ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ကိုအောင်ဇော်က လတ်တလောတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ရေးဆွဲနေသော မီဒီယာဥပဒေမူကြမ်း ရေးဆွဲမှုအခြေအနေ၊ သမ္မတ ဦးသိန်းစိန် အစိုးရက ပြောဆိုနေသော စာနယ်ဇင်းများ၏ လွတ်လပ်မှုနှင့် တာဝန်ယူမှုနှင့် ပတ်သက်၍ မြန်မာ့မီဒီယာများ၏ အနေအထား၊ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပြုမပြုနှင့် စာနယ်ဇင်းသမားများအပေါ် အကာအကွယ်ပေးမည့် အစီအစဉ်များကို ဝန်ကြီး ဦးကျော်ဆန်းအား မေးမြန်းဆွေးနွေးခဲ့သည်။
ဝန်ကြီး ဦးကျော်ဆန်းက မီဒီယာဥပဒေကို ၂၀၁၂ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံ၏ ဥပဒေကိုမျှ ပုံတူကူးယူခြင်းမရှိဘဲ နိုင်ငံတိုင်းမှ ကောင်းမွန်သော အချက်အလက်များကို ရယူထားခြင်းသာဖြစ်ကြောင်း၊ မီဒီယာများ၏ သြဇာကြီးမှုကြောင့် ပြည်သူများ၏ အမှားအမှန် ခွဲခြားနိုင်မှုအတွက် မီဒီယာများတွင် တာဝန်ရှိကြောင်းနှင့် နောက်ရေးဆွဲသည့် ဥပေဒများတွင် စာနယ်ဇင်းသမားများကို ကာကွယ်သည့် ဥပဒေ ပါလာမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့်ရုံတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဧရာဝတီ အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့က တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးကျော်ဆန်းအပြင် စာပေစိစစ်ရေးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးတင့်ဆွေ၊ ပုံနှိပ်ထုတ်ဝေရေးမှ ညွှန်ကြားရေးမှူး ဦးရဲတင့်၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်တို့ တက်ရောက်သည်။
ဧရာဝတီသတင်းဌာနမှ ကိုအောင်ဇော်နှင့်အတူ ရုံးမန်နေဂျာ ကိုဝင်းသူ၊ မစ္စ ရေချယ်တို့လည်း တက်ရောက်သည်။
ဝန်ကြီး ဦးကျော်ဆန်းသည် ၂၀၀၁-၀၂ ခုနှစ်ဝန်းကျင်တွင် ကုန်သွယ်ရေး ဒု ၀န်ကြီး၊ ၂၀၀၄ ၀န်းကျင်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးတာဝန် အပြင် ယမန်နှစ်မှစ၍ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။
http://burma.irrawaddy.org/archives/7407






0 comments:
Post a Comment