http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

23 Mar 2012

ပထမဆုံးအကြိမ် ဂျပန်ဈေးကွက် အား စိုးမိုးနိုင်ခဲ့သည့် Apple

နိုင်ငံခြား ပစ္စည်းများ လုံးဝ လက်သင့် မခံ အားမပေးသည့် ဂျပန် နိုင်ငံတွင် Apple မှ ထုတ်လုပ်သည့် ပစ္စည်းများမှာ ပထမဆုံး အကြိမ် အဖြစ် အများဆုံး ရောင်းချရသည့် စာရင်းတွင် ပါဝင် လာခဲ့သည်။ Apple မှာ ယခုအခါ ဂျပန်ဖုန်းဈေး ကွက်တွင် ထိပ်ဆုံးမှ ရပ်တည်နေ ပြီဖြစ်သည်။
iPhone 4S တဖြည်း ဖြည်း နာမည်ရ လာသည် နှင့်အမျှ မှာယူသုံးစွဲမှုများ များပြား လာခဲ့ပြီး ယခုအခါ ဖုန်းဈေးကွက်၏ 26.6 % အား စိုးမိုးထားပြီဖြစ်သည်။ Fujitsu မှ 18.3% နှင့် Sharp မှာ 15.7 % ဖြင့် နောက်တွင်ပြတ်ကာကျန်ရစ် ၏။ Apple မှာ ၂၀ဝ၈ ခုနှစ်တွင် ဂျပန်ဈေးကွက်သို့ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ထိုအချိန်က ကမ္ဘာတွင် နိုင်ငံ ခြားပစ္စည်းများ လုံးဝအားမပေး သည့် ဂျပန် ဈေးကွက်တွင် Apple မအောင်မြင်နိုင်ဟု ယူဆ ခဲ့ကြသည်။ Apple မှာ ယခုအခါ ဂျပန်၏အကြီး ဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီး ဖြစ်သည့် DoCoMo နှင့်ပူးပေါင်းနိုင်ရန် ကြိုးစားနေ၏။
DoCoMo တွင် အသုံးပြုသူ ပေါင်း ၆၀ ရှိပြီး ဂျပန်နိုင်ငံ ဖုန်းသုံးစွဲသူဦးရေ၏ ထက်ဝက်နီး ပါးရှိသည်။ Apple မှာ လက်ရှိကာ လဂျပန်တွင်KDD1 နှင့် Softbank တို့တွင်သာ ရရှိနိုင်၏။
Apple သာ DoCoMo နှင့် သဘောတူညီချက်ရ သွားလျှင် ဂျပန်ဖုန်းဈေးကွက်အား လုံးဝလွှမ်းမိုးသွားမည်မှာ သေချာ ၏။ မည်သည့်အချိန်တွင် Apple နှင့် DoCoMo တို့ ပူးပေါင်းသွားကြ မည်ကို စောင့်ကြည့်ရန်သာရှိတော့ သည်။   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif