http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

မလိုအောင်၊ မပိုအောင် ထိန်းပြီး ဖက်ရှင်ကို ဆင်ယင်ပါတယ် ဆိုတဲ့ ဂန္ထဝင်

ဂန္ထဝင်နဲ့ တွေ့တော့ သူ့ရဲ့ ဖက်ရှင်နဲ့ ပတ်သတ်ပြီး မေးမြန်း ဖြစ် တာလေး တွေက ဒီလိုပါ။
ညီမကို တွေ့တုန်း ဖက်ရှင် အကြောင်းအရာလေး ကနေပဲ အင်တာဗျူး စမေး မယ်နော်။ ညီမက စဝင်ကတည်းက ဖက်ရှင်လန်းတယ်နော်။ ခုချိန်ထိ လည်း အမြဲ ဖက်ရှင် လန်းတုန်း ပဲနော်။ ညီမရဲ့ဖက်ရှင်နဲ့ပတ်သက်တဲ့ပြင် ဆင်မှုလေးကို ပြောပြပေးပါဦး။
ဘယ်လိုပြောရမလဲ။ ညီမက အစကတည်းက ဖက်ရှင်ဆိုရင် စိတ်ဝင် စားတယ်လေ။ အနုပညာရှင် ဖြစ်တော့ ပိုစိတ်ဝင်စား လာတာပေါ့နော်။ တကယ်လည်း ဖက်ရှင် ဆိုတာ လိုကို လိုအပ်ပါတယ်။ အနုပညာရှင် ဖြစ်ပြီး ဖက်ရှင်ကအစ လိုအပ်နေတာမျိုး၊ ပရိသတ်လောက် တောင်မှ မပြင်ဆင်နိုင်ရင် ဂွမ်းမှာပေါ့။
ဘာကြောင့်လဲ ဆိုတော့ ခုခေတ်က ဖက်ရှင်ခေတ်လေ။ ပရိသတ်တွေကိုယ်တိုင်က ဖက်ရှင်တွေကို စိတ်ဝင် စားလာကြသလို၊ တော်တော်လည်းလေ့လာကြပါတယ်။ တချို့ဆို ပရိသတ်သာ ဖြစ်တယ်။ ဖက်ရှင်တွေက အတော်လန်းတာလေ။
ဒီတော့ ကိုယ်တွေက အနုပညာ ရှင်ဆိုတော့ ဖက်ရှင်နဲ့ ပတ်သက်လာရင်၊ မျက်စိဖွင့်၊ နားဖွင့်၊ လေ့လာ နေရတာပေါ့ နော်။ ကိုယ်ချပြမယ့် အနုပညာခေါင်းစဉ်နဲ့လိုက်တဲ့ အဝတ်အစား ဖက်ရှင်တွေကို တတ်နိုင်သမျှတော့ ပြင်ဆင်ဖြစ်ပါတယ်။
ညီမ ဖက်ရှင်နဲ့ ပတ်သက်ပြီး ရွေးချယ်တဲ့ အခါ နည်းနည်း ခေါင်းစား မလား။ အနုပညာရှင် တွေရဲ့ဖက်ရှင် ပြင်ဆင်မှုတွေကို စောင့်ကြည့် နေတတ်သူတွေ များတယ်လေ။ လိုရင်လည်း လိုပြန်ပြီ။ ပိုရင်လည်း ပိုပြန်ပြီဆိုပြီး စောင့်ကြည့် နေတတ်တတ်မျိုး ဆိုတော့ အတော် ဂရုစိုက် ရမလား။
အနုပညာရှင် ဖြစ်ရတာ အစစအရာရာကို ထိန်းသိမ်းရပါတယ်။ အဝတ်အစား ဝတ်တာကအစပေါ့။ အကုန်ဂရုစိုက်ရတာပါပဲ။ အဝတ်အစားဆိုရင်လည်း ဒီလို ပါပဲ။ အတော် စဉ်းစား ရပါတယ်။ Up to date ဖြစ်နေရုံ၊ ကိုယ်နဲ့လိုက်ဖက်နေရုံနဲ့ မပြီးသေးပါဘူး။ ခုနပြောသလိုပေါ့။ မလိုအောင်၊ မပိုအောင်ဆိုတဲ့ ဘောင်နှစ်ခု ကြားကနေထိန်းပြီး ဝတ်ရပါတယ်။                      http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif