http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

တပ်မတော် စစ်သမိုင်းပြတိုက်(နေပြည်တော်)စတင်ဖွင့်လှစ်

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် (၂၅၉)မိုင် (၃) ဖာလုံအနီးရှိ တည်ဆောက်ပြီးစီးသွားပြီဖြစ်သော တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)ကို ယခုလ (၁၈)ရက်နေ့က စတင်ဖွင့်လှစ်လိုက်သည်။ အဆိုပါ စစ်သမိုင်းပြတိုက်တွင် ရှေးခေတ်မြန်မာ့တပ်မတော်သုံး စစ်လက်နက်ပစ္စည်းများ၊ ဘီအိုင်အေ၊ ဘီဒီအေခေတ် ဗမာ့တပ်မတော်သုံး လက်နက်နှင့် ပစ္စည်းများ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော ပစ္စည်းများစသည်ဖြင့် ခေတ်အဆက်ဆက် ဗမာ့တပ်မတော်သုံး လက်နက် နှင့်ပစ္စည်းမျိုးစုံကို ပြသထားရှိသည်။
စုစုပေါင်းဧရိယာ ၆၀၃ ဒသမ ၆၈ ဧက ကျယ်ဝန်းသည့် တပ်မတော် စစ်သမိုင်းပြတိုက်၌ အဆောက်အအုံအားလုံး၏ ဧရိယာ ၂၀ ဒသမ ၉၃ ဧက၊ တပ်မတော်(ကြည်း) ပြကွက်တွင် အဆောင်(၆)ဆောင်နှင့် တပ်မတော် (ကြည်း) ပြင်ပပြကွက် ဧရိယာ ၁၀ ဒသမ ၅၈ ဧက၊ တပ်မတော်(ရေ)ပြကွက်တွင် အဆောင်(၃) ဆောင်နှင့် ပြင်ပပြကွက် ဧရိယာ ၉  ဒသမ ၈၇ ဧက၊ တပ်မတော်(လေ) ပြကွက်တွင် အဆောင်(၃)ဆောင်နှင့် ပြင်ပပြကွက်ဧရိယာ ၉ ဒသမ ၈၇ ဧက၊ ရှုမျော်ခင်းကြည့်ဆောင် (၄) ဆောင်၊ လူ (၁၆၆)ဦးဆံ့ အစည်းအဝေးခန်းမနှင့် ပါဝင်သော ဧည့်ကြိုဆောင်၊ မော်တော်ယာဉ်ရပ်နားရန် ဧရိယာ ၁၂ ဒသမ ၃၉ ဧကအတွင်းတွင် အမိုးပါကားပါကင် (၄)ခု ပါရှိကြောင်း သိရှိရသည်။
အဆောင်အမှတ် (အေ ၀၂) တွင် စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်အဖြစ် ဖွင့်လှစ်ထားပြီး ရှေးခေတ်မြန်မာ့တပ်မတော် စတင် ပေါ်ပေါက်လာချိန်မှ စတင်၍ မျက်မှောက်ခေတ်ကာလ တပ်မတော်အထိ အကြောင်းအရာများကို ပန်းချီကားများ၊ ဓာတ်ပုံမှတ်တမ်း များ စသည်တို့ကို ပြသထားရှိသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) အလိုက်ခန်းမတွင်း၊ ခန်းမပြင်ပ ပြကွက်များတွင်လည်း သက်ဆိုင်ရာ တပ်မတော်အလိုက် ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသော လက်နက်၊ ခဲယမ်း၊ မီးကျောက်၊ စစ်ဘက်သုံး ယာဉ်ယန္တရားမျိုးစုံကို ပြသထားရှိကြောင်း သိရသည်။          http://www.thithtoolwin.com/2012/03/blog-post

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif