http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

ငရုတ်ကောင်း၊ ငွေဆောင်နှင့် ချောင်းသာ၌ ရေနက်ဆိပ်ကမ်း ဆောက်ရန် ထိုင်း လေ့လာ


ငရုတ်ကောင်း၊ ငွေဆောင်နှင့် ချောင်းသာ၌ ရေနက်ဆိပ်ကမ်း ဆောက်ရန် ထိုင်း လေ့လာဧရာဝတီတိုင်း ဒေသကြီး အတွင်း ရေနက် ဆိပ်ကမ်း တည်ဆောက်ရန် အတွက် ငရုတ်ကောင်း၊ ငွေဆောင်နှင့် ချောင်းသာ တို့၌ ပဏာမ လေ့လာ ဆန်းစစ်မှုကို ထိုင်းနိုင်ငံ PTT ကုမ္ပဏီမှ ဆောင်ရွက် ခဲ့သည်ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အတွင်းရေးမွဲ ဦးအေးကျော်က ပြောသည်။
"ကုမ္ပဏီက ဒီနေရာ တွေကို ပဏာမဆန်းစစ်မှု ပြုလုပ် သွားကြတဲ့ သဘောပဲ ရှိပါသေးတယ်။ သူ တို့ကို ခွင့်ပြုပေးထားတဲ့ လေ့လာ ဆန်းစစ်ချိန် က ၂၀၁၃ မှ ပြည့်မှာ ဆိုတော့၊ အခုအချိန်က ပဏာမ လျာထားမှု အဆင့်ပဲ ရှိပါသေး တယ်"ဟု ၄င်းကပြောသည်။
ယခင်က ပုသိမ်၌ ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် ရည် ရွယ်ခဲ့ သော်လည်း၊ ဖြစ်နိုင်ခြေ နည်းပါးသဖြင့်အဆိုပါနေရာသုံးခု သို့ သွားရောက် လေ့လာမှုပြုကြခြင်း ဖြစ်ကြောင်းဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ သိရသည်။
" ပုသိမ်မှာက ငဝန်မြစ်ပဲရှိ တာ။ ဘယ်လိုမှ ရေနက်ဆိပ်ကမ်း လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါ ကြောင့် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေ ကိုဆန်းစစ်နေတယ်။ အတိအကျ ကိုတော့လေ့လာဆန်းစစ်မှုပြည့် မြောက်သွားမှ ပြောလို့ရမယ်"ဟု ဦးအေးကျော်က ထပ်မံဆိုသည်။
ထိုင်းနိုင်ငံ PTT ကုမ္ပဏီမှ ဧရာ ဝတီတိုင်းဒေသကြီး၌ ရေနက်ဆိပ် ကမ်းတည်ဆောက်ရန် ဟောင် ကောင်၊ အင်ဒိုနီးရှား အပါအဝင် ထိုင်းနိုင်ငံမှ ကုမ္ပဏီ တစ်ခုတို့နှင့် ပူး ပေါင်းသွားမည့်အပြင် မြန်မာကုမ္ပဏီ များဖြစ်သော ရွှေသံလွင်၊ ထူးနှင့် IGE ကုမ္ပဏီတို့နှင့်ပါ ပူးပေါင်းဆောင် ရွက်သွားကြရန်ရှိသည်ဟုလည်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ မှ သိရသည်။
ရေနက်ဆိပ်ကမ်း စီမံကိန်းထဲ ၌ စက်မှုဇုန်သုံးခုပါဝင်ပြီး ပုသိမ်၊ ဝါးခယ်မနှင့် မအူပင်မြို့နယ်တို့၌ ဆောင်ရွက် သွားမည် ဟုလည်း သိရ သည်။ "စက်မှုဇုန် ဆိုတာမျိုးက ရေနက် ဆိပ်ကမ်းထဲမှာပါတဲ့ ဆောင်ရွက်မှု တစ်ခုပါပဲ။ ရေနက်ဆိပ်ကမ်း စတင်ပြီဆို၊ စက်မှုဇုန် ဆိုတာမျိုးက မပါ မဖြစ်ပါရမယ့်သဘောရှိတဲ့အတွက် ဆောင်ရွက်မှုတွေစပြီဆိုရင် သတ် မှတ်ထားတဲ့နေရာတွေမှာ စတင် တည်ထောင်ကြမှာဖြစ်ပါတယ်" ဟု ဦးအေးကျော်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မှ ဒေသခံပို့ကုန်/သွင်းကုန် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက "အခု အထည်ချုပ်တွေတောင် စ လာပြီလို့သိနေရပါတယ်။ဒီစီမံကိန်း တစ်ခုလုံးကို ကြိုဆိုရမှာပါ။ ဘာ ကြောင့်လဲဆိုတော့ဧရာဝတီတိုင်း ဒေသကြီးကထွက်ပြီး တခြားမှာ အလုပ်သွားလုပ်နေကြတဲ့ လူငယ် တွေက ပိုများ လာပါတယ်။ ဒါက ဘာကြောင့်လဲ ဆိုတော့ အလုပ် လုပ်စရာ အလုပ်အကိုင်ရှားလာ လို့ပါပဲ။ နောက်ပိုင်း ဒါတွေကို ဖြေ ရှင်းနိုင်ဖို့ အလားအလာများလာဖို့ ရှိနေပါတယ်"ဟု ပြောသည်။  
 http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif