http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

28 Apr 2012

ဒေါက်တာ သေမင်း ဟု အမည်ရသော ဂျာမန်ခန္ဓာဗေဒ ဆရာဝန်


ဆီလီကွန် သေဆုံး သွားသော လူများ ၏ အတွင်း ကလီစာများ ကို ဆီလီကွန် လောင်းပြီး ကမ္ဘာ အနှံ့ပြသ ခဲ့သဖြင့် ဒေါက်တာ သေမင်းဟု အမည်ရသော ဂျာမန်ခန္ဓာဗေဒ ဆရာဝန် ဒေါက်တာဟန်ကာဗွန်ဟေဂင်သည် လန်ဒန်သဘာဝသမိုင်းပြတိုက် တွင် ဧပြီ(၆)ရက်က တိရစ္ဆာန်အကောင်တစ်ရာကျော်တို့ကို ဆီလီကွန်လောင်း ပြသခဲ့သည်။ သူကပြပွဲအတွက် မည်သည့်တိရစ္ဆာန်ကိုမှ မသတ်ခဲ့ကြောင်း သဘာဝအတိုင်းသေဆုံးသွားသည့် အကောင်များကိုသာလှီးဖြတ်ပြီး ဆီလီကွန် လောင်းထားကြောင်းပြောပြသည်။ သူ၏ပြပွဲတွင်လေးတန်လေးသော ဆင် တစ်ကောင်နှင့် ချန်ပန်ဇီမျောက်များ၏ ဆီလီကွန်လောင်းထားသည့် ရုပ် အ လောင်းများကို ပြင်ပအရေခွံများကို လှီးဖြတ်ပြီးပြသမည်ဖြစ်သည်။ သူသည် ပါကင်ဆန်ရောဂါခံစားနေရသဖြင့် သူသေလျှင်လည်း သူ၏ခန္ဓာကိုယ်ကိုလှီး ဖြတ်ကာ ဆီလီကွန်လောင်းပြီး ပြပွဲပြသရန်ဇနီးကိုမှာထားကြောင်း သူက ပြောသည်။
yoeyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif