http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

13 Mar 2012

အစ္စရေးသည် မိမိကံကြမ္မာ အရှင်သခင်ဖြစ်ရမည်ဟု နေတန်ယာဟုက အိုဘားမားကို ပြောကြား

ဝါရှင်တန် - အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အီရန် နိုင်ငံအား တစ်ဖက်သတ် ဗုံးကြဲတိုက်ခိုက်ပိုင်ခွင့်ဆိုသည့် ၎င်း၏ ခိုင်မြဲသော အယူအဆကို ကာကွယ်ရင်း "အစ္စရေးသည် မိမိကံကြမ္မာ၏ အရှင်သခင်ဖြစ်ရမည်" ဟု အမေရိကန်သမ္မတ ဘာရက်အိုဘား မားအား မတ်လ ၅ ရက်နေ့တွင် ပြောကြား လိုက်သည်။
အိုဘားမားအစိုးရသည် အီရန်က နျူကလီးယားလက်နက်ထုတ်လုပ်ရန် ရွေးချယ် သတ်မှတ်လိုက်ပြီဟု ယခု အချိန်ထိ ယုံကြည်ခြင်း မရှိသေး ကြောင်း နှင့် စစ်ရေးအရ အရေးယူရန် အချိန်ကျ ရောက်ပြီဟု မယူဆ သေးကြောင်း အရိပ် အယောင်ပြလိုက်ပြီး အီရန်အား အကြီး အကျယ် ထိခိုက်နစ်နာစေမည့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ၏ ရလဒ်များ ပေါ်လွင်ထင်ရှားလာသည့်တိုင် စောင့် ကြည့်ရန် လိုလားလျက်ရှိသည်။
အီရန်၏ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းသည် ၎င်းတို့နိုင်ငံ ရပ်တည်မှုအတွက် ခြိမ်းခြောက်မှုဟု ရှုမြင်သော အစ္စရေး အတွက်မှာမူ ယခုအခါ အီရန်သည် နျူလက်နက် ထုတ်လုပ်နိုင်သည့် အဆင့်ရှိသော ယူရေနီယံသန့်စင်နိုင်စွမ်း ရှိနေပြီဟု ယုံကြည် လျက်ရှိသည်။
ဂျူးလူမျိုးတို့၏ ကြေကွဲဝမ်းနည်းဖွယ် အတိတ်သမိုင်းကို စာနာ အသိအမှတ် ပြု၍ သမ္မတ အိုဘားမားက အီရန် နိုင်ငံ၏ ဂျူးလူမျိုး တို့၏တိုင်းပြည်ကို ချေမှုန်းဖျက်ဆီးပစ်ရန် ထုတ်ဖော် ပြောကြားခဲ့ပြီးနောက်တွင် အစ္စရေး နိုင်ငံသည် အီရန်က နျူကလီးယား လက်နက်ထုတ်လုပ်မည့် အခြေအနေ ကို လက်ခံနိုင်ဖွယ်မရှိကြောင်း အသိ အမှတ်ပြု ပြောကြားလိုက်သည်။
အိုဘားမားက အီရန်နိုင်ငံက နျူကလီး ယားလက်နက် လုပ်ဆောင်မှုမပြုနိုင်ရန် ကာကွယ်တားဆီးရန်ဖြစ်ပြီး နျူကလီး ယားလက်နက် ပိုင်ဆိုင်သော အီရန်နှင့် အတူ ယှဉ်တွဲနေထိုင်ရန် မဟုတ်ကြောင်း ပြောကြားလိုက်သည်။     http://www.myanmar.mmtimes.com/2012

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif