http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

18 Apr 2013

ဒီနှစ်အတွက် သင်္ကြန်မင်းသား ဘယ်သူလဲ



တချိန်က သင်္ကြန်မင်းသားဆိုတာ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ဦးဝင်းဦးတို့ ဦးဇော်ဝမ်း တို့ ကို ပြေးမြင်မိပါတယ်။ 
ဓာတ်ပုံများ- သမ္မတရုံးဝက်ဆိုက်

တချိန် မြန်မာ့ ရိုးရာသင်္ကြန်တိုင်းမှာ သင်္ကြန် မင်းသားတွေကို ထပ်တလဲလဲ မြင်ကြတွေ့ကြ၊ ကြားကြ ရလေ့ရှိပါတယ်။ တချိန်က သင်္ကြန်မင်းသားတွေလည်း တမလွန်ကို ခရီးလွန်ကုန်ပါပြီ။ 

ဒီနှစ်ရဲ့ သင်္ကြန်မင်းသားအဖြစ် သတိထားမိသူကတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်။ သင်္ကြန်ကာလတလျှောက်လုံး နိုင်ငံပိုင် သတင်းစာကပဲဖြစ်ဖြစ်၊ နိုင်ငံပိုင် ရုပ်သံမီဒီယာတွေကပဲ ဖြစ်ဖြစ် ဦးသိန်းစိန်ရဲ့ သင်္ကြန်နဲ့ပတ်သက်တဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို မြင်တွေ့နေခဲ့ရပါတယ်။ 

 နှစ်သစ်ကူး အတာသင်္ကြန် နှစ်သစ်ကူး မိန့်ခွန်း တခုကိုလည်း ဧပြီလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါသေး တယ်။ ဒီမိန့်ခွန်းမှာ ထူးခြားတာကတော့ ပြီးခဲ့တဲ့နှစ်အတွင်းက မျှော်လင့်မထားတဲ့ ၀မ်းနည်း တုန်လှုပ် ဖွယ်ရာတွေလည်း မြန်မာ့ လူ့အဖွဲ့အစည်းမှာ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပြီး ရရှိထားပြီးသား အောင်မြင်မှုတွေ ကို ထိန်းသိမ်းပြီး ရင်ဆိုင်လာရဖွယ် ရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ပြင်ဆင်ထားရမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ 

 မိန့်ခွန်းနိဂုံးပိုင်းမှာတော့ သင်္ကြန်ကာလအတွင်းမှာ ပြည်တွင်း ပြည်ပ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း သတိထား ကာ ကွယ်သွားဖို့လည်း တိုက်တွန်းထားပါတယ်။ 

သမ္မတ ဦးသိန်းစိန်ဟာ ထင်ရှားတဲ့ အနုပညာရှင်တွေနဲ့လည်း နွေးနွေးထွေထွေး သင်္ကြန်ပွဲကို ဆင်နွှဲခဲ့ ပါသေးတယ်။ 

 

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif