http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

20 Apr 2012

တင်းနစ်ပြိုင်ပွဲများတွင် ပြေတီဦး ဆုများဆွတ်ခူး



မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော CP အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် သရုပ်ဆောင် အကယ်ဒမီပြေတီဦးက အဖွဲ့လိုက်ပြိုင် ပွဲတွင် ပထမဆု ရရှိခဲ့သည်။
၎င်းသည် ထိုအဖွဲ့လိုက်ပြိုင်ပွဲအပြင် L’ opera Italian  Restaurant မှ စီစဉ်ကျင်းပသော အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲတွင်လည်း ဒုတိယဆုကို ရရှိခဲ့သည်။
ယင်းပြိုင်ပွဲ ကျင်းပခြင်းမှာ ယခုအကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ရှိပြီ ဖြစ်သည်။ ထိုပြိုင်ပွဲတွင် ပြေတီဦးနှင့်အတူ မြန်မာနိုင်ငံမှ တင်းနစ်ဝါသနာရှင် များ၊ မြန်မာနိုင်ငံ တွင် ရောက်ရှိနေကြသည့် နိုင်ငံတကာမှ နိုင်ငံခြားသားများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြေတီဦးသည် ဧပြီ ၇ ရက်ကပြုလုပ်သော အမျိုးသားတစ်ဦးချင်း ဆီမီးဖိုင်နယ်ပွဲတွင် တွမ်အဂ္ဂါတန်ကို အနိုင်ရရှိခဲ့ပြီး ဧပြီ ၈ ရက်တွင်ပြုလုပ်သော ဖိုင်နယ်ပွဲတွင် လက်ရှိချန်ပီယံ ဒိန်းမတ်နိုင်ငံသား မာတင်နှင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် နှစ်ဦးစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြေတီဦးသည် ဒုတိယ ဆုနှင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။
ခိုင်ဝေလွင်
popularmyanmar.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif