http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

27 Apr 2012

Fitness အနဂ္ဂ


Fitness အနဂ္ဂ
ကိုယ်က ယောကျာ်းလေး တစ်ယောက်ဖြစ်တဲ့ အတွက် Body ပိုင်း ကိုတော့ အလေးထား ရပါတယ်။ ပုံမှန် လုပ်ဖြစ်တာ ကတော့ မနက်မှာ အိပ်ထမှတင် လေ့ကျင့်ခန်း လောက်ပဲ လုပ်ဖြစ်တယ်။ ကိုယ်က တကယ် လုပ်ချင် တာကတော့ ရေကူးတာကို လုပ်ချင်တယ်။
ဒါပေမဲ့ မအားတာ များနေတော့ သေချာမလုပ်ဖြစ်သေး ပါဘူး။ စက်ဘီး စီးတာ ကတော့ အား ရင်အားသလို လုပ်ဖြစ်တယ်။ လူတစ် ယောက်က အားကစား တစ်ခုခုတော့ လုပ်သင့် တယ်လို့ ထင်တယ်။
အစားအသောက်နဲ့ ပတ်သက်ရင် ပုံမှန်ကတော့ ဖရဲသီး စားတတ်တယ်။ တခြား အသီးအနှံ တွေကို လည်း စားတတ်ပါသေးတယ်။ နယ် တွေသွားရင်တော့ အစား အသောက်ကို ပိုပြီး ဂရုစိုက်ရတယ်။
မသန့်ရှင်းတဲ့ အစားအစာတွေ စားမိရင် ကိုယ့် ကျန်းမာရေး အတွက်လည်း မကောင်းဘူးလေ။ အဲဒါကြောင့်လမ်းဘေး ဆိုင်တွေကို အတတ်နိုင်ဆုံးတော့ ရှောင်တယ်။ မဖြစ်နိုင်ရင်တော့ ထမင်းဖြူလေးနဲ့ အဆင်ပြေတာလေး ကိုပဲ စားတတ်တယ်။
နယ်က ပြန်လာရင်တော့ အသားအရေ ကအစ ပြန်ပြီးထိန်းသိမ်း ရတယ်။ ကိုယ့်ကိုယ် ကိုယ်လည်း ဂရုစိုက်ရတယ်။ ကျန်းမာရေးကလည်း လူတစ်ယောက် အတွက် အဓိကကျ တယ်လေ။
ဆံပင်ပိုင်းကိုတော့ အမြဲတမ်း G-Six မှာပဲလုပ်တတ်တယ်။ Cosmetic ကတော့ ပုံမှန်သုံးစွဲတာမျိုး တော့မရှိပါဘူး။ အများကြီးပဲသုံး တတ်တယ်။ ရေမွှေးကတော့ နည်း နည်းလေးအနံ့ပြင်းတာကိုသုံးတတ် တယ်။ ရာသီဥတုကပူတော့ အနံ့ သင်းတာတွေဆိုရင် မြန်မြန်အနံ့ ပြယ်သွားတတ်တော့ သိပ်မသုံးဘူး။
လူတစ်ယောက်အတွက် ကျန်း မာရေးက တကယ်အရေးကြီးပါ တယ်။ အဲဒီအတွက် လူတိုင်းက ကျန်းမာရေးကိုဂရုစိုက်စေချင်ပါ တယ်။ အစားအသောက်ကိုလည်း အလွန်အကျွံမဖြစ်စေဘဲ ကျန်းမာ ပြီး အသက်ရှည်ရှည်နေနိုင်သွားကြ ပါစေလို့ ဆုတောင်းပေးပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif