http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

အမှုပြီးသွားပြီဖြစ်လို့သာ ပရိသတ်ကို ဖွင့်ဟတာပါ

မတ်လ ၃ဝ ရက်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ် တရားရုံးမှာ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံတို့ အမှုကို အဆုံးသတ်စီရင် ချက်ချခဲ့ ပါသည်။ ရန်ကင်းမြို့နယ် တရားသူကြီး ဒေါ်ထွေးထွေးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ ဖြင့် အမိန့်ချမှတ်ရာတွင် ထက်ထက်မိုးဦး အနေဖြင့် ဒဏ်ငွေ (ကျပ်တစ်ထောင်)   ပေးဆောင်ရကြောင်း ကြားသိပြီး ယင်းဖြစ်စဉ်အပေါ် စိတ်ဝင်တစား သိရှိလိုကြသော ပရိသတ်များအတွက် ပေါ်ပြူလာဂျာနယ်က ကာယကံရှင်ဖြစ်သူ များနှင့်တွေ့ဆုံ ကာ မေးမြန်းနိုင်ဖို့ ဆောင်ရွက်ခဲ့ပါသည်။  ယခင်အမှုရင်ဆိုင်နေစဉ် က အမှုအကြောင်း ပြောဆိုခဲ့ခြင်း မရှိခဲ့သော သရုပ်ဆောင် ထက်ထက်မိုးဦး အနေနှင့် လည်း   ပေါ်ပြူလာ၏ မေးခွန်းများကို ‘အမှုပြီးသွားလို့သာ ပရိသတ်ကိုဖွင့်ဟ တာပါ’ဟုဆိုကာ ပရိသတ် စိုးရိမ်စိတ်များ ကင်းစင်စေရေး ဆန္ဒဖြင့် အောက်ပါ အတိုင်းဖြေကြား   ပေးခဲ့ပါသည်။
မေး- ရန်ကင်းတရားရုံးမှာ အမှုအပေါ် နောက်ဆုံး စီရင်ချက်ချပြီးတဲ့အခါကာယကံရှင် မထက်ရဲ့ခံစား ချက်ကို သိရှိရပါစေ။
ဖြေ- နိုင်တယ်၊ရှုံးတယ်ဆိုတာထက်ကို ထက် ထက်စိတ်ထဲမှာ ဘာမှမရှိပါဘူး။ ပထမပုဒ်မ ၅ဝ၆တုန်းကလည်း ကိုယ်အနိုင်ရတယ်လို့ မခံစားဘူး။ သူတို့က ၂မှုစွဲတာ။ ပုဒ်မ ၃၂၃ (သာမန်နာကျင်စေမှု)နဲ့ ပုဒ်မ၅ဝ၆(ခြိမ်း ခြောက်မှု)တို့မှာ တရားရုံးက ပုဒ်မ ၅ဝ၆ကို ပလပ်လိုက်တယ်။ အဲဒီအပေါ် ထက်ထက် ဘက်က  နိုင်တယ်၊ ရှုံးတယ်ဆိုတာ ဘယ်သူ့ကိုမှပြောလည်း မပြောပြဘူး။ ဖြေလည်း မဖြေရှင်းခဲ့ဘူး။ ဂျာနယ်တွေကလည်း အဲဒီပုဒ်မ ၅ဝ၆ ပလပ်လိုက်တဲ့အကြောင်း သိပုံမရဘူး။   ပုဒ်မ ၃၂၃တစ်ခု ကိုပဲ   ရေးနေကြတာ။  ထားလိုက်တော့၊ အခု ပုဒ်မ၃၂၃အပေါ် တရားရုံးက ဆုံးဖြတ်တဲ့ ကိစ္စမှာလည်း ထက်ထက်က စိတ်ထဲမှာ ဘာမှမရှိဘူး။ ပြီးတာတော့ပြီး သွားပါပြီ၊ ပရိသတ်တွေကို စိတ်မပူဖို့၊အိမ်က မိဘတွေ၊ နယ်က ထက်ထက်ရဲ့ကြီးကြီးတွေ အစ်မတွေ၊အဖေတွေ စိတ်မပူဖို့အတွက် ဒီ ကနေပြောပြချင်တယ်။ ပထမက တချို့ စာ စောင်တွေမှာ ထက်ထက်မိုးဦးက ထောင်ဒဏ် ကျမှာဆိုပြီးစကားဦးသန်း ရေးသားကြတယ် ဆိုတာမိတ်ဆွေတွေက ထက်ထက်ကို ပြန် ပြောကြတယ်။ ထက်ထက် အဖေနဲ့ဆွေမျိုး တွေလည်း တော်တော်စိတ်မကောင်းဖြစ်ကြ တာ။ ဒါဟာလုပ်သင့်မလုပ်သင့်ကို ကာယကံ ရှင်တွေ အသိဆုံးပါ။ အခုတော့ ပရိသတ် အတွက်ပဲ စဉ်းစား ပါတယ်။ ပရိသတ် စိတ် မပူပါနဲ့။ အခုအနုပညာအလုပ်တွေလည်း ဆက်တိုက်ကို အေးအေးချမ်းချမ်း ပျော်ပျော် ရွှင်ရွှင်လုပ်နေပါတယ်။
မေး- မထက်ရဲ့အမှုရလဒ်ကို ပရိသတ်တွေက စိတ်ဝင်စားမှာပဲလေ။ အခုလတ်တလောမှာ ကိစ္စကြီးတစ်ခုပြီးသွားပြီဆိုတော့ စိတ်ထဲမှာ ပေါ့ပါးသွားမှာပေါ့။
ဖြေ- ဟိုဘက်တစ်ဖက်က လူကိုလည်း ထက် ထက်သနားတယ်။ သူတို့လည်း မပေါ့မပါးနဲ့ ရုံးကို အခေါက်ပေါင်းများစွာ လာရတယ်။ နှစ်တွေအကြာကြီး စောင့်ရတော့ သူ့ကို လည်း သနားတယ်။ စိတ်ထဲမှာ ပုဒ်မ ၅ဝ၆ တုန်းကလည်း ဘာမှမဖြစ်ဘူး။ အခုဟာက ဒါကိုယ်ရှုံးတယ်လို့လည်း မခံစားရဘူးလေ။ ဒါ က သူ့ဥပဒေ လမ်းကြောင်း အတိုင်းသွားရတာ ပဲ။ အမှုဆိုတာ ဖြစ်ချင်လို့ဖြစ်တာမဟုတ်ဘူး။ ပြီးချင်နေလို့ ကိုယ့်ဘက်က ဘာမှပြန်မချဲ့ဘူး။ ဒီကိစ္စတစ်ခုမရှိတော့ဘူး။ သွားရှင်းစရာ မလို တော့ စိတ်ထဲမှာပေါ့သွားတာပေါ့။
မေး- ဒီပြဿနာမှာ တစ်ဖက်ကလည်း မီဒီယာ၊ တစ်ဖက်ကလည်း အနုပညာဆိုတော့ အမှုကြီးက ကြာရှည်နေခဲ့တဲ့ အနေအထားကနေ အခုလို ပြီး ပြတ်သွားတော့ အားလုံးက စိတ်အေး သွားကြမယ်ထင်တယ်။
ဖြေ- ပရိသတ်တချို့က ဖုန်းဆက်ပြီးတောင် မေးကြတယ်။ တအားစိတ်ပူကြတယ်။ တချို့ တွေက မစုံစမ်း၊မသိဘဲ၊ မမေးမြန်းဘဲရေးကြ တာတွေရှိတယ်။ တရားသူကြီး နာမည်လည်း မသိဘူး။ တချို့ဆို ဘယ်လို အကြောင်းအရာကြောင့် ဖြစ်သလဲဆိုတာတောင်မှ သေသေချာချာမသိတဲ့ သူတွေတောင် ရှိသေးတယ်။  စာစောင်တစ်ခုမှာ ထက်ထက်ကို အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖြစ်တဲ့ပြဿနာလို့ သူတို့ရဲ့အထင်နဲ့ရေးခဲ့တယ်။ သူတို့ပြောချင်တာကို ရေးချခဲ့တယ်။ တကယ်တမ်း   ပြဿနာ   ဖြစ်တာကို သေသေချာချာသိသင့်တယ်။ ဒီနေ့၊ဒီအချိန်ထိ ဘယ်တုန်းကမှ စာနယ်ဇင်း တွေကို မရှင်းပြခဲ့ဖူးဘူး။ ထက်ထက်ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်စာစောင် မျက်နှာ ပြင်ပေါ်မှာမှ မတင်ခဲ့ဖူးဘူး။ဒါပြီးသွားမှသာ ကိုယ့်ကိုယ်ချစ်တဲ့သူတွေကိုသိသင့်သလောက် ပြောပြမယ်လို့ တွေးထားခဲ့တာ။  အမှုကလည်း ကိုယ်လည်း တစ်သက်မှာ တစ်ခါပဲ ကြုံဖူး တာ။ ဖြစ်ခဲ့တာကနေစပြီး အမိန့်ချလိုက်တဲ့ အထိပဲ လာဆိုတဲ့အချိန်သွားလိုက်တာပါပဲ။
မေး- အမိန့်ချပြီး နိုင်သွားတဲ့သူက ဘာရ သွားပြီး၊ ရှုံးတဲ့သူက ဘာဖြစ်သွားလဲ။
ဖြေ- ဒါကတော့ ရှုံးလို့၊ ဒဏ်ငွေဆောင်ရတယ် ဆိုတာ ဟိုးအရင်ကတည်းက ရှိခဲ့တာ။  အနိုင် အရှုံးဆိုတာထက်  ထက်ထက် အခုရင်ထဲ ပေါ့ပါးပြီး ပရိသတ်အတွက် အလုပ်တွေ လုပ် နေနိုင်တာအတွက် စိတ်အေးချမ်းမှုရကြောင်း ပရိသတ်ကိုပဲ အသိပေးချင်တယ်။ အမှုပြီးဆုံးသွားလို့ အေးချမ်းပျော်ရွှင်စွာ အနုပညာတွေ ဆက်လက် လုပ်ဆောင်နေပြီလို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ထက်ထက်မိုးဦး အနေနဲ့ ရုံးချိန် မတိုင်မီရက်များအတွင်း ကလည်း အနုပညာအလုပ်များကို ဆက်တိုက်ဆောင်ရွက်နေ မှုအကြောင်း နဲ့ ဆက်လက်ပြီး ဆောင်ရွက်မယ့် အနုပညာများ အကြောင်းကို ပြောပြပါတယ်။ မတ်လ ၂ဝရက်နေ့ က ပုဂံကိုသွားပြီး ပခုက္ကူမှာ ကြော်ငြာ ရိုက်ခဲ့ပြီး ၂၃ရက်နေ့မှာ မန္တလေးကိုသွားခဲ့ ကြောင်း၊ ၂၇၊၂၈မှာ Father Landရဲ့နွေဦးအကြိုပွဲကို သွားခဲ့ပြီး ၂၉ရက်နေ့မှာ ရန်ကုန်ကို ပြန်ရောက်ခဲ့ဖြစ်ကြောင်း၊ပုဂံမှာ အောင်စစ်မင်း လက်ဖက်၊မန္တလေးမှာ ရွှေသုန္ဒရီပိုးထည်၊ AOTO ဆိုင်ကယ်၊ဖုန်းဆိုင်၊ DressMaker သတို့သမီးဝတ်စုံဆိုင်၊ ကြော်ငြာတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး မန္တလေး မှာ သမီးဖြစ်
သူကို အဘိုး၊အဘွားတွေနဲ့ ထားခဲ့တဲ့အတွက် ရော၊ ကြော်ငြာတွေရိုက်ကူးဖို့အတွက်ရော ကြောင့် ၃၁ရက်နေ့မှာ မန္တလေးကို ပြန်လည် သွားရောက်မယ်လို့ပြောပါတယ်။ သင်္ကြန်မှာ စစ်ကိုင်း၊မြင်းမူကမြတံခွန်နဲ့ အောင်သန်းဆုမှာ ရှိမှာဖြစ်ပြီး သင်္ကြန်အပြီးမှာတော့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)နဲ့ ဇာတ်ကားရိုက်ကူးဖို့ရှိတယ် ။
http://popularmyanmar.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif