တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
နိုင်ငံခြားခရီး၊ ရပ်ဝေးခရီးသွားရတတ်သည်။ နိုင်ငံရပ်ခြားမှလက်ဆောင် ပစ္စည်းရောက်လာတတ်သည်။
ဆရာသမား၊ အကြီးအကဲ မ,စ ကိန်းရှိသည် ။ အလုပ်အတွင်းစိတ်တိုင်းမကျဖြစ်နေမည်။ ထွက်လိုပြောင်းလို
စိတ်ဖြစ်နေမည်။ စက်ပစ္စည်းအသစ်ဝင်တတ်သည်။ ငွေရှာ၍လွယ်ကူသောအချိန်ဖြစ်နေသည်။
အကျိုးပေးဂဏန်း ( ၃၊ ၀၊ ၅၊ ၅ )
တနင်္လာသားသမီးများ၏ကံကြမ္မာ
အပြောင်းအရွှေ့ဖြစ်မည်။ ကောင်းသောပြောင်းခြင်းဖြစ်မည်။ ရေအတွက်စိတ်ညစ်စရာကြုံတွေ့ရခြင်း၊
ရေပိုက်များပြင်စရာဖြစ်လာခြင်းဖြစ်တတ်သည်။ ပညာရေးအတွက် (သို့) မိန်းကလေးတယောက်အတွက်
သောကရောက်ရတတ်သည်။ ခရီးမထွက်ချင်ဘဲထွက်ရတတ်သည်။ ထူးခြားသောဓါတ်ပုံတပုံ
ဝင်လာတတ်သည်ကောင်းသည်။ စီးပွားရေးကောင်းနေမည်။ အိမ်ထောင်ရှိက အိမ်ထောင်ဖက်ကျန်း
မာရေးညံ့နေမည်။ အချစ်ရေးတွင် အဆင်ပြေနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ရှောက်သီး (၁)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆၊ ၄၊ ၅၊ ၉ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စိတ်ချမ်းသာစရာများ ဆက်တိုက်တွေ့ရမည်။ လာဘ်လာဘလည်း အလွန်ရွှင်နေမည်။ မိမိထက်အသက်ကြီးသူ၊
ဂုဏ်ကြီးသူတဦးဦးကကူညီလိမ့်မည်။သူတပါးအတွက်အားမခံခြင်းပြုလုပ်ရတတ်သည်။ သူတပါးကိုငွေထောက်ပံ့
ရသောကြောင့်ငွေကုန်များနေတတ်သည်။ ဆွေမျိုးတဦးကျန်းမာရေးညံ့သောသတင်းကြားရတတ်သည်။
မိမိကိုယ်တိုင် ခြေထောက်တဖက်နာနေလိမ့်မည်။ အချစ်ရေးတွင် အဆင်မပြေမှု့များဖြစ်နေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား သံပုရာသီး (၃)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၁၊ ၅၊ ၇ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
ငွေဝင်မည်၊ ဆက်တိုက်ဝင်မည်။ စက်ပစ္စည်းဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်းဖြစ်မည်။ မိမိကိုးကွယ်မှုဆိုင်ရာပစ္စည်းများ
အထူးသဖြင့်ဘုရားပုံတော်များရောက်လာတတ်သည်။သူတပါးကမိမိအား မတရားစွပ်စွဲပြောဆိုခြင်းခံရမည်။
လုပ်ငန်းတွင်ရန်ပေါ်တတ်သည်။ သည်းခံပါ။ အစားမှားပြီးဆေးရုံဆေးခန်းသွားရတတ်သည်။ ယခုရက်ပိုင်းတွင်
သူတပါးကိစ္စများ အတွက်အလုပ်များနေမည်။ ဘာစားစား အရသာမရှိသလိုဖြစ်နေမည်။ အချစ်ရေးတွင်
အဆင်မပြေသေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ကြံပန်းခိုင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၄၊ ၀၊ ၆ )
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
လုပ်ငန်းသစ်လုပ်ရန်အကြောင်းဖြစ်လာမည်။ ရဲရဲသာလုပ်ပါ။ အောင်မြင်မည့်အချိန်ဖြစ်နေမည်။
မကြာခင်ခရီးတခုသွားရမည်။ ထိုခရီးသည်ကောင်းသောခရီးဖြစ်သည်။
ရင်းနှီးသောမိတ်ဆွေထဲမှလူလိမ်ခြင်းခံရတတ်သည်။ ရွှေထည်ပစ္စည်းဝင်တတ်သည်။ ငွေအတွက်သော
ကရောက်နေမည်။ ငယ်ရွယ်သူဖြစ်က ရုတ်တရက်အိမ်ထောင်
ကျတတ်သည်။ အိမ်ထောင်ရှင်ဖြစ်ပါက အိမ်ထောင်ရေးပြိုကွဲတတ်သည်။ နားလည်ပြီး ပွင့်ပွင့်လင်းလင်းရှိပါစေ။
လက်တဖက်ဒဏ်ရာရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပန်းသီး (၅)လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၈၊ ၈၊ ၅၊ ၉ )
သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်တိုးတက်မည်။ စီးပွားရေးကောင်းနေမည်။ ငွေအလုံးအရင်းနှင့်ဝင်ကိန်းရှိသည်။ ထူးခြားသော
ပုဂ္ဂိုလ်တဦး၏ဓါတ်ပုံရောက်လာမည်။အိမ်ထောင်ပရိဘောဂပစ္စည်းများဝင်မည်။ အိမ်အခန်းဆေးသုပ်ခြင်း၊
ပြု ပြင်ပြောင်းလဲခြင်းများလုပ်ရမည်။ ကောင်းသောပြောင်းလဲခြင်းဖြစ်သည်။
သားသမီးရှိပါက သားသမီး၏အောင်မြင်သောသတင်းကြားရမည်။ မိမိအိမ်သို့ဧည့်သည်
များရောက်လာတတ်သည်၊ ထိုကြောင့်စိတ်ညစ်စရာဖြစ်မည်။ အချစ်ရေးစိတ်ချမ်းသာစရာ
များနှင့်ကြုံတွေ့နေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နန်ကထိုင်မုန့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀၊ ၇၊ ၃၊ ၇ )
စနေသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်မ၀င်စားသကဲ့သို့ဖြစ်နေမည်၊ အလုပ်ထွက်ချင်စိတ်ဖြစ်မည်။ သို့သော်ငွေများစွာဝင်မည်။
ငွေရှာဖွေ၍လွယ်ကူမည်။ စက်ပစ္စည်းဝင်မည်။ စက်ပစ္စည်း ၀င်ပြီးသော် ထီပေါက်တတ်သည်။ ပညာထူးရတတ်သည်။
သင်တန်းတက်ခြင်းပြုလုပ်ရတတ်သည်။ အချုပ်အနှောင်ခံရတတ်သည်။ အသွားအလာ၊ အပြောအဆို
သတိထားပါ။ ဆိုင်ကယ်သတိထားပါ၊ သွေးထွက်သံယိုခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင်
လုံးဝအဆင်မပြေနိုင်သေးပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပြောင်းဖူးပြုပ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀၊ ၂၊ ၀၊ ၇ )
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ၊
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ၊ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး။
ဖုန်း- ၀၁၆ ၆၉၀၃၅၁၃၊ ၀၁၂ ၉၁၃၃၀၉၃
E-mail:swezinwati@gmail.com
*မလေးရှားမဟုတ်သော မြန်မာနိုင်ငံမှအပ အခြားနိုင်ငံများမှာ ဗေဒင်မေးမြန်းလိုသူများအီးမေးလ်
တဆင့်မှဟောစာတမ်းရေးပေးနေပါသည်။ http://freedomnewsgroup.com/2012/03/26

မိခင်၊ ဖခင်တဦးဦးကိုမျက်စိရောဂါ ကုသပေးရလိမ့်မည်။ မိမိကိုယ်တိုင်လည်းမျက်စိနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊
မျက်မှန်တပ်ရခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင်စိတ်ချမ်းသာမှုနှင့်ပြည့်စုံနေပါမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား လိမ္မော်သီး (၉)လုံးကပ်လှူဆုတောင်းပါ။မျက်မှန်တပ်ရခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင်စိတ်ချမ်းသာမှုနှင့်ပြည့်စုံနေပါမည်။

0 comments:
Post a Comment