http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

21 Mar 2012

မန္တလေးမှ အကယ်ဒမီ ဗန်းကိုင် သဲစုနိုင် ကပရိသတ် အားပေးစေချင်ဟုဆို

၂ဝ၁ဝအကယ်ဒမီဆုပေးပွဲမှာ ဗန်းကိုင်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မန္တလေးမှ သဲစုနိုင်ကတော့ လတ်တလောမှာ ကြော်ငြာနဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေရိုက်ေ ပးဖြစ်နေ တယ်လို့ဆိုပါတယ်။ သရုပ် ဆောင်လောကကိုဝင်ဖို့ အတွက် လေ့လာမှုတွေ သေ ချာလုပ်မယ်လို့ဆိုလာတဲ့ သဲစုနိုင်က”ပရိသတ်အားပေး စေချင်တယ်။ အနုပ ညာ လောကမှာ မျိုးရိုးမရှိလို့ စဝင်တော့ အခက်အခဲ ရှိတယ်။ ဒါပေမဲ့ ကြိုး စားမှာပါ။ မတင် မိုးလွင်ဆီမှာ မော် ဒယ်သင်တန်းတက် ခဲ့တယ်။ အကယ် ဒမီ ဗန်းကိုင်မဖြစ် ခင်ကတော့ ရှိုးပွဲတွေ အများကြီး လျှောက်ဖြစ် ခဲ့တယ်။ ပြီးတော့ ရန်ကုန်၊ မန္တလေးကူးနေတာနဲ့ ရန်ကုန်ပွဲဆို မန္တလေး ရောက်နေ၊ မန္တလေးပွဲဆို ရန်ကုန်ရောက်နေတာနဲ့ လွဲနေတာများပြီ”လို့ ဆို ပါတယ်။ ဒီနှစ် သင်္ကြန် အစီအစဉ်အနေနဲ့ ပထမ ကတရားစခန်းဝင်ဖို့ စီစဉ် ထားပေမယ့် အခုအခါ မှာတော့ သီချင်းဆိုဖို့ ကမ်းလှမ်းထားတာေ ကြာင့် မန္တလေးမှာပဲရှိမယ်လို့ ထင်ကြောင်း၊ အရင်နှစ် တွေကလည်း သီချင်းဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် မဆို ဖြစ်ခဲ့ဘူးလို့ ပြောတဲ့ သဲစု နိုင်က သင်္ကြန် အမှတ်တရ တွေမ ရှိခဲ့ဘဲ သင်္ကြန်ဆိုရင် တရားစခန်းဝင်တာများ ပါတယ်လို့ဆိုခဲ့ပါတယ်။
နေကွန်းထင်             http://popularmyanmar.com/mpaper/archives/39383

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif