http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

10 Apr 2012

စင်ကာပူဖျော်ဖြေရေး အကြောင်းပြောတဲ့ နေတိုး

နှင်းဆီအဖွဲ့က “ညီညွတ်ခြင်းနှင်းဆီ” အနေနဲ့ ဧပြီ ၁ ရက်နေ့ စင်ကာပူမှာ ဖျော် ဖြေဖို့အတွက် မတ်လ ၃၁ ရက်နေ့က သွား ရောက်ခဲ့ကြပြီး ဧပြီ ၃ ရက်နေ့မှာ ပြန်ရောက် ခဲ့ကြပါတယ်။ အငြိမ့်ဖျော်ဖြေမှုက အားရ ကျေနပ်ခဲ့ပြီး ပရိသတ်အားပေးမှုလည်း အပြည့်အဝရခဲ့တယ်လို့ နေတိုးက ပြောပါ တယ်။ အငြိမ့်ပွဲကပြဖျော်ဖြေမှုနဲ့အတူ သန်း   မြတ်စိုး၊ဖိုးသောကြာ၊ ခင်ညွန့်ရီတို့က မြန်မာ သံနဲ့ဖျော်ဖြေသီဆိုခဲ့ကြတယ်လို့ ပြောပါ တယ်။ဖျော်ဖြေမှုကို စင်ကာပူ က အင်တာနေရှင်နယ် ဖြစ်တဲ့ ပြဇာတ်ရုံမှာ ပထမ ဆုံးကပြခွင့်ရ တဲ့ အတွက်ကြောင့် လည်း ကျေနပ်အား ရမှုရှိအောင် လုပ်ပြခွင့်ရခဲ့တယ်လို့ ဆိုတဲ့ နေတိုးက…”ကျွန်တော်တို့ လုပ်ချင်တဲ့ ပါဖောမန့်တွေလည်း အပြည့်အစုံ လုပ်ခွင့်ရ တယ်။ အဲဒီတော့ စိတ်ထဲမှာ အနုပညာနဲ့ ပတ်သက်ပြီး ကျေနပ်မှုရှိတယ်။ ကိုယ်တိုင်ပေး ဆပ်တဲ့ အချိန်မှာ ကိုယ်တိုင်အားရ ကျေနပ် မှုရှိမှ ပရိသတ်ကလည်း ကိုယ့်ရဲ့စေတနာကို အပြန်အလှန်နားလည်ပြီး အားပေးကြ မှာလေ။ ကျွန်တော်တို့ ဒီလိုအငြိမ့် ကလာတဲ့ သက်တမ်း တစ်လျှောက်မှာ ဒီလိုLEDတွေနဲ့ ဖွဲ့စည်းထားတဲ့ ရုံမှာပထမဆုံးကခွင့်ရတာ ကျွန်တော်အနေနဲ့ ဝမ်းသာသလို အဆင်ပြေမှု လည်း ရှိခဲ့တယ်။ နှင်းဆီပန်းခင်းရောက် သွားတာမျိုးဆို နောက်ခံကိုLEDတွေနဲ့ဆို တော့ အချိန်ပေးစရာမလိုဘဲ အဆင်ပြေ တာပေါ့။ ကျွန်တော်တို့ ပထမကခဲ့ကြ တဲ့ အချိန်က ပရိသတ်သဘောကျ နှစ်သက်ခဲ့တာတွေကို ပြန်စုပြီး ဒီဘက် ခေတ်အနေအထား ပုံစံပြန်ပြောင်းပြီး လုပ်ဖြစ်တယ်”လို့ ဖျော်ဖြေမှုခရီးစဉ် အကြောင်းကို ပြောပြပါတယ်။ 
popularmyanmar.com/mpaper/archives/40762

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif