
ဖီအိုရင်တီးနား အသင်း ကစားသမား ဗာဂတ်စ်အားလက်မှတ်ထိုး ခေါ်ယူရန် အတွက် လီဗာပူးလ် အသင်းမှ ဖီအိုရင်တီးနား အသင်းနှင့် ဆွေးနွေးမှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပီရူး တောင်ပံ ကစားသမားမှာ ဥရောပ အသင်းကြီးများ၏ စိတ်ဝင်စားမှုကို ရယူထားနိုင်သူ ဖြစ်ပြီး ပြီးခဲ့သောလက ဘိုင်ယန် အသင်းမှ ပေါင် (၈) သန်းဖြင့် ကမ်းလှမ်းခြင်း ခံခဲ့ရသည်။ သို့သော်လည်း ဖီအိုရင်တီးနား အသင်းမှာဘိုင်ယန် အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ် ခဲ့ပြီး လီဗာပူးလ် အသင်းသို့သာ ရောင်းချရန် ဆန္ဒရှိ နေကြောင်း သိရသည်။ ဗာဂတ်စ်သာ လီဗာပူးလ် အသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာ ခဲ့ပါက ခြေစွမ်းကျဆင်း နေသည့် ဒါ့ခ်ကုခ်ျအား ပြန်လည်း ရောင်းချဖွယ် ရှိနေသည်။
0 comments:
Post a Comment