http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 Apr 2012

နာရေးကူညီမှုအသင်း မလေးရှားတွင် စတင်ဖွဲ့စည်းပြီ



မလေးရှားနိုင်ငံ ပီနန်မြို့ရှိ မြန်မာလူငယ်များ ဦးစီးသည့် ‘နာရေးကူညီမှုအသင်း’ ကို ၁၂-၁၂-၂ဝ၁ဝ နေ့က ပီနန်မြို့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ထိုအ သင်းကို ဦးစီးတည်ထောင်သူ တစ်ဦးဖြစ်သည့် ကိုဘိုမြက ”ကျွန်တော်မလေးရှားမှာနေထိုင်အ လုပ် လုပ်ကိုင်နေတာ အခုဆို ၁ဝ နှစ်ကျော်ပါပြီ။ ဒီမှာ လုပ်ရကိုင်ရ ငွေ ရှာရတာအဆင်ပြေပေမယ့် နာရေး ကျရင်တော့အတော်ကသီလင်တ ဖြစ်ရပါတယ်။ ဒါကြောင့် ကျွန် တော်တို့လူငယ်တစ်စု စုစည်းတိုင် ပင်ပြီး ဒီအသင်းကို ဖွဲ့ လိုက်တာပါ။ အခုဖွဲ့စည်းလိုက်တဲ့ တစ်ပတ်အ တွင်းမှာပဲ အလောင်း ၃ လောင်း ကို သဂြိုဟ်ပြီးစီးနိုင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင် ချည်းသက်သက် နာရေးကိစ္စ စီစဉ် ပေးတာမဟုတ်ပါဘူး။ အစ္စလာမ် ရော၊ ဟိန္ဒူရော၊ ခရစ်ယာန်ရော၊ သူ့ဘာသာအယူဝါဒနဲ့ အညီ အလောင်းမြေကျတဲ့အထိ ဆောင် ရွက်ပေးပါမယ်” ဟု ပြောသည်။ ဤအသင်းတွင် လူငယ်များ သာမ က ဆရာဝန်ကြီးများ စီးပွားရေး လုပ်ငန်းရှင်များကလည်း ဝိုင်းဝန်း ကူညီပံ့ပိုးနေကြကြောင်း သိရသည်။ ပီနန်မြို့ တွင် ပိုင်ရှင်မဲ့ အလောင်း များကို ရေခဲတိုက်ထဲတွင် ထိန်းသိမ်း ထားရှိရာ အချို့အလောင်းများသည် ပိုင်ရှင်မပေါ်သေး၍ ၆ လကျော် သက်တမ်း မျှပင်ရှိနေ သေး သည်ဟု ဆို၏။ 
popularmyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif