http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
11 Apr 2012
ဆူနာမီနှင့်ပတ်သက်၍ ဦးထွန်းလွင်နှင့် အင်တာဗျူး
  လတ်တလော အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းကို ဗဟိုပြုပြီး ငလျင်လှုပ်တယ်၊ မြန်မာနိုင်ငံ အတွင်းမှာလည်း ငလျင်လှုပ်တယ်ဆိုပြီး သတင်းထွက်ပေါ်လာတယ်။ အဲဒီအပေါ် ဆရာ ဘယ်လို သုံးသပ်ပါသလဲ။
မြန်မာစံတော်ချိန် 3 နာရီ 8 မိနစ်မှာ ငလျင်တစ်ခုလှုပ်တယ်။ ရစ်တာစကေး ၈ ဒသမ ၇ အင်အားရှိတယ်။ အခု ငလျင်လိုမျိုး ၂၀၀၄ ဒီဇင်ဘာ ၂၆ က အင်ဒိုနီးနိုင်ငံ မြောက်ဘက် ဆူမားတြား၊ အနောက်တောင်ဘက် ရေအောက်ပင်လယ်ပြင် ၂၆၈ အကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်။ အဲဒီတုန်းက ငလျင်ပြင်းအားက ၉ ဒသမ ၁ ရှိတယ်။
မြန်မာနိုင်ငံကို ရောက်လာနိုင်ပါသလား။
မြန်မာနိုင်ငံကို လာမယ်၊ မလာဘူးဆိုတာ လေးနာရီလောက် စောင့်ကြည့်ရဦးမယ်။ ည ၇ နာရီကျော်မှ စိတ်ချရတဲ့ အနေအထားရှိတယ်။
၈ ဒသမ ၇ ပြင်းအားရှိတယ်ဆိုတော့ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ဘယ်လောက်ထိ ပြင်းထန်နိုင်တယ်လို့ ဆရာထင်ပါသလဲ။
ငလျင်ကလည်း အလွန်ပြင်းတယ်။ ဆူနာရီရေလှိုင်းဖြစ်ဖို့ အလားအလာများတယ်။ ကြိုတင်သတိရှိဖို့နဲ့ ကာကွယ်ဖို့လိုတယ်။ ပေ ၃၀ အမြင့်လောက်မှာ ပြောင်းရွှေ့နေထိုင်ရမယ်။ ပင်လယ်ကမ်းစပ်ဒေသမြို့တွေက အထူးသတိထားရမယ်။ ငွေဆောင်၊ ချောင်းသာ၊ ကော့သောင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေက အထူးသတိထားရမယ်။ နောက်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေတဲ့ နိုင်ငံတွေလည်း ဂရုစိုက်ရမယ်။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ ထိခိုက်မှုရှိနိုင်လား။
ကမ်းခြေရှိတဲ့ မြို့တိုင်းမှာ သတိထားရမယ်။ တစ်နေရာနှင့်တစ်နေရာတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ၂၀၀၄ ခုနှစ်က မြန်မာနိုင်ငံမှာ လူ ၆၁ ယောက်သေတယ်။ အပျက်အစီးတွေလည်း ရှိခဲ့တယ်။ အခုဟာက ဆူနာမီဖြစ်ဖို့ အချက်အလက်ပြည့်စုံနေတယ်၊၊
ဆူနာမီနှင့် ပတ်သတ်၍ ဦးကျော်ထွန်း၊ ဘူမိဗေဒပညာရှင်၏ သုံးသပ်ချက်
အခု လှုပ်တဲ့ ငလျင်က ဆူနာမီကို အခြေခံပြီး လှုပ်တဲ့ ငလျင်ပဲ။ ၂၀၀၄ တုန်းကလည်း လှုပ်ခဲ့တယ်။ အဲဒီတုန်းက ၉ ဒသမ ၁ အင်အားရှိတယ်။ အခုက ၈ ဒသမ ၇ ဆိုတော့ တအားပြင်းထန်တယ်။ အခုငလျင်နဲ့ ဆပ်စပ်ပြီး မြန်မာနိုင်ငံအနေနဲ့ မြေလွတ် မြေပျော့တွေရှိတဲ့ နေရာတွေမှာ သတိထားရမယ်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံရဲ့ အောက်ဘက်မှာရှိနေတဲ့အတွက် မြေမျက်နှာပြင် ၁၄ ဒီဂရီအောက် နိမ့်တဲ့ နေရာတွေ စိုးရိမ်ရတယ်၊။
အမြင့်ပိုင်းတွေက စိုးရိမ်စရာမရှိဘူး။
မြန်မာနိုင်ငံကို ဆူနာမီ ဘယ်လောက်ထိ လာနိုင်မလဲဆိုတာတော့ သေချာမသိသေးဘူး။
Messenger News Journal
www.thithtoolwin.com
0 comments:
Post a Comment
http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif