နယူးကာဆယ် တိုက်စစ်မှူး ဆစ်စီမှ ချယ်လ်ဆီး အသင်းကို အနိုင်ရရှိခဲ့သည့် ယုံကြည်မှု အပြည့်ဖြင့် မန်စီးတီး အသင်းနှင့် ရင်ဆိုင်ကစားမည်ဟု ကြုံးဝါးပြောဆို ခဲ့သည်။ ချန်ပီယံလိဂ် ၀င်ခွင့် ရရှိရန် အတွက် တိုင်ပွဲဝင်နေသည့် နယူးကာဆယ် အသင်းမှာ လာမည့် တနင်္ဂနွေနေ့တွင် မန်စီးတီး အသင်းအား အိမ်ကွင်းတွင် လက်ခံ ကစားရမည် ဖြစ်ကာ ဆစ်စီနှင့် သူ၏ အသင်းဖော်များမှ အနိုင် ရရှိရန် အတွက် နည်းလမ်းမျိုးစုံ အသုံးပြု၍ တိုက်ပွဲဝင်သွားရန် ရှိနေကြောင်း ဆစ်စီ၏ ပြောဆိုချက် အရ သိရသည်။ ဆစ်စီမှ “လွယ်မှတော့ မဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ယုံကြည်ချက် အပြည့်ရှိပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု ရှိပါတယ် ဒါက အရေးအကြီးဆုံး အချက်ပါ။ ချန်ပီယံလိဂ်မှာ ပြိုင်ခွင့်ရမယ်လို့လဲ ကျွန်တော်တို့ ယုံကြည်နေသိလို ဖြစ်လာဖို့လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု ဆစ်စီမှ ပြောဆိုခဲ့သည်။ www.yoyarlay.com/sport/sport/football/25747-2012-05-04-08-39-3






Kuala Lumpur Time
0 comments:
Post a Comment