http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

26 Mar 2012

ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းမတ်လ ၂၃ ရက်နေ့မှစ၍ ကျပ် ၇၂၁၀၀၀ ဖြင့်သာ အရောင်းအ၀ယ်ပြုလုပ်

ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ဈေးနှုန်း ကျပ် ၇၂၁၀၀၀ ဖြင့်သာ မတ်လ ၂၃ ရက် နေ့မှစတင်၍ အရောင်းအ၀ယ် ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။
ပြည်တွင်း၌ အခေါက်ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က တစ်ကျပ်သားလျှင် ကျပ် ၇၆၀၀၀ ၀န်းကျင်အထိ ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မတ်လဆန်းပိုင်းမှ စတင်၍ ရွှေဈေးနှုန်းများ တဖြည်းဖြည်း ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်၌ အခေါက်ရွှေ ဈေးနှုန်းများမှာ မတ်လ ပထမအပတ်တွင် ကျပ် ၇၅၀၀၀၀ အောက်သို့လည်းကောင်း၊ ဒုတိယအပတ်တွင် ကျပ် ၇၄၀၀၀၀ အောက်သို့ လည်းကောင်း၊ မတ်လလယ် ပိုင်းတွင်ကျပ် ၇၃၀၀၀၀ အောက်သို့ လည်းကောင်း ဈေးနှုန်းများတဖြည်း ဖြည်း ကျဆင်းခဲ့ရာမှ မတ်လ ၂၃ ရက် နေ့မှစတင်၍ကျပ် ၇၂၁၀၀၀ အထိ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်း ဖြစ်သည်။ အလားတူ နိုင်ငံတကာဈေးကွက်၌လည်း ဖေဖော်ဝါရီလ၂၃ ရက် နေ့က နယူးယောက်ပေါက်ဈေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၀ ဒသမ၁၀အထိ ဖြစ် ခဲ့ပြီး မတ်လ ၅ ရက်နေ့တွင် ၁၇၀၀ ဒသမ ၈၀ ရှိခဲ့ပြီး ယခု မတ်လ ၂၃ ရက်နေ့၌ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၆၅၃ ဒသမ ၆၀ သာ ရှိတော့ကြောင်း သိရှိရသည်။
ယခုမတ်လ၂၃ရက်နေ့၌ ပြည်တွင်းဈေးကွက် အတွင်း ၁၅ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ်ခြောက်သိန်း ရှစ်သောင်းနှင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်း နှစ်သောင်း တစ်ထောင်ဖြင့် ရွှေအရောင်းဆိုင်များ၌ ရောင်းချလျက်ရှိသည်။            http://www.weeklyeleven.com/

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif