http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

သင်္ဘောသီး ပုံမှန်စားတယ် Gym ဆော့တယ် အကယ်ဒမီနေတိုး


သင်္ဘောသီး ပုံမှန်စားတယ် Gym ဆော့တယ် အကယ်ဒမီနေတိုး ကျွန်တော်က Cosmetic တွေနဲ့ ပတ်သက်ပြီး တံဆိပ် အသေ ထား သုံးတာမျိုး သိပ်မရှိပါဘူး။ အဓိက များများ သုံးဖြစ် တာကတော့ အစိုဓာတ် ပါတဲ့ ဟာကို ပို သုံးတတ်တယ်။ ကိုယ်ကနေပူထဲမှာပဲ အလုပ်လုပ် နေရတော့လေ အသားအရေက အရမ်းကို ပျက်စီးတာ မြန်တယ်။
အဲဒီလိုသုံးတာက တစ်နှစ်ခွဲလောက် တော့ရှိပါပြီ။ Moisture ပါတာ UV ပါတာတွေကို ပိုဂရုစိုက်သုံး တယ်လို့ပြောရမယ်။ Brand မတူ တာတွေကို ကောင်းနိုး ရာရာလေးတွေ ရွေးသုံးတတ်တယ်။
ဆံပင်ပိုင်း ကိုတော့ ယောကျာ်း လေးဖြစ်တဲ့အတွက် ခေါင်းလျှော် ရည်မျိုးကို စွဲစွဲမြဲမြဲ သုံးတာ မျိုးတော့ မရှိဘူး။ တစ်ခု ရှိတာက Spray တွေ အရမ်း သုံးရတဲ့ အတွက် ပုံမှန်ခေါင်း လျှောက်ရည်သုံးတဲ့ အခါမှာတော့ ဆံပင် အတွက်ကို ပြန်လည်အား ဖြည့်စေနိုင်တဲ့ ဆေးပါတဲ့ ခေါင်းလျှော်ရည်မျိုးကို ပိုသုံးရတယ်။
Tony Tun Tun ဆိုင်မှာပဲ ဆံပင် ကိုလုပ်ဖြစ်တာများတယ်။ နယ်သွားမယ်ဆိုရင်တော့ ပိုပြီးဂရုတစိုက်နဲ့ကာကွယ်သွားရ တယ်။ အရမ်းချမ်းတဲ့ ဒေသမျိုးသွား ရင်လည်း Cream တို့အဆီပါတဲ့ ဟာတွေကို မျက်နှာလိမ်းပြီးအိပ်တာ မျိုးတို့ကိုလုပ်တယ်။
အဓိကကတော့ ပြန်ပြီးတော့ ဖြည့်တာ ထက်စာရင် မဖြစ်အောင် ထိန်းသိမ်းတာ တွေကိုပဲ ပိုလုပ်ဖြစ်တယ်။ Body ပိုင်းနဲ့ ပတ်သက်ပြီး အားကစားကို ပုံမှန် လုပ်ဖြစ်တာမျိုး တော့ မရှိပါဘူး။Gym ဆော့တာ လောက်ပဲရှိတယ်။
ကျန်းမာရေး အတွက်က နေ့တိုင်းလည်းအလုပ် လုပ်နေရတော့ အားဆေးတော့ နေ့တိုင်း သောက်ဖြစ်တယ်။ တစ် ခြားကတော့ အိပ်ရေးဝအောင် အိပ်တယ်။ တစ်ခါတလေအလုပ် ရှုပ်ပြီး ညမိုးချုပ်သွားရင် မနက်ခေါင်းကိုက်တာမျိုးတွေဖြစ်တတ် တယ်။
အသီးအနှံကတော့ ကိုယ်ကြိုက်တာလည်း ရှိသလို ပုံမှန်စား နေရတာမျိုးလည်း ရှိတယ်။ ပုံမှန် ကတော့ သင်္ဘောသီးစားဖြစ်တယ်။ လိမ္မော်သီးလည်း စားတတ်တယ်။
အခု နောက်ပိုင်းကတော့ ခန္ဓာကိုယ် အတွက်အသီးအရွက်၊ အသား၊ အဆီဘယ်လောက်လိုအပ်တယ်ဆို တာကိုမျှတအောင်စားလာကြတယ် လို့ ထင်တယ်။ အိမ်မှာဆိုရင်တော့ ရခိုင်ထမင်းဟင်းပဲစားတတ်တယ်။
အဓိကကတော့ အစား အသောက်ဆိုတာမကြိုက်ဘဲစားရ တာရှိသလို ကြိုက်လို့စားရတာ လည်းရှိတယ်။ အလွန်အကျွံမဖြစ်ဖို့ အရေးကြီးပါတယ်။ မျှမျှတတနဲ့ စားသောက်တတ်ဖို့လည်းအဓိက ကျပါတယ်။ ကိုယ့်စိတ်နဲ့ တန်ဆေး လွန်ဘေးမဖြစ်အောင်ဆုံးဖြတ်နိုင် ကြပါစေ။      http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif