas Sector (Upstream), Petrochemical Industry Sector, Petroleum Products Sector, Opportunities
Speaker: U Aung Kyaw Htoo, Assistant Director, Energy Planning Department (EPD), Ministry of Energy

*Panel discussions at the end of both days. 
blog.irrawaddy.org/2012/07/blog-post_2546.html

30 May 2012

စ င်္ကာ ပူ ပို လီ ၀င် ခွင့် အ တွက် စဉ်း စား သွား မည် ဟု ဆို


ဝင်ခွင့်ရရှိဖို့ ခက်ခဲ လာတဲ့ စင်္ကာပူ ပိုလီ ၀င်ခွင့်ဟာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေ ဆိုရင်တော့ တက်ရောက်ခွင့် ပြုလျက် ရှိတယ်လို့ Singapore Tourism Board မှတစ်ဆင့် Ministry of Education မှပြောကြား ခဲ့တယ်လို့ Crown Education မှ သိရပါတယ်။

ဒီလို စင်္ကာပူ နိုင်ငံရဲ့ ပိုလီ ၀င်ခွင့်ကို မြန်မာနိုင်ငံရှိ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ နှစ်စဉ် လျှောက်ထားကြပြီး အဲ့ဒီလို လျှောက်ထား ရာမှာ တစ်နှစ်ကို လူဦးရေ ၃၅၀ ကနေ ၅၀၀ နီးပါး အထိ လျှောက်ထား ကြတာ ဖြစ်ပါတယ်။

အခုလို ပိုလီ ၀င်ခွင့်ကို လျှောက်ထားသူ များပြား နေခြင်းမှာ ပညာသင် ထောက်ပံ့ကြေး ၈၀ ရာခိုင်နှုန်း ရရှိမှု၊ ကျောင်းပြီးရင် အလုပ်အကိုင် အခွင့်အရေး ခိုင်မာမှု တွေကြောင့် ဖြစ်ပါတယ်။ အခုအခါ မှာတော့ ပိုလီဝင်ခွင့် တွေကို အရင်ကထက် သတ်မှတ်ချက်တွေ ပိုမိုတင်းကြပ် လိုက်တာကြောင့် ၀င်ခွင့်ရရှိမှု ခက်ခဲလာ ပါတယ်။

ယခုနှစ်မှာ ပိုလီဝင်ခွင့် အတွက် တက္ကသိုလ် ၀င်တန်း ရမှတ်၊ i GCSE အမှတ်တွေ သာမက မိမိတို့ တက်ရောက်မယ့် ဘာသာရပ်နဲ့ ရရှိတဲ့ ရမှတ်တွေ ကိုက်ညီမှု ရှိ၊ မရှိကိုပါ ထည့်သွင်း စဉ်းစားပြီးမှ တက်ရောက် ခွင့်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ 
blog.irrawaddy.org/2012/05/blog-post_7658.html

11 May 2012

နေ ထိုင် စီး ပွား ရှာ လို့ အကောင်း ဆုံး အ ဆင့် ၄ ချိတ် တဲ့ စင်္ကာ ပူ


မြန်မာများစွာရှိတဲ့ စင်္ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ နေထိုင် စီးပွားရှာတဲ့နေရာမှာ စတ္တုတ္ထ အကောင်းဆုံး အဆင့်မှာ ရှိတယ် လို့ ဟိုင်ဒြိုဂျင် အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီနဲ့ ESCP Europe စီးပွားရေး ပညာ တက္ကသိုလ်ကျောင်းတို့ရဲ့ စစ်တမ်း တခု က ဆိုတာပါ။

ကမ္ဘာတ၀ှမ်းက လူပေါင်း ၂၃၅၃ ဦးကို မေးမြန်းစစ်တမ်းကောက်ယူခဲ့တာပါ။
အဆင့် ၁ အမေရိကန်၊ အဆင့် ၂ ဗြိတန် နဲ့ အဆင့် ၃ သြစတြေးလျ ပြီးရင် စင်္ကာပူဟာ အခုလိုအဆင့် ၄ ဖြစ်လာရတာက သန့်ရှင်း သတ်ရပ်မှု၊ စနစ်ကျကောင်းမွန်တဲ့ စွမ်းအင်၊ စီမံခန့်ခွဲရေး၊ ဘဏ်လုပ်ငန်းနှင့် ငွေကြေးခိုင်မာမှု၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး စနစ်များ ကောင်းမွန်မှု ဒါတွေက အခုလို အဆင့်ကို တွန်းပို့လိုက်တာလည်းဖြစ်ပါတယ်။

ဟိုင်ဒြိုဂျင်ရဲ့ အာရှ မန်နေဂျာကတော့ စင်္ကာပူကို အာရှရဲ့ ဆီလီကွန်တောင်ကြား ဒါမှ မဟုတ် အာရှရဲ့ ဆွစ်ဇာလန် ဖြစ် လာ မလားလို့ မေးခွန်းလည်း ထုတ်လိုက်ပါတယ်။

နည်းပညာ၊ စွမ်းအင်၊ စီမံခန့်ခွဲမှု စတဲ့ ကဏ္ဍအသီးသီးမှာ အာသာချက်တွေရှိတာကြောင့် စင်္ကာပူမှာ လာရောက် နေထိုင် စီးပွားရေးလုပ်ငန်းတွေ လာလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် မြန်မာအများစုဟာ စင်္ကာပူမှာ နေထိုင်စီးပွားရှာနေကြပေမယ့် အဲဒီအထဲက လူနည်းစုလောက်ပဲ လခ ကောင်း ကောင်းရကြတာပါ။ ကျန်တဲ့ အများစုကတော့ အခြေခံ လုပ်သားများဘ၀နဲ့ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြ ရတာပါ။ 
www.irrawaddyblog.com/2012/05/blog-post_11.html

7 May 2012

စင်္ကာ ပူ ရှိ ကွန် ဒို ခန်းများ ပတ် စပို့ ပြ ရုံဖြင့် ဝယ်နိုင် မှုကြောင့် မြန် မာနိုင် ငံသား များ စိတ် ဝင်စား

စင်္ကာပူရှိ ကွန်ဒိုခန်းများ ပတ်စပို့ ပြရုံဖြင့် ဝယ်နိုင်မှုကြောင့် မြန်မာနိုင်ငံသား များ စိတ်ဝင်စားအာရှ နိုင်ငံ များအနက် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက် နေသော စင်္ကာပူနိုင်ငံ၌ ရင်းနှီး မြှုပ်နှံရန် မြန်မာနိုင်ငံ သားများ သာမက ပြင်ပ နိုင်ငံခြား သားများ အနေဖြင့် ကွန် ဒိုမီနီယံ၊ တိုက်ခန်းများကို ပတ်စပို့ ပြရုံဖြင့် ဝယ်ယူနိုင်မှုကြောင့် မြန်မာ နိုင်ငံသားများ စိတ်ဝင်စားမှုများ ကြောင်း စင်္ကာပူ  အခြေစိုက် အိမ်ခြံ မြေကုမ္ပဏီ တစ်ခုဖြစ်သည်။ CS Global ကုမ္ပဏီမှ သိရသည်။
"စင်္ကာပူမှာက ပတ်စပို့ ရှိရင် ကွန်ဒိုမီနီယံ တိုက်ခန်း ဝယ်လို့ရတယ်၊ မြန်မာနိုင်ငံလို မဟုတ်ဘူး။ တိုက်ခန်း ဝယ်မယ် ဆိုရင် ၂၀ရာခိုင်နှုန်းပဲပေး ရမယ်။ ကျန်တာကို ဝယ်ယူသူ အသက်နဲ့ (Payment) ငွေချေလို့ ရတယ်။ အသက်အားဖြင့် အနည်းဆုံး ၇၅နှစ် သတ်မှတ် ထားတယ်။
ဝယ်ယူက ၃၅ နှစ်ဆိုရင် ကျန်နှစ် ၄၀ကို (Payment) ပေးတယ်။ ငှားရမ်းခ များတော့ ဝယ် တဲ့သူတွေက လပေးသွင်းတော့ အခန်းပိုင် ဖြစ်သွားတယ်။ ဘဏ်အတိုးနှုန်းကလဲနည်းတော့ အဆင်ပြေ တယ်" ဟု CS Global မှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
စင်္ကာပူ နိုင်ငံ၏ အိမ်ခြံမြေဈေး ကွက်ရင်းနှီးမြှုပ်နှံမှု၏ အားသာချက် များတွင် နိုင်ငံခြားသားများ ပိုင်ဆိုင် မှုအတွက် ထိန်းချုပ် တင်းကျပ် ထားသော ဥပေဒ စည်းမျဉ်းများ မရှိကြောင်း၊ လစာ ငွေပေါ်မှ အခွန်ပေးဆောင်ရ ခြင်း၊ ပိုင်ဆိုင်မှု အပေါ် အခွန်ပေး ဆောင်ရခြင်း၊ မိမိပိုင်ဆိုင်မှုကို ရောင်းချရာမှ ရရှိသော ငွေကြေးကို အခွန် ပေးဆောင်ရခြင်း များအား ကင်းလွတ်ခွင့် ပြုထားကြောင်း၊ အရစ်ကျ ပေးချေရသည့် ချေးငွေပမာဏာမှ ၂၀ရာခိုင်နှုန်း အထိသာ ရှိပြီး အတိုး နှုန်းမှာ ၂ရာခိုင်နှုန်းထက်လျော့နည်း ကြောင်း သိရသည်။
"စင်္ကာပူက တိုက်ခန်းတွေကို ဝယ်ယူပြီး ငှားရမ်းမယ်ဆိုရင်လည်း အကျိုးအမြတ်က ချေးငွေပမာဏ အတိုးနှုန်းထက် မြင့်တယ်။ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည် ရောင်းချ မယ်ဆို ရင်လည်း ဈေးကွက်အဆင်သင့်ရှိ နေတယ်။ ရင်းနှီးမြှုပ်နှံသူဘက်က နေ ကာကွယ်ပေးတဲ့ ဥပဒေစည်း မျဉ်းတွေလည်း ရှိတယ်"ဟု CS Global မှ တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။
အဆိုပါ စင်္ကာပူရှိ ကွန်ဒိုမီနီယံ တိုက်ခန်းများကို ဝယ်ယူသူ အများစုမှာ နေထိုင်ရန်နှင့် ပြန်လည်ငှားရမ်း ဖို့သာ ဝယ်ယူကြကြောင်း၊ အများစု မှာ မြန်မာ ကျောင်းသားများ ဝယ်ယူ နေထိုင်ကြကြောင်း၊ တိုက်ခန်းဝယ် ယူရန်လွယ်ကူမှုကြောင့် မြန်မာနိုင်ငံ သားများအနေဖြင့်လည်း စိတ်ဝင် စားကြကြောင်း စင်္ကာပူ နိုင်ငံရောက် မြန်မာများထံမှသိရသည်။ 
www.yoyarlay.com/biz/biz/local-biz/25583-2012-04-30-07-42-55

3 May 2012

ခရီးသွား ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် စင်ကာပူ လာရောက် ဆွေးနွေး


ခရီးသွား ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် စင်ကာပူ လာရောက်  ဆွေးနွေးမြန်မာ့ဟိုတယ် ခရီးသွား လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလိုသူ စင်ကာပူ လုပ်ငန်းရှင်များ မေလ အတွင်း လာရောက်ဆွေးနွေး ကြမည် ဟိုတယ်/ ခရီးဝန်ကြီး ဌာနမှ သိရသည်။ အဖွဲ့ဝင် ၁၂ ဦးပါဝင်သော အ ဆိုပါလုပ်ငန်းရှင်များသည် ဟိုတယ်/ ခရီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်။
"မြန်မာနိုင်ငံရဲ့ ဟိုတယ်ခရီး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုပြီး အဆိုပြုလွှာတင်ထားတာတွေ ရှိပါ တယ်။ ဒါပေမဲ့ရင်းနှီးမြှုပ်နှံလိုသူတွေ ရဲ့ နောက်ခံကိုလည်း ကြည့်ရသေး တယ်။ တကယ်အလုပ်လုပ်နိုင်တဲ့ တိုင်းပြည်တွေကိုဦးစားပေးမှာပါ" ဟု ဟိုတယ်ခရီးမှ တာဝန်ရှိသူက ပြောသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန် အခြားနိုင်ငံများက စိတ်ဝင်စားမှု ရှိလာချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကို ထိထိရောက်ရောက်အကျိုးရှိအောင် ပြနိုင်ရန်လိုကြောင်း၊ လက်ရှိတိုး တက်လာသော ခရီးသွားလုပ်ငန်း အနေအထားများအရ မြန်မာ့ခရီး သွားကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု လိုအပ်နေပြီဖြစ်ကြောင်း ဟိုတယ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ "ဖြစ်နိုင်ရင် တိုက်ရိုက်ရင်းနှီး မြှုပ်နှံမယ့်သူတွေလာရင်ပိုကောင်း တယ်"ဟုအထက်ပါလုပ်ငန်းရှင် က ပြောသည်။
မြန်မာ့ဟိုတယ် ခရီးသွား ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံရန်အတွက် ၂၀၁၂ ခုနှစ်အတွင်း ဂျပန်၊ တရုတ်၊ ကိုရီး ယားစသည့် အာရှနိုင်ငံများအပြင် ဥရောပနိုင်ငံများ ကပါ လာရောက် ဆွေးနွေးလေ့လာခဲ့ကြသည်။ သို့ သော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအားပြည်ထောင်စုလွှတ်တော် နှင့်နိုင်ငံတော်သမ္မတကအတည်ပြု ပေးခြင်းမရှိသေး၍ ရင်းနှီးမြှုပ်နှံလို သည့်နိုင်ငံများလက်တွေ့အကောင် အထည်ဖော်ရန် စောင့်ကြည့်နေဆဲ အနေအထားတွင်ရှိနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့မှတာ ဝန်ရှိသူ တစ်ဦးက လည်း သုံးသပ်သည်။
လွှတ်တော်၌ ပြန်လည်ပြင် ဆင်ကာ တင်ထားသည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၌ အခွန်ကင်းလွတ် ခွင့် သက်တမ်းအား မူလ ထက် တိုး မြှင့်ပေးခြင်း၊ ဝင်ငွေကိုဈေးကွက် ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ရှိ ခြင်း၊ နိုင်ငံခြားသားများ ကုမ္ပဏီ မှတ်ပုံတင်ရာ၌ ရှုပ်ထွေးမှုမရှိစေခြင်း စသည့် အချက်များအားပြန်လည်ပြင် ဆင်ထားကြောင်းဥပဒေကြမ်းပါအချက် များအရသိရသည်။ 
www.yoyarlay.com

2 May 2012

မြန်မာဝန်ကြီး စင်္ကာပူမှာ လေ့လာရေးဆင်း


သန့်ရှင်း လှပတဲ့ စင်္ကာပူ တနေရာ (ဓာတ်ပုံများ- ဒီကိုလာ)


သမိုင်းဘီး ပြောင်းပြန်လည်ပြီ လို့ ဆိုရမယ်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးခင်မောင်မြင့် စင်္ကာပူမှာ လေ့လာရေး ထွက်နေတယ် လို့ channel news asia မှာ ရေးထားပါတယ်။

ဟိုတုန်းကတော့ စင်္ကာပူမြို့တည်ဖို့ ရန်ကုန်ကို အရောက်သွားပြီး လေ့လာခဲ့ကြတာပါ။ ခုတော့ ပြောင်းပြန်ဖြစ်ပြီပေါ့။

ဝန်ကြီး ဦးခင်မောင်မြင့်ရဲ့ မြို့ပြစီမံကိန်း လေ့လာရေးခရီးက ၄ ရက်ကြာမယ်
(၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ)၊

ဝန်ကြီးက အောက်ဖော်ပြပါ ဌာနများအပါအ၀င် စင်္ကာပူအစိုးရဌာနဆိုင်ရာများနဲ့ တွေ့မယ်လို့ သတင်းမှာ ရေးထားပါတယ်။

the Building and Construction Authority,
Urban Redevelopment Authority,

Housing and Development Board,
Singapore Land Authority,

Law Ministry,
Monetary Authority of Singapore,

the International Enterprise Singapore

မိုးပျံရထားဘူတာတခုက မြင်ရတဲ့ ညရှုခင်း

အတုခိုးဆောင်ရွက်စရာတွေပြည့်နေတဲ့ စင်္ကာပူကို လေ့လာရေးထွက်တာ အင်မတန် ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သေချာပေါက် အထောက်အကူဖြစ်မှာပါ။

တိုးတက် စနစ်ကျတဲ့ စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေထိုင်၊ အလုပ်လုပ်ကိုင်ပြီး အတွေ့အကြုံတွေ ရနေတဲ့ မြန်မာပြည်သားတွေလည်း ထောင်သောင်းချီ ရှိနေပါတယ်။

ဒီလိုအတွေ့အကြုံရှိသူတွေ ပညာတတ်သူတွေ မြန်မာပြည် ပြန်လည် တည်ထောင်နိုင်ရေးမှာ ၀င်ရောက်လုပ်ကိုင်ကြရင် အများကြီး အားတက်စရာပါပဲ။

နယ်ပယ်အသီးသီးမှာ အပြောင်းအလဲအတွက် စနစ်တခုတည်းမဟုတ်ဘဲ လုပ်နိုင်ကိုင်နိုင်တဲ့လူတွေ လိုတယ် မဟုတ်လား။

သို့သော်လည်း မြန်မာပြည်အခြေအနေက မိတ်ကပ်လိမ်းသလို အပေါ်ယံပြောင်းလဲမှုတွေပဲ ဆက်ဖြစ်နေအုံးမယ် ဆိုရင်တော့ စင်္ကာပူရောက် မြန်မာပြည်သားတွေ ပြည်တော်ပြန်ရေးက အလှမ်းဝေးနေအုံးမယ်လို့ ယူဆရပါတယ်။

(ဖြည့်စွက်ချက် - ဓာတ်ပုံတွေကို- ဒီကိုလာ ဘလော့က ယူပါတယ်။ ပုံစာတွေကတော့ ခန့်မှန်းပြီး ရေးလိုက်တာပါ)

www.irrawaddyblog.com/2012/05/blog-post_5880.html

30 Apr 2012

စင်ကာပူ အငြိမ့်

 

ဒီနေ့ညပွဲ။ လူရွှင်တော် ဇာဂနာ၊ မေတ္တာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဗေဒါ။

မင်းသမီး ချောအိငြိမ်းနဲ့ အရိုင်းရဲ့သမီးလေး ပန်းနု။

ပြက်လုံးက အဟောင်းတွေကော အသစ်တွေကောပါတယ်။

လူတွေက အရိုင်းနဲ့ ဇာဂနာ အလုပ်အင်တာဗျူးမှာ အမေးအဖြေလုပ်တာ သဘောကျကြတယ်။ ဇာဂနာကမေး၊ အရိုင်းကဖြေ။ မြန်မာပြည်မှာ လောလောဆယ် ဘာအပေါဆုံးလဲ ဆိုတော့ “ဖောင်ဒေးရှင်း“ တဲ့။ လောလောဆယ် ခေတ်အစားဆုံး စကားလုံး ၂ လုံးကိုပြောပါ ဆိုတော့ “အမေ” နဲ့ “အဘ” တဲ့။

အဲဒါကို တော်တော်သဘောကျကြတယ်။ လူ ၂၀၀ လောက်ရှိမယ်။ ရုံပြည့်ပဲ။ သီချင်း၊ သံချပ်ပြီး ခဏ ပွဲနား၊ ပြီးတော့ အငြိမ့်ထွက်။ သံချပ်က အသီးတွေ လုပ်တဲ့ ဟာမျိုးကိုပြန် အပ်ဒိတ်လုပ်ထားတာ။ အလုပ်သမားတွေအကြောင်း သံချပ်ထိုးတာပါတယ်။
မြန်မာပြည်မှာတော့ သင်္ကြန်ကပြီးပြီ စင်ကာပူမှာတော့ သင်္ကြန်ကို မျှင်းပြီး လုပ်နေတုန်း မပြီးသေး :P 
www.irrawaddyblog.com/

26 Apr 2012

စင်္ကာပူရောက် မြန်မာအိမ်ဖော်များ


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigS-VBR2kLuaHwdzHVSdfk4R88HLdyyzgzKN0aYM8Je1olY9isf8qiWQL7QhtycffliSfv2KWSqM9uv3KBmC_lRjkrRB9Nuq5F2k91Q7hG_w4nxqEBX4eKmNm3nx9fLuYvSYRrQjIbTcs/s400/singapore+6+%252824%2529.JPG
စင်္ကာပူရောက် မြန်မာပြည်သားများ စုဝေးရာ ပင်နီဆူလား ပလာဇာ (ဓာတ်ပုံ-ဧရာဝတီ)

"မြန်မာသံရုံးက ၀င်ငွေခွန်ကိုသာ ပုံမှန်တောင်းခံပြီး ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးအပေါ်မှာ အကူအညီ ပေးခြင်း၊ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိပါ"

မြန်မာနိုင်ငံကနေ စကာင်္ပူမှာ အိမ်ဖော်လာလုပ်ကြရတဲ့ မိန်းကလေးတွေရဲ့ ဘ၀ကို ကိုယ်ချင်းစာနိုင်အောင် ဒီစာကိုရေးလိုက်တာပါ။ အိမ်ဖော်အဖြစ် သွားရောက် လုပ်ကိုင်လိုသူများ ဒီစာကို အရင်ဖတ်စေချင်ပါတယ်။
---------------------------------------------------
စကာင်္ပူမှာ အိမ်ဖော် လာလုပ်ကြရတဲ့ မိန်းကလေးတွေ အနေနဲ့ နိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ ရှိပါတယ်။ အများအားဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ယိုးဒယားနဲ့ မြန်မာနိုင်ငံက မိန်းကလေးတွေပါ။

အဲ့ဒီလို လူမျိုးစုံထဲကမှ မြန်မာနိုင်ငံက အိမ်ဖော်တွေ ရတဲ့ အခွင့်အရေးနဲ့ တခြားနိုင်ငံက အိမ်ဖော်တွေ ရတဲ့ အခွင့်အရေး အများကြီး ကွာခြားပါတယ်။

ကျမနဲ့ အိမ်မှာ တခန်းတည်း အတူနေခဲ့တဲ့ ညီမလေး တယောက်က Maid Agency မှာ ရုံးဝန်ထမ်း လုပ်ပါတယ်။ ဒါကြောင့် သူပြောပြသမျှကို ကျမ သိခဲ့ရတယ်။

မြန်မာအိမ်ဖော်တွေ အဓိက အနှိမ်ခံရတဲ့ အချက်တွေက ဘာသာစကား အားနည်းမှု၊ မိမိ အလုပ်ရှင်ကို ရိုသေလေးစား အားနာမှု၊ သည်းခံတတ်မှုတွေကြောင့် အလုပ်ရှင် အိမ်ရှင်တွေက အတင့်ရဲစွာနဲ့ အနိုင်ကျင့် နှိမ်ချရဲတာပါ။ အိမ်ဖော်ချင်း အတူတူ ဖိလစ်ပိုင်နဲ့ မြန်မာ ရတဲ့ အခွင့်အရေး ကွာခြားတာကို ကျမ ရှင်းပြပါ့မယ်။

ဖိလစ်ပိုင်က လာတဲ့ အိမ်ဖော်တွေက သူများနိုင်ငံမှာ အိမ်ဖော် သွားလုပ်တော့မယ် ဆိုရင် မသွားခင်မှာ အရင်ဆုံး သင်တန်းတက်ရတယ်။ ကိုယ်လုပ်မယ့် လူမျိုးတွေရဲ့ စရိုက်၊ နေထိုင်မှု၊ သန့်ရှင်းရေး၊ စားပုံသောက်ပုံ၊ ချက်ပြုတ်တာတွေကအစ သင်ခဲ့ကြတယ်။ ကုန်ကုန်ပြောရရင် စကာင်္ပူမှာ အိမ်ဖော် လာလုပ်ဖို့ အ၀တ် လှမ်း တာတောင် သူတို့လိုတတ်မှ ဖြစ်မှာပါ။ မြန်မာပြည်က လာတဲ့ အိမ်ဖော်မိန်းကလေးတွေက အများအားဖြင့် နယ်က ကလေးတွေဖြစ်ကြတယ်။ တချို့ ပညာတတ်တဲ့ မိန်းကလေးတွေလည်း ပါပါတယ်။

ကိုယ့်တိုင်းပြည်မှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ ရှိသမျှလေး ပေါင်နှံပြီး Agent တွေကို မတန်တဆ ပေးပြီး ရောက်လာခဲ့ကြတယ်။ တချို့ဆိုရင် သူတို့ ဘာလုပ်လို့ လုပ်ရမှန်း မသိပဲ စင်္ကာပူမှာ အလုပ်ရမယ် ဆိုလို့ လိုက်လာတာမျိုးတွေ တပုံကြီးပါ။ လေဆိပ်ရောက်တော့မှ Agent က သူတို့ လက်ထဲကို In-Principle Approvals (IPA Letter) ထည့်ပေးလိုက်မှ သူတို့ရဲ့ အလုပ်အကိုင်နေရာကို မြင်မှ သိလိုက်ရတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ အဲ့ဒီအချိန်မှာ နောက်ဆုတ်လို့လည်း မရတော့ဘူး။ ဒီတော့ မျက်စိမှိတ်ပြီး ရောက်ခဲ့ကြရပြန်ရော။

တချို့ဆိုရင် အဲ့ဒီ In-Principle Approvals (IPA Letter) ကိုတောင် မဖတ်တတ်ရှာလို့ နားမလည်ပါဘူး။ ဘာမှန်းညာမှန်း မသိပဲ အလုပ်ရချင်တဲ့ စိတ်လေး တခုတည်းနဲ့ ရောက်လာခဲ့ကြတာ။

ဒီတော့ ဘယ်မှာလည်း သင်တန်းတွေ၊ ဘာသာစကား လေ့လာမှုတွေ၊ လုပ်ငန်းတဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ... တကယ့်ကို ဘာမှ မရှိပဲ ရောက်လာကြရတာပါ။ ဒီတော့ သူများနဲ့ ယှဉ်ပြီးလည်း ရွေးရော မြန်မာလူမျိုးက ဘာမှ မတတ်ဘူးဆိုပြီး Agent ကစလို့ လစာကို နှိမ်ပြီး သတ်မှတ်တော့တာပဲ။

အလုပ်ရှင်တွေဆီ ပို့ပြန်တော့လည်း တခြားနိုင်ငံသားတွေကို စကာင်္ပူ မဟုတ်တဲ့ နိုင်ငံခြားသား (အနောက်နိုင်ငံသား) အိမ်တွေကို ပို့တာများတယ်။ မြန်မာတွေက ဘာသာစကား အားနည်းလို့ ဆိုပြီး စလုံးတရုတ် အိမ်တွေကို ပို့တယ်။ တခြားနိုင်ငံသားတွေ တလကို စကာင်္ပူဒေါ်လာ (၆၀၀) ရတဲ့ အချိန်မှာ မြန်မာလူမျိုးကို တလ စကာင်္ပူဒေါ်လာ (၃၅၀) ပဲ ပေးတယ်။

အလုပ်နားရက် ပေးပြန်တော့လည်း တခြားလူမျိုးတွေက တပတ်ကို (၁)ရက် ခံစားခွင့်ရတယ်။ မြန်မာလူမျိုးကို တလမှ (၁) ရက်ပဲ ခံစားခွင့် ပေးတယ်။ ဟန်းဖုန်းသုံးလို့ မရတဲ့ အိမ်ရှင်တောင် ရှိပါတယ်။ ကိုယ်ပိုင်အပြင် ထွက်လို့ရတဲ့ နေမှာပဲ ဆက်သွယ်လို့ ရပါတယ်။

အခုပြောပြတာတွေက ကျမတို့သိထားတဲ့ အပြင်ပန်း ခွဲခြားဆက်ဆံမှုပဲ ရှိပါသေးတယ်။ တကယ် အလုပ် လုပ်ရတဲ့ ကာယကံရှင် အိမ်ဖော်တွေက သူတို့ရဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘ၀မှာ ကျမတို့ မသိနိုင် မမြင်နိုင်တဲ့ နာကျင်မှုတွေ၊ ခံစားမှုတွေ ရှိနေနိုင်ပါတယ်။

တချို့ဆိုရင် အိမ်ရှင်က ကိုယ်ထိလက်ရောက် နာကျဉ်အောင် ရိုက်နှက်တာမျိုးလည်း ရှိပါတယ်။ အဲ့လို ဖြစ်လို့ Agent ကို အကြောင်းကြားရင် Agent က အလုပ်ရှင်ဘက်ကနေပဲ ရပ်တည်ပါတယ်။

ကိုယ့်တိုင်းပြည်မှာ တခါမှ ဘာအလုပ်မှ မလုပ်ခဲ့ဘူးပဲနဲ့ စင်္ကာပူရောက်မှ အခုလို အိမ်ဖော်ဘ၀ လုပ်ရတဲ့ သူတွေလည်း အများကြီး ဆုံခဲ့ဖူးပါတယ်။

ကောင်းတဲ့ အိမ်ရှင်တွေလည်း ရှိမှာပါ။ ဒါပေမယ့် အင်မတန် ရှားပါတယ်။

တခြားနိုင်ငံသား အိမ်ဖော်တွေ အလုပ်ရှင်က ကိုယ်ထိလက်ရောက် လုပ်ရင် ရဲကို တိုင်ရဲတယ်။ သူတို့သံရုံးကို သွားတိုင်ရင်လည်း ထိထိရောရောက် ကာကွယ်ပေးတယ်။

မြန်မာလူမျိုးတွေကတော့ ကိုယ့်ရဲ့ အိမ်ရှင် ကိုယ့်အပေါ် ကောင်းတာ မကောင်းတာကို ဗုဒ္ဓဘာသာ မြန်မာ လူမျိုးပီပီ ကံ၊ ကံ၏ အကျိုးဆိုပြီး သည်းခံ ခွင့်လွှတ်တတ်ကြတဲ့ လူမျိုးတွေပါ။ တချို့တွေ ဒီလို ဒုက္ခတွေကို မခံနိုင်တော့တဲ့ အဆုံး ရခဲ့လှတဲ့ လူ့ဘ၀ကိုတောင် စွန့်ခွာတဲ့ အထိဖြစ်ကြပါတယ်။

စင်္ကာပူ နိုင်ငံလို ဥပဒေ တင်းကြပ်တဲ့ နေရာမှာတောင် ဒီလိုမျိုးတွေ ခံစားရရင် တခြား တိုင်းပြည်တွေက အိမ်ဖော်တွေရဲ့ဘ၀ ဆိုဖွယ်ရာ မရှိတော့ပါ။

ကျမ အနေနဲ့ ဘယ်နေရာမှာ မြန်မာလူမျိုးတွေ့တွေ့ နှုတ်ဆက်တယ် "အဆင်ပြေလား" ဆိုတဲ့ စကားကို မေးမိတယ်။ ကိုယ်ချင်းစာတယ်။

အိမ်ဖော်မပြောနဲ့ ဘယ်လို အတတ်ပညာရှင်ပဲဖြစ်ဖြစ် ပြည်ပရောက်လို့ လေဆိပ်ရောက်တာနဲ့ မြန်မာပတ်စပို့ ဆိုရင်ပဲ ခြေဆုံးခေါင်းဆုံး အကြည့်ခံရပြီး အမေးအမြန်းခံရပါပြီ။

အိမ်ရှင် ၁၀၀ မှာ ၁၀ ဦးမပြောနဲ့ တစ်ဦးကောင်းလည်း ကိုယ့်မြန်မာ အမျိုးသမီးများကို အိမ်ဖော်ဘ၀နဲ့ တိုင်းတပါးမှာ အလုပ် မလုပ်စေချင်ပါ။ စင်္ကာပူ အစိုးရ (MOM) က လစာဘယ်လောက် သတ်မှတ်ပေးပေး အလုပ်ရှင်နဲ့ အေးဂျင့် ညှိပြီး လစာ အမှန် မပေးဘူး ဆိုတာ စလုံးက မြန်မာတိုင်း သိကြပါတယ်။

လူတိုင်းလူတိုင်း ပြည့်စုံတဲ့ ဘ၀နဲ့သာ ရှင်သန်ချင်ကြပါတယ်။ အကြောင်းမလှလို့ ဒီလို ဘ၀မျိုး ရောက်လာတဲ့ အိမ်ဖော် တယောက်ရဲ့ ဘ၀ကို စာနာ နားလည်နိုင်ကြပါစေ။ အမျိုးကောင်း သမီးတွေကို တန်ဖိုးထားနိုင်ပါစေ။ ကိုယ့်လူမျိုးကို စောင့်ရှောက်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

အခုလို အိမ်ဖော်တွေ အနေနဲ့လည်း လစာ တလကို ဒေါ်လာ (၂၀၀) ပဲ ရရ (၃၀၀) ပဲရရ Work Permit ကိုင်ဆောင်ထားတဲ့ အတွက် မြန်မာသံရုံးကို ၀င်ငွေခွန် တလ ဒေါ်လာ (၄၀) နှုန်းနဲ့ ဆောင်ရပါတယ်။ မြန်မာသံရုံးက ၀င်ငွေခွန်ကိုသာ ပုံမှန်တောင်းခံပြီး ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးအပေါ်မှာ အကူအညီ ပေးခြင်း၊ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ခြင်း မရှိပါ။ တွေးလို့သာ ကြည့်ကြပါတော့။

မြန်မာသံရုံးကို ထမ်းဆောင်ရတဲ့ အခွန်နှုန်းထားတွေဟာ ကိုင်ဆောင်ထားတဲ့ ပါမစ်နဲ့သာ ထမ်းဆောင်ရပါတယ်။

(၁) Work Permit - $40/ month
(၂) S-Pass - $80/month
(၃) E-Pass/ PR - $120/month
(၄) Passport စာအုပ် သက်တမ်းတိုးခြင်း - $150

အလျဉ်းသင့်သလို စကာင်္ပူနိုင်ငံက မြန်မာအလုပ်သမားတွေရဲ့ ဒုက္ခတွေနဲ့ မြန်မာသံရုံးရဲ့ ညစ်ပတ်မှုတွေ ကိုလည်း ရေးသားပါဦးမယ်။ ဒီဆောင်းပါးလေးကို လွတ်လပ်စွာ ကူးယူမျှဝေ နိုင်ပါတယ်။

Source by :http://www.irrawaddyblog.com/

25 Apr 2012

စင်ကာပူ BCA Academy ဝင်ခွင့် စာမေးပွဲကျင်းပမည်


စင်ကာပူ BCA  Academy ဝင်ခွင့် စာမေးပွဲကျင်းပမည်စင်ကာပူနိုင်ငံ BCA Academy ၏ ၂၀၁၂ အောက်တိုဘာလ Intake အတွက် ဝင်ခွင့်စာမေးပွဲကိုမေလ ၁၅ရက်ေ   န့တွင် ကျင်းပမည်ဖြစ် ရာ ယင်းဝ င်ခွင့် စာမေးပွဲဖြေဆိုနိုင် ရန်လေ့ကျင့်သင်ကြားပေးနေကြောင်း Care Forever Services Co., Ltd. ထံမှ သိရှိရသည်။
BCA Academy သည် စင်ကာပူနိုင်ငံရှိ အမျိုးသားဖွံ့ဖြိုးမှုဝန်ကြီဌာန လက်အောက်တွင် ရှိသ  ည့်အစိုးရကျောင်း တစ်ကျောင်းဖြစ် ပြီးမြန်မာကျောင်း သူကျောင်း သားများ အင်ဂျင်နီယာကောင်း တစ်ယောက် အဖြစ်ရပ်တည်နိုင်ရန် အခွင့်အရေး ရှိသောကျောင်း တစ်ကျောင်းဖြစ်ကြောင်း၊ ထို BCA ကျောင်းတွင် Diploma in Construction Information Technology, Diploma in Construction Engineering, Diploma in Design (Interior & Landscape), Diploma in Mechanical Engineering (Green Building Technology), Diploma in Strategic Facilities Management, Diploma in Electrical & Clean Eneoy အစရှိသည့် ဘာသာရပ်များကို သင်ကြားပေးပြီး နှစ်သက်ရာ ဘာသာရပ်မျာကို ရွေးချယ်တက်ရောက်နိုင်ကြောင်း BCA Academy ၏ မြန်မာနိုင်ငံ တရားဝင် ကိုယ်စားလှယ် Care Forever Services Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အထက်ပါကျောင်းသို့ တက်ရောက်လိုသူများသည်  S/TOEFL/တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းမလိုအပ်ဘဲ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း သို့မဟုတ် GCE "O" Level Certificate ရရှိသူတိုင်း ပညာ သင်ကြားနိုင်ကြောင်း ယင်းကျောင်းထံမှ သိရှိရသည်။ BCA Academy ၏ ၂၀၁၂ ခုနှစ် အောက်တို ဘာလကျောင်းဝင်ခွင့်စာမေးပွဲကို အခမဲ့    ဝင်ရောက်ဖြေ ဆိုနိုင်ပြီး အသေးစိတ် သိရှိလိုပါက Care Forever Services Co., Ltd. အမှတ်-၁၇၇/၁၇၉၊ ၃၄ လမ်း (အပေါ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်။ ဖုန်း ဝ၉ ၅၁၆၆၂၄၀၊ ဝ၉ ၇၃၁၁၃၀၉၂၊ ဝ၁ ၅၆၉၈၁၈၊ ဝ၉ ၈၆၂၅၄၄၃ သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်သည်။ 
www.yoyarlay.com/

2 Apr 2012

စင်ကာပူ ရောက်လျှင် ထားရမည့် "သတိ"


စင်ကာပူ ရောက်လျှင် ထားရမည့် "သတိ"စင်ကာပူနိုင်ငံ သည်မြန်မာ လူငယ်များ သွားရောက် ပညာဆည်းပူးရာ၊ စီးပွားရှာရာ ဌာနဖြစ်၏။ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ သားသမီး များမှသည်၊ အခြေခံ လူတန်းစားတို့၏ သားသမီးများလည်းရှိကြ၏။ အချို့ မိဘများက မိမိပိုင်အိမ်ခြံလေးများကို ပေါင်နှံရောင်းချကာ၊ သားသမီးများ၏ အနာဂတ် အရေးဖွံဖြိုး သာယာအောင် ဆောင်ရွက်လေ့ရှိ၏။
လှေခွက်ချည်း ကျန်အလံ မလှဲ လိုသူတို့၏ စိတ်ဓာတ်ပင်။ သူတို့သား သမီးများ လှေလှော်ရင်း၊ တက် ကျိုးခဲ့သော် မခက်ပါလော၊ မတွေးဝန့်စရာ ပါ။တစ်ဖက်တွင်လည်း စင်ကာပူနိုင်ငံသည်၊ ရာဇဝတ်မှု ကျူးလွန်သူ နည်း သောနိုင်ငံဖြစ်ကြောင်း သိသူများ၏။ သို့သော် လူရှိလျှင် အပြစ်ပြုသူရှိ မည်ပင်။ ကိုယ်က မပြုဘဲ လျက်ပြစ်ဒဏ်မခံရအောင် ကိုယ် "ခံ" မသွား ရအောင်၊ စားသတိ၊ သွား သတိ၊ နေသတိရှိကြရန် ဤစာဖြင့် အသိပေး တင်ပြခြင်းဖြစ်ပါသည်။
ဘယ်သူသေသေ၊ ငတေမာလျှင် ပြီးရော
မကြာသေးမီက၊ စင်ကာပူ လုပ်ငန်းရှင်သုံးဦးကို အမေရိကန် နိုင်ငံလုပ် အသင့်တပ်ဆင်အသုံး ပြုသော ဘက်စုံသုံး" ရေဒီယို၊ မိုဒူး(လ်)"ပေါင်း(၆၀ဝ၀)ခန့်နှင့် ဧရိယာတိုင်(၅၅) ခုအပါအဝင်ကို အီရန်နိုင်ငံသို့ တရားမဝင်ရောင်းချ မှုဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။ ထိုကိရိယာများဖြင့် အီရတ်ရှိ မဟာ မိတ်တပ်ဖွဲ့များကို ဗုံးခွဲတိုက်ခိုက်လေ့ ရှိကြောင်း သိရ၏။ အမေရိကန်တို့က ယင်းရေဒီ ယိုဆက်စပ်ပစ္စည်းများ၏ လမ်း ကြောင်းကိုလေ့လာရာမှ၊ အီရန် ကုမ္မဏီတစ်ခုနှင့် စင်ကာပူအခြေစိုက် ကုမ္မဏီ(၃)ခုကိုခြေရာခံမိခြင်းဖြစ် ပါသည်။ စင်ကာပူလုပ်ငန်းရှင်များ ကို စစ်ဆေးရာ သူတို့နှင့် မပတ် သက်ကြောင်း ငြင်းဆိုပါသည်။
အမေ ရိကန်တို့ကမူ အီရန်အား ကုန် သွယ်မှုပိတ်ဆို့ထားသည့်ကြားမှ စင်ကာပူသား LIM KOW SENG ဆိုသူက ဦးစီးပြီး အီရန်နိုင်ငံသား HOSSEIN LARIJANI အား လက်လွှဲရောင်းချခဲ့၍ မကျေနပ်ပါ။ အမေရိကန်နှင့် စင်ကာပူနိုင်ငံ တို့သည် ရာဇဝတ်မှုကျူးလွန်သူကို သက်ဆိုင်ရာနိုင်ငံသို့ တရားခံ လွှဲ ပြောင်းပေး ရန်သဘောတူကြပါသည်။ သို့သော် ယခုအမှုတွင် သက်သေ အထောက်အထားမခိုင်လုံ၍ အမေ ရိကန်သို့ တရားခံ လွှဲပြောင်းပေးရန် စင်ကာပူနိုင်ငံအနေဖြင့် အကြပ်ရိုက် လျက်ရှိပါသည်။
အမြဲကံကောင်းနေပါစေ
စင်ကာပူ ၂၀ဝ၁ ခုနှစ်က "JAMAAR ISLAMIAH" အကြမ်းဖက်ကွန် ရက်မှ စင်ကာပူအမျိုးသားအဖွဲ့ဝင် သုံးဦးသည် နိုင်ငံခြားသို့ထွက်ခွာပြီး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ၌ပြန်လာစဉ် လေဆိပ်၌အဖမ်းခံရပါသည်။ ယင်းတို့အနက်"ဆာရုဒင် မိုဟာမက် ဆပြန်"က အာဖဂန်နစ္စတန် သို့ ရှေး ဦးစွာသွားရောက်၍ အကြမ်း ဖက် သင်တန်းတက်ခဲ့သူပင်။ စင်ကာပူ တွင် ထိရောက်သောဖောက်ခွဲမှုများ ဆောင်ရွက်ဖို့ သူနှင့်အဖော် (၂) ဦး သည် နိုင်ငံ တွင်းသို့ပြန် လာပြီး နေ ရာ ရွေး ရန်ဖြစ်၏။
ကျန်အဖွဲ့ဝင် (၂) ဦးမှာ "အမ်အာ အဗ္ဗဒူရာမာန်"နှင့် ညီတော်သူ "အေအာအဗ္ဗဒူရာမာန်" တို့ဖြစ်၏ စင်ကာပူနိုင်ငံတွင် သူတို့ သုံးဦးအား စစ်ဆေးနေပါသည်။ စင်ကာပူ ဒုတိယဝန်ကြီးချုပ် TEO CHEE HEAN ကနိုင်ငံခြားရှိ ထောက်လှမ်းရေး အဖွဲ့ဝင်များနှင့်ပြည် တွင်းလုံခြုံရေးဌာနမှ တာဝန်ရှိသူများ ကြိုးပမ်းမှုကြောင့် အကြမ်းဖက် သမားများကို ဖမ်းဆီးနိုင်ခြင်းဖြစ် ကြောင်းပြောကြားပါသည်။ ပြည် တွင်းလုံခြုံရေး ဥပဒေဖြင့် ဖမ်းဆီး ထားသူပေါင်း(၁၇)ဦးရှိ ကြောင်း သိရ၏။ ထို့ပြင်စင်ကာပူနိုင်ငံ ရှိမြေအောက်ရထားများ၊ ဘတ်(စ်) ကားများနှင့် လမ်းမကြီးများတွင်''CCTV" ကင်မရာများတပ်ဆင်၍ တိုင်းသူပြည်သားများ၊ လုံခြုံရေး အတွက် သက်ဆိုင်ရာက စောင့် ကြည့်လေ့ရှိကြောင်းသိရ၍ သာဓု ခေါ်မိပါသည်။
အတိုးကြီးယူ၊ ငွေဖြူအောင်ဖွပ်
ကျွန်တော်တို့လူမျိုးကိုအကြွေး ရလျှင်"ဆင်"ကိုပင် ဝယ်မည့်သူ များဟု တင်စားပြောဆိုလေ့ရှိ၏။ စင်ကာပူနိုင်ငံတွင် တတ်နိုင် သမျှ ကြွေးကင်းအောင်နေ သင့်ကြောင်း အကြံပေးပါရစေ။ ရဲတပ်ဖွဲ့က စင်ကာပူနိုင်ငံတွင် အတိုးမတန်တဆ ဖြင့် ငွေချေးသူဟုထင်ရသည့် အမျိုး သား(၅)ဦးနှင့် အမျိုးသမီး (၂)ဦး ကို ဖမ်းဆီးလိုက်ပါသည်။ "ဂျူ ရောင်း" ရဲတပ်ဖွဲ့၏ စစ်ဆေး ချက်အရ လူ(၆)ဦးသည် ဘဏ်ငွေ စာရင်းဖွင့်ခြင်း၊ သူတို့ပိုင် (ATM) ကဒ်နှင့် ပုဂ္ဂလိက မှတ်ပုံတင် အမှတ် (PIN) များကို အပေါင်အဖြစ် အတိုးကြီးစားသူများထံ အပ်နှံထား ရကြောင်း အစစ်ခံသွားပါသည်။
အသက်(၅၀)ရွယ်အမျိုးသားနှင့် (၄၂)အရွယ်အမျိုးသမီးတို့ကမူ အတိုးကြီးစားသူများ အတွက်၊ ATM စက်များမှတစ်ဆင့် အီလက် ထရောနစ်ရန် ပုံငွေများ ကို ညွှန်ကြား သည့်အတိုင်းပို့ပေးရကြောင်း ထွက် ဆိုသွားပါသည်။"အန်မိုကို"ရဲတပ်ဖွဲ့ က အသက်(၂၆)နှစ်အရွယ် တစ်ဦးကို စစ်ချက်ယူခဲ့၏။ သူ၏အမည် ဖြင့် ဘဏ်အချို့တွင် ငွေစာရင်း(၃)ခု ကို ဖွင့်ပေးရသည့်အပြင် ATM ကဒ် နှင့် PIN ကဒ်များကိုပါ အာမခံအဖြစ် ပေးထားရကြောင်း ပြောပြပါသည်။ စင်ကာပူတွင် တရားမဝင် ငွေချေး သူများသည် စင်ကာပူဒေါ်လာ (၃၀ဝ၀ဝ) ဒဏ်ကြေးအဖြစ် ပေး ဆောင်ရပါသည်။
အောင်လက်မှတ်     အတုတွေကို ရှောင်     
မြန်မာနိုင်ငံမှ ငွေကြေးပြည်စုံ သူအများစုသည် သူတို့၏သားသမီး များကို စင်ကာပူရှိ နာမည်ကျော် ကျောင်းများတွင် ထားလေ့ရှိ၏      ပညာရပ်ဆိုင်ရာ စာ သင်နှစ်ကုန်ဆုံး၍ စာမေးပွဲအောင်ပါက ပညာရေးဆိုင်ရာ သက်သေခံလက်မှတ်များကို ယင်း ကျောင်းများမှ ထုတ်ပေးလေ့ရှိ၏။ သို့သော် "ပိုးသာ ကုန် မောင် ပုံ စောင်းမတတ်သူ"များလည်းရှိ၏။ ပူစရာမလိုပါ။
စင်ကာပူရှိ စီမံခန့်ခွဲ မှု ဖွံ့ဖြိုးမှုတက္ကသိုလ်အပြင် ယင်း တက္ကသိုလ်နှင့် ချိတ်ဆက် ထားသော ကျောင်းများမှပင် ပညာရေး သက် သေခံလက်မှတ် ထုတ်ပေးဘိအလား၊ အောင်လက်မှတ်အတုများကို အင် တာနက်မှတစ်ဆင့် ဝယ်ယူနိုင်၏။ တချို့ကို ဒေါ်လာ ($၁၀ဝ၀ဝ) အထိ ဈေးတင် ၍ ရောင်းချကြ ၏။ နိုင်ငံ တော်ပညာရေးကောင်စီသည် အောင် လက်မှတ်အတုပြုလုပ်သူများအား စုံစမ်း ဖော်ထုတ်လျက်ရှိပါသည်။
ဆိုးသွမ်းလူငယ်နှင့် စိတ်ကျရောဂါ
ကမ္ဘာပေါ်တွင် ရာဇဝတ်ပြစ်မှု အနည်းဆုံး နိုင်ငံများစာရင်းတွင် "စင်ကာပူ" နိုင်ငံပါဝင်၏။ သို့သော် ဆိုးသွမ်းလူလည်လူငယ်များလည်း ရှိ၏။ ထိုနိုင်ငံသို့ သွားရောက်ပညာ သင်ယူနေသော မြန်မာနိုင်ကျောင်း သားများနှင့် ဝန်ထမ်းများသည် ဆိုး သွမ်းလူငယ်များ အန္တရာယ်မှ ကင်း ဝေး ၍ ရှောင်တိမ်းနိုင်ရန် သ တိပေး ခြင်းဖြစ်၏။ အစိုးရကလည်း ဆိုး သွမ်းလူငယ်များကို အရေးယူလျက် ရှိပါသည်။ မကြာသေးမီက (၁၉) နှစ် အရွယ် ကျောင်းသားလေး''DARREN NG WEIJIE'' ကို ဂိုဏ်း အဖွဲ့ဝင်များက သူတို့အား "ဘု ကြည့်" ကြည့်သည်ဟုဆိုကာ ပုဆိန် ဖြင့် ခုတ်သတ်ခဲ့ပါသည်။
တစ်ဖန် နှစ်ပတ်ကြာသောအခါ အနားယူနေ သည့် လူခုနစ်ဦးကို ဆိုးသွမ်းလူငယ် တစ်စုက ဓားမြှောင်၊ မလေးရှား ဓားရှည်များဖြင့် လိုက်လံခုတ်ထစ်၍ ဒဏ်ရာပြင်းစွာရရှိသွားကြောင်း သတင်းစာများက ရေးသားခဲ့ပါ သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ''The INSTITUTE OF MENTAL HEALTH'' ကျောင်းတော် ကြီးက ဦးစီး၍ စင်ကာပူ နိုင်ငံ သားများ၏ စိတ်ကျန်းမာရေးအခြေ အနေကို လေ့လာခဲ့ပါသည်။ လူ (၁၆) ဦးအနက် (၁) ဦးသည် ဘဝတစ်လျှောက်၌ စိတ်ကျရောဂါခံ စားရဖူးကြောင်း ဖော်ပြထား၏။
စင်ကာပူနိုင်ငံကား "သွားသုတ် သုတ်၊ လာသုတ်သုတ်၊ စားသုတ် သုတ်"ဖြစ်နေ၍ စိတ်ကျရောဂါခံ စားရရန် အလေးသာလျက်ရှိ၏။ မုဆိုးမနှင့် တစ်ခုလပ် များက စိတ်ဖိ စီးမှုအများဆုံးပင်။ အများအားဖြင့် အသက် (၂၉) နှစ် ဝန်းကျင်တွင် စိတ်ဖိစီးမှု ခံရပြီး လူဦးရေ၏ ၁၂%သည် သူတို့တစ်သက်တွင် စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားရ ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားပါ၏။ ဘဝအဆင်မပြေသော စိတ်ရောဂါခံစားနေရသော မိသားစု မှ မွေးဖွားလာသည့် ကလေး၏ အနာဂတ်ကို တွေးသာကြည့်ကြ ပါတော့။
သို့မို့ကြောင့် စင်ကာပူရောက် မြန်မာလူမျိုးများသည် "လောက ကြီးမှာ နေတတ်လျှင် ကျေနပ်စရာ တွေပါပဲ" ဟူသော စကားကို သဘောပေါက်၍" စိတ်ကို လည်း ပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ၊ သုခနိဗ္ဗာန်တိုင်လိမ့် မည်။"ဟူသော ဆရာတော်ဦးဝိသုဒ္ဓ၏ တရားအနှစ်ကို မမေ့ကြပါနှင့် ဟု သတိပေး လျက်.........။                                    http://www.yoyarlay.com

စင်ကာပူ အလုပ်လက်မဲ့ အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိ


စင်ကာပူ အလုပ်လက်မဲ့ အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိစင်ကာပူနိုင်ငံ၏ ကုန်ထုတ် စွမ်းအားမြင့်မား တိုးတက်ရေး အတွက်နိုင်ငံ အတွင်းရှိ လုပ်ငန်းရှင် များက ဝန်ထမ်းများတိုးချဲ့ခန့်ထား လျက်ရှိရာ ၂၀၁၁ ခုနှစ်၏ စတုတ္ထ သုံးလပတ်အတွင်း အလုပ်အကိုင် နေရာ (၃၇၆၀ဝ) ပိုမိုခန့် ထားနိုင် ကြောင်း၊ ထို့ကြောင့်စင်ကာပူနိုင်ငံ၏ အလုပ် လက်မဲ့နှုန်းမှာ ၂၀၁၁ ခုနှစ် အတွင်း ၃%သာရှိ၍ အနိမ့်ဆုံး အခြေအနေ သို့ရောက်ရှိ လာ ပြီဖြစ် ကြောင်း စင်ကာပူနိုင်ငံ၏ လူအင် အားဝန်ကြီး ဌာနက မတ်လ(၁၅) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင်နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်နှင့်အခြား အာဆီ ယံနိုင်ငံများသို့ သွားရောက် ရင်းနှီးမြှုပ်နှံရာတွင် အထောက် အကူပြုနိုင်ရန် စင်ကာပူ အစိုး ရက အခွန် နှုန်းထား များ လျှော့ ချပေး လျက် ရှိ ကြောင်း အ ဆိုပါသတင်း ထုတ်ပြန် ချက်တွင် ပါရှိပါသည်။ http://www.yoyarlay.com

31 Mar 2012

စင်ကာပူက မြန်မာ ဖုန်းဆက်သွယ်ရေး ဈေးကွက် ဝေစုခွဲဝေ ရယူလို


 စင်ကာပူက မြန်မာ ဖုန်းဆက်သွယ်ရေး ဈေးကွက် ဝေစုခွဲဝေ ရယူလို မိုဘိုင်းဖုန်း သုံးစွဲမှု အနည်းဆုံး နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၏ အလား အလာ ရှိသော ဈေးကွက် အတွင်းသို့ စင်ကာပူ အခြေစိုက် Asian Telecom မိုဘိုင်းဖုန်း ကုမ္ပဏီကြီးက ဝင်ရောက် ဝေစု ခွဲယူလိုနေကြောင်း သိရသည်။
၎င်းတို့၏ ဈေးကွက်တွက်ဆမှု အရ မြန်မာနိုင်ငံ၏ သန်း ၆၀ ကျော် သော လူဦးရေတွင် တစ်သန်းမျှသော လူဦးရေက ၄င်းတို့၏ ဖုန်းများကို သုံး စွဲပါက မြန်မာဈေးကွက် နှစ်စဉ်အမေ ရိကန်ဒေါ်လာ သန်းပေါင်းများစွာ အ မြတ်အစွန်းရှိနေမည်ဟုဆိုသည်။
မြန် မာနိုင်ငံရဲ့ ဆက်သွယ်ရေး စနစ်တစ် ခုဖြစ်တဲ့ ဖုန်းSIM ကဒ် တန်ကြေး က အရင်က အမေရိကန်ဒေါ်လာ ၃,ဝ၀ဝ လောက်အထိ ဆယ်စုနှစ် နှစ် ခုနီးပါးအထိ ပေးချေလာခဲ့ရာကနေအခုတော့ အမေရိကန် ဒေါ်လာ ၅၀ဝ လောက်အထိ ကျဆင်းသွားပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒေါ်လာ ၁၀ဝ ဆိုရင်ပဲ အမြတ်အစွန်းများစွာ ကျန်နေ ပါသေးတယ် " ဟု Asian Telecom မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ ၏ ငွေကျပ်နှစ်သိန်းမှ နှစ်သိန်းဖုန်းတန် SIM ကတ်များနှင့် ပတ်သက်၍ သိရှိ ထားခြင်းမရှိသေးဘဲ ငွေကျပ် ငါးသိန်းတန် SIM ကတ်များအပေါ်တွင်သာ အခြေခံ တွက်ချက်နေကြခြင်းဖြစ် ကြောင်းကိုလည်း ၄င်းတို့၏ ပြော ကြားချက်များမှ အကဲခတ်မိသည်။
" စင်ကာပူရဲ့ အာဆီယံထိပတန်း အဆင့် ကုမ္ပဏီကြီးတစ်ခုဖြစ် တဲ့ SingTel လို ကုမ္ပဏီကြီးနဲ့ ဈေး ကွက်ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ ဝန်မ လေးပါဘူး။ သူတို့ကလည်း အဲဒီကို သွားဖို့ရှိတယ်လို့ ပြောပါတယ်" ဟု ၄င်းက ဆက်လက်ပြောကြားသည်။
မြန်မာ့ ဆက်သွယ်ရေးသည် ပြီးခဲ့သော တစ်ပတ်အတွင်းကThe Wall Street ဂျာနယ်နှင့် သီးသန့်တွေ့ဆုံမေး မြန်းခန်းတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းများကို နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပေးအပ်ရန် ရှိနေကြောင်း ပြောကြားထားခဲ့ပြီး ပြည်သူလူထု၏ အိပ်မက်ဖြစ်သော ငွေကျပ် ၅၀ဝ၀ တန် SIM ကတ်နှင့် အစိုးရ၏ အိပ် မက်ဟုဆိုသော လိုင်းသန်း ၃၀ ကိစ္စ ကို ယင်းနည်းဖြင့် ဖြေရှင်းသွားဖွယ် ရှိနေကြောင်း သိရသည်။                      http://www.yoyarlay.com  

24 Mar 2012

facebook ပေါ်မှာခင်လာတဲ့ အသက်မပြည့်သေးသူနဲ့ ညအိပ်မိလို့ ထောင်(၉)လကျ

စင်္ကာပူနိုင်ငံ တွင် အသက်(၂၅)နှစ်အရွယ် အိန္ဒိယနိုင်ငံသား စင်္ကာပူပီအာဟာ အသက်မပြည့်သေးသူနဲ့ အတူညအိပ်ဆက်ဆံခဲ့တဲ့အတွက် ထောင်ဒဏ်(၉)လကျခံစေရန် တရားရုံးက သောကြာနေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
facebook ပေါ်မှာ အသက်(၂၄)နှစ်လို့ တင်ထားခဲ့သည့် အသက်(၁၈-၁၉)ထက် မကြီးရင့်ပုံပေါက်သော အလယ်တန်း ကျောင်းသူနှင့် ထိုအမျိုးသားတို့နှစ်ဦး facebook ပေါ်မှာ ၂၀၁၀ စက်တင်ဘာလတုန်းက ခင်လာခဲ့ကာ ထိုလုထဲမှာပင် East Coast ရှိ McDonald ဆိုင်ခွဲမှာ ညနေ(၅)နာရီလောက်က တွေ့ဆုံခဲ့ကြကာ အပြန်တွင် အမျိုးသားက သူ့သူငယ်ချင်း(၃)ယောက်နှင့် အတူနေထိုင်သော တိုက်ခန်းသို့ ကျောင်းသူလေးအား ခေါ်သွားခဲ့ကာ အတူအိပ်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။
နောက်တစ်နေ့နံနက်တွင် ကျောင်းသူလေးက အိမ်မပြန်ချင်ဘူးဆိုသဖြင့် ထိုအမျိုးသားက နောက်ဆုံး သူမ၏မိသားစုကို ဆက်သွယ်ခေါ်ယူခဲ့ကာ ၊ သူနှင့်အတူ အတူအိပ် ၊ ဆက်ဆံဖြစ်ခဲ့သည်များကိုပါ သူမ၏မိသားစုအား ပြောပြခဲ့တာလို့ သိရပါတယ်။http://www.burmesehearts.com/news
သတင်းအပြည့်အစုံဖတ်လိုပါက
straitstimes.com     

23 Mar 2012

၂၀၁၃ မှစပြီး စင်ကာပူ အိမ်ဖော်များ တစ်ပတ် တစ်ရက် နားခွင့် ရမည်

တိုင်းပြည်တွင် အလုပ်လုပ်နေကြသော အိမ်ဖော်များသည် တစ်ပတ်လျှင် တစ်ရက် နားခွင့်ရမည်ဟု စင်ကာပူအစိုးရက ကြေညာသည်။ လုပ်ထုံးလုပ် နည်း သစ်သည် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစပြီး အာဏာ သက်ရောက် မည်ဖြစ်ပြီး အလုပ်ပါမစ်အသစ်လဲသူများ သို့မဟုတ် ယင်းရက်နောက်ပိုင်း အလုပ်ပါမစ် ထုတ်ပေးသည့် ပြည်ပအိမ်ဖော်အားလုံးနှင့် အကျုံးဝင်မည်ဖြစ်သည်။ အိမ်ဖော်များ၏ တိုင်းပြည် အစိုးရများနှင့် တက်ြွကလှုပ်ရှားသူ များက အချိန်ကြာရှည်စွာ လှုပ် ရှားမှုပြုပြီးနောက် အထက်ပါကိစ္စ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စင် ကာပူတွင်အိမ်ဖော် ၂၀ဝ,ဝ၀ဝ ကျော် ရှိပြီး အများစုမှာဖိလစ်ပိုင် အင်ဒို နီးရှား၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံ များမှဖြစ်ကြသည်။
"တစ်ပတ်တစ်ရက် နားခွင့် ဟာ အခြေခံအလုပ်သမား အခွင့် အရေးအဖြစ် နိုင်ငံတကာတွင်အသိ အမှတ်ပြုထားတယ်"ဟု လူအင် အား အရင်းအမြစ်ဆိုင်ရာ ဝန်ကြီး တူချွမ်ကျင်က မတ် ၅ ရက်နေ့တွင် ပါလီမန်၌ ပြောကြားသည်။ ဆက် လက် ပြီး ဝန်ကြီးက ၂၀ဝ၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း တစ်ပတ် တစ် ရက်နားခွင့်မရသဖြင့် အိမ်ဖော်များ အနေဖြင့် အလုပ်တွင်ထိခိုက် ဒဏ် ရာရသူများသို့ သေကြောင်း ကြံ စည်မှုများ ထူးထူးခြားခြား ရှိခဲ့ ကြောင်း၊သို့သော်အကယ်၍အလုပ် ရှင်နှင့် အလုပ်သမား သဘောတူ လျှင် အားလပ်ရက်အလုပ်လုပ်သည့် အတွက် အချိန်ပိုကြေးပေးရန် ညှိ နှိုင်းရနိုင်သည်ဟု ပြောကြားသည်။ စင်ကာပူရှိ ပြည်ပနိုင်ငံသား အိမ် ဖော်များသည် တစ်ပတ် တစ်ရက် နားခွင့်ရရန် ဆယ်စုနှစ်ပေါင်း များ စွာ တောင်းဆိုခဲ့ကြသည်။ ပြည်ပနိုင်ငံသားအိမ်ဖော် ဦး ရေ အများအပြားရှိသည့် အခြား အာရှနိုင်ငံတစ်နိုင်ငံ ဟောင်ကောင် တွင် အိမ်ဖော်များသည် အပတ်စဉ် နားခွင့်တစ်ရက်ရကြပြီး ဖြစ်သည်။  http://yoyarlay.com/international/international-news/asia/24203-2012-03-13-09-52-33

14 Mar 2012

စင်္ကာပူကုမ္ပဏီတခုက ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူ ရန်ကမ်းလှမ်းထား


ဒေါပုံမြစ်ဝတွင် နစ်မြုပ် လျက်ရှိသော ဓမ္မစေတီခေါင်း လောင်းကြီးကို ပြန်လည်ဆယ်ယူ နိုင်ရန် စင်္ကာပူကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံသို့ ကမ်းလှမ်းထား ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာ နမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။
အဆိုပါ စင်္ကာပူနိုင်ငံမှ ကုမ္ပဏီ၏အမည်မှာ  SD Mark International LLP ကုမ္ပဏီဖြစ် သည်။ ၄င်းကုမ္ပဏီက ဓမ္မစေတီ ခေါင်းလောင်းကြီးကို အမေရိကန် ဒေါ်လာ (၁၀)သန်းခန့်ကုန်ကျခံ ကာ သင်္ဘောများဖြင့် ငှားရမ်းရှာ ဖွေ၇န် ကမ်းလှမ်းထားခြင်းဖြစ် သည်။
““ဓမ္မစေတီ ခေါင်းလောင်း ကြီးကို ဆယ်ယူဖို့အတွက် ကမ်း လှမ်းခဲ့တဲ့ အထဲမှာ စင်္ကာပူကုမ္ပ ဏီက အမေရိကန်ဒေါ်လာ(၁၀) သန်းခန့် ကုန်ကျခံပြီး ရှာငွေဖို့ ကမ်းလှမ်းထားပါတယ်၊ ဒီလိုရှာ ဖွေတဲ့နေရာမှာ နည်းပညာ၊အ တတ်ပညာ၊ ပညာရှင်အား၊ လို အပ်တဲ့ပစ္စည်းကိရိယာတွေစုံလင်မှ သာ ဆောင်ရွက်နိုင်မှာဖြစ်တာ ကြောင့် ကမ်းလှမ်းထားတဲ့ ကုမ္ပ ဏီတွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်””ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
ဓမ္မစေတီစေတီခေါင်းလောင်း ကြီးကို ဆယ်ယူရန်အတွက်သြ စတေးလျနိုင်ငံမှ Anima Film ကုမ္ပဏီကလည်း ၂၀၁၀ခုနှစ်တွင် ကမ်းလှမ်းခဲ့ကြောင်းသိရသည်။            http://www.thithtoolwin.com/2012/03/blog-post

13 Mar 2012

ဘာသာစကား အခမဲ့ ပညာဒါနအလှူ

စင်္ကာပူမှာရောက်နေကြတဲ့ ညီအကိုမောင်နှမများအတွက် သတင်းကောင်းလေး လက်ဆင့်ကမ်းလိုက်ပါတယ်။
--------
ပညာဒါန(အခမဲ့)အခြေခံ နေ့စဉ်သုံး တရုတ်စကားပြော အမြန်အတတ်သင်(13-ရက်)သင်တန်း၊ 17-မတ်-2012 တွင်စမည်။        
*Pls call 90054738/ 97341415 for your enquire. no sms please. Location: No.17, Jalan Sendudok, Sembawang Springs Estate, Singapore 769454 Dhamma Garden Buddhist Society (Singapore) Class Time: Every Saturday @ 7:00pm to 9pm.
***Class for Myanmar Adult only please.                           http://myanmarinsingapore.com  

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif