ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လက်ရှိအစိုးရနှင့် တွေ့ဆုံ ဆွေးနွေးမှုများမှတဆင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်ဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ယခုရွေးကောက်ပွဲရလဒ်သည် ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ယုံကြည်အားကိုးမှုကို ပြသခြင်းဖြစ်သကဲ့သို့ လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းမှုအား ထောက်ခံကြောင်းလည်း ပြသခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။
ပြည်သူများ၏ ထောက်ခံ ယုံကြည်မှုနှင့်အတူ အနာဂတ်တာဝန်များကိုလည်း အပ်နှင်းလိုက်ပြီဖြစ်၍ ယင်း တာဝန်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ထမ်းဆောင်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်။
ယခုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော နိုင်ငံရေးပါတီများ၊ မဲဆန္ဒရှင်များ၊ နိုင်ငံသားများ အားလုံးနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုအတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်း ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် အလေးအနက် ဖော်ပြအပ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားများ
http://www.irrawaddyblog.com
Press Release 14/2012(88)
The 88 Generation Students
88generation@gmail.com
3 April 2012
The 88 Generation Students
88generation@gmail.com
3 April 2012
Yangon, Myanmar







0 comments:
Post a Comment