http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 May 2012

မေလ ၅ ရက်နေ့ညတွင် ဧရာမလမင်းကို တွေ့မြင်ရမည်

http://api.ning.com/files/i6FvK1gueiU6d1ujMK7S9VdBqK8RQa6GrzAnsX6a-RSrqy-wFRAaEmiv4Kp0xVGHeCvxYuK*QrBdhapXUVEw5M7uMQXzdAFp/newworld.jpg၂၀၁၂ ခုနှစ်အတွက် မဟာလပြည့်မှာ မေ ၅ ရက် နေ့တွင် ကျရောက်တော့မည်ဖြစ်သည်။ ဆူပါမွန်း ( Supermoon ) ဟု ခေါ်ဝေါ် သည့် မဟာလပြည့်ဟူသည်မှာ လသည် ကမ္ဘာမြေနှင့်အနီးဆုံးသို့ ချဉ်းကပ်လာချိန်တွင် တွေ့မြင်ရမည့် လပြည့်ဝန်း ဖြစ်ပြီး ပုံမှန်လပြည့်ည များထက် ၁၆ ရာခိုင်နှုန်း ပိုမိုထွန်းလင်းတောက်ပမည်ဟု ဆိုသည်။
            လာမည့် စနေနေ့ မေလ ၅ ရက် ( ကဆုန်လပြည့်နေ့ ) တွင် လသည် ကမ္ဘာမြေနှင့် အနီးဆုံးအနေအထားသို့ရောက်ရှိလာမည် ဖြစ်ရာ ထိုည သန်းခေါင်းမတိုင်မီ ထွန်းလင်းနေမည့် လမင်းမှာ ယခုနှစ်အတွက် အကြီးဆုံးလမင်းအဖြစ် တွေ့မြင်ရမည် ဖြစ်သည်။
ထိုအချိန်တွင် လနှင့်ကမ္ဘာကြားအကွာအဝေးမှာ ၂၂၁၈၀၂ မိုင် ( ၃၅၆၉၅၅ ကီလိုမီတာ ) ရှိနေမည်ဖြစ်ပြီး နက္ခတ်လေ့လာသူများ၏ အဆိုအရ အကြီးဆုံးနှင့် အတောက်ပဆုံးသော လမင်းကို အံ့သြဘနန်းတွေ့မြင်ရမည်ဟု ဆိုသည်။ သို့ရာတွင် လနှင့်ကမ္ဘာမြေ အနီးဆုံးသို့ ရောက်ရှိလာခြင်းကြောင့် မြေငလျင် (သို့မဟုတ်) ထူးကဲလွန် ဒီရေ စသဖြင့် အန္တရာယ်ရှိလောက်သည့် အခြေအနေမျိုး ရှိမည်မဟုတ်ကြောင်းဖြင့်လည်း သိပ္ပံပညာရှင်များက ပြောကြားသည်။ 
newworldnanda.ning.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif