http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

24 Mar 2012

ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တရား ရုံးပြောင်းလျှောက်မှု ဆုံးဖြတ်မည်

ခရီးသွား လုပ်ငန်းနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ အပါအ၀င် လူအများ စိတ်ဝင်စားခြင်း ခံရသော အမှုဖြစ်သည့် ရန်ကုန်မြို့တော်ရှိ Orchid Hotel ၀န်ထမ်း အမျိုးသမီးနှင့် ဂျပန်နိုင်ငံသားတို့၏ အပြန်အလှန် တရား စွဲဆိုကြသော အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပါးရိုက်ခံရသည်ဟု တရားစွဲဆိုသူ ဟိုတယ် ၀န်ထမ်း ဒေါ်အေးအေးကြည်က တရားရုံးပြောင်းရွှေ့ရန်လျှောက်ထားလာမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံး တရားသူကြီးက လာမည့် ဧပြီလ ၂ ရက်နေ့တွင် အဆုံးအဖြတ် ပြုမည်ဖြစ်ကြောင်း ယင်းတရားရုံး၏ တရားခွင် ပြောဆိုချက်အရ သိရသည်။
တရားရုံးပြောင်းပေးသင့် မပေးသင့်အား ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ယခုခရိုင်တရားရုံးရှိရာမှ သင်္ကန်းကျွန်းမြို့နယ် အတွင်းရှိ သင်္ကန်းကျွန်းဘူတာအနီး လွတ်လပ်ရေး လမ်းမပေါ်သို့ ပြောင်းရွှေ့မည့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဆုံးဖြတ်ချက်ချမည် ဖြစ်ကြောင်း ယခုလ ၂၁ ရက်နေ့က တရားခွင်တွင် နှစ်ဖက်ရှေ့နေများ၏ ရုံးပြောင်းသင့် မပြောင်းသင့် အသီးသီးလျှောက်လဲချက် ပေးပြီးသည့် နောက်တွင် တရားသူကြီးက အသိပေးပြောဆိုခြင်းဖြစ်သည်။အရှေ့ ပိုင်းခရိုင်ရှိ မူလတရားရုံး ဖြစ်သော ပုဇွန်တောင်မြို့နယ် တရားရုံးမှ အခြားတရားရုံး တစ်ခုခု သို့ ပြောင်းရွှေ့ပေး ရန် ဒေါ်အေးအေးကြည်က လျှောက်ထားခြင်းဖြစ်သည်။      http://www.yoyarlay.com/local-news

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif