http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

1 May 2012

မဟာမုနိဘုရားကြီး ရွှေမိုက် ထွက်ရှိမှု ၁၀ နှစ်တာ ကာလအတွင်း အများဆုံး ရရှိ


မဟာမုနိဘုရားကြီး ရွှေမိုက် ထွက်ရှိမှု ၁၀ နှစ်တာ ကာလအတွင်း အများဆုံး ရရှိ
မဟာမုနိ ဘုရားကြီး ဂန္ဓ ကုဋိတိုက် အတွင်းရှိ ရွှေသင်္ကန်း ကပ်ပြီး စက္ကူများ၊ သစ်စေးလုံး၊ လက်သုတ်ပဝါ၊ ကောဇော၊ ရွှေဖိဂွမ်း၊ အဲယားကွန်း ရေတို့မှ ရွှေမိုက် (မိုက်) ထုတ်ယူခြင်းကို မဟာမုနိ ဘုရား ဂေါပက အဖွဲ့မှ နှစ်စဉ် ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မန္တလေးမြို့ အတွင်း ထွက်ရှိမှုမှာ ၁၀ နှစ်အတွင်း အများဆုံး ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ရွှေမိုက် ထွက်ရှိမှုမှာ သန့်စင်ရွှေတုံး ၅ ပိဿာ ၂၃ ကျပ် သားဖြစ်ပြီး ပြီးခဲ့သော နှစ်က ၃ ပိဿာ ၇၈ ကျပ်သားဖြစ်သည်။ ယခုနှစ် ရွှေမိုက် ထုတ်လုပ်မှု လုပ်ငန်းကို တာဝန်ခံဆောင်ရွက်ခဲ့ သူမှာ မိုက်သူကြီး ဦးမောင်ကြီး၏ မြေးဖြစ်ပြီး ဦးမောင်ကြီး၏ မျိုးဆက် အနေဖြင့် ၁၉၈၈ နောက်ပိုင်း ပထမ ဆုံးအကြိမ် လုပ်ဆောင်ခြင်း ဖြစ်သည်။
ဦးမောင်ကြီးသည် မန္တလေး မြို့မှ နာမည်ကြီး မိုက်သူကြီး တစ်ဦး ဖြစ်ပြီး မဟာမုနိ ဂေါပက အဖွဲ့ အစဉ် အဆက် အပ်နှင်း တာဝန် ပေးသဖြင့် နှစ်ပေါင်း ၄၅ နှစ်အတွင်း အကြိမ်ပေါင်း (၄၂)ကြိမ် ရွှေမိုက် ထုတ်ယူမှု ဆောင်ရွက် ပေးခဲ့ရကြောင်း သိရှိရ သည်။
ဦးမောင်ကြီးသည် ၁၉၈၈ ခုနှစ် ဩဂုတ် ၃ ရက် အသက် ၈၀ မှာ ကွယ်လွန်ခဲ့သည်။ ဦးမောင်ကြီးမျိုးဆက် မြေးဖြစ် သူ ဦးသန်းမောင်တို့လက်ထက် တွင် ပထမဆုံး အကြိမ် ရွှေမိုက် ထုတ်ယူရာ ဂန္ဓကုဋိတိုက် အတွင်းရှိ အဲယား ကွန်းမှတစ်ဆင့် ထုတ်ယူမှုမှာ လည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
"အခု ထွက်ရှိတဲ့ ရွှေမိုက်တွေ ဟာ နှစ်စဉ်နှစ်တိုင်း ထုတ်သလို ထုတ်တာပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာ များလာတာက လှူဒါန်းမှုတွေများ လာတာကြောင့်ရော တိုးတက်လာ တဲ့ နည်းပညာနဲ့အညီ စနစ်တကျ ထုတ်ယူမှုကြောင့်ရော ပိုမိုရရှိလာ တာဖြစ်ပါတယ်"ဟု ဂေါပကအဖွဲ့ ဝင်တစ်ဦးက ပြောကြားသည်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif