မတ်လ(၂၁)ရက်နေ့က ပခုက္ကူရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မြို့ရွာများ၌ မဲဆွယ်စည်းရုံးပေးနေတဲ့ မင်းသားရဲတိုက်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများအား လိုက်ပါလုပ်ဆောင် ပေးနေတဲ့ နာမည်ကျော် မင်းသားရဲတိုက်ဟာ မကွေးတိုင်းအတွင်းမဲဆွယ် စည်းရုံးရေးပွဲများ ပြုလုပ်ပေးခဲ့ပြီး မနေ့က ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုပွဲမှာ ပြည်သူများမှ သောင်းသောင်းဖြဖြလာရောက် အားပေးကြကြောင်း သိရှိရပါသည်...။
ရုပ်ရှင်၊ အဆိုဂီတ၊ အနုပညာရှင်များဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေး လုပ်ငန်းများမှာ ပြီးခဲ့တဲ့ ဒါရိုက်တာဝိုင်း တည်းဖြတ်ရိုက်ကူးသည့် VOTE NLD ရုပ်သံဖိုင်..နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း ၊ ဝေဠုကျော် ၊၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေတို့ရဲ့ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ ရုပ်သံဖိုင်အား ထုတ်လုပ်ဖြန့်ချီခဲ့ပါတယ်..။
ထို့အတူ ဒဂုံဆိပ်ကမ်းမြို့နယ် အောင်နိုင်ရေးအတွက် ကြံ့ဖွံ့ပါတီမဲဆွယ်ရာစည်းရုံးရာမှာလည်း အဆိုတော် ဖုန်းရှန်နဲ့ သရုပ်ဆောင် နန်းဆုရတီစိုးတို့မှ သွားရောက်ဖျော်ဖြေ ပေးခဲ့ကြောင်း သိရှိရပါသည်..။
ဓာတ်ပုံများအတွက် ကိုငယ်အား ကျေးဇူးတင်ပါသည်..။ http://www.demowaiyan.org/2012/03/blog-post_
0 comments:
Post a Comment